← Chapters

နောက်ဆုံးသော ခုခံမှု

Vol. 78 Ch. 1081

နောက်ဆုံးသော ခုခံမှု

Vol. 78 Ch. 1081

ပန်းဓားက တိုက်ခိုက်လိုက်သည်။ သူ့လက်တစ်ချက်အဝှေ့တွင် ဝေဟင်အထက် ပန်းပွင့်သန်းထောင်ချီ ထွက်ပေါ်လာပြီး အောင်းရှန်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ပွင့်ချပ်တစ်လွှာချင်းစီက ထက်ရှသည့် ချီ ပါဝင်နေသည်။ သူတို့က ပစ်မှတ်ဆီ ပြေးဝင်သွားပြီး သူတို့၏ ထက်ရှမှုကြောင့် ဘေးနားရှိ အာကာပြင်ကိုပင် ဖြတ်တောက်နိုင်သည်။

အောင်းရှန်က ကြာပွတ်ကို ဝှေ့လိုက်ပြီး ပွင့်ချပ်လွှာတိုင်းကို ဖျက်ဆီးပစ်ခဲ့သည်။ သူတို့၏ ထက်ရှမှုက သူ့အတွက် အသုံးမဝင်ပေ။

အံ့ဖွယ်မိုးကောင်းကင်က သူ့ခုခံမှုကို တောင်တစ်လုံးအသွင်ပြောင်းသည့် မန္တန်ကို ရွတ်ဖတ်လိုက်ပြီး နဂါးပေါ် ကျရောက်စေခဲ့သည်။ အောင်းရှန်၏ လူသားခန္ဓာကိုယ်မှ ကောင်းကင်အထက် မြင့်တက်သွားသည့် အမြီးကို ဖန်တီးပြီး တောင်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

လျှပ်စီးလက်သီးက သူ့အနား ပေါ်ထွက်လာကာ ဦးခေါင်းကို ချိန်ရွယ်၍ ထိုးချလိုက်သည်။

“မင်းကို စောင့်နေတာ” အောင်းရှန်က ပြုံးကာ ပြောလိုက်သည်။

နှလုံးသား အမှောင်ထု

လျှပ်စီးလက်သီးက အောင်းရှန်သည် သူမ အပြစ်ရှိစိတ် ခံစားနေရသည့် မြွေဓားမော့အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ လက်သီးချက်က ယာယီ တုံ့ဆိုင်းသွားခဲ့သည်။ သို့သော်လည်း သူမက အသိပြန်ဝင်လာကာ တိုက်ခိုက်ခဲ့သည်။ နှမြောစရာကောင်းသည်ကား ထိုယာယီတုံ့ဆိုင်းသွားမှုက သူတို့အဆင့်ကြားတွင် သေစေလောက်သည့် အမှားအယွင်း ဖြစ်၏။

အောင်းရှန်၏ လက်သည်းက သူမနှလုံးသားဆီ ဦးတည်သွားသည်။ သို့သော်လည်း အံ့ဖွယ်မိုးကောင်းကင်က သူမနှင့် နေရာချင်းလဲလိုက်၍ သူ့ရင်ဘတ်၌ အပေါက်ကြီး ဖြစ်သွားခဲ့သည်။ အောင်းရှန်က ထိုလူ၏ ဝိညာဉ်ထဲ သူ့တိုက်ကွက်၏ အရေးကြီးဆုံးအပိုင်းကို တားဆီးထားသည့် ပွင့်ချပ်တစ်လွှာကို ခံစားမိ၍ မပျော်ရွင်ပေ။

စိတ်တိုစရာပဲ …

အောင်းရှန်က ပန်းဓားကို ကြည့်ရင်း တွေးလိုက်သည်။

သူက ထာဝရဦးသျှောင်အသစ်ဆိုပေမဲ့ သူ ပိုင်ဆိုင်ထားတဲ့ တာအိုဆန္ဒကို အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်တယ် … သူ့အဓိက တိုက်ကွက်က ဓားရေး မဟုတ်ဘဲ ပန်းပွင့်များက စွယ်စုံသုံးနိုင်ဟန်တဲ့ပုံပဲ

ငါ သူ့ကို အရင်ရှင်းထုတ်ရမယ် ဒါပေမဲ့ သူက လှည့်ကွက်အများကြီးရှိတဲ့ ဉာဏ်များတဲ့လူနဲ့ တူတယ်

တာအိုကို သက်သေပြပြီးသည့်နောက်တွင် အောင်းရှန်က သူ့အားအကောင်းဆုံး နည်းစနစ်တစ်ခုဖြစ်သည့် [ မနေ့ည ] အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။ ကမ္ဘာ၏ အစီအစဉ်ကျမှုက နေမင်းနှင့် လမင်းတို့ ပြောင်းလဲသွားပြီး နေ့နှင့်ည ပြောင်းလဲသွားကြောင်း ညွှန်ပြနေသည်။ သို့သော် မနက်ဖြန်ညက ဒီနေ့ညနှင့် အတူတူ ဖြစ်မည်လား။ မဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က လွန်ခဲ့သည့် တစ်ပတ်ခန့်က ညကို ထိန်းချုပ်လိုလျှင် မည်သို့ဖြစ်မည်နည်း။ သင့်တော်သည့် လှုံ့ဆော်မှုဖြင့် သူတို့က အချိန်ကို ထိန်းချုပ်နိုင်ကြသည်။

ထိုအဖွဲ့အထက်ရှိ ကောင်းကင်က ရုတ်ချည်းဆိုသလို ညဘက် ကျရောက်လာသည်။ သို့သော် ညက စက္ကန့်ပိုင်းနှင့်အမျှ တစ်ခုခု ကွဲလွဲနေဟန်ပေါ်သည်။

“ဘာတွေဖြစ်နေတာလဲ” လျှပ်စီးလက်သီးက မေးလိုက်သည်။ သူမက အန္တရာယ်ကို ခံစားမိနေသော်လည်း ဘာဖြစ်နေမှန်း အတိအကျ မသိပေ။

“သူက အမှောင်ထုတာအိုနဲ့ အချိန်ကို ထိန်းချုပ်နေတာ” ပန်းဓားက အမူအရာပျက်ယွင်းလျက် ပြောလိုက်သည်။

“အချိန်ထိန်းချုပ်တာတဲ့လား … ရှင် ပြောချင်တာက … ”

“ဟုတ်တယ်။ သူသာ ငါတို့ ထာဝရဦးသျှောင် ဖြစ်လာတဲ့ ညကို ရောက်သွားတာနဲ့ ငါတို့အတွက် အဆုံးသတ်ပြီပဲ” ပန်းဓားက ပြောလိုက်သည်။ သူနှင့် အံ့ဖွယ်မိုးကောင်းကင်က လွန်ခဲ့သည့် နှစ်ရှစ်ထောင်ခန့်ကမှ ထာဝရဦးသျှောင် ဖြစ်လာခဲ့ကြသည်။ ညများ ပြောင်းလဲနေသည့် နှုန်းဖြင့် ထိုအချိန် ရောက်ဖို့ သိပ်ကြာမည် မဟုတ်ပေ။ သူက ငယ်ရွယ်လာ၍ ခန္ဓာကိုယ်သည် အားနည်းလာသလို ခံစားမိနေပြီ ဖြစ်၏။

“သူ့ကို တတ်နိုင်သမျှ မြန်မြန် သတ်ရမယ်” အံ့ဖွယ်မိုးကောင်းကင်က ပြောလိုက်သည်။

“ဟုတ်တယ်”

ခွန်အား ပန်းပွင့်၊ အရှိန် ပန်းပွင့်၊ ခုခံရေး ပန်းပွင့်၊ သက်လုံ ပန်းပွင့်၊ ကံကောင်းမှု ပန်းပွင့် …

လျှပ်စီးလက်သီးနှင့် အံ့ဖွယ်မိုးကောင်းကင်တို့က သူတို့ခန္ဓာနှင့် ပေါင်းစည်းဖို့ ပွင့်ချပ်ငါးလွှာစီ လက်ခံရရှိခဲ့ပြီး အင်အား မြင့်တက်လာကြသည်။ ဤအားဖြည့်မှုဖြင့် ယုံကြည်ချက်ရှိလာပြီး တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်ကြသည်။ ထို့နောက် ဓားချီ ပွင့်ချပ်များလည်း လိုက်ပါလာ၏။ အစီအစဉ်က ယခင်အတိုင်းဖြစ်ကာ ရန်သူကို ချုပ်ထားပြီး ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်ဖို့ ဖြစ်၏။

ပန်းဓားက ရုတ်တရက် အလျှင်လိုလာသလို ခံစားလိုက်ရသည်။ သူက သူ့နောက်တွင် ကြက်သီးထပြီး ကျောချမ်းလုဖွယ် လေထုမျိုး ခံစားမိလိုက်သည်။ သူ့မျက်လုံးထောင့်က တစ်ခုခုကို မြင်လိုက်ရဟန်ပေါ်ကာ လှည့်ကြည့်လိုက်သည့်အခါ ဘာမှရှိမနေပေ။ သူက ဤသည်မှာ လှည့်စားမှန်း သိသွားသည့်အချိန် နောက်ကျလွန်းခဲ့ပြီ ဖြစ်၏။

လျှပ်စီးလက်သီးကို အရိပ်လက်တံများက ဖမ်းဆီးသွားခဲ့ပြီး အောင်းရှန်၏ လက်သည်းက အံ့ဖွယ်မိုးကောင်းကင်၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့သည်။ ပန်းဓားက ထိုလူ၏ ဝိညာဉ်ကို မခံစားမိတော့သည့်အတွက် လက်သီးကျစ်ကျစ်ဆုပ်ထားလိုက်မိ၏။

ကျစ် …

သူက စိတ်ထဲမှ ငြီးတွားလိုက်သည်။ သို့သော် သူက အသက်ပြင်းပြင်းရှုကာ စိတ်ထိန်းလိုက်၏။ သူက ပန်းပွင့်များကို အသက်သွင်းကာ လျှပ်စီးလက်သီးကို ကယ်ဖို့ လုပ်လိုက်သည်။

“နောက်ကျလွန်းသွားပြီ” အောင်းရှန်က ပြောလိုက်စဉ် သူ့စကားများက မှန်ကန်ကြောင်း ချက်ချင်း သက်သေပြလာခဲ့သည်။ ပွင့်ချပ်များက ဦးတည်ရာဆီ မရောက်ခင် သူတို့၏ အရှိန်အဝါက ရုတ်ချည်း လျော့ကျသွားသည်။ သူတို့သခင်အတွက်လည်း အတူတူ ဖြစ်၏။ နှစ်ရှစ်ထောင်ကုန်ဆုံးသွားပြီဖြစ်ရာ ပန်းဓားက အားနည်းသည့် ခံစားချက် လွှမ်းခြုံသွားသည်ကိုသာ ကြည့်နေမိတော့သည်။

သူက သက်ပြင်းချလိုသော်လည်း တစ်စုံတစ်ခုကို ရှာတွေ့သွားသည်။ သူက အဆင့် ၁၁ ဖြစ်လေရာ သူ့တည်ရှိမှုက တစ်ဖက်လူထက် ဝါစဉ်ပိုမြင့်လေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်သည် ထာဝရအရှင်အဆင့် ဖြစ်လာခဲ့သော်လည်း သူ့ဝိညာဉ်က အဆင့် ၁၁ ဖြစ်နေဆဲ ဖြစ်၏။ သူက စွမ်းအားများကို တတ်နိုင်သမျှ လှုံ့ဆော်လိုက်သည်။

“အသုံးမဝင်တဲ့ ကြိုးပမ်းမှုပဲ” အောင်းရှန်က လျှပ်စီးလက်သီး၏ နဖူးအထက် လက်သည်းချက်ဖြင့် ချိန်ရွယ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်က လေထဲ ပြုတ်ကျသွားတော့သည်။ သူ့လက်တစ်ချက်အဝှေ့တွင် ထာဝရဦးသျှောင်နှစ်ဦး၏ အလောင်းများက ပျောက်ကွယ်သွား၏။

ဝိညာဉ်ပွင့်ချပ်

ကြည်လင်နေသည့် ပွင့်ချပ်များက သူ့ရှေ့ ပေါ်ထွက်လာကာ တစ်ဖက်လူဆီ ပြေးဝင်သွားကြသည်။ အောင်းရှန်က အမှောင်အလင်းတန်းအဖြစ် ပြောင်းကာ သူ့ဆီ ဦးတည်လိုက်သည်။ သို့သော် သူ့ချပ်ဝတ်က ပွင့်ချပ်အားလုံးကို တားဆီးပေးထား၏။ ထို့နောက် မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်လာခဲ့သည်။

ပန်းဓားက ထွက်ပြေးသွားခဲ့၏။

“ သိုင်းပညာရှင်က စွန့်ခွာသွားတယ်တဲ့လား။ ဒီလို မထင်မှတ်ထားဘူး” အောင်းရှန်က ရေရွတ်လိုက်သည်။ သူ့အမှောင်ထု - အချိန် တာအိုနည်းစနစ်သည် သက်ရောက်မှု ရှိနေဆဲ ဖြစ်၍ ပတ်ဝန်းကျင်ကို ထိုလူများ ထွက်ပြေးခြင်းမှ တားဆီးဖို့ ပိတ်ဆို့ထားခဲ့သည်။ သူက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့သည်။ သူက ပန်းဓား၏ အရိပ်မှ ပြန်လည်ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို အမှောင်ကျိန်စာဖြင့် မလှုပ်ရှားနိုင်အောင် လုပ်ထားလိုက်သည်။

“ ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ပြီး အကျိုးမြတ် လျော့ချတာမျိုး ဖြစ်ခိုင်းလို့ မရဘူးလေ” အောင်းရှန်က ပြောလိုက်သည်။ သူက ထိုစိတ်တိုစရာကောင်းသည့် လူသားကို သတ်ကာ ခန္ဓာကိုယ်ကို သိမ်းဆည်းလိုက်သည်။ သူက နည်းစနစ်ကို ပယ်ဖျက်လိုက်ပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

သူက ဟို့ဖုန်းဟွမ်သည် မျက်လုံးမှိတ်ထားပြီး အဖြူနှင့်အနက် ဒိုင်းကာ ဝန်းရံထားလျက်ဖြင့် ဂိုဏ်းခေါင်းဆောင်အား ရင်ဆိုင်နေသည်ကို မြင်လိုက်ရသည်။

စိတ်တိုက်ပွဲလား … စိတ်ဝင်စားစရာပဲ …

သူက ဟို့ဖုန်းဟွမ် တွေ့ကြုံခံစားနေရသည့်အရာကို မြင်ရဖို့ မျက်လုံးနည်းစနစ်တစ်ခု ထုတ်သုံးလိုက်သည်။ ခဏအကြာတွင် သူက ရုတ်တရက် ပြောလိုက်၏။

“ဟားဟား အနည်းဆုံးတော့ မင်းက အဲလောက် မတုံးဘူးပဲ။ ငါ့အကူအညီ လိုလား။ မင်း လိုလိုလားလား တောင်းဆိုရင် ငါ ကူညီပေးဖို့ စိတ်မရှိပါဘူး”

အောင်းရှန်၏ အပြုံးက သိပ်မကြာလိုက်ပေ။ ဂိုဏ်းခေါင်းဆောင်က စိတ်တိုက်ပွဲထဲ သူ့ဆက်သွယ်မှုကို ဖြတ်တောက်လိုက်၍ ဖြစ်သည်။

“ဒီလူက မဆိုးဘူးပဲ။ သူသာ ငါတို့ကမ္ဘာမှာရှိပြီး ဒီမျိုးဆက်ရဲ့ ဖိအားကို ကြုံရရင် အောင်မြင်မှုက ပိုတောင်များဦးမယ် ”

အောင်းရှန်က အဝေးတစ်နေရာကို ကြည့်လိုက်သည်။ သူက တိုက်ပွဲကို ဝင်ရောက်စွက်ဖက်လိုစိတ် မရှိပေ။ သူမက မလိုအပ်သလို လိုလည်း လိုချင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ဝင်ရှုပ်မနေတော့ပေ။ ထို့အပြင် တစ်ဖက်လူ၏ ပြိုင်ဘက်များနှင့် ပတ်သက်ပြီး တင်းကျပ်သည့် စည်းမျဉ်းများ ရှိ၏။ သူက တစ်စုံတစ်ခု ချည်းကပ်လာသည်ကို ခံစားမိလိုက်သည်။ ထင်ထားသည့်အတိုင်း ချင်းဟိန် ပေါ်ထွက်လာခဲ့၏။

“ ခင်ဗျားက အခြေအနေဆိုးနေတာပဲ” အောင်းရှန်က သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို သတိထားမိကာ ပြောလိုက်သည်။ ကျန့်ရှားနှင့် တခြားလူများက သူ့ကို ဒီအခြေအနေအထိ တွန်းပို့ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း ထပ်စဉ်းစားကြည့်ပြီးသည့်နောက်တွင် အဓိပ္ပါယ်ရှိလာ၏။ သူက ဓားရေးစံအိမ်သည် သူ ဖန်တီးထားသည့် ခုနှစ်စင်ကြယ် အစီအရင်ကို အသုံးပြုဖို့ ဧကရာဇ်အသုံးအဆောင် ခုနှစ်ခု ပို့လာလိမ့်မည်ဟု ကြားဖူးသည်။

“ သူတို့ကို သတ်လိုက်တာလား” အောင်းရှန်က မေးလိုက်သည်။

“မင်းကို အဲဒါ မေးသင့်တာ ”

“မဟုတ်ဘူး။ ခင်ဗျား လာတဲ့ဆီက မရဏအငွေ့အသက်ကို မခံစားမိဖူးဆိုတော့ သူတို့ သေတာ မဖြစ်နိုင်ဘူး ”

ချင်းဟိန်က ဘာမှမပြောလိုက်ပေ။ သူက ထိုလူနှစ်ယောက်ကို နှင်ထုတ်လိုက်သည်။ သို့သော် ဒိုင်မေးရှင်းအမြင့်ဆီ မဟုတ်ပေ။ သူက သူတို့အား ဟိုးအဝေးတစ်နေရာရှိ ကမ္ဘာ့အသိုက်အဝန်းဆီ ပို့ကာ သူတို့ပြန်လာဖို့ အချိန်ဆွဲထားလိုက်ခြင်း ဖြစ်သည်။

သူက ထိုလူများထံ မည်သို့ဖြစ်ပျက်ခဲ့မှန်း မေးလိုက်သော်လည်း အဖြေကို သိထားပြီးသား ဖြစ်၏။ သူက အပြစ်ရှိစိတ် ခံစားမိလိုက်သည်။ ထိုလေးယောက်ထံ ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့်သာမက ကမ္ဘာထံ ဖြစ်ပျက်လာသည့် အရာကြောင့်လည်း ဖြစ်သည်။ သူသာ ခေါင်းကြောမမာသည့် ခေါင်းဆောင် တစ်ယောက် သို့မဟုတ် ပိုကောင်းသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်ပါက ကိစ္စများက များစွာ ကွဲလွဲသွားနိုင်ကြောင်း ခံစားမိနေသည်။

ငါ မှားသွားခဲ့တာလား …

ချင်းဟိန်က သူ့ဘာသာ တွေးလိုက်သည်။

မဟုတ်ဘူး ဒါက အပြစ်တင်စကားသပ်သပ်ပဲ … တကယ်လို့ သိုင်းပညာ လူ့အဖွဲ့အစည်းသာ ကျန်ရှိပြီး နောက်အနာဂတ်မှာ ပြန်လည်ရှင်သန်ဖို့ မျှော်လင့်ချက် ရှိနေရင် နောက်ဆုတ်လို့ မဖြစ်ဘူး

အကယ်၍ သူ လုပ်ခဲ့သည့်အရာကို မလုပ်ခဲ့ပါက လူအနည်းငယ်သာ သေဆုံးရလိမ့်မည်။ သို့သော် သူတို့ကျင့်ကြံရေးစနစ်က ပျက်စီးသွားလိမ့်မည်။ ထို့နောက် လူများက မူလစနစ်ကို စတင်အသုံးပြုလာမည် ဖြစ်ကာ သူတို့ အံ့ဝင်ခွင့်ကျလမ်းစဉ်ကို စတင်လာကြလိမ့်မည်။

ချင်းဟိန်က သိုင်းပညာ စတင်လေ့ကျင့်ခဲ့စဉ်အချိန်ကို အမှတ်ရလိုက်မိသည်။ အသက် သုံးနှစ်အရွယ်တွင် သူက အခြေခံအုတ်မြစ် တည်ဆောက်ဖို့ ဆေးရည်ဖြင့် စတင်ရေချိုးခဲ့ရသည်။ တခြားသော ကလေးများက ငိုကြွေးခဲ့၏။ သူကမူ အလယ်အလတ်ဂိုဏ်းမှ တာဝန်ခံဖြစ်သူ သူ့အဖေက သိုင်းပညာရှင်များနှင့် သူတို့၏ အင်အားအကြောင်း ပြောပြထားမှုများကြောင့် အရာအားလုံးကို တောင့်ခံထားခဲ့သည်။ သူက သူ့အဖေဇာတ်ကြောင်းမှ လူများကို ဖြစ်လို၍ နာကျင်မှုကို တောင့်ခံခဲ့ခြင်း ဖြစ်၏။

ငါးနှစ်အရွယ်တွင် သူ့အဖေက လျို့ဝှက်ဒိုင်မေးရှင်းအတွင်း သွားရင်း ဒုက္ခိတဖြစ်လာခဲ့သည်။ သူ့ဘဝ အဆုံးသတ်သွားပြီဟု တွေးထားခဲ့သော်လည်း သူ့အဖေက ထိုနေရာဆီ သွားခဲ့သည်မှာ သူ အသက်ငယ်ငယ်ဖြင့် လေ့ကျင့်နိုင်သည့် အတွင်းအား နည်းလမ်းကို ရှာဖို့ ဖြစ်ကြောင်း ပြောလာခဲ့သည်။ ထိုနည်းစနစ်က ထိပ်တန်းဂိုဏ်းများရှိ ပါရမီရှင်များသာ အသုံးပြုနိုင်သော်လည်း သူ့အဖေက အသက်ကို စွန့်စား၍ ရယူလာခြင်း ဖြစ်သည်။

ချင်းဟိန်က ထိုနည်းလမ်းကို ဘယ်လောက်ပင် နာကျင်စေကာမူ အုတ်မြစ်ကောင်းကောင်း ချမှတ်နိုင်ဖို့အတွက် လေ့ကျင့်ခဲ့သည်။ အသက် ၇ နှစ်အရွယ်တွင် သူ့အဖေက ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။ သူ့အဖေ မကွယ်လွန်သွားခင် သူက သိုင်းပညာအထွတ်အထိပ်သို့ ရောက်ရှိဖို့ ကတိပေးခဲ့သည်။

အချိန်ကုန်လွန်လာသည်နှင့် ချင်းဟိန်က ဂိုဏ်းဖျက်ဆီးရေး ဖြစ်ရပ်များအပါအဝင် ကိစ္စများစွာ ကြုံတွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ဆရာဖြစ်သူနှင့် တွေ့ဆုံပြီး ထိပ်သီးလက်ဝါးဂိုဏ်းဆီ ဝင်ရောက်ကာ ထိပ်သီး ကောင်းကင်ရွေးချယ်ခံ ဖြစ်လာသည်။ သူ့ဆရာက ပုဆိန်တာအိုနှင့် ဧကရာဇ်ကို ပြုုစုပျိုးထောင်ဖို့ အိပ်မက်တစ်ခုတည်းသာ ရှိသည့် ဂုဏ်ယူဖွယ် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။

ချင်းဟိန်က ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ ရှုံးနိမ့်ပြီးသည့်နောက်တွင် စိတ်ဓာတ်ကျလာပြီး သူ့ဆရာကို စိတ်ပျက်စေမိခဲ့ပြီဟု ခံစားမိနေခဲ့သည်။ သို့သော်လည်း ထိုလူက သူ့အား ဘယ်တော့မှ လက်မလျော့သရွေ့ သူ့ကို ဂုဏ်ယူကြောင်း ပြောကာ ဖျောင်းဖျခဲ့သည်။

ဤအခြေအနေများတွင် ချင်းဟိန်က သိုင်းပညာအပေါ် ချစ်မြတ်နိုးစိတ်ကိုသာ မှီခိုခဲ့ရသည်။

All Chapters