တည်ရှိမှု ပယ်ဖျက်ခြင်း စည်းမျဉ်းများ
Vol. 78 Ch. 1080
သူ့ကို သတ်လိုက်ရမလား …
ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။
ထာဝရဧကရာဇ်များ တိုက်ပွဲက တစ်ယောက်နှင့် တစ်ယောက် သတ်ဖို့ ခက်ခဲမှုကြောင့် ထူးကဲသည့်ကွဲပြားချက်တချို့ ပါဝင်နေလေ့ရှိသည်။ ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်ပြီးသည့်နောက်တွင် သူမက ထိုလူ့ကို အစစ်အမှန် သေဆုံးခြင်း ပေးဖို့ ထိုက်တန်ရဲ့လားဟု ဆုံးဖြတ်ဖို့ လိုလာသည်။ သူမအနေနှင့် သူ့တာအိုအမှတ်အသားကို လိုက်ရှာကာ သမိုင်းကြောင်းကို ဖျောက်ဖျက်ပြီး သူ့လျို့ဝှက်လုံခြုံရေးသေတ္တာကိုပါ လိုက်ရှာရမည်။
ဟို့ဖုန်းဟွမ်က အားစိုက်ထုတ်မှုအားလုံးနှင့် ထိုက်တန်ရဲ့လားဟု ထည့်သွင်းစဉ်းစားရမည်။ ဂိုဏ်းခေါင်းဆောင်က အသက်ပြန်ရှင်လာဖို့ ယွမ်ခေတ်ကာလများစွာ ကြာမြင့်မည် ဖြစ်ကာ ထိုအခါကျ သူမက ဘယ်လောက်အားကောင်းနေမလဲဆိုတာ ကောင်းကင်ဘုံသာ သိလိမ့်မည်။
မိုးမြေ၏ စည်းမျဉ်းအရ ထာဝရဧကရာဇ်တစ်ယောက် သေဆုံးသွားသည်နှင့် သူတို့၏ ပြန်လည်ရှင်သန်ရာ နေရာသည် ဒိုင်မေးရှင်းအမြင့်သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမအနေနှင့် သူ ပြန်ရောက်လာသည့်အခါ ရှေးဟောင်းမျိုးနွယ်အပေါ် လက်စားချေမည့်အကြောင်း စိုးရိမ်ဖို့ မလိုပေ။
ပိုအရေးကြီးတာက ငါ သူ့ကို မသတ်ဘဲ သူ့ဂိုဏ်းဆီ သတင်းပို့ပေးရင် ကုသိုလ်ပေးမယ်တဲ့ …
ဟို့ဖုန်းဟွမ်က တွေးနေမိသည်။ ခုံရုံး၏ ဖွဲ့စည်းပုံအရ သူမလက်ထဲတွင် ရှိနေသည့် လူကို အစစ်အမှန် သေဆုံးခွင့် ပေးခြင်း၊ မပေးခြင်းက သူမလက်ထဲတွင်သာ ရှိ၍ စိတ်ကြိုက်လုပ်ဆောင်နိုင်သည်။
စောင့်ကြည့်ကြတာပေါ့ …
သူမက အခြေအနေကို လှည့်ကာ စစ်ဆေးကြည့်လိုက်စဉ် အောင်းရှန်က ချင်းဟိန်နှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။
………….
လွန်ခဲ့သည့် မိနှစ်ပိုင်းခန့်က၊ အသင်္ချေအင်ပါယာကမ္ဘာ…
ဒိုင်မေးရှင်းအမြင့်မှ ကြွက်စုတ်ကို ဖမ်းဆီးပြီးသည့်နောက် ဝမ်ဝေ့က ထိုလူ့ဆီမှ သတင်းအချက်အလက်ကို ချက်ချင်း စုဆောင်းခဲ့သည်။ ထင်ထားသည့်အတိုင်း ထိုလူ၏ ဒိုင်မေးရှင်းအမြင့်ရှိ အချိန်မှ အဖြစ်အပျက်များကို သူ ဘာမှမတတ်နိုင်လောက်သည့်အထိ ကာကွယ်ပေးထားသည်။ သို့သော်လည်း သူက ဒိုင်မေးရှင်းအနိမ့်ဆီ ရောက်လာခဲ့၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိလိုက်ရသည်။
ဝမ်ဝေ့က သတင်းအချက်အလက်အားလုံးကို ပြန်တွေးကာ အသုံးဝင်ဆုံးအရာကို ရွေးထုတ်လိုက်သည်။
ပထမဦးစွာ ကပ်ပါး သေဆုံးသွားပြီးသည့်နောက် သူလျိုများက ခေါင်းဆောင်အသစ် တင်မြောက်ထားကြသည်။ ဒုတိယအနေနှင့် ထိုလူသည် ဝမ်ဝေ့ မည်သို့တုံ့ပြန်မလဲ စစ်ဆေးကြည့်ဖို့ စေလွှတ်လိုက်သည့် စတေးခံမျှသာ ဖြစ်၏။ တတိယအနေနှင့် ထိုသူလျိုများသည် ကုန်သွယ်ရေးဗဟိုချက်ရှိ အထက်ပိုင်းထဲ အောင်အောင်မြင်မြင် ကျူးကျော်ဝင်ရောက်ထားပြီးပြီဖြစ်ကာ သူနှင့် ရင်ဆိုင်ဖို့ ထိုအာဏာဖြင့် အဓိက အစီအစဉ်တစ်ခု ဖန်တီးနေသည်။ စတုတ္ထအနေနှင့် သူတို့က ဟယ်ရှစ်ယီအား သူတို့၏ သတင်းအချက်အလက်များကို ဂမ္ဘီရ သို့မဟုတ် တွက်ချက်ကြည့်မှုများ မပြုလုပ်နိုင်စေရန် သူ့ကောင်းကင်ဘုံအဆင့် လက်နက်အပျက်ကို သုံးဖို့ ဆက်သွယ်ခဲ့ကြသည်။
နောက်ဆုံးနှင့် ပိုအရေးကြီးဆုံးအရာက ထိုလူများသည် ဝမ်ဝေ့၏ အင်အားကို ကြောက်ရွံ့နေကြပြီး ထိုအစီအစဉ်ကို စွန့်ပစ်ဖို့ သို့မဟုတ် အနည်းဆုံး တတ်နိုင်သမျှ ကြာကြာ အချိန်ဆွဲထားနေကြသည်။ သို့သော်လည်း သူတို့က ဒိုင်မေးရှင်းအမြင့်မှ ခေါင်းဆောင်ဆီမှ သတင်းလက်ခံရရှိလိုက်ကြသည်။
ငါ သိထားသလောက် လမင်းခုနှစ်စင်းက ပေါ်ထွက်မလာတာ အချိန်အတော်ကြာနေပြီ ဒါပေမဲ့ သူတို့က ဒိုင်မေးရှင်းအနိမ့်ဆီ သတင်းစကားပို့တယ်ဆိုတော့ ကမ္ဘာကနေ အာရုံစိုက်မှုကို မဖယ်ရသေးဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ …
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူက ထိုသတင်းအချက်အလက်ကို တန်ကြေးကောင်းကောင်းဖြင့် ရောင်းချနိုင်ခြေရှိသည့် အရေးကြီးအရာအဖြစ် သတ်မှတ်လိုက်သည်။
ကိစ္စတွေအများကြီးက ကုန်သွယ်ရေးဗဟိုချက်နဲ့ ဟယ်ရှစ်ယီဆီ ဦးတည်နေတာ … ဒါက တိုက်ဆိုင်မှုသပ်သပ် ဟုတ်လားဆိုတာ မသိရသေးဘူး
ဒါပေမဲ့ အဲဒီအပြောင်းအလဲ နှစ်ခုကို ဖယ်ရှားပစ်ဖို့ အာရုံစိုက်ထားရမဲ့ အချိန် ရောက်လာပြီ …
ဝမ်ဝေ့က ထိုအမျိုးသားကို စိုက်ကြည့်ကာ တွေးလိုက်သည်။ သူက ကံကြိုးမျှင်မှတဆင့် ထိုအမျိုးသားကို ဖျောက်ဖျက်ပစ်ကာ တာအိုအမှတ်အသားကို ဖယ်ရှားပစ်လိုသည်။ သူ့ကို သတ်ဖြတ်လိုက်ခြင်းက စိန်ခေါ်မှု ဖြစ်မည် မဟုတ်ပေ။ အထူးသဖြင့် သူက ထိုလူ၏ လျို့ဝှက်လုံခြုံရေးသေတ္တာနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုသည့်အခါတွင် ဖြစ်၏။ ထိုသူ့တွင် ထိုသို့လုပ်ဖို့ အခွင့်အရေး မရသေးပေ။
သို့သော်လည်း ထိုသို့လုပ်လိုက်ပြီးသည့်နောက်တွင် ထိုအမျိုးသားက အပြီးတိုင် သေဆုံးသွားမည်လား။
မဟုတ်ပေ။ အကြောင်းအရင်းမှာ စံပြတစ်ဦးက သူ့ကို အမှတ်ရနေဆဲ ဖြစ်လိမ့်မည်။
ဝမ်ဝေ့က လူတစ်ယောက်တည်းကသာ မှတ်မိနေမည် ဖြစ်သော်လည်း ထိုအမျိုးသားအပေါ် အများကြီးစိုးရိမ်စရာ မလိုကြောင်း သိထားသည်။
ထာဝရဧကရာဇ်တစ်ယောက်၏ တည်ရှိမှုက သူတို့ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ဖြင့် ကန့်သတ်ထားခြင်း မခံရတော့ပေ။ သူတို့၏ မှတ်ဉာဏ်များ၊ သမိုင်းကြောင်းများ၊ သက်ရောက်မှုနှင့် နာမည်များက သူတို့၏ တည်ရှိမှု ဆင့်ပွား ဖြစ်လာသည်။ သို့သော်လည်း မဟာတာအိုက ထာဝရဧကရာဇ်၏ မသေမျိုး တည်ရှိမှုအပေါ် အတားအဆီးများ ချမှတ်ထား၏။ လူတစ်ယောက်၏ တည်ရှိမှုအမြောက်အများ ဖယ်ရှားခံလိုက်ရပြီးသည့်နောက်တွင် ထိုအရာက သူ့တို့ကို အသက်ပြန်သွင်းဖို့ အင်မတန် ခက်ခဲလာစေသည်။
တခြားနည်းဖြင့်ပြောရလျှင့် တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် အလွန်နည်းပါးသည့် အရေအတွက်ကသာ ထာဝရဧကရာဇ်တစ်ယောက်ကို မှတ်မိနေပါက မဟာတာအို၏ စည်းမျဉ်းသည် အသက်ဝင်လာမည် ဖြစ်ကာ သူတို့၏ ပြန်လည်ရှင်သန်မှုထဲ ဝင်ရောက်စွက်ဖက်လာလိမ့်မည်။ ထိုအခါ သူတို့ ကံဆက်နွယ်မှုက အသက်ပြန်ရှင်လာမလား၊ သေဆုံးသွားမလား ဆုံးဖြတ်ပေးလိမ့်မည်။
နမူနာအားဖြင့် စံပြတစ်ယောက်က ထာဝရဧကရာဇ် တစ်ယောက်နှင့် တွေ့ဆုံပြီး ငါးစက္ကန့်မျှသာ ကြည့်ခဲ့သည်ဆိုပါက ထိုစံပြသည် ထာဝရဧကရာဇ်ကို မှတ်မိနေလိမ့်မည်။ သို့သော်လည်း ထိုထာဝရဧကရာဇ် သေဆုံးသွားပြီး စံပြ၏ စိတ်ထဲမှ မှတ်ဉာဏ်ကို ဖယ်ရှားပစ်နိုင်လောက်အောင် အားမကောင်းပါက ထာဝရဧကရာဇ်သည် သူတို့၏ အားနည်းသော ဆက်သွယ်မှုကြောင့် ပြန်လည်ရှင်သန်နိုင်မည် မဟုတ်ပေ။
အကောင်းဆုံးလှုပ်ရှားမှုက ဒီလူကို အသက်ရှင်ရက်ထားဖို့ပဲ …
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ကပ်ပါးတွေထဲက တစ်ယောက်က သူ့ဆီက သတင်းအချက်အလက်ရဖို့ အသက်ပြန်သွင်းတဲ့အထိ လုပ်ပစ်နိုင်တယ် ဒါမှမဟုတ် သူတို့က သူ့ကို အသုံးမဝင်ဘူးလို့ မှတ်ယူလိုက်တာလည်း ဖြစ်နိုင်တယ် … တစ်ခုမဟုတ်တစ်ခုပဲ
ဒါပေမဲ့ သူတို့တွေ သူ့ကို ကယ်ဖို့ ရွေးချယ်ခဲ့ရင် သူက ငါ့အကြောင်း သတင်းထုတ်ဖော်မှာပဲ။ အထူးသဖြင့် ငါ့အင်အားပေါ့ …
အဲဆိုတော့ ဒီလူကို သူတို့မဝင်ရောက်နိုင်တဲ့ ဒိုင်မေးရှင်းအနိမ့်မှာ အသက်ရှင်ရက်ထားရမယ် …
သူက ထိုအမျိုးသား၏ ခန္ဓာကိုယ်အထက် အားကောင်းသည့် စည်းတံဆိပ်ထားရှိပြီး အကျဉ်းချထားဖို့အတွက် ဂိုဏ်းထံ ပို့ဆောင်လိုက်သည်။ ထို့နောက် သူက ဤစစ်ပွဲကို အာရုံစိုက်လိုက်၏။
………….…
သိုင်းပညာအုပ်စိုးသူကမ္ဘာ
အောင်းရှန်၏ ကြာပွတ်က ခရမ်းရောင်နဂါးကို ရိုက်လွတ်ကာ သူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသည့် တွန်းကန်အားကို ချိုးဖောက်ခဲ့သည်။ ကြာပွတ်နောက်ကွယ်မှ အင်အားက သူ့ကို လွှင့်စင်သွားစေပြီး ကြက်ခြေခတ်ပုံစံ ကာထားသည့် လက်တစ်လျှောက် အမာရွတ်များ ဖြစ်သွားစေသည်။
လျှပ်စီးလက်သီးက ကြာပွတ်၏ ရှည်လျားမှုအရ ထိုအရာကို အခွင့်အရေးဟု တွေးထင်ကာ လျှပ်စီးများ တောက်ပနေသည့် လက်သီးဖြင့် ရှေ့တိုးလာသည်။
သူမအတွက် ကံဆိုးသွားသည်ကား ကြေးခွံ့ကြာပွတ်ကို ပြန်ရုတ်သိမ်းလိုက်သည်နှင့် ကြေးခွံ့များက ပေါင်းစည်းသွားပြီး ဓားတစ်ချောင်းသဖွယ် ပြောင်းသွားကာ သူမခန္ဓာကိုယ်ကို ခုတ်ချလိုက်သည်။ သူမ ရန်သူ၏ အရှိန်နှင့် တုံ့ပြန်မှုတို့က သူမအား သတိလက်လွတ်ဖြစ်သွားစေကာ မတုံ့ပြန်နိုင်ခဲ့ပေ။ အံ့ဖွယ်မိုးကောင်းကင်က သူမနှင့် နေရာချင်း လဲလှယ်သည့် မန္တန်ကို ထုတ်သုံးကာ တိုက်ကွက်ကို ကိုယ်စား တားဆီးပေးလိုက်သည်။
အံ့ဖွယ်မိုးကောင်းကင်က ခန္ဓာလေ့ကျင့်သူအဖြစ် နာမည်ကျော်ကြားပြီး အဆုံးမဲ့ ခုခံမှုကို အလေးထားသူ ဖြစ်သည်။ ထို့ကြောင့် သူသည် တိုက်ကွက်ကို အေးအေးဆေးဆေး ခုခံနိုင်လိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် သူ မှားယွင်းသွားခဲ့သည်။
ဓားက သူ့ရင်ဘတ်အထက် ဒဏ်ရာတစ်ခု ဖြစ်လာကာ သူ့သွေးကို သောက်လိုသည့် ဝါးမျိုရေးစွမ်းအားနှင့် ခန္ဓာကိုယ်ကို အားနည်းစေသည့် ကျိန်စာပါ လိုက်ပါလာသည်။ သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ဖြူဖျော့သွားပြီး ကျုံ့လာ၏။
“စွမ်းအင်လွမ်းမိုးမှုကို သုံးလိုက်” သူက အော်ပြောလိုက်စဉ် လျှပ်စီးလက်သီးက သူ ပြောသည့်အတိုင်း လိုက်လုပ်ပြီး သူမ၏ အင်မော်တယ်ချီအားလုံးကို ပတ်ဝန်းကျင်ထံ ထုတ်လွှင့်ကာ အောင်းရှန်၏ အမှောင်ထုတာအိုကို လွှမ်းမိုးဖို့ ကြိုးစားခဲ့သည်။ နဂါးက သူတို့ချီကို ထိပ်တိုက်ရင်ဆိုင်ရန် အမှောင်စွမ်းအား ပမာဏအမြောက်အများကို ဖန်တီးကာ ထုတ်လွှင့်လာသည်။
ထို့နောက် သူ့ဓားက လေးကိုင်းသဏ္ဍာန် ပြောင်းလဲသွားခဲ့ပြီး ထိုလူနှစ်ယောက် အာရုံများနေစဉ် ခရမ်းရောင်နဂါးဆီ ပစ်ခတ်လိုက်သည်။ နဂါးဖိနှိပ်ရေးစွမ်းအားဖြင့် ဖွဲ့စည်းထားသည့် အလင်းဖောက်ဝင်နိုင်သည့် နဂါးနှစ်ကောင်က ခရမ်းရောင်နဂါးရှေ့ ပေါ်ထွက်လာခဲ့ပြီး မြားနှစ်ချက်ကို အောင်အောင်မြင်မြင် ပိတ်ဆို့နိုင်ခဲ့သည်။ သို့သော်ငြား ကျန်ရှိနေသည့် လေးခုက သူ့နံရိုးများဆီ ထိုးဖောက်ဝင်သွားပြီး မလှုပ်မယှက် ဖြစ်သွားစေသည်။ ထို့နောက် အမှောင်ထု ပါးစပ်ကြီးတစ်ခုက တစ်နေရာမှ ပေါ်ထွက်လာကာ သူ့ခန္ဓာကိုယ်ကို ဝါးမျိုသွားပြီး ခေါင်းကိုသာ ချန်ထားခဲ့သည်။
“အစားအစာအတွက် ကျေးဇူးပဲ” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“စိတ်မပူနဲ့။ မင်းတို့ဂိုဏ်း ပျက်သုန်းသွားတာ ကြည့်ဖို့ အသက်ရှင်ရက် ထားပေးထားဦးမှာ” သူက ဦးခေါင်းကို သိမ်းဆည်းလိုက်ပြီးနောက် သူ့စွမ်းအားကို လွှမ်းမိုးလာနိုင်ပြီဖြစ်သည့် ကျန်လူနှစ်ဦးကို အာရုံစိုက်လိုက်သည်။
အံ့ဖွယ်မိုးကောင်းကင်ခန္ဓာ၏ မျက်နှာက သွေးများစွာ ဆုံးရှုံးလိုက်ရ၍ ဖြူဖျော့လာသော်လည်း ပုံမှန်ခန္ဓာကိုယ် အနေအထားသို့ ပြန်ရောက်လာခဲ့သည်။ ထိုစဉ် လျှပ်စီးလက်သီးက အောင်းရှန်ကို အမုန်းတရားဖြင့် ကြည့်လိုက်၏။ သူမက နောက်ထပ် အပေါင်းအပါတစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်။
“ ငါတို့တွေ အကူအညီလိုတယ်” အံ့ဖွယ်မိုးကောင်းကင်က ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ တခြားသူရှိသေးလို့လား”
“အရှင်က ထာဝရဦးသျှောင်နှစ်ယောက်နဲ့ ရင်ဆိုင်ပြီး ပန်းဓားကို ငါတို့ဆီ လွှတ်ပေးနိုင်လောက်တယ်”
“အဲဒါက ရှင့်အမြင်လေ” လျှပ်စီးလက်သီးက သက်ပြင်းချကာ ပြောလိုက်သည်။ သူမက ချင်းဟိန်အား အခြေအနေအကြောင်း ရှင်းပြခဲ့သည်။
“ထပ်တောင့်မခံနိုင်တော့ဘူးလား” ချင်းဟိန်က မေးလိုက်သည်။
“ငါတို့တွေ ဒီနှစ်ယောက်ကို သတ်နိုင်တော့မှာ ”
“တောင့်ခံနိုင်မယ် မထင်ဘူး။ သူက အရင်တစ်ခါ တွေ့တုန်းကထက် ပိုအားကောင်းလာတယ်”
ချင်းဟိန်က စိတ်အနှောင့်အယှက်ဖြစ်စွာ ငြီးတွားလိုက်ပြီး “ကောင်းပြီ ”
အရိပ်ကြာပွတ်
အောင်းရှန်၏ ကြာပွတ်က ထိုလူနှစ်ယောက်ကို မတိုက်ခိုက်ခင် ကိုယ်ပျောက်သွားခဲ့သည်။ အံ့ဖွယ်မိုးကောင်းကင်၏ ခန္ဓာမှ ရွှေရောင်ဒိုင်းကာတစ်ခု ထုတ်လွှင့်လာကာ လျှပ်စီးလက်သီးက လျှပ်စီးဒိုင်းကာ ဒုတိယအလွှာကို ထုတ်လွှင့်လာသည်။ သို့သော် ကြာပွတ်က ပထမအလွှာကို အတင်းကျပ် ချိုးဖောက်ပြီး ဒုတိယအလွှာကို တိုက်စားသွားသည်။
မည်သူကမှ ကြာပွတ်ကို မမြင်လိုက်ရသလို တိုက်ကွက်အတွက် မပြင်ဆင်ထားရသော်လည်း နောက်ဆုံးအခိုက်အတန့်လေးတွင် ပန်းတံတိုင်းတစ်ခု သူတို့ရှေ့ ပေါ်ထွက်လာကာ ကြာပွတ်များကို တားဆီးခဲ့သည်။ အချိန်တိုအတွင်း ပန်းပွင့်များက သူတို့ကို သယ်ဆောင်ကာ ပန်းပွင့်သဏ္ဍာန် ချည်ထိုးထားသည့် အပြာဝတ်စုံကို ဝတ်ဆင်ထားသည့် ရုပ်ချောချော အမျိုးသားတစ်ဦးဘေး ရောက်ရှိသွားကြသည်။
“ရောက်လာလို့ တော်သေးတယ်” အံ့ဖွယ်မိုးကောင်းကင်က ပြောလိုက်သည်။
“အခု စကားစမြည်ပြောနေဖို့ အချိန်မဟုတ်ဘူး” ပန်းဓားက ပြောလိုက်သည်။
“ကျုပ်တို့ တစ်ခုခုလုပ်ရမယ်”
“သူ့ကို နှင်ထုတ်ဖို့ ဖြစ်နိုင်လား” လျှပ်စီးလက်သီးက အံ့ဖွယ်အသိစိတ်မှ မေးလိုက်သည်။
“ ဒီလူတွေက အဲဒီပစ္စည်းရဲ့ စွမ်းရည်ကို သိထားပြီးလို့ သတိကြီးကြီးထားထားကြတယ်” ပန်းဓားက ကျန့်ရှားနှင့် ပင်လယ်မျိုးနွယ် ထာဝရဦးသျှောင်အပေါ် လုပ်ကြည့်ဖို့ ကြိုးစားကြည့်ခဲ့သော်လည်း သူတို့က သူ့အစီအစဉ်ကို ဖောက်မြင်ကာ ရှောင်ကွင်းသွားကြသည်။
“ဒါပေမဲ့ ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ” အံ့ဖွယ်မိုးကောင်းကင်က ပြောလိုက်သည်။
“ အမျိုးသမီး ထာဝရဧကရာဇ်နဲ့ လိပ်ဘုရင်ကို မဖြေရှင်းခင် ထာဝရဦးသျှောင်နှစ်ယောက်ကို ဖြေရှင်းဖို့ အရှင်ကို မကူညီခင် နဂါးကို နှင်ထုတ်ရမယ်”
တခြားသူများက ဤသည်မှာ အမှန်ဖြစ်ကြောင်း သိထားကြသည်။
ထိုစဉ် အောင်းရှန်က တောက်တောက်ပပ ပြုံးကာ “နောက်ထပ် အရင်းအမြစ်တွေပဲ”
သူက ကြေညာလိုက်၏။