← Chapters

အမှောင်ပုံရိပ်ယောင်

Vol. 78 Ch. 1079

အမှောင်ပုံရိပ်ယောင်

Vol. 78 Ch. 1079

“ ငါ မင်းကို လိုက်မရှာရသေးဘူး။ မင်းတို့ကြွက်စုတ်တွေက ငါ့ရှေ့ ထွက်လာရဲသေးတယ်” ဝမ်ဝေ့၏ အသံက မိုးမြေကြား ပဲ့တင်ထွက်သွားကာ ဧရာမလက်ဝါးပုံရိပ်ကြီးက ခေါင်းဆောင်းပုံရိပ်ဆီ ကျရောက်လာသည်။ သူက ခုခံဖို့ ကြိုးစားလိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။ လူအများက သူတို့တိုက်ပွဲကို အာရုံမစိုက်နိုင်ခင် အရာအားလုံးကို စောင့်ကြည့်ဖို့ ရပ်တန့်လိုက်ကြ၏။

အောင်းရှန်အနားတွင် လျှပ်စီးလက်သီး၊ ခရမ်းရောင်နဂါးနှင့် သုံးမီတာ မြင့်မားကာ ဆံပင်မရှိဘဲ ခပ်ထွားထွား သိုင်းပညာရှင်တစ်ဦးဖြစ်သည့် အံ့ဖွယ်မိုးကောင်းကင် ရှိနေသည်။ ထိုသူက ဘုန်းတော်ကြီး မဟုတ်ပေ။ အရေအတွက် မမျှတသော်လည်း အောင်းရှန်၏ အကြည့်အရ ထိုလူများသည် သူ့သားကောင်များဟု ဖော်ပြနေ၏။

“ပန်းဓားက အကူအညီတောင်းနေတယ်” လျှပ်စီးလက်သီးက အံ့ဖွယ်အသိစိတ်မှတဆင့် ပြောလိုက်သည်။

“ သူ တောင့်ခံမထားနိုင်တော့ဘူးလား။ ငါတို့တွေ အဲဒီနဂါးနဲ့ မကြာခင် ဖြေရှင်းပြီးမယ် မထင်ဘူး။” ခရမ်းရောင်နဂါးက ပြောလိုက်သည်။

“ သူက ရန်သူဘက်က ထာဝရဦးသျှောင်နှစ်ယောက်ကို ကိုင်တွယ်နေတာ။ ရှင်ဘယ်လိုထင်လဲ”

“ အချိန်ဆွဲဖို့ လိုသလောက် ပထမတန်းစား ဆန့်ကျင် ကျင့်ကြံသူတွေကို စတေးလိုက်လို့သာ ပြောလိုက်”

“အရှင်က ဘာပြောမလဲ ကြည့်ရတာပေါ့”

…………..…

ဟို့ဖုန်းဟွမ်က သူမ၏ နိုးထအသက်ဝင်ခြင်းကို အသက်သွင်းထားပြီး ရန်သူကို စိုက်ကြည့်နေသည်။

ဂိုဏ်းခေါင်းဆောင်ရဲ့ အင်အားက သုံးဆတိုက်ခိုက်ရေးအဆင့် ရှိထားတယ်ဆိုတော့ သူ့ပါရမီက သိသာနေတာပဲ။ ဒါပေမဲ့ လက်စွပ်က သူ့ကို လေးဆအထိ တိုးမြင့်ပေးနိုင်လောက်တယ် …

သူမက ထိုအတွေးဖြင့် မျက်မှောင်ကျုံ့လိုက်မိသည်။

ချင်းဟိန်ရဲ့ အင်အား အားနည်းသွားတာ သတင်းကောင်းပဲ …

ချင်းဟိန်က နှစ်ဆတိုက်ခိုက်ရေးအဆင့်မျှသာ ရှိထားပြီး လက်စွပ်က သူ့အား ထိပ်သီး သုံးဆသို့ တွန်းပို့ပေးခဲ့သည်။ ယခု သူက မရဏလက်စွပ်ကို ပြန်ပေးလိုက်ပြီဖြစ်၍ သူ့အင်အားက နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ သို့သော် သူက နှစ် ၇သောင်းခွဲအတွင်း တိုးတက်လာကာ သုံးဆတိုက်ခိုက်ရေးအဆင့် ရောက်ရှိလာခဲ့သည်။

ဒီအခြေအနေက ငါ့အတွက် သိပ်မကောင်းဘူး …

ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ သူမက ဝန်မခံလိုသော်လည်း လက်ရှိတွင် သူမသာ ဖြေရှင်းနည်း မရှိပါက ဂိုဏ်းခေါင်းဆောင်နှင့် မယှဉ်နိုင်ပေ။ အပိုလူ ချင်းဟိန်ကို ထည့်မတွက်ရသေးပေ။

“ပန်းဓားက အကူအညီတောင်းနေတယ်” ချင်းဟိန်က အံ့ဖွယ်အသိစိတ်မှတဆင့် ပြောလိုက်၍ ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက အနိုင်ရရှိမှုကို အာမခံချက်ရှိအောင် အတူတကွ တိုက်ခိုက်ဖို့ ပိုလိုလားသော်လည်း သူတို့၏ ထာဝရတန်းစား ပုဂ္ဂိုလ်များကို ကာကွယ်ဖို့ လိုအပ်ကြောင်း နားလည်ထားသည်။

“ခင်ဗျား သွားနှင့်လိုက်။ ကျုပ် ဒီမှာ တစ်ယောက်တည်း အဆင်ပြေတယ်” သူ့လူများက သူ့အား တိုက်ပွဲအတွင်း ဂုဏ်သတင်းကျော်ကြားအောင် လုပ်ဖို့ ပြောထားလေသည်။ ဤသည်က ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ဖြစ်၏။

ချင်းဟိန်က အဝေးတစ်နေရာဆီ ကူးသန်းသွားလိုက်၍ ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။

“ရှင့်ကို ဘယ်လိုခေါ်ရမလဲ” သူမက မေးလိုက်သည်။

“အဲဒါက ဘာများအရေးပါလို့လဲ”

“ ရှင့်ကို မှတ်မိဦးမလာ သိချင်လို့လေ”

“ ဟားဟား စိတ်ဝင်စားဖို့ကောင်းတဲ့ အမျိုးသမီးပဲ” ဂိုဏ်းခေါင်းဆောင်က ဝမ်ဝေ့လိုမျိုး တူညီသည့် အမြင်ရုပ်လွှာ ပုံစံမျိုးရှိသည့် နိုးထအသက်ဝင်ခြင်းကို အသက်သွင်းထားရင်း ရယ်မောလိုက်သည်။ သူ့ဦးခေါင်းအထက် အနက်ရောင် သို့မဟုတ် နိမိတ်ဆိုး ကြယ်စင်တစ်လုံး မျှောလွင့်နေသည်။

“ဂုဏ်ပုဒ်က နတ်ဆိုးကြယ်စင်မျက်လုံး ဧကရာဇ်”

“ ရှုပ်ထွေးသားပဲ ” ဟို့ဖုန်းဟွမ်က စိတ်ထဲတွင် ရွတ်ဖတ်ရင်း စဉ်းစားနေသည်။

ငါ့ရဲ့ မြင့်မြတ်တဲ့ သွေးနဲ့ ဟို့မျိုးနွယ်ခေါင်းဆောင် ငါက ဘိုးဘေးအားလုံးရဲ့ စိတ်ဝိညာဉ်ကို ဒီရောက်လာမဲ့ တိုက်ပွဲအတွက် ကောင်းချီပေးဖို့ ဆင့်ခေါ်အပ်ပါတယ် …

သူမခေါင်းအထက် စိတ်ဝိညာဉ် သို့မဟုတ် ပုံရိပ်များစွာ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းပြောက်များအဖြစ် ပြောင်းလဲသွားကာ သူမခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ ရှေးဟောင်းမျိုးနွယ်မှ ဘိုးဘေးများ၏ ကောင်းချီးဖြင့် သူမ၏ အရှိန်အဝါသည် သိသိသာသာ တိုးပွားလာခဲ့ပြီး ရှုရှစ်ကဲ့သို့ ထိပ်သီး လေးဆတိုက်ခိုက်ရေးအဆင့်သို့ ရောက်သွားခဲ့သည်။

ဂိုဏ်းခေါင်းဆောင်၏ မျက်နှာထားက ပြောင်းလဲသွားကာ မရဏလက်စွပ်မှ စွမ်းအားကို အလျှင်အမြန် လှုံ့ဆော်လိုက်သည်။

“ မရဘူးလေ” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

ဝမ်ဝေ့က သူတို့အား အချိန်မဖြုန်းဘဲ တိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ဖို့ မှာထားခဲ့၏။ တခြားနည်းဖြင့် ပြောရလျှင် အင်အားကြီးပုဂ္ဂိုလ်အားလုံးက ဤအကျိုးမရှိသည့် တိုက်ပွဲကို အဆုံးသတ်ဖို့ အားကုန်ထုတ်သုံးဖို့ မှာကြားခံထားရသည်။

သူမက သူ့ရှေ့တွင် ပေါ်ထွက်လာကာ ကျားဖြူဓား တစ်ချက်ဝေ့ကာ ခုတ်ချလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က သွေးမထွက်ဘဲ တိမ်ဖြူများကဲ့သို့ အငွေ့ပျံသွားလေသည်။ ထို့နောက် သူမဝန်းကျင်ရှိ ကမ္ဘာကြီးက ပြောင်းလဲသွားပြီး အလွန်အမင်း မသာယာဖွယ် နေရာတစ်ခု ဖြစ်လာခဲ့သည်။

သူမ ခြေထောက်အောက်ရှိ အပူဓာတ်ကို ခံစားမိနေပြီးနောက် ဆာလဖာအနံ့ ပြင်းပြင်းကိုလည်း ရရှိလိုက်ကာ ပတ်ဝန်းကျင်၌ ကြက်သီးထဖွယ် လေထုမျိုး ရှိနေသည်။

ကမ္ဘာအသစ်လား … ပိုင်နက်လား မဟုတ်သေးဘူး ဒါက လက်တွေ့နဲ့ စိတ်ကူးကြား အတားအဆီးကို လျစ်လျူရှုထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ …

ဟို့ဖုန်းဟွမ်က သုံးသပ်လိုက်သည်။

ဒီကမ္ဘာက ပုံရိပ်ယောင်လား … ဟုတ်တယ် …မီးတောက်သာ သူမရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို လောင်ကျွမ်းပစ်လိုက်ရင် သေသွားမှာလား

ဟုတ်ပေသည် …

ဤသည်က အထွတ်အထိပ် ပုံရိပ်ယောင်တာအို၏ ဆန်းကြယ်မှုတစ်ခု ဖြစ်၏။

သူမက ဓားကို ဝေ့ယမ်းကာ ပုံရိပ်ယောင်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။ သူမဝန်းကျင်ရှိ ကမ္ဘာက ပြောင်းလဲသွားခဲ့ပြီး အလင်းရောင်မရှိသည့် အမှောင်ကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။

အလွှာပုံရိပ်ယောင်လား …

ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ အကောင်းဆုံး ပုံရိပ်ယောင်ချမှတ်သူများက ပုံရိပ်ယောင်များကို အလွှာလိုက်ထားကာ တစ်ဖက်လူအား သူတို့သည် ပုံရိပ်ယောင်အတွင်း ရှိနေဆဲလား ဒါမှမဟုတ် လွတ်မြောက်လာပြီလား မဆုံးဖြတ်နိုင်အောင် ပြုလုပ်ခြင်း ဖြစ်၏။

မရဏ၏ ပြယုဂ်ဖြစ်သည့် သတ္တဝါကြီးက အမှောင်ထုမှ ထွက်လာကာ ဟို့ဖုန်းဟွမ်ဆီ ဦးတည်နေပြီး သူမဆီ မရောက်ခင် လောင်ကျွမ်းသွားခဲ့သည်။ သူမက မျက်လုံးကို တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းတို့ဖြင့် ကောင်းချီးပေးထားခဲ့သည်။ ဤသည်က သူမအနေနှင့် အကူးအပြောင်းအတွင်း ကြောက်မက်ဖွယ် ကောင်းကင်စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီး ရရှိခဲ့သည့်အရာ ဖြစ်၏။ ကံဆိုးစွာဖြင့် သူမ၏ ကောင်းကင်မျက်လုံးကပင် ပုံရိပ်ယောင်ကို ချိုးဖောက်မမြင်နိုင်ပေ။

“ယင်ယန်ပြောင်းပြန်”

အတွေးတစ်ချက်ဖြင့် သူမက ပုံရိပ်ယောင်၏ ဝိရောဓိကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး ထိုအရာကို ပြိုလဲကျဖို့ မျှော်လင့်ချက်ဖြင့် အစစ်အမှန်မှ အတုအယောင် ပြောင်းလဲပစ်ခဲ့သည်။ သို့သော်လည်း သူမက ဂိုဏ်းခေါင်းဆောင်၏ ပုံရိပ်ယောင် ရှုပ်ထွေးမှုကို လျော့တွက်မိခဲ့သည်။ သူ့ပုံရိပ်ယောင်က ယင်ယန် သဘောတရားကို လိုက်နာဖို့ ပြီးပြည့်စုံစွာ ဖန်တီးထား၍ သူမ၏ အပြုအမူများက သက်ရောက်မှု မရှိခဲ့ပေ။

ဟို့ဖုန်းဟွမ်က စိတ်ထဲ ဒေါသထွက်လာသော်လည်း ကိုယ့်ဘာသာ ထိန်းချုပ်လိုက်ရသည်။ သူမက ဤပုံရိပ်ယောင်နှင့် အလွှာရာချီကို လွှမ်းခြုံသွားစေသည့် ကြောက်မက်ဖွယ် အပူဓာတ်တစ်ခု ထုတ်လွှင့်လာခဲ့သည်။ သူမက ကြောက်မက်ဖွယ် ဆွဲယူအား ရှိနေသည့် တွင်းနက်ကြီးအလွှာထဲ ရောက်နေသည်ကို မြင်လိုက်ရသည်။ သူမက ထိုပုံရိပ်ယောင်၏ သဘာဝကို ခုခံဖို့ ကြိုးစားလိုက်လိုက်ချင်း မျက်မှောင်ကျုံ့မိသွားသည်။

သူမက ကောင်းကင်မျက်လုံးကို တတိယအားဖြည့်မှုအနေဖြင့် ဇာမဏီဆန္ဒကိုပါ ထည့်ပေါင်းလိုက်သည်။ သို့သော် တစ်ဖက်လူကို ရှာဖို့ ကျရှုံးခဲ့ဆဲ ဖြစ်၏။

ကံကောင်းမှု ရှာဖွေခြင်း …

ဟို့ဖုန်းဟွမ်က မျက်လုံးမှိတ်ကာ ဤအဆုံးမဲ့ ပုံရိပ်ယောင်အလွှာများအတွင်း ရှာဖွေဖို့ ကံကောင်းမှုကိုသာ အပြည့်အဝ မှီခိုထားခဲ့သည်။ သူမက ဂိုဏ်းခေါင်းဆောင်ရှေ့ ပေါ်ထွက်လာကာ ခေါင်းကို ဖြတ်ချလိုက်သည်။ သို့သော် သူမက မပျော်ရွင်ပေ။

ထိုအမျိုးသားက ပြုံးကာ ပြောလာခဲ့၏။

“ ကံကောင်းမှုဆိုတာကလဲ ပုံရိပ်ယောင်ဆိုတာ မသိဘူးလား”

ထို့နောက် သူက အငွေ့သဖွယ် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

စိတ်တိုစရာပဲ …

ဟို့ဖုန်းဟွမ်က တွေးလိုက်မိပြီး အလင်းနှင့်အမှောင်ကို ထိန်းချုပ်ဖို့ ယင်ယန်တာအိုကို အသုံးပြုခဲ့သည်။ သူမက တစ်ဖက်လူ၏ တာအိုသည် ပုံရိပ်ယောင်သာမကဘဲ အမှောင်ပုံရိပ်ယောင် ဖြစ်ကြောင်း သတိပြုမိခဲ့၏။ ထို့ကြောင့် သူမက သူ့ဓာတ်သဘာဝ ဆန့်ကျင်ဘက်ကို အသုံးပြုဖို့ ကြိုးစားလိုက်ခြင်း ဖြစ်သည်။ တောက်ပသည့် အလင်းတန်းတစ်ခုက အလွှာရာချီကို ဖုံးလွှမ်းသွားပြီးနောက် ဟို့ဖုန်းဟွမ်က သိုင်းပညာအုပ်စိုးသူကမ္ဘာထဲ ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။

“ မင်း အောင်အောင်မြင်မြင် လွတ်မြောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး” ဂိုဏ်းခေါင်းဆောင်က ပြောလိုက်သည်။

“ မင်း ဂုဏ်ယူသင့်တယ်။ ဒီတိုက်ပွဲက စတင်ခါစပဲ ရှိသေးတယ်”

သူ့ကြယ်စင်ပုံစံ မျက်ဆံက လှုပ်ရှားသွားကာ နောက်တိုက်ကွက် ထုတ်ဖော်လာသည်။

“ဒါက နောက်ထပ် ပုံရိပ်ယောင်အလွှာပဲ” ဟို့ဖုန်းဟွမ်က ဘေးပတ်လည်ကို ကြည့်ရင်း ပြောလိုက်သည်။

“ငါ့ပုံရိပ်ယောင်က အဲလောက်တောင် အားကောင်းတယ်လား” ဂိုဏ်းခေါင်းဆောင်က တစ်ဖက်လူအနေနှင့် လက်တွေ့နှင့် ပုံရိပ်ယောင် မခွဲခြားနိုင်သည့်အချက်ကို ပြက်ရယ်ပြုကာ ကိုယ့်ဘာသာ ဂုဏ်ယူနေသည်။

“အစစ်အမှန်ဖြစ်လွန်းတော့ ကျွန်မရဲ့ ကောင်းကင်မျက်လုံးတောင် မခွဲခြားနိုင်ဘူး” ဟို့ဖုန်းဟွမ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ဒါပေမဲ့ ရှင်က အမှားတစ်ခု လုပ်မိသွားပြီ။”

သူမက အဝေးတစ်နေရာကို လှမ်းကြည့်ကာ “အဲဒီနဂါးစုတ်က ကျွန်မတို့ တိုက်ခိုက်နေတုန်း လူနည်းနည်းလောက်တောင် မသတ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး ”

ဂိုဏ်းခေါင်းဆောင်၏ အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးနောက် ပုံမှန်တည်ငြိမ်သည့် အမူအရာမျိုး ပြန်ဖြစ်လာသည်။

“ဟုတ်သား … ဒါက ငါ့အမှားပါပဲ ”

“ဟားဟား” ရုတ်တရက်ဆိုသလို အသံတစ်သံ ပေါ်ထွက်လာသည်။

“ အနည်းဆုံးတော့ မင်းက မတုံးဘူးပဲ။ ငါ့အကူအညီ လိုချင်လား။ မင်း သေချာတောင်းဆိုရင် ငါ ကူညီပေးဖို့ စိတ်ထဲမထားပါဘူး ”

“ အိပ်မက်မက်နေလိုက်” ဟို့ဖုန်းဟွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်၍ ဂိုဏ်းခေါင်းဆောင်က သူ့ပုံရိပ်ယောင်ကို ပြင်ပမှ ဝင်ရောက်မစွက်ဖက်စေနိုင်ရန် ပြောင်းလဲပစ်ခဲ့သည်။

“ကောင်းပြီလေ။ ဒီကစားပွဲလေးကို စလိုက်ကြရအောင်” သူက ပျောက်ကွယ်သွားပြီးနောက် ပုံရိပ်ယောင်က တခြားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဟို့ဖုန်းဟွမ်က ဤတိုက်ပွဲကို မည်သို့အနိုင်ယူရမှန်း သိနေ၍ တည်ငြိမ်နေသည်။ သူမက သတ်ဖြတ်ရေးတာအိုကို အာရုံခံနှုန်းနှင့်အတူ စွမ်းအားအပြည့် အသက်သွင်းလိုက်သည်။ သူမ၏ ကျားဖြူဓားက အနီရောင် ပြောင်းလဲသွား၏။ ထို့နောက် ဤပုံရိပ်ယောင်အလွှာအတွင်း အိပ်မက်ဆိုးအရာဟု ခေါ်ညွှန်းနိုင်သည့် ဧရာမသက်ရှိကြီး တည်ရှိနေသော်လည်း သူမက လျစ်လျူရှုထားလိုက်သည်။ ထိုသက်ရှိကြီးက ပါးစပ်ဟကာ ဟို့ဖုန်းဟွမ်ကို ဝါးမျိုတော့မည့်ဆဲဆဲတွင် သူမက ရုတ်ချည်း ပျောက်ကွယ်သွား၏။

သူမ၏ ဓားက အသားကို ထိုးဖောက်သွားသလိုမျိုး သွေးများ စီးကျလာသည်။ ဟို့ဖုန်းဟွမ်၏ အမူအရာက တည်ငြိမ်နေသော်လည်း ဂိုဏ်းခေါင်းဆောင်ကမူ အံ့အားသင့်နေသည်။ သူက ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်နေသည့် ဓားကို ကြည့်ပြီးနောက် သူမကို ကြည့်ကာ မေးလိုက်သည်။

“ဘယ်လို … ”

“ ရှင့်ကို ကျေးဇူးတင်ရမှာပဲ။ ရှင်က ပုံရိပ်ယောင်တာအိုရဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူလေ။ ဒါပေမဲ့ မရဏစွမ်းအားက ရှင့်စွမ်းအားမှ မဟုတ်တာ။ အဲဆိုတော့ အဲကနေ ထုတ်လွှင့်နေတဲ့ မရဏအငွေ့အသက်ကို အပြည့်အဝ မဖုံးကွယ်နိုင်ဘူး”

“ဒါက ဒီလိုကိုး” သူက ရေရွတ်လိုက်သည်။ လက်စွပ်က သူ့အား ရန်သူနှင့် ယှဉ်နိုင်သည့် စွမ်းအား ပေးလာသော်လည်း သူ သေဆုံးရသည့် အကြောင်းအရင်းလည်း ဖြစ်နေသည်။ ဟုတ်ပေသည်။ တစ်ဖက်လူက တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းအပါအဝင် စွမ်းအားအပြည့် ထုတ်သုံးလာသောကြောင့် ဝိညာဉ်ပင် ဖျက်ဆီးခံလိုက်ရလေရာ ဤဒဏ်ရာဖြင့် အသက်ရှင်ဖို့ မဖြစ်နိုင်မှန်း သိလိုက်သည်။

“ တစ်ခုလောက် လုပ်ပေးလို့ရမလား” ဂိုဏ်းခေါင်းဆောင်က သူ့တွင် အချိန်များများ မကျန်တော့မှန်း သိ၍ ပြောလိုက်သည်။

“မင်း … ”

ဟို့ဖုန်းဟွမ်က မျက်မှောင်ကျုံ့ကာ တိတ်တဆိတ် နားထောင်နေလိုက်သည်။ ထိုလူ၏ ဝိညာဉ် ပျက်သုန်းသွားသည်နှင့် သူမက မရဏလက်စွပ်ကို ယူကာ ဆေးလုံးလုပ်ဖို့ သူ့ခန္ဓာကိုယ် သဘောတရားကို စုပ်ယူနိုင်သည့် အဆောင်ကို ဆင့်ခေါ်ခဲ့သည်။ ထို့နောက် ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။

ငါ အခု ဘာလုပ်ရမလဲ …

ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။

ထိုလူ၏ နောက်ဆုံးစကားက သူမအား ဦးနှောက်စားစေသည်။ သူမက သူ့စကားများကို မယုံသော်လည်း သူမအတွက် အကျိုးဖြစ်နိုင်ခြေ ရှိနေသေးသည်။

All Chapters