ဓားတစ်ချက်နှင့် နတ်အာဏာရှင် စစ်သူကြီးများကို ချေမှုန်းခြင်း
Vol. 80 Ch. 849
ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိနဲ့ ဟုန်စဲ့မင်ယွင်ကို နှစ်သိမ့်ပေးပြီးတာနဲ့ စကြဝဠာခန်းမကနေ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။
မျက်တောင်တစ်ခတ်အတွင်း ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းရှေ့မှာ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲနဲ့ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ အချက်အလက်ကို ပုံတူကူးပြီး ပြန်ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းတဲ့အတွက် ဟန်ကျွယ် ပျောက်သွားပြီး ပြန်ပေါ်လာတာကို စကြဝဠာခန်းမထဲက တာအိုပညာရှိတွေဟာ သတိမထားမိကြပါဘူး။ ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုဆီရောက်ဖို့ အနည်းဆုံး ငါးမိနစ်ကြာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ချက်ချင်းဝင်ပြီး နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို စိန်ခေါ် တိုက်ခိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၁,၉၄၉ ရုပ်တုကို ပေါင်းစပ်ပြီး နတ်ဘီလူးဒေါသနဲ့ ဟွမ်သွမ့်ဓားကို ဝှေ့ယမ်းလိုက်ပါတယ်။ ဓားတစ်ချက်နဲ့ အထွတ်အထိပ် ဓားချီ ထွက်ပေါ်လာပြီး နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းလုံးကို ဖျက်ဆီးသွားပါတယ်။
တစ်ချက်တည်း အသေသတ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စိတ်ထဲမှာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ် ‘တကယ်ကို ဘာမှမဖြစ်ဘူးပဲ’
ဟန်ကျွယ်ဟာ မဟာရှေးဟောင်းနယ်မြေ တိုက်ပွဲ ပြီးတဲ့နောက် နတ်အာဏာရှင် စစ်သူကြီးတွေ ပိုအားကြီးလာမှာကို ကြောက်နေခဲ့တာပါ။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ထပ်ဝင်လိုက်ပါတယ်။ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ အရင်ဆုံး မတိုက်ခိုက်ဘဲ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ စွမ်းအားကို စမ်းသပ်ပါတယ်။
အသက်ရှူကြိမ် လေးငါးကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တွေးတွေးဆဆ ဖြစ်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ဘက် လှည့်လာပြီး မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ယုံကြည်ချက် ရှိလား”
ကောင်းကင်အရှင်ရွှမ်တုဟာ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရဲ့ ကြောက်မက်ဖွယ် ရောင်ဝါကို အာရုံခံမိပြီးပါပြီ။ ဟန်ကျွယ်လည်း ဒီရောင်ဝါကို အာရုံခံနိုင်လိမ့်မယ်လို့ ကောင်းကင်အရှင်ရွှမ်တုက ယုံကြည်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်အရှင်ရွှမ်တုဟာ သူ အပြင်ထွက်လိုက်တာနဲ့ သေမှာဆိုတာကို သိနေပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရဲ့ စုပေါင်းရောင်ဝါက တကယ်ကို အားကြီးလွန်းလှပါတယ်။ စိတ်ကူးယဉ် အတွေးမှန်သမျှကို ချေမှုန်းနိုင်တဲ့အထိ စွမ်းအားကြီးတာပါ။
တခြားတာအိုပညာရှိတွေဟာ မျှော်လင့်မှု ရင်တုန် စိတ်လှုပ်ရှားမှုတွေနဲ့ ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ရောင်ဝါကို တကယ် ခံစားမိတဲ့အခါ သူတို့တွေဟာ ကြောက်လန့်သွားကြပါတယ်။ စောစောက အာကျယ်ခဲ့တဲ့ ကျိုးဖန်၊ လုံဟောင်၊ ကျောက်ရွှမ်ယွမ်နဲ့ တခြားလူတွေလည်း ပါးစပ်တောင် မဟရဲတော့ပါဘူး။
သူတို့ရဲ့ အကြည့်တွေကို ခံစားမိတဲ့ ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ် “ငါက ယုံကြည်ချက်ရှိတယ်လို့ ပြောရင် မင်းတို့က ယုံမယ်မထင်ဘူး၊ ငါ အကောင်းဆုံး ကြိုးစားမယ်၊ အပြင်မထွက်နဲ့၊ ငါနဲ့ နတ်အာဏာရှင် စစ်သူကြီးတွေ တိုက်ခိုက်တာကို ထိုင်ကြည့်ချည်”
တာအိုပညာရှိတွေဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ တာအိုပညာရှိတွေဟာ အပြင်ထွက်ပြီး တိုက်ရမှာကို တကယ်ကြောက်နေကြတာပါ။ ဒီကိစ္စက ရှက်စရာကိစ္စဆိုပေမဲ့ ငြင်းလို့မရတဲ့ ခါးသီးတဲ့ အမှန်တရားတစ်ခုလည်း ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက် မတ်တတ်ရပ်ပြီး ဟွမ်သွမ့်ဓားကို ထုတ်ယူလိုက်ပါတယ်။ ဟွမ်သွမ့်ဓားရဲ့ အနီရောင်သမ်းနေတဲ့ ခရမ်းရင့်ရောင်ဟာ တောက်ပလာပြီး တာအိုပညာရှိတွေကို မျက်စိကျိန်းသွားစေပါတယ်။ တစ်ချိန်တည်းမှာပဲ တာအိုပညာရှိတွေဟာ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်ကြပါတယ်။
အလွန်ကို အားကောင်းလွန်းတဲ့ သတ်ဖြတ်ငွေ့ပါ။
ပန်ရှင်းဟာ ဟွမ်သွမ့်ဓားကို ကြည့်ကာ မှင်တက်သွားပြီး သူ့ရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို တွေးမိသွားပါတယ် ‘ရှုံဟွာ ကောင်စုတ်တွေ... မင်းတို့တွေ ငါ့အကောင်းစား ရတနာကို လုသွားလို့၊ မဟုတ်ရင် ဒီတိုက်ပွဲက ငါအစွမ်းပြဖို့ အချိန်ကောင်းပဲ’
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေရဲ့ အကြည့်အောက်မှာ ဟွမ်သွမ့်ဓားကို လက်တစ်ဖက်နဲ့ ကိုင်မြှောက်လိုက်ပါတယ်။ ဓားဦးကိုတော့ ပဋိပက္ခကနေ လာတိုက်ခိုက်တဲ့ နတ်အာဏာရှင် စစ်သူကြီးတွေဆီ ညွှန်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ အရိပ်တွေ ပေါ်လာပြီး ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကို လျင်မြန်စွာ ဝင်ရောက်ကာ ပျောက်ကွယ်သွားပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၁,၉၄၉ ရုပ်တုကို ပေါင်းစပ်ပြီးသွားပါတယ်။
တာအိုပညာရှိတွေဟာ ဟန်ကျွယ် ဘာလုပ်ချင်တယ်ဆိုတာကို မသိတဲ့အတွက် တော်တော်လေး ရင်တုန်ပန်းတုန် ဖြစ်နေကြပါတယ်။
ကျိုးဖန်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဆရာသခင်... ဘာလုပ်မလို့လဲ”
‘ဒီကနေ လှမ်းတိုက်မလို့များလား...’ ဒီအတွေးဟာ တာအိုပညာရှိတွေရဲ့ ခေါင်းထဲမှာ ပေါ်လာပါတယ်။ ဒါပေမဲ့ ရန်သူက နတ်အာဏာရှင် စစ်သူကြီးတွေပါ။ ဒီလို အဝေးကြီးကနေ လှမ်းတိုက်ရင် ရန်သူကို လှန့်ရာပဲ ရောက်မှာပါ။
ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “အားလုံးပဲ... ငါ့ကို ပြောစမ်းပါ... ငါ့ဓားက နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို သတ်နိုင်မယ် ထင်လား”
စကြဝဠာခန်းမတစ်ခုလုံး တိတ်ကျသွားပါတယ်။
တာအိုပညာရှိတွေဟာ မျက်လုံးပြူးသွားကြပြီး အသက်ရှူ မြန်သွားကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုနဲ့ လောင်တန်လည်း အတူတူပါပဲ။
လောင်တန်ဟာ ဘာမှမပြောပေမဲ့ တာအိုအရှင်သခင်တို့ သုံးယောက်ကို ခေါ်ပြီး အချိန်မရွေး ထွက်ပြေးဖို့ ပြင်ဆင်ပြီးပါပြီ။ လောင်တန်ဟာ ဟန်ကျွယ်က ဒီလောက်ထိ မောက်မာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို တစ်ချက်တည်း သတ်ပစ်ဖို့က ဘယ်သူမှ မတွေးရဲတဲ့ အရာပါ။
ဒါပေမဲ့ ဘယ်သူမှ ဟန်ကျွယ်ကို မေးခွန်းမထုတ်ရဲပါဘူး။ တာအိုပညာရှိတွေ အကုန်လုံးဟာ ဟန်ကျွယ်လက်ထဲက ဟွမ်သွမ့်ဓားကို စိုက်ကြည့်ပြီး နှလုံးခုန် မြန်လာကြပါတယ်။
‘နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို တစ်ချက်တည်း သတ်နိုင်ခဲ့ရင်...’
“ဂလု..”
တာအိုပညာရှိတွေဟာ ဆက်ပြီး မတွေးရဲတော့ပါဘူး။ ယုတ္တိဗေဒက ဒါ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောနေပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက ပဋိပက္ခ နတ်ဘီလူး ဒါဇင်ကျော်ကို ဖျက်ဆီးနိုင်တဲ့ ကြောက်မက်ဖွယ် စွမ်းအားပါ။ ဖန်တီးရှင်နတ်ဘုရား ပန်ကူးတောင် နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရဲ့ ခြေထောက်အောက် ပြားပြားဝပ်ခဲ့ရတာပါ။
လျှို့ဝှက်ဆန်းကြယ် အာကာသတစ်ခုမှာ မှောင်မည်းတဲ့ မြူခိုးတွေ ပြည့်နှက်နေပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အလင်းရောင် တောက်ပနေတဲ့ လျှို့ဝှက်ဆန်းကြယ် အရိပ်တစ်ခုရှေ့ မတ်တတ်ရပ်နေပါတယ်။ သူတို့နှစ်ယောက်ကြားမှာတော့ ပုံရိပ်ယောင်တစ်ခု ပေါလောမျောနေပြီး နတ်အာဏာရှင် စစ်သူကြီးတစ်သောင်း ဒုန်းစိုင်းပြေးနေတဲ့ မြင်ကွင်းကို ပြသထားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရဲ့ ကြောက်မက်ဖွယ် ရောင်ဝါကို ခံစားမိတဲ့အခါ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။
မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ အရင်က တွေ့ဖူးပါတယ်။ အဲဒီတုန်းက နတ်အာဏာရှင် စစ်သူကြီးတွေဟာ တည်တည်ငြိမ်ငြိမ်ပဲ လမ်းလျှောက်နေတာပါ။ နတ်အာဏာရှင် စစ်သူကြီးတွေ အခုလိုမျိုး လျင်လျင်မြန်မြန် ပြေးနေတာက ပထမဆုံးအကြိမ်ပါ။ ဒါက သူတို့တွေ ကောင်းကင်တာအိုကို လုံးဝ ဖျက်ဆီးမဲ့ လက္ခဏာပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မော့ကြည့်ပြီး မေးလိုက်ပါတယ် “စီနီယာ... တကယ်ပဲ လှုပ်ရှားလို့ မရဘူးလား... ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းကိုပဲ ကယ်စေချင်တာပါ”
လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးက ခပ်ယဲ့ယဲ့ ပြန်ဖြေပါတယ် “ငါ ကံနဲ့ ပဋိပက္ခထဲကို မဝင်တော့ဘူး၊ ဒီတော့ ဒီကိစ္စကို ငါ ဝင်မပါဘူး၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်... ဒီကိစ္စထဲ ဝင်ပါဖို့ မကြိုးစားနဲ့၊ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ နောက်မှာ အထွတ်အထိပ်နိယာမတွေနဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ရှိနေတယ်၊ သူတို့ကို တားဆီးဖို့ ကြိုးစားတဲ့ ဘယ်တည်ရှိမှုမဆို ဖျက်ဆီးခံရလိမ့်မယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက် ဒူးထောက်ပြီး အံကြိတ်လိုက်ပါတယ် “စီနီယာ... ကျေးဇူးပြုပြီး တိတ်ဆိတ်ဂိုဏ်းကို ကယ်ပေးပါ၊ ကျွန်တော် စီနီယာကို ထာဝရ အမှုထမ်းပြီး စီနီယာရဲ့ နယ်ရုပ် ဖြစ်ပေးပါ့မယ်”
“စီနီယာက ပဋိပက္ခထဲ မဝင်ဘူးလို့ အမြဲတမ်း ပြောပေမဲ့ ပဋိပက္ခကို အမြဲတမ်း အာရုံစိုက်နေတာမလား၊ ကျွန်တော် စီနီယာရဲ့ ရည်မှန်းချက်ကို သိပါတယ်၊ ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော် စီနီယာကို အမှုထမ်းပါ့မယ်၊ စီနီယာ ကျွန်တော်ကို အကြိမ်အများကြီး တွေ့ခွင့်ပေးတာက ကျွန်တော်မှာ အသုံးဝင်နေတာ ရှိနေလို့မလား”
လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးဟာ ဘာမှ ပြန်မဖြေပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဒူးထောက်ရင်း ပုံရိပ်ယောင်ထဲက နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို စိုက်ကြည့်လိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အလွန်တရာမှ ရင်ထိတ်နေပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ အလျင်က လျင်မြန်လွန်းပြီး သူတို့စွမ်းအားကလည်း ကြောက်ဖို့ကောင်းပါတယ်။ သူတို့တွေက ကောင်းကင်တာအို ရောက်တာနဲ့ ကောင်းကင်တာအိုကို တစ်မုဟုတ်ချင်း ဖျက်ဆီးနိုင်စွမ်း ရှိကြပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပထမတော့ ဟန်ကျွယ်ကို ယုံကြည်ချက် ရှိပါတယ်။ ဒါပေမဲ့ ကြောက်ဖို့ကောင်းတဲ့ သတင်းအချက်အလက် တစ်ခုကို သိလိုက်ရလို့ အခုလို စိုးရိမ်ပူပန်နေတာပါ။
လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးက ပြောလိုက်ပါတယ် “ငါ မင်းကို ပြောပြီးပြီလေ၊ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ဖျက်ဆီးဖို့က မဖြစ်နိုင်ဘူး၊ ဒါက ပဋိပက္ခရဲ့ အထွတ်အထိပ် နိယာမပဲ၊ ပဋိပက္ခကို တော်လှန်နိုင်တဲ့ စွမ်းအားရှိမှပဲ ဒီနတ်အာဏာရှင် စစ်သူကြီးတွေကို ဖျက်ဆီးနိုင်လိမ့်မယ်၊ နောက်ပြီး ငါ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို သတ်လိုက်ရင်တောင် ဒီထက် ပိုကြောက်ဖို့ကောင်းတဲ့ အင်အားတစ်ခု ထွက်ပေါ်လာလိမ့်မယ်၊ ကောင်းကင်တာအိုက နိဂုံးချုပ်သွားပြီ၊ လွတ်လမ်း မရှိတော့ဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နှလုံးလှုပ်သွားပြီး ရုတ်တရက် မော့ကြည့်ကာ အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “ပဋိပက္ခထဲမှာ စီနီယာထက် စွမ်းအားကြီးတဲ့လူ ရှိနေတာလား”
“ငါ သေချာ မသိဘူး၊ ဒါပေမဲ့ ပဋိပက္ခ ကိုယ်တိုင်က အစွမ်းအထက်ဆုံးပဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မခံနိုင်ဘဲ ဆက်ပြောဖို့ ပြင်လိုက်ပါတယ်။
ဒီအချိန်မှာပဲ...
ပုံရိပ်ယောင်ထဲကနေ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ ထွက်ပေါ်လာတာကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ထိတ်လန့်သွားပါတယ်။
ဓားချီတစ်စဟာ အမှောင်ထုထဲကနေ ထွက်ပေါ်လာပြီး နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ပိုင်းဖြတ်လိုက်ပါတယ်။
အရမ်းကို မြန်ဆန်လွန်းပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဆက်မတွေးနိုင်ခင်မှာပဲ ဒီဓားချီက နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ လွှမ်းမိုးသွားတာကို တွေ့လိုက်ရပါတယ်။
ဓားချီ လွှင့်ပါး ပျောက်ကွယ်သွားတဲ့အခါ အမှောင်တားမြစ်နယ်မြေမှာ ဧရာမတွင်းကြီးတစ်တွင်းသာ ကျန်နေခဲ့ပါတယ်။ အာကာသ အလွှာတွေလည်း ကွဲကြေပြီး လောကဦး ဟင်းလင်းပြင် ပေါ်လာပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေကတော့ အရိပ်အယောင်တောင် မတွေ့ရတော့ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မှင်တက်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်တောင်ခတ်ပြီး ပုံရိပ်ယောင်ကို အနီးကပ် ကြည့်လိုက်ပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေကို လုံးဝ မတွေ့ရပါဘူး။
“စီနီယာ... နတ်အာဏာရှင် စစ်သူကြီးတွေ ဘယ်ရောက်သွားတာလဲ၊ သူတို့ကို မြန်မြန် ရှာပေးပါဦး” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အလောတကြီး တောင်းဆိုလိုက်ပါတယ်။
ဒါပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စကားပြန်မရပါဘူး။
“စီနီယာ..”
“နတ်အာဏာရှင် စစ်သူကြီးတွေ မရှိတော့ဘူး”
“မရှိတော့ဘူး... စီနီယာ ဘာကိုဆိုလိုတာလဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နှလုံးခုန် မြန်သွားပြီး ဂရုတစိုက် မေးလိုက်ပါတယ် ‘ငါ အမြင်မမှားရင် နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းလုံးကို အဲဒီဓားချီက သတ်ပစ်လိုက်တာပဲ... နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကို တစ်ချက်တည်း ရှင်းပစ်လိုက်တာလား... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...’
မြန်မာပြည် ငြိမ်းချမ်းပါစေ။