ဟန်ထော်နဲ့ ယီတျန် ပြန်လွတ်လာခြင်း
Vol. 80 Ch. 844
“မင်းက တစ်ယောက်တည်းလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိရဲ့ လုပ်ရပ်ကို စိတ်မရှိပါဘူး။ ဓားရူးတာအိုပညာရှိက ကျိုးဖန်ကို ထိခိုက်အောင် ဘာမှ မလုပ်ထားဘူး မဟုတ်ပါလား။
“အရင်တုန်းကတော့ ငါ ကမ္ဘာတစ်ခုကို ဖန်တီးခဲ့ဖူးတယ်၊ နောက်တော့ အလုပ်ရှုပ်လွန်းလို့ ငါ လှည့်မကြည့်ဖြစ်တော့ဘူး၊ အဲဒီကမ္ဘာက ဆယ်ဘီလီယံတောင် မခံဘဲ ပျက်စီးသွားတယ်”
ဓားရူးတာအိုပညာရှိဟာ ကမ္ဘာတစ်ခုက သူနဲ့ ဘာမှမဆိုင်သလိုမျိုး သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။
ကျိုးဖန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ ဆယ်ဘီလီယံဆိုတဲ့ စကားကြောင့် ကျိုးဖန်ဟာ ဓားရူးတာအိုပညာရှိကို အပြစ်မပြုရဲပါဘူး။ ဆယ်ဘီလီယံကျော်အောင် အသက်ရှင်နိုင်တာက နည်းတဲ့ စွမ်းအား မဟုတ်ပါဘူး။
“ကောင်းပြီလေ၊ ငါ မင်းအတွက် နေရာတစ်ခု စီစဉ်ပေးမယ်၊ ကောင်းကင်တာအို သက်ရှိတွေကိုတော့ လျှောက်ပြီးတော့ ဒုက္ခမပေးနဲ့”
ဓားရူးတာအိုပညာရှိဟာ နှာမှုတ်လိုက်ပါတယ် “ဟွန်း.. မစိုးရိမ်စမ်းပါနဲ့၊ ငါ့ကို စိတ်ဝင်စားစေတာက မဟာတာအိုမျှော်စင်ကလွဲရင် ကောင်းကင်တာအိုထဲမှာ ဘာမှ မရှိဘူး”
ကျိုးဖန်ဟာ ရင်ထိတ်သွားပါတယ်။
ဟန်ကျွယ်က သတိပေးလိုက်ပါတယ် “မဟာတာအိုမျှော်စင်အကြောင်း မစဉ်းစားနဲ့၊ ဒါက ငါ့တပည့်ရဲ့ အကောင်းစား ရတနာ”
“ငါ နားလည်ပါတယ်၊ ငါ အငယ်တွေဆီက ရတနာကို မလုပါဘူး၊ သွားမယ်... လမ်းပြ...”
“အင်း”
ဟန်ကျွယ်နဲ့ ဓားရူးတာအိုပညာရှိဟာ ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။
ကျိုးဖန်ဟာ စိတ်သက်သာရာ ရသွားပြီး ဓားရူးတာအိုပညာရှိ ဘယ်သူလဲဆိုတာကို သိချင်သွားပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိကို ဧည့်ကြိုနန်းတော်ဆီ ခေါ်သွားပြီး ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်”
“ဓားရူးတာအိုပညာရှိ...”
ဂိုဏ်းချုပ် တျန်ကျွယ်ဟာ အရင်ဆုံး တလေးတစား နှုတ်ဆက်လိုက်ပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ နာမည်ကို ကြားဖူးထားတာ သိသာပါတယ်။
ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိကို ကြည့်ပြီး ပြောလိုက်ပါတယ် “မင် ဒီမှာနေပြီး ကျင့်ကြံအားထုတ်ချည်”
ဓားရူးတာအိုပညာရှိဟာ ခေါင်းညိတ်လိုက်ပြီး ထောင့်တစ်နေရာကို လျှောက်သွားကာ တရားထိုင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ကို ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး ခန်းမထဲက ထွက်ခွာသွားပါတယ်။
ဓားရူးတာအိုပညာရှိ ရောက်လာတဲ့သတင်းက တာအိုပညာရှိတွေ အကြားမှာ လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ ဒီကိစ္စကြောင့်ပဲ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို ပိုယုံကြည်သွားကြပါတယ်။
နှစ် ၂၀,၀၀၀ ကြာပြီးနောက်။
ဟုန်စဲ့မင်ယွင် ပြန်ရောက်လာပါတယ်။ ဟုန်စဲ့မင်ယွင်ဟာ ညာလက်ကို ဝှေ့ယမ်းပြီး လွှတ်ပေးလိုက်တဲ့အခါ ကျယ်ပြောလှတဲ့ ကမ္ဘာတစ်ခုဟာ ကောင်းကင်တာအိုနား ဆင်းသက်သွားပါတယ်။ ဒီကမ္ဘာက အင်မော်တယ်ကမ္ဘာရဲ့ တစ်ဝက်နီးပါး ရှိပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ ကောင်းကင်အရှင်ရွှမ်တုကို အရင်ဆက်သွယ် ညှိနှိုင်းပြီး ဟန်ကျွယ်က သူမကို ဖိတ်ခေါ်ထားတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။
တာအိုပညာရှိတွေဟာ စိတ်လှုပ်ရှားသွားကြပါတယ်။ နောက်ထပ် မဟာတာအိုပညာရှိတစ်ပါး ထပ်ရောက်လာပြီး ကမ္ဘာတစ်ခုကိုပါ သယ်ဆောင်လာတယ် မဟုတ်ပါလား။
ဒီကမ္ဘာက ကျယ်ပြောလှတဲ့အတွက် ကောင်းကင်တာအို ကျင့်ကြံသူတွေရဲ့ အာရုံကို ဆွဲဆောင်မိသွားပါတယ်။ ဒီသတင်းက ဖုံးကွယ်လို့ရတဲ့ သတင်း မဟုတ်ပါဘူး။
ဒီလိုနဲ့ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေဟာ ပြောင်းလဲသွားပြီး ကောလဟာလမျိုးစုံ ထွက်ပေါ်လာပါတယ်။
.....
မျက်တောင်တစ်ခတ်အတွင်း ဟန်ကျွယ်ဟာ နောက်ထပ် နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံလို့ ပြီးသွားပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ရှိပြီးနောက် ကျင့်ကြံမှု တိုးတက်နှုန်းက ထပ်ပြီးတော့ နှေးကွေးသွားပါတယ်။ ကျင့်ကြံမှုအလျင် နှေးကွေးရုံတင် မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ကျင့်ကြံတဲ့ ဦးတည်ရာကိုလည်း ရုတ်တရက် ဆုံးရှုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ဘယ်လိုကျင့်ကြံရမလဲဆိုတာ မသိတော့ပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သူ့ရဲ့ တာအိုနှလုံးသားကို ခိုင်ခံ့အောင် ထိန်းသိမ်းပါတယ်။
မဟာတာအို အထွတ်အထိပ်အဆင့်မှာ ကျင့်ကြံဖို့နည်းလမ်း ကျိန်းသေပေါက် ရှိမှာပါ။ လုံးလုံးကြီး ရပ်တန့်သွားတာ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ ဒီအဆင့်မှာ မဟာတာအိုက ဟန်ကျွယ်ကို စွမ်းအားကြီးလာအောင် မကူညီပေးနိုင်တော့ပါဘူး။
‘ငါ ဘာကို အဓိကထားရမှာလဲ’
ဟန်ကျွယ်ရဲ့ အကြည့်ဟာ လောကဦး ကမ္ဘာဆီ ရောက်သွားပါတယ် ‘အရင်တုန်းက ငါ ကြယ်တွေကို သန့်စင်ခဲ့တာဆိုတော့ ငါ အခု ဘာလုပ်သင့်လဲ’
ဟန်ကျွယ်ဟာ နည်းလမ်းအမျိုးမျိုးကို စမ်းကြည့်ပါတယ်။ ကြယ်တွေက အကန့်အသတ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် အထွတ်အထိပ် စွမ်းအားနဲ့ ဆက်ပြီး သန့်စင်လို့ မရတော့ပါဘူး။ ဝိုးတိုးဝါးတား လောကဦးချီကလည်း လောကဦး အာကာသအဖြစ် အသွင်ပြောင်းလဲသွားပြီး တော်တော်လေး တည်ငြိမ်နေတာမလို့ ဆက်ပြီး တိုးတက်အောင်လုပ်လို့ မရတော့ပါဘူး။
မရေမတွက်နိုင်အောင် လျှောက်ကြိုးစားကြည့်ပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ အလုပ်ဖြစ်တဲ့ နည်းလမ်းကို ရှာတွေ့သွားပါတယ်။
အဲဒါက လောကဦးကမ္ဘာကို ချဲ့ထွင်တာပါ။
ဒီနည်းလမ်းက ဝိညာဉ်ထဲမှာရှိတဲ့ အာကာသကို ဖွင့်လှစ်တာဖြစ်ပြီး လောကဦးကမ္ဘာကို ဆက်တိုက် ကျယ်ပြန့်စေတာပါ။ လောကဦးကမ္ဘာနဲ့အတူ လောကဦး အာကာသကလည်း လိုက်ကျယ်ပြန့်တဲ့အတွက် ဝိုးတိုးဝါးတား လောကဦးချီကို မကုန်ဆုံးနိုင်အောင် မွေးဖွားစေပြီး လောကဦး အာကာသနဲ့ ဆက်သွယ်စေပါတယ်။
ဝိုးတိုးဝါးတား လောကဦးချီ တိုးလာတာနဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း လိုက်တိုးလာပါတယ်။
လောကဦးကမ္ဘာ ကျယ်ပြန့်မှုက အကန့်အသတ်ရှိလားဆိုတာကို ဟန်ကျွယ် မသိပါဘူး။ ဒါပေမဲ့ ဒါက လောလောဆယ်မှာ အရေးမကြီးပါဘူး။ လောလောဆယ်မှာ ဟန်ကျွယ်အတွက် အရေးကြီးတာက ဆက်ပြီးတော့ ကျင့်ကြံနိုင်ဖို့ပါ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီးနောက် ဟုန်စဲ့မင်ယွင်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဟန်ကျွယ်နဲ့ ဟုန်စဲ့မင်ယွင်ဟာ အိပ်မက်ထဲမှာ အတော်ကြာအောင် စကားပြောဆိုကြပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ နေရာကျသွားပါပြီ။ တာအိုပညာရှိတွေရဲ့ ကူညီမှုကြောင့် ကောင်းကင်တာအို ကျင့်ကြံသူတွေဟာ ဟုန်စဲ့မင်ယွင်ရဲ့ ကမ္ဘာကို ပြဿနာ မရှာကြပါဘူး။
အိပ်မက် အဆုံးသတ်သွားတဲ့အခါ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
နှစ်တွေ ကြာပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေ ဘာလုပ်နေတယ် ဆိုတာကို မသိတော့ပါဘူး။ ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေကို လိုက်ကြည့်လို့ရပေမဲ့ ကရိကထများလို့ မလုပ်ပါဘူး။ အဲဒီအစား စာစောင်တွေကိုပဲ ဖတ်ရှုပါတယ်။ စာစောင်တွေကနေ အဖြစ်အပျက်ကို ခန့်မှန်းရတာက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတယ် မဟုတ်ပါလား။
[သင့်မြေးတပည့် ချူရှီရန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်သား ဟန်ထော်သည် ပဋိပက္ခသို့ ပြန်ရောက်လာ၏။]
[သင့်မိတ်ဆွေ ယီတျန်သည် ပဋိပက္ခသို့ ပြန်ရောက်လာ၏။]
[သင့်မိတ်ဆွေ ကျန်းကျွယ်ရှီသည် တိုက်ခိုက်ခံခဲ့ရ၏။] X၁၉
[သင့်မိတ်ဆွေ သိကျန်းသည် သင့်မိတ်ဆွေ ပန်ကူး၏ လမ်းညွှန်ပြသမှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် သင့်မိတ်ဆွေ ပန်ကူး၏ လမ်းညွှန်ပြသမှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာနှင့် ပေါင်းစပ်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
‘ဟန်ထော်နဲ့ ယီတျန် ပြန်ရောက်လာပြီလား... ကြည့်ရတာ ဒီအတောအတွင်း မဟာတာအို နတ်စိတ်ဝိညာဉ်တွေက အမှုမဲ့ အမှတ်မဲ့ ဖြစ်လာတယ်နဲ့ တူတယ်’
ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးနဲ့ ပန်ကူး တွေ့ဆုံတာက တိုက်ပွဲ စတင်တော့မဲ့ အရိပ်လက္ခဏာပါ။
ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးတွေနဲ့ နတ်အာဏာရှင် စစ်သူကြီးတွေကြားက တိုက်ပွဲကို ဝင်ပါဖို့ စိတ်ကူး မရှိပါဘူး။ နှစ်ဖက်စလုံးက သူ့ရန်သူတွေ ဖြစ်နေတယ် မဟုတ်ပါလား။
ဟန်ကျွယ်ရဲ့ သရုပ်မှန်သာ ပေါ်သွားတာနဲ့ ပဋိပက္ခနတ်ဘီလူးတွေက နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ ပေါင်းပြီး ဟန်ကျွယ်ကို ဝိုင်းတိုက်မှာပါ။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ကျားနှစ်ကောင် တိုက်တာကို တောင်ထိပ်ပေါ်ကနေ ထိုင်ကြည့်မှာပါ။
နတ်အာဏာရှင် စစ်သူကြီးတွေကို သတ်လိုက်လို့ ဖြစ်လာမဲ့ အကျိုးဆက်ကိုတော့ ဟန်ကျွယ်ဟာ စိတ်မပူပါဘူး။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေကလည်း တဖွဲဖွဲ ပြန်ရောက်လာကြပါပြီ။ တကယ်လို့ ပဋိပက္ခ နတ်မင်းတွေကို အကြီးအကျယ် ဒေါသထွက်အောင် လုပ်မိခဲ့ရင် ဟန်ကျွယ်ဟာ တပည့်အကုန်လုံးကို တာအိုစက်ကွင်းဆီ အတင်းပြန်ခေါ်လိုက်မှာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်မင်းတွေ တိုက်ခိုက်လိမ့်မယ်လို့ မခံစားရပါဘူး။ ပဋိပက္ခနတ်မင်းတွေက ပဋိပက္ခထက် မြင့်မားတဲ့ တည်ရှိမှုတွေ မဟုတ်ပါလား။
ဒါ့အပြင် ဟန်ကျွယ်နောက်မှာ ပန်ကူး ရှိပါသေးတယ်။ လက်ရှိ ပန်ကူးက ပြန်မွေးဖွားလာတဲ့ ကိုယ်ပွားတစ်ခုဆိုပေမဲ့ ပန်ကူးရဲ့ ပင်မခန္ဓာကိုယ်က ရှိနေတုန်းပါ။ ပဋိပက္ခနတ်မင်းတွေ ကောင်းကင်တာအိုကို တိုက်ခိုက်ရဲရင် ပန်ကူးက ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပန်ကူးက ပဋိပက္ခ နတ်ဘီလူးတွေထက် အများကြီး အားမနည်းဘူးလို့ ခံစားလိုက်ရပါတယ်။ နောက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုဘိုးဘေးလည်း ရှိနေပါသေးတယ်။ သူတို့နှစ်ယောက်က ကောင်းကင်တာအိုရဲ့ တကယ့် နောက်ခံတွေပါ။
ဟန်ကျွယ်ဟာ စာစောင်တွေ ဖတ်ပြီးတဲ့အခါ နတ်ဒေါင်းအရှင်ကို အိပ်မက်ပေးလိုက်ပါတယ်။ နတ်ဒေါင်းအရှင်က ဒီနှစ်ထဲမှာ ဂရုမစိုက်တဲ့အတွက် ထပ်ပြီးတော့ ဒဏ်ရာရသွားပါတယ် ‘ဒီကောင်ကို တိုက်ခိုက်တဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက နတ်အာဏာရှင် စစ်သူကြီးများလား...’
ဟန်ကျွယ်ဟာ အမှောင်သခင်ကြီး သရုပ်နဲ့ နတ်ဒေါင်းအရှင်ကို တွေ့ဆုံပါတယ်။
အိပ်မက်နယ်မြေ။
နတ်ဒေါင်းအရှင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်းဆိုသလို နေထိုင်ရခက်သွားပါတယ်။ အမှောင်သခင်ကြီးက သူ ဒဏ်ရာရတိုင်း အိပ်မက်ထဲကနေ လာလည်ပါတယ်။ ဒါက ဂရုစိုက်လို့ဆိုပေမဲ့ အကြိမ်များလာတဲ့အခါ နတ်ဒေါင်းအရှင်ဟာ သူ့မျက်နှာကို ဘယ်နား ထားရမှန်း မသိတော့ပါဘူး။
နတ်ဒေါင်းအရှင်ဟာ အမြန်ပြောလိုက်ပါတယ် “ဒီတစ်ကြိမ် ကျွန်တော် အဆင့်တူကို ရှုံးနိမ့်တာ မဟုတ်ဘူး၊ မဟာတာအိုပညာရှိ ဖိနှိပ်တာကို ခံရတာလည်း မဟုတ်ဘူး၊ နတ်အာဏာရှင် စစ်သူကြီး တိုက်ခိုက်တာကို ခံရတာ”
“နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက တော်တော်ကို စွမ်းအားကြည့်လွန်းတယ်၊ သာမန်ကာလျှံကာ အကြည့်နဲ့တင် ကျွန်တော်ဝိညာဉ် ပျက်လုနီးပါးပဲ”
ပြောရင်းဆိုရင်း နတ်ဒေါင်းအရှင်ဟာ ကြက်သီး တဖြန်းဖြန်း ထသွားပါတယ်။ နတ်ဒေါင်းအရှင်ဟာ ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့အရာကို တစ်ခါမှ မကြုံဖူးသေးပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘယ်တော့ မဟာတာအို ရယူနိုင်မှာလဲ”
“မကြာခင်... မကြာခင် ရတော့မှာပါ၊ ကျွန်တော်ကို နတ်အာဏာရှင် စစ်သူကြီးတွေ စစ်ဆေးပြီးသွားပြီဆိုတော့ ကျွန်တော် စိတ်အေးလက်အေး ကျင့်ကြံအားထုတ်လို့ရပြီ၊ ဒဏ္ဍာရီအရ နတ်အခွင့်အာဏာက ပဋိပက္ခနတ်ဘီလူးတွေ ကောင်းကင်တာအိုနဲ့ လျှို့ဝှက်ဆန်းကြယ် လောကဦး နတ်ဘီလူးကို ဖျက်ဆီးတော့မှာဆို... အဲဒါ အမှန်ပဲလား...”
“ငါလည်း မသိဘူး၊ အဲဒါတွေက အရေးမကြီးဘူး၊ မင်း လုံခြုံရင် ပြီးတာပဲ”
“နတ်အာဏာရှင် စစ်သူကြီးတွေကို သခင်ကြီး ဘယ်လိုထင်လဲ” နတ်ဒေါင်းအရှင်က ဂရုတစိုက် မေးလိုက်ပါတယ်။ အမှောင်သခင်ကြီးရဲ့ သရုပ်မှန်နဲ့ ပတ်သက်ပြီး ယူဆချက်မျိုးစုံ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက ပထမရှုံဟွာအရှင်ရဲ့ မသေခင် ချန်ထားခဲ့တဲ့ စကားသံကြောင့် ပဋိပက္ခသက်ရှိတွေဟာ အမှောင်သခင်ကြီးက မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်လိမ့်မယ်လို့ တွေးထင်ခဲ့ကြပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အဲဒါက ပဋိပက္ခနိယာမရဲ့ ခလုတ်တစ်ခုသာသာပဲ၊ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး၊ အများကြီးလည်း မမေးနဲ့၊ အများကြီးလည်း မတွေးနဲ့”
နတ်ဒေါင်းအရှင်ရဲ့ ခေါင်းထဲမှာ ချက်ချင်းဆိုသလို ခန့်မှန်းချက်မျိုးစုံ ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်က ညွှန်ကြားလိုက်ပါတယ် “မဟာတာအိုရအောင် မြန်မြန် ကျင့်ကြံချည်၊ မင်း မဟာတာအို မရခင် ထပ်ပြီးတော့ ဒဏ်ရာရရင် ငါ မင်းရဲ့ အရည်အချင်းကို ပြန်ပြီးတော့ သုံးသပ်ရလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။