← Chapters

လောကဦး ဘိုးဘေးနတ်ဘုရား

Vol. 80 Ch. 850

လောကဦး ဘိုးဘေးနတ်ဘုရား

Vol. 80 Ch. 850

စကြဝဠာခန်းမ။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို အသာပြန်သိမ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို အုတ်မြစ်အဖြစ်သုံးပြီး မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းနဲ့ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို သုတ်သင်လိုက်တာ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ဒီဓားချက်မှာ စွမ်းအားအကုန် ထုတ်သုံးလိုက်တာ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုကိုတောင် တုန်လှုပ်သွားစေပါတယ်။

ရလဒ်ကလည်း ဟန်ကျွယ်ကို စိတ်မပျက်စေပါဘူး။ အသွင်တူ လက်ရည်စမ်းပွဲထဲမှာမျိုး နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းဟာ တစ်ချက်တည်း အသတ်ခံလိုက်ရပါတယ်။

တာအိုပညာရှိတွေဟာ အခုထိ ငေးကြောင်နေတုန်းပါ။ ဟန်ကျွယ်ရဲ့ ဓားချက်က သူတို့အကုန်လုံးကို ဆွံ့အသွားစေပါတယ်။

လောင်တန်လည်း မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံး တုန်တက်သွားပါတယ်။ လောင်ဇီဟာ ဓားတာအိုကို ဆုပ်ကိုင်ထားတာမလို့ လောင်တန်ဟာ ဓားတာအိုစွမ်းအားနဲ့ ရင်းရင်းနှီးနှီး ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ဓားချီက လောင်တန်ကို ထိတ်လန့်သွားစေပါတယ်။

ဒါက ဓားတာအိုရဲ့ စွမ်းအားချည်း မဟုတ်ပါဘူး။ လောင်ဇီရဲ့ ဓားတာအိုထက် ပိုကြောက်ဖို့ကောင်းတဲ့ စွမ်းအားတစ်ခုပါ။ အရေးအကြီးဆုံးက နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ရောင်ဝါ ပျောက်ကွယ်သွားတာပါ။

‘နတ်အာဏာရှင် စစ်သူကြီးတွေ တကယ်သေ...’ လောင်တန်ဟာ ဆက်မတွေးရဲတော့ပါဘူး။

တာအိုပညာရှိတွေလည်း နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ရောင်ဝါ ပျောက်ကွယ်သွားတာကို အာရုံခံမိပါတယ်။ အကုန်လုံးဟာ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ကြပါတယ်။ ဒီအချိန် တာအိုပညာရှိတွေ ရင်ထဲမှာရှိတဲ့ တုန်လှုပ်အံ့ဩမှုက ဖော်ပြလို့ကို မရတာပါ။

ကျိုးဖန်ဟာ ပထမဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါတယ် “ဆရာသခင်... နတ်အာဏာရှင် စစ်သူကြီးတွေ...”

ဟန်ကျွယ်ဟာ နေရာမှာထိုင်ပြီး ပြောလိုက်ပါတယ် “သေသွားပြီ၊ ငါ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆိုတာ တစ်ယောက်မှ မယုံဘူးလား”

“ဝုန်း...”

စကြဝဠာခန်းမတစ်ခုလုံး စိတ်လှုပ်ရှားမှုတွေနဲ့ ပေါက်ကွဲထွက်သွားပါတယ်။ တာအိုပညာရှိ အကုန်လုံး အရူးအမူး ဖြစ်သွားကြပါတယ်။ ဟုတ်ပါတယ်။ ရူးသွားကြတာပါ။

ဒီနှစ်တွေမှာ နတ်အာဏာရှင် စစ်သူကြီးတွေ ပေးခဲ့တဲ့ ဖိအားက အရမ်းကို များပြားလွန်းပါတယ်။ အထူးသဖြင့် မဟာရှေးဟောင်း တိုက်ပွဲမှာ ပန်ကူးဦးဆောင်တဲ့ ပဋိပက္ခ နတ်ဘီလူး ဒါဇင်ကျော် အသတ်ခံရပြီးနောက် ဒီဖိအားက အဆုံးစွန်ကို ရောက်ရှိခဲ့ပါတယ်။

သူတို့တွေဟာ ဟန်ကျွယ်က နတ်အာဏာရှင် စစ်သူကြီးတွေကို ခုခံနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြခဲ့တယ် ဆိုပေမဲ့ တိုက်ပွဲကြီးကြီးမားမား ဖြစ်လိမ့်မယ်လို့ တွက်ဆထားခဲ့တာပါ။ အခုတော့ ဟန်ကျွယ်က တစ်ချက်တည်း အပြတ်ရှင်းပစ်လိုက်ပါတယ်။

နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ဓားချက်တစ်ချက်တည်းနဲ့ ချေမှုန်းလိုက်တာပါ။

တာအိုပညာရှိတွေဟာ အံ့ဩတုန်လှုပ်သွားကြပြီး ဒါက အမှန်မဟုတ်ဘူးလို့တောင် ခံစားလိုက်ကြရပါတယ်။

“နတ်အာဏာရှင် စစ်သူကြီးတွေ တကယ်သေသွားပြီလား...”

“တစ်ချက်တည်းနဲ့လေ... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်အဆင့်ကိုတောင် ရောက်နေပြီလဲ”

“ဒါ အမှန်ပဲလား...”

“ငါ သူတို့ရောင်ဝါကို အာရုံခံလို့ မရတော့ဘူး”

“ပျောက်သွားတာလား၊ ဒါက လုံးဝကို လွန်လွန်းအားကြီးတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဒီလောက်တောင် စွမ်းအားကြီးတာလား၊ ငါ လုံးဝ လက်ခံသွားပြီ”

တာအိုပညာရှိတွေဟာ စိတ်လှုပ်တရှား ဆွေးနွေးကြပါတယ်။ ရွှီတုတောက်နဲ့ ပန်ရှင်းဟာ ဟန်ကျွယ်ကို မျက်နှာမူကာ ဒူးထောက်လိုက်ကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိတွေလည်း ဒူးထောက်ကြတဲ့အတွက် တခြားတာအိုပညာရှိတွေဟာ ရွေးချယ်စရာမရှိဘဲ ဒူးလိုက်ထောက်ရပါတော့တယ်။

မတ်တတ်ရပ်နေတာဆိုလို့ ကောင်းကင်အရှင်ရွှမ်တုနဲ့ လောင်တန်ပဲ ရှိပါတော့တယ်။

လောင်တန်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ဦးညွှတ်လိုက်ပါတယ်။

တခြားတာအိုပညာရှိတွေက ကိစ္စမရှိပါဘူး။ သူတို့တွေဟာ ဟန်ကျွယ်ကို ဆရာတင်ပြီး နောက်လိုက် လုပ်နေကြတာ မဟုတ်ရင် တာအိုပညာရှိအသစ်တွေပါ။ ဟန်ကျွယ်ရဲ့ ဒဏ္ဍာရီကို ကြားပြီး ဒူးထောက် အရိုအသေပေးတာက ဘိုးဘေးတစ်ပါးကို ဒူးထောက် ဂါရဝပြုသလိုပါပဲ။

ကောင်းကင်အရှင်ရွှမ်တုသာ ဒူးထောက်လိုက်ရင် ဘယ်တော့မှ ထပ်ပြီးတော့ မတ်မတ် ရပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အနည်းဆုံး တာအိုပညာရှိ အစည်းအဝေးမှာ ဟန်ကျွယ်နဲ့ တန်းတူထိုင်ဖို့ အရည်အချင်း ရှိတော့မှာ မဟုတ်ပါဘူး။

လောင်တန်ဟာ ကောင်းကင်တာအိုပညာရှိ မဟုတ်တဲ့အတွက် ဒူးထောက်စရာ မလိုပါဘူး။ ဒါပေမဲ့ လောင်တန်ဟာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မတ်တတ် ရပ်ကြပါ၊ မင်းတို့တွေ ဘာဖြစ်လို့ ဒူးထောက်နေကြတာလဲ၊ ကပ်ဘေးက ဒီမှာတင်ပြီးမှာ မဟုတ်လောက်ဘူး”

တာအိုပညာရှိတွေဟာ မတ်တတ်ရပ်လိုက်ကြပါတယ်။

တစ်ချိန်တည်းမှာပဲ...

ကောင်းကင်တာအို အပြင်ဘက်က ဓားရူးတာအိုပညာရှိနဲ့ ဟုန်စဲ့မင်ယွင်ဟာ အတော်အတန်ကြာမှ သတိပြန်ဝင်လာကြပါတယ်။

“နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက သေသွားပြီလား” ဟုန်စဲ့မင်ယွင်က ရင်ဖိုစွာ မေးလိုက်ပါတယ်။

ဓားရူးတာအိုပညာရှိဟာ ခေါင်းညိတ်လိုက်ပါတယ်။

‘မဖြစ်နိုင်ဘူး... သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းအားကြီးနိုင်မှာလဲ’ ဓားရူးတာအိုပညာရှိရဲ့ စိတ်ထဲမှာ ဗလောင်ဆူသွားပါတယ်။ ဓားရူးတာအိုပညာရှိဟာ ဒီလိုမျိုး ဘယ်တုန်းကမှ စိတ်မလှုပ်ရှားခဲ့ပါဘူး။ သူ့ရင်ထဲမှာရှိတဲ့ ဟန်ကျွယ်ရဲ့ ပုံရိပ်ကလည်း ရုတ်တရက် ထိုးတက်သွားပါတယ်။

ဒါက ဓားရူးတာအိုပညာရှိ ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်ကို လေးစားတာပါ။ ဟန်ကျွယ်ကို ကြည်ညိုလေးစားတာဆိုရင် မှားမယ် မထင်ပါဘူး။

ဓားရူးတာအိုပညာရှိဟာ မရေမတွက်နိုင်တဲ့ အဆုံးသတ် မျိုးစုံကို ကြိုတင် မှန်းဆထားပြီးသားပါ။ ဟန်ကျွယ် နိုင်လိမ့်မယ်လို့လည်း သူ့စိတ်ကိုသူ လှည့်စားခဲ့ပါသေးတယ်။

ဒါပေမဲ့ ဟန်ကျွယ်က ဓားရူးတာအိုပညာရှိ တစ်သောင်းကို တစ်ချက်တည်း သတ်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက ကောင်းကင်တာအိုကို မထိခင်မှာပဲ အသတ်ခံလိုက်ရတာပါ။

ဒါက ပန်ကူး နတ်ဘီလူးသုံးထောင်ကို သတ်ဖြတ်တာထက် ပိုကြမ်းပါတယ်။

အဲဒီအချိန်တုန်းက ပဋိပက္ခ နတ်ဘီလူးသုံး‌ထောင်ရဲ့ ကျင့်ကြံမှုဟာ နတ်အာဏာရှင် စစ်သူကြီးတွေထက် အများကြီး နိမ့်ပါးပါတယ်။ ဒါတင် မကသေးပါဘူး။ အရေအတွက်ကလည်း ခုနစ်ထောင်တောင် ကွာခြားနေပါသေးတယ်။ ဒါကြောင့် ပန်ကူးက ဟန်ကျွယ်လောက် စွမ်းအားမကြီးဘူးဆိုတာကို ကောက်ချက် ချနိုင်ပါတယ်။

ဓားရူးတာအိုပညာရှိက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဒါဆို ပြီးသွားပြီလား”

ဒီတစ်ကြိမ်မှာတော့ ရေခဲတုံးလို လုပ်နေတဲ့ ဟုန်စဲ့မင်ယွင်က ပြန်ဖြေပါတယ် “ထင်တာပဲ”

ဓားရူးတာအိုပညာရှိဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီမသာမက တော်တော် ဟန်ဆောင်တတ်တာပဲ... ငါ့ကို မီလုနီးနေပြီ’

လျှို့ဝှက်ဆန်းကြယ် အာကာသ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အချိန်အတန်ကြာအောင် မှင်တက်သွားပြီးမှ သတိပြန်ဝင်လာကာ မေးလိုက်ပါတယ် “စီနီယာ... စီနီယာ ပြောတော့...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးကို အပြစ်ပြုမိမှာစိုးတဲ့အတွက် စကားကို ဆုံးအောင် မပြောပါဘူး။

တစ်ခဏအကြာမှာ လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးက ပြန်ဖြေပါတယ် “ငါ တကယ် မှားသွားတယ်၊ ဟန်ကျွယ်က မရိုးရှင်းဘူး၊ ငါ သူ့ကို မမြင်နိုင်ဘူး၊ သူက လောကဦး နတ်ဘီလူး ဖြစ်နိုင်တယ်”

“ကျွန်တော် သူ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တာပါ၊ သူက လောကဦး နတ်ဘီလူး မဖြစ်လောက်ဘူး၊ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပြန်ဝင်စားတာပဲ ဖြစ်လိမ့်မယ်”

“မင်း ကြောက်စရာ မလိုပါဘူး၊ သူက လောကဦး နတ်ဘီလူးဖြစ်ဖြစ် မဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ကောင်းကင်တာအို ကပ်ဘေးက မပြီးသေးဘူး”

“နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ နောက်ကွယ်မှာရှိတဲ့ တည်ရှိမှု ပေါ်လာမှာလား”

“ကြည့်လိုက်...” လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးဟာ ဘာမှ ထပ်မပြောတော့ပါဘူး။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရွေးချယ်စရာမရှိဘဲ ပုံရိပ်ယောင်ကို ပြန်ကြည့်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ ကြယ်တွေကို တွေ့လိုက်ရပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေ ပျောက်ကွယ်သွားတဲ့ အပျက်အစီး ဟင်းလင်းပြင်မှာ တစ်စုံတစ်ခု ခဲလာသလိုမျိုးပါပဲ။

‘ဒါက...’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်တင် မဟုတ်ပါဘူး။ ဟန်ကျွယ်လည်း ဒါကို မြင်ပါတယ်။ ဟန်ကျွယ်ဟာ နေရာမှာ ပြန်ထိုင်လိုက်ပေမဲ့ သူ့သတိကိုတော့ တစ်ရွေးသားတောင် မလျှော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တည်ငြိမ်လွန်းနေလို့ပါ။

နတ်အာဏာရှင် စစ်သူကြီးတစ်သောင်း သေသွားတာတောင် ဘာမှ မဖြစ်ပျက်တာက လုံးဝကို ထူးဆန်းပါတယ်။

ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိတဲ့အတွက် ရုတ်တရက် မော့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်ဟာ ပဋိပက္ခတစ်ခုလုံးကို ဖြတ်သန်းပြီး မဟာတာအို သုံးထောင် အထက်ဆီ ရောက်သွားပါတယ်။ ဒီနေရာမှာရှိတာက မဟာတာအိုသုံးထောင်ကို ဖိနှိပ်ထားတဲ့ အထွတ်အထိပ် နိယာမ ခုနစ်ပါးပါ။

အထွတ်အထိပ် နိယာမ တစ်ပါးဟာ မဆိုစလောက် ရှုံ့တွသွားပြီး အလင်းရောင်တွေ ထုတ်လွှတ်လိုက်ပါတယ်။ ဒီအလင်းရောင်က အလင်းတန်းအသွင် ပြောင်းလဲပြီး ပဋိပက္ခထဲ ထိုးဆင်းသွားပါတယ်။

ဒီအလင်းတန်းဟာ နတ်အာဏာရှင် စစ်သူကြီးတွေ ပျောက်ကွယ်သွားတဲ့ အပျက်အစီး ဟင်းလင်းပြင်ဆီ အလျင်အမြန် ရောက်ရှိသွားပြီး ဘေးနားဝန်းကျင်က ကြယ်တွေကို စုပ်ယူပါတော့တယ်။

“ဝုန်း...”

အမှောင်တားမြစ်နယ်မြေဟာ ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ ဒီလှုပ်ခတ်မှုက ကောင်းကင်တာအိုတောင် လာသက်ရောက်ပါတယ်။ အနန္တကမ္ဘာမှာရှိတဲ့ စကြဝဠာတွေကလည်း ဧရာမ မြေငလျင်ကို ကြုံတွေ့ ခံစားလိုက်ရပါတယ်။ သေမျိုးကမ္ဘာတွေကြားက စကြဝဠာဟာ အချိန်မရွေး ပြိုလဲသွားနိုင်သလိုမျိုး ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပါတယ်။

အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါတယ်။

စကြဝဠာခန်းမထဲက တာအိုပညာရှိတွေဟာ ထပ်ပြီးတော့ ရင်ထိတ်သွားကြပြီး ဟန်ကျွယ်ကို ဝိုင်းကြည့်ကြပါတယ်။ ဟန်ကျွယ်ရဲ့ မျက်နှာက မပြောင်းလဲတာ တွေ့ရတဲ့အတွက် တာအိုပညာရှိတွေဟာ သက်သာရာ ရသွားကြပါတယ်။

‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိနေရင် ကောင်းကင်တာအိုက သေမှာ မဟုတ်ဘူး’ တာအိုပညာရှိအကုန်လုံး ဒီလိုတွေးကြတာပါ။ သူတို့တွေးလည်း တွေးချင်စရာပါ။ ဟန်ကျွယ်ရဲ့ ဓားချက်က ကြောက်ဖို့ကောင်းတာရဲ့ ဟိုဖက်ကမ်းကို ရောက်နေတယ် မဟုတ်ပါလား။

[လောကဦး ဘိုးဘေးနတ်ဘုရားသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာတာကို တွေ့တာနဲ့ လောကဦး ဘိုးဘေးနတ်ဘုရားကို လူမှုဆက်ဆံရေးကနေ ချက်ချင်း စစ်ဆေးကြည့်လိုက်ပါတယ်။

[လောကဦး ဘိုးဘေးနတ်ဘုရား: မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်၊ မဟာတာအို နတ်စိတ်ဝိညာဉ်၊ မူလပဋိပက္ခ စိတ်ဝိညာဉ်၊ မဟာတာအို ထိန်းချုပ်သူ၊ နတ်စိတ်ဝိညာဉ်တို့၏ ခေါင်းဆောင်။ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို သင် သတ်ဖြတ်လိုက်သောကြောင့် လောကဦး ဘိုးဘေးနတ်ဘုရားသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

‘နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်... နောက်ဆုံးတော့ ဒီကောင် ပေါ်လာပြီပဲ’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ နာမည်ကို သိလိုက်ရပြီ ဖြစ်တဲ့အတွက်‌ နောက်ကျရင် ကျိန်စာတိုက်လို့ ရသွားပါပြီ။ တကယ်လို့ ကျိန်စာတိုက်လို့ မရခဲ့ရင်လည်း ဟန်ကျွယ်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားဆီ အိပ်မက်ထဲကနေ သွားလည်ပြီး အမှောင်တားမြစ်ဇုန်နဲ့ သတ်ပစ်မှာပါ။

နောက်ပြီး မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က တာအိုဖန်တီးရှင် အဆင့်ကို မရောက်သေးပါဘူး။ ဒီအချက်ကလည်း ဟန်ကျွယ်ကို ကျေနပ်စေပါတယ်။ တာအိုဖန်တီးရှင်သာ တကယ်ကြီး ပေါ်လာခဲ့မယ်ဆိုရင် ဟန်ကျွယ်ဟာ ကြောက်ပြီး သေသွားနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ထိပ်ဆုံးနေရာအတွက် အမြဲတမ်း တိုက်ခိုက်နေတာပါ။ အခုတော့ ပန်းတိုင်နဲ့ သိပ်မဝေးတော့ပါဘူး။

ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး နတ်အာဏာရှင် စစ်သူကြီးတွေ ပျောက်ကွယ်သွားတဲ့ အပျက်အစီး ဟင်းလင်းပြင်ကို ကြည့်လိုက်တဲ့အခါ အလင်းတိုင်ထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးရဲ့ ရုပ်သွင်တစ်သွင် ဝိုးတိုးဝါးတား ပေါ်လာတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ ရောင်ဝါက လျင်မြန်စွာ အားကောင်းလာတာကို ခံစားမိပါတယ်။

တာအိုပညာရှိတွေဟာ အလင်းတိုင်ထဲက ရုပ်သွင်ကို ကြည့်ပြီး နှလုံးလှုပ်သွားကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာလည်း မှောင်မည်းသွားပါတယ် “တာအိုဘိုးဘေး...”

တာအိုဘိုးဘေးဆိုတဲ့ အသံကို ကြားရတဲ့အခါ တာအိုပညာရှိတွေဟာ ခေါင်းထောင်သွားကြပါတယ်။

ဒီအချိန်မှာပဲ...

ဟန်ကျွယ်ဟာ ရုတ်တရက် မတ်တတ် ‌ကောက်ရပ်ပြီး ဟွမ်သွမ့်ဓားကို ထပ်မံ ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု ၁,၉၄၉ ရုပ်တုကို ချက်ချင်း ပေါင်းစပ်ပြီး ဟွမ်သွမ့်ဓားနဲ့ မိုးမြေကမ္ဘာ‌ဖောက် ဓားလက်ချောင်းကို ထုတ်ဖော်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အလင်းတိုင်ထဲကလူ ဘယ်သူပဲဖြစ်ဖြစ် ဒီထက် စွမ်းအားပိုကြီးလာဖို့ အခွင့်အရေး မပေးနိုင်ပါဘူး။ စစ်နဲ့ အချစ်မှာ မတရားတာ မရှိဘူးလို့ ပြောကြပါတယ်။ ဒီအတိုင်းပဲ ဟန်ကျွယ်ရဲ့ အဘိဓာန်မှာ မျှတတဲ့တိုက်ပွဲဆိုတာ မရှိပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters