← Chapters

အန္တိမတာအိုရတနာ ဟွမ်သွမ့်ဓား

Vol. 80 Ch. 843

အန္တိမတာအိုရတနာ ဟွမ်သွမ့်ဓား

Vol. 80 Ch. 843

“ယွီဂျင်ဂိုဏ်းတော်ကြီး ရှိနေဦးမလား မသိဘူး” မော့ဖူချိုဟာ တစ်ကိုယ်တည်း ‌ရေရွတ်လိုက်ပါတယ်။

ဒီရေရွတ်သံကို ကြားလိုက်ရတဲ့ ကျိုးဖန်ဟာ မျက်လုံးပင့်တက်သွားပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကျိုးဖန်လည်း ဘာမှ မတတ်နိုင်ပါဘူး။ မော့ဖူချိုဟာ အသက်ပြန်ရှင်တာ မကြာသေးတဲ့အပြင် အသက်ပြန်ရှင်လာတော့လည်း တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာ ဖြစ်တဲ့အတွက် နှစ်သုံးသန်းကျော် လျှောက်သွားခဲ့တဲ့ ကျိုးဖန်ရဲ့ စိတ်အခြေအနေကို ဘယ်လိုမှ ယှဉ်နိုင်စရာအကြောင်း မရှိပါဘူး။

ကျိုးဖန်က ပြောလိုက်ပါတယ် “ရှိလောက်သေးတယ်၊ ယွီဂျင်ဂိုဏ်းတော်ကြီး တည်ရှိတဲ့ ထုန်ကျန့်ကမ္ဘာက ကောင်းကင်တာအိုရဲ့ ဒုတိယ သေမျိုးကမ္ဘာလို့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေ ပြောတာ ကြားဖူးတယ်၊ ယွီဂျင်ဂိုဏ်းတော်ကြီးက ထုန်ကျန့်ကမ္ဘာမှာ နံပါတ်တစ်ဂိုဏ်းပဲ”

မော့ဖူချိုဟာ ပြုံးလိုက်ပါတယ် “အဲဒီလောက်တောင် စွမ်းအားကြီးတာလား၊ ကြည့်ရတာ ငါတို့ ယွီဂျင်ဂိုဏ်းတော်ကြီးက တကယ် ကံကောင်းတာပဲ”

ကျိုးဖန်ဟာ နှုတ်ခမ်းတွန့်သွားပါတယ် ‘ယွီဂျင်ဂိုဏ်းတော်ကြီးက ဘာစွမ်းအားကြီးရမှာလဲ၊ ဆရာသခင်ကြောင့်ဆိုတာ အသိသာကြီးကို’

ကျိုးဖန်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို အထင်မသေးပါဘူး။ သူလည်းပဲ ယွီဂျင်ဂိုဏ်းတော်ကြီးလိုမျိုး ဟန်ကျွယ်ဆီကနေ အကျိုးအမြတ်ရခဲ့တာ မဟုတ်ပါလား။

ကျိုးဖန်နဲ့ မော့ဖူချိုဟာ မဟာတာအိုမျှော်စင် ကောင်းကင်တာအိုဆီ ရောက်တာကို စောင့်ဆိုင်းရင်း စကားပြောဆိုကြပါတယ်။

ကောင်းကင်တာအို အစွန်းမှာ ဖန်းလျန်ဟာ ကြိုရောက်နှင့်နေပြီး မဟာတာအိုမျှော်စင်အလာကို စောင့်ဆိုင်းနေပါတယ်။ မဟာတာအိုမျှော်စင်က ကျင့်ကြံသူအများကြီးကို ဦးဆောင်လာတာ ဖြစ်တဲ့အတွက် ရုတ်ရုတ်သဲသဲမဖြစ်အောင် စနစ်တကျ စီမံဖို့ လိုပါတယ်။

မဟာတာအိုမျှော်စင် ရောက်ရှိလာတာက ကောင်းကင်တာအိုထဲက သက်ရှိတွေကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေပါတယ်။

ကျိုးဖန်က တိတ်ဆိတ်ဂိုဏ်း တပည့်ဆိုတာလည်း ပျံ့နှံ့သွားပြီး တိတ်ဆိတ်ဂိုဏ်းရဲ့ အုတ်မြစ်က ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို ကောင်းကင်တာအို ကျင့်ကြံသူတွေ တစ်စွန်းတစ်စ သိသွားကြပါတယ်။

တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာရဲ့ အဓိက အင်အားစုကြီးတစ်စု ဆိုပေမဲ့ အမြဲတမ်း သိုသိုသိပ်သိပ်နေပြီး ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်လေ့ မရှိပါဘူး။ ဒါကြောင့် ပုံမှန်ဆိုရင် ကောင်းကင်တာအို ကျင့်ကြံသူတွေက တိတ်ဆိတ်ဂိုဏ်းအကြောင်းကို သိပ်တောင် မတွေးကြပါဘူး။

မဟာတာအိုမျှော်စင်ကြောင့် ကောင်းကင်တာအို သက်ရှိတွေဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ သတင်းအချက်အလက် မှန်သမျှကို စတင် တူးဆွပါတော့တယ်။ ဒီလိုနဲ့ သူတို့တွေ တိတ်ဆိတ်ဂိုဏ်း အကြောင်းကို ပိုသိလာလေလေ ပိုလန့်လေလေ ဖြစ်လာပါတယ်။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးကာ နှစ်လေးသောင်း ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ် မြင်ကွင်းထဲကို အသိပေးချက်တစ်ချက် ရောက်လာပါတယ်။

[ပေါင်းစပ်မှု အောင်မြင်ပါသည်။ ဟွမ်သွမ့်ဓားသည် အန္တိမတာအိုရတနာ ဖြစ်သွားပါပြီ။]

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို အန္တိမ အကောင်းစားရတနာ ဖြစ်ဖို့ မျှော်လင့်ထားခဲ့တာကြောင့် နည်းနည်းတော့ စိတ်ပျက်သွားပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်ရင် ဒါက တော်တော်လေးကို မဖြစ်နိုင်တဲ့ကိစ္စပါ။ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကလွဲရင် တခြားဓမ္မရတနာတွေရဲ့ အဆင့်က တော်တော်လေးကို နိမ့်ပါးတာပါ။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထုတ်ယူလိုက်ပါတယ်။ ချက်ချင်းဆိုသလို အနီရောင်သမ်းနေတဲ့ ခရမ်းရင့်ရောင် ဖြာထွက်လာပြီး ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်း တစ်ခုလုံးကို ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့က အုပ်စိုးသွားပါတယ်။

ဟန်ကျွယ်ဟာ သူ့ရဲ့ အထွတ်အထိပ် စွမ်းအားကို ချက်ချင်း ထုတ်သုံးပြီး ဟွမ်သွမ့်ဓားကို ထိန်းချုပ်လိုက်ပါတယ်။ ဟွမ်သွမ့်ဓားက ဟန်ကျွယ်ရဲ့ မွေးရာပါ ဓမ္မရတနာ ဖြစ်တဲ့အတွက် ထပ်ပြီးတော့ သန့်စင်စရာ မလိုပါဘူး။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားရဲ့ စွမ်းအားကို အာရုံခံပြီး သူ့စိတ်ဆန္ဒနဲ့ ပေါင်းစပ်လိုက်ပါတယ်။ ကောင်းကင်ဖွင့်လှစ်ပုဆိန်လို မဟုတ်ဘဲ ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားနဲ့ အရမ်း ရင်းနှီးတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါ့အပြင် ဟွမ်သွမ့်ဓားထဲမှာ ရှိနေတဲ့ စွမ်းအား အကုန်လုံးကိုလည်း လွယ်လင့်တကူ အသုံးပြုနိုင်ပါတယ်။

ဟွမ်သွမ့်ဓားရဲ့ ဓားသွားက အနီရောင်ဖြစ်ပြီး လက်တစ်ဝါးစာခန့် ကျယ်ကာ အရှည်ငါးပေ ရှိပါတယ်။ ဓားခန္ဓာကိုယ်က ခပ်ယဲ့ယဲ့ ထုတ်လွှတ်နေတဲ့ ခရမ်း‌ရောင်ဟာ ဓားသွားက အနီရောင်နဲ့ သွားပြီးတော့ လိုက်ဖက်နေပါတယ်။

အတန်ကြာသွားတဲ့အခါမှာတော့...

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ပြီး ဟွမ်သွမ့်ဓားနဲ့ အကျွမ်းတဝင်ရှိအောင် လေ့ကျင့်ပါတယ်။

ဓားရူးတာအိုပညာရှိ တစ်သိန်း။

ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၁,၉၄၉ ရုပ်တုကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်ပြီး လောကဦးနတ်ဒေါသ သုံးကာ ဟွမ်သွမ့်ဓားကို ခုတ်ချလိုက်ပါတယ်။

တစ်ချက်တည်းနဲ့ ဓားရူးတာအိုပညာရှိ တစ်သိန်း သုတ်သင်ခံလိုက်ရပါတယ်။

ဒီရလဒ်ကြောင့် ဟန်ကျွယ်ဟာ အံ့အားလည်း သင့်သွားသလို ကျေလည်း ကျေနပ်သွားပါတယ်။ ဟွမ်သွမ့်ဓားက ကောင်းကင်ဖွင့်လှစ်ပုဆိန်ထက်တောင် ပိုကြမ်းနေတယ် မဟုတ်ပါလား။

ဟွမ်သွမ့်ဓားမှာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ရဲ့ သတ်ဖြတ်ငွေ့အပြင် လောကဦးပဋိပက္ခရဲ့ စွမ်းအားလည်း ပါဝင်နေပါတယ်။ ဒီနှစ်ခု အတူပေါင်းစပ်သွားတဲ့အခါ အန္တိမတာအိုရတနာရဲ့ စွမ်းအားကို တကယ် ထုတ်ဖော်ပြသလို့ ရသွားပါတယ်။

ဒီဟွမ်သွမ့်ဓားကို ရရှိပြီးနောက် ဟန်ကျွယ်ရဲ့ စွမ်းအား ရုတ်တရက် ထိုးတက်သွားပါတယ်။

‘အင်း... ဓမ္မရတနာတွေကလည်း တော်တော်လေး အရေးကြီးတာပဲ’

ပန်ကူးဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့ နတ်ဘီလူး သုံးထောင်ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ဖွင့်လှစ် ပုဆိန်မရှိရင်တော့ နတ်ဘီလူး ဒါဇင်ကျော်လောက်ကိုပဲ တိုက်ခိုက်နိုင်ပါတော့တယ်။ ဒီလိုဆိုပေမဲ့ အဓိက မူတည်တာက ပန်ကူးရဲ့ ကျင့်ကြံမှုပါ။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို စပြီးတော့ တိုးလိုက်ပါတယ်။

ဓားရူးတာအိုပညာရှိ နှစ်သိန်း။

ဒီတစ်ကြိမ်တော့ ဟန်ကျွယ်ဟာ အသက်ရှူကျပ်မတတ် ဖိအားကို ခံစားလိုက်ရပါတယ်။ အချိန်အတော်ကြာအောင် တိုက်ခိုက်ပြီးမှပဲ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ နှစ်သိန်းကို သတ်ပစ်နိုင်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါက ပြိုင်ဘက်ကင်းဖို့ တော်တော် လိုသေးတာပဲ’

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲက ဓားရူးတာအိုပညာရှိထက် အဆင့်ကြီးတစ်ဆင့် ပိုမြင့်ပါတယ်။ ဒီလိုအခြေအနေမှာ ဓားရူးတာအိုပညာရှိ ဘယ်လောက်များများ အလွယ်လေး သတ်ပစ်နိုင်ရမှာပါ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ရင်း သက်ပြင်းချလိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ရောင်ဝါတစ်ခုကို ခံစားမိလိုက်ပါတယ်။ ဓားရူးတာအိုပညာရှိရဲ့ ရောင်ဝါကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

ဒီအချိန်မှာ ဓားရူးတာအိုပညာရှိဟာ မဟာတာအိုမျှော်စင်ထဲ ရောက်နေပါတယ်။

‘ဒီကောင် ဘယ်တုန်းက ရောက်လာတာလဲ’ ဟန်ကျွယ်ဟာ သတိကြီးသွားပါတယ်။

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို ချက်ချင်း အသုံးပြုပြီး ဓားရူးတာအိုပညာရှိရဲ့ အချက်အလက်ကို ပုံတူ ကူးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဓားရူးတာအိုပညာရှိနဲ့ တိုက်ခိုက်ပါတယ်။

တစ်ယောက်ချင်း၊ တစ်ချက်တည်း အသေသတ်။

ဓားရူးတာအိုပညာရှိ တစ်ရာ၊ တစ်ချက်တည်း အသေသတ်။

ဓားရူးတာအိုပညာရှိ တစ်ထောင်ကို ရင်ဆိုင်ရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသက်ရှူကြိမ် ဆယ်ကြိမ်ကြာအောင် တိုက်ခိုက်ပြီးမှပဲ ဓားရူးတာအိုပညာရှိ အကုန်လုံးကို သတ်ပစ်လိုက်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။ လေးငါးဆယ်ကြိမ် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ တစ်ထောင်ကို တစ်ချက်တည်း သတ်ပစ်နိုင်မဲ့ နည်းလမ်းကို ရှာတွေ့သွားပါတယ်။

ဓားရူးတာအိုပညာရှိ အရေအတွက်က တစ်သောင်းထိ တိုးသွားတဲ့အခါမှာတော့ တိုက်ပွဲက ခက်ခဲလာပါတယ်။

ဓားရူးတာအိုပညာရှိက အရင်ကထက် အများကြီး စွမ်းအားကြီးလာတယ်ဆိုပေမဲ့ အရင်ကနဲ့ ဘာမှ သိပ်မကွာတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ဒါက ဓားရူးတာအိုပညာရှိ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ဖူးတာနဲ့ ပတ်သက်နေတာ ဖြစ်နိုင်ပါတယ်။

ဓားရူးတာအိုပညာရှိဟာ မဟာတာအိုပညာရှိချုပ် ဖြစ်ခဲ့ဖူးတာကြောင့် မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်နဲ့ ခြေလှမ်းတစ်ဝက် မဟာတာအို အထွတ်အထိပ်အဆင့် စွမ်းအားကို ထုတ်သုံးနိုင်တာ ဖြစ်ပါလိမ့်မယ်။

ဓားရူးတာအိုပညာရှိဟာ နတ်အာဏာရှင် စစ်သူကြီးတစ်ရာကို ယှဉ်တိုက်နိုင်တယ်လို့ ပြောတဲ့အတွက် အခု ဟန်ကျွယ် ဓားရူးတာအိုပညာရှိ တစ်ထောင်ကို တစ်ချက်တည်း အသေသတ်နိုင်တာ နတ်အာဏာရှင် စစ်သူကြီးတစ်သိန်းကို တစ်ချက်တည်း အသေသတ်နိုင်တာနဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။

ဒီလိုဆိုရင် နတ်အာဏာရှင် စစ်သူကြီးတွေကို ဟန်ကျွယ် ခေါင်းထဲကနေ ထုတ်လိုက်လို့ ရပါပြီ။ ဒါမှမဟုတ် ဓားရူးတာအိုပညာရှိက သူ့စွမ်းအားကို ကြွားပြီး ပြောတာလည်း ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ သေချာ စဉ်းစားကြည့်လိုက်တဲ့အခါ သူ တခြား မဟာတာအိုပညာရှိချုပ်တွေထက် စွမ်းအားပိုကြီးနေတာက မဟာညီညွတ်မှုရုပ်သွင်နဲ့ လောကဦး ကြယ်တာရာ ခန္ဓာကိုယ်ကြောင့်ဆိုတာ သွားတွေ့ပါတယ်။

မဟာညီညွတ်မှုရုပ်သွင်က ဟန်ကျွယ်ကို လူနှစ်ထောင်နီးပါး အကူခေါ်စေနိုင်ပြီး အဲဒီလူတွေကိုလည်း သူ့ခန္ဓာကိုယ်ထည်း ပေါင်းထည့်လို့ရအောင် လုပ်ပေးထားပါတယ်။ ဒါက ဟန်ကျွယ်ရဲ့ စွမ်းအားကို တိုက်ပွဲထဲမှာ အဆနှစ်ထောင် တိုးပေးလိုက်တာနဲ့ အတူတူပါပဲ။

ဒါပေမဲ့ တခြားကျင့်ကြံသူတွေဆိုရင် မဟာညီညွတ်မှုရုပ်သွင်ရဲ့ ဓမ္မရုပ်တု နှစ်ထောင်ကျော်ကို ခံနိုင်မှာ မဟုတ်ပါဘူး။ မဟာတာအိုတွေရဲ့ အတူမနေနိုင်တဲ့ သဘာဝကြောင့် မဟာတာအိုစွမ်းအားကို တစ်ခုထက်ပိုပြီး ကျင့်ကြံဖို့တောင် အ‌တော်လေး ခက်ခဲတာ ဖြစ်နိုင်ပါတယ်။

ခုနစ်ပါး တာအိုပညာရှိကတော့ ခြွင်းချက်ပါ။ သူက မဟာတာအို ခုနစ်ပါးကို တကယ်ကြီး ဆုပ်ကိုင်နိုင်ခဲ့တာပါ။

ဟန်ကျွယ်ဟာ ခုနစ်ပါးတာအိုပညာရှိ အကြောင်းကို တွေးမိလိုက်တဲ့အခါ ခုနစ်ပါး တာအိုပညာရှိက မဟာကံတရား အထောက်အပံ့ ရှိတဲ့လူ ဖြစ်လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ခုနစ်ပါး တာအိုပညာရှိက သူ့နည်းလမ်း သူ့အရည်အချင်းနဲ့ လောင်ဇီလိုမျိုး ဒါမှမဟုတ် လောင်ဇီထက် စွမ်းအားကြီးတဲ့ တည်ရှိမှုတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။

ကံဆိုးချင်တော့ ခုနစ်ပါး တာအိုပညာရှိဟာ အသက်ရှင်ရတာ ပင်ပန်းလို့ဆိုပြီး ဟန်ကျွယ်ကို ပြဿနာ ရှာလိုက်တာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို သိမ်းပြီး ဓားရူးတာအိုပညာရှိနဲ့ တွေ့ဆုံဖို့ မတ်တတ်ရပ်လိုက်ပါတယ်။ ဓားရူးတာအိုပညာရှိက သူ့ကို ချောင်းမြောင်း တိုက်ခိုက်ရင်တောင် ဟန်ကျွယ်က မမှုပါဘူး။ ဓားရူးတာအိုပညာရှိ တစ်ထောင်ကို တစ်ချက်တည်း သတ်ပစ်နိုင်တာ ဖြစ်တဲ့အတွက် တစ်ယောက်လောက်ကတော့ စာမဖွဲ့ပါဘူး။

ပဋိပက္ခသိစိတ် တိုက်ခိုက်မှာကိုတော့ ဟန်ကျွယ် မစိုးရိမ်ပါဘူး။ ဟန်ကျွယ်ဟာ ပဋိပက္ခတစ်ခုလုံးကို ထောက်လှမ်းနိုင်တာ ဖြစ်တဲ့အတွက် အထွတ်အထိပ် နိယာမ ခုနစ်ပါးနဲ့ မဟာတာအို သုံးထောင် တစ်ခုခုဖြစ်တာနဲ့ ချက်ချင်းတန်းသိမှာပါ။

ဒါ့အပြင် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ သူ့ရဲ့ စိတ်ဆန္ဒ တစ်စွန်းတစ်စကိုလည်း ချန်ထားခဲ့ပါသေးတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အသက်ခံရတယ်ဆိုရင်တောင် ချက်ချင်း အသက်ပြန်ရှင်လာနိုင်မှာပါ။

ဟန်ကျွယ်ရဲ့ လုံခြုံရေးက တကယ်ကို ပြီးပြည့်စုံတာပါ။

မဟာတာအိုမျှော်စင် ထိပ်ပိုင်းမှာ ဓားရူးတာအိုပညာရှိဟာ ကျိုးဖန် ခေါင်းပေါ် ပေါလောမျောပြီး မဟာတာအို မျှော်စင်ကို သုံးသပ်နားလည်နေတဲ့ ကျိုးဖန်ကို လေ့လာစောင့်ကြည့်နေပါတယ်။

ကျိုးဖန်ဟာ လွတ်လပ် တာအိုပညာရှိအဆင့်ပဲ ရှိတာမလို့ သူ့ခေါင်းပေါ်က ဓားရူးတာအိုပညာရှိကို လုံးဝ အာရုံမခံမိပါဘူး။ သူတို့နှစ်ယောက်က ပေးငါးဆယ်လောက်ပဲ ကွာတာပါ။ ဒီအကွာအဝေးက အရမ်းနီးကပ်လွန်းပေမဲ့ ကျိုးဖန်ဟာ ဓားရူးတာအိုပညာရှိကို ရှာမတွေ့ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် လွတ်လပ် တာအိုပညာရှိ အဆင့်နဲ့ မဟာတာအို အထွတ်အထိပ်အဆင့်က ဘယ်လောက်ထိ ကွာခြားတယ်ဆိုတာ သိနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ကျိုးဖန်နောက်မှာ ရုတ်တရက် ပေါ်လာပြီး နှာမှုတ်လိုက်ပါတယ် “ဟွန်း... ဘယ်လောက်ထိကြာအောင် ချောင်းကြည့်နေမှာလဲ”

ကျိုးဖန်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ဘက် ချက်ချင်းလှည့်ကာ ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် ဂရုတစိုက် မေးလိုက်ပါတယ် “ဆရာသခင်... ချောင်းကြည့်တယ်ဆိုတာ ဘာကို ပြောတာလဲ”

ဓားရူးတာအိုပညာရှိဟာ ပြုံးလိုက်ပါတယ် “ငါက မဟာတာအိုမျှော်စင်ကို နည်းနည်းလေး စိတ်ဝင်စားရုံပါ၊ အရင်တုန်းက ငါ ခုနစ်ပါး တာအိုပညာရှိနဲ့ ဆက်ဆံရေး ရှိခဲ့တယ်”

ကျိုးဖန်ဟာ ရုတ်တရက် မော့ကြည့်ပြီး ကြက်သီးတဖြန်းဖြန်း ထသွားပါတယ်။ ဓားရူးတာအိုပညာရှိက သူ့ခေါင်းထက်မှာ ပေါ်လာတယ် မဟုတ်ပါလား။

‘သူ ဘယ်တုန်းက ငါ့ခေါင်းပေါ် ရောက်နေတာလဲ၊ ငါ ဘာဖြစ်လို့ နည်းနည်းလေးတောင် မခံစားမိရတာလဲ’

ဓားရူးတာအိုပညာရှိဟာ ကြမ်းပြင်ပေါ် ဆင်းသက်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ် “ငါ မင်းကို မမြင်နိုင်သေးဘူး၊ ကြည့်ရတာ ငါ မင်းကို မယှဉ်နိုင်သေးတဲ့ပုံပဲ”

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိရဲ့ လေသံကနေ စိတ်မပါတာကို ခံစားမိလိုက်တာကြောင့် မသိမသာ ပြုံးလိုက်ပါတယ် ‘မင်း ငါ့ကို အနိုင်မယူနိုင်ပါဘူး၊ မင်းလိုလူ အယောက်တစ်သောင်းတောင် ငါ့ကို ယှဉ်နိုင်တာ မဟုတ်ဘူး’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters