← Chapters

ကျမ်းသစ္စာ

Vol. 78 Ch. 1085

ကျမ်းသစ္စာ

Vol. 78 Ch. 1085

ဝမ်ဝေ့က ကျောက်တုံးသည် သူ့ခန္ဓာကိုယ်ထဲ တစ်စုံတစ်ခု စစ်ဆေးကြည့်တော့မည်ကို ခံစားမိသည့်အခါ အလျင်အမြန် စည်းပိတ်ချလိုက်သည်။ သူက ဤကျောက်တုံးသည် ဘယ်ဟာမှန်း၊ ဘာလုပ်နေမှန်း သိလိုက်၏။ လူသားဧကရာဇ် ဘာတွေစီစဉ်နေမှန်း ကောက်ချက်ချနိုင်ခဲ့သည်။

သူနှင့် ကမ္ဘာရှိ လူများစွာက လူသားကံကြမ္မာဓားသည် ဤမျိုးဆက်အတွင်း အဘယ်ကြောင့် ပေါ်ထွက်လာပြီး စွင်းကျောင်းလုံကို ရွေးချယ်ခဲ့ကြောင်း နှစ်များစွာ စဉ်းစားနေခဲ့ကြသည်။

ယခုအခါ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ ဖြစ်၏။ ဓားက ကောင်းကင်ဧကရာဇ် ရာထူးပေါ်ထွက်လာမည့် အချိန်မှာ မှန်မှန်ကန်ကန် ပေါ်ထွက်လာကာ ထိုရာထူးအတွက် ယှဉ်ပြိုင်မည့် လူတစ်ယောက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ ထို့နောက် လူသားဧကရာဇ်၏ အမွေဆက်ခံသူက ဤနေရာသို့ ရောက်လာကာ သူ့ကျမ်းနှင့် အပြာရောင်ကျောက်တုံးကို ရပြီး မြေကမ္ဘာနှင့် လူသားဧကရာဇ် ဖြစ်လာလိမ့်မည်။

ကျောက်တုံးထဲတွင် လူသားဧကရာဇ်ဂုဏ်ပုဒ်၏ အနှစ်သာရနှင့် မြေကမ္ဘာဧကရာဇ် မည်သို့ ဖြစ်လာရသည့် ညွှန်ကြားချက်များ ပါဝင်နေသည်။ ထိုအရာက ရာထူးသုံးခုလုံးကို ပေါင်းစည်းဖို့ ဓာတ်ကူး ဖြစ်လာနိုင်သည်။ တခြားနည်းဖြင့် ပြောရလျှင် စွင်းကျောင်းလုံက ဧကရာဇ်၏ ထိုလမ်းစဉ်သုံးခုကို ပေါင်းစည်းပြီး ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့်ကို ရယူဖို့ စမ်းသပ်ချက်တစ်ခုသာ ဖြစ်၏။

ငါ့အလိုလိုသိစိတ်ထဲမှာတော့ အသင်္ချေဧကရာဇ်တာအိုကျမ်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုတာ ပြောနေတယ်။ လူသားဧကရာဇ်က သူ့အမွေဆက်ခံသူကို ထိန်းချုပ်မှု လွတ်ကင်းသွားတာမျိုး မဖြစ်အောင် သေချာလုပ်ထားတာပဲ။ ပြီးတော့ ဒီစမ်းသပ်ချက်က ပြဿနာရှိမှာ မဟုတ်ဘူး…

ဝမ်ဝေ့က သူ့စိတ်ထဲ အတွေးများစွာ ရောက်လာကာ မျက်မှောင်ကြုတ်လိုက်သည်။

လူသားဧကရာဇ်က ကောင်းကင်ဧကရာဇ် ရာထူးမျိုးဆက်အတွင်း ပေါ်ထွက်လာမယ်ဆိုတာ ဘယ်လိုသိတာလဲကလွဲရင် အရာအားလုံးက အဓိပ္ပာယ်ရှိတယ်…

စွင်းကျောင်းလုံက သူ မြင်ခဲ့သမျှ တခြားအချိန်စက်ဝန်းများတွင် လူသားကံကြမ္မာဓားကို မရရှိခဲ့ပေ။ ဆိုလိုသည်မှာ လူသားဧကရာဇ်၏ အစီအစဉ်က အစမပြုသေးပေ။

ဤအချိန်တွင် ဓားပေါ်ထွက်လာမှုက သူ၏ ကံကြမ္မာမဲ့ အနေအထားကို လျစ်လျူရှုထားသည့် ကြောက်မက်ဖွယ် ခန့်မှန်းချက် သို့မဟုတ် တွက်ချက်မှုတစ်ခုကို ညွှန်ပြနေသည်။

လူသားဧကရာဇ်က တွက်ချက်ရေးတာအိုရဲ့ ဆရာတစ်ဆူလား။ ဒါမှမဟုတ်ဘူးဆိုရင် ငါ မသိသေးတဲ့ တခြားတစ်ခုခုလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ဟုန်ကျွင်းသည် ဂမ္ဘီရဆရာတစ်ဦးဖြစ်ကြောင်း အမှတ်ရလိုက်မိ၏။ တခြားနည်းဖြင့် ပြောရလျှင် သူက သမိုင်းမတိုင်မီကမ္ဘာတွင် မမွေးဖွားခင် ကြမ္မာနတ်ဆိုး နတ်ဘုရား ဖြစ်ခဲ့သည်။

ဟုန်ကျွင်းကို ထည့်ပေါင်းလိုက်မယ်ဆိုရင်တော့ ကိစ္စတွေအများကြီးက အဓိပ္ပာယ်ရှိလာပြီ…

ဝမ်ဝေ့က သုံးသပ်လိုက်ပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာလိုက်၏။ သူက လက်ကိုဝှေ့ကာ လူသားဧကရာဇ်ကျမ်းနှင့် အပြာရောင်ကျောက်ပါဝင်သည့် လျှို့ဝှက်ဒိုင်မေးရှင်းအသစ်တစ်ခုကို ဖန်တီးခဲ့ပြီး ကမ္ဘာ၏ အကျိုးအကြောင်းကို လှုံ့ဆော်ခဲ့သည်။

လူသားဧကရာဇ်က နောက်ထပ် သူ့ဆက်ခံသူကို မည်သူ့ကို ရွေးချယ်စေကာမူ သူ့အမွေဆက်ခံသူက ဤနေရာနှင့် ထိုပစ္စည်းနှစ်ခုကို ရှာတွေ့လိမ့်မည်။ နောက်ဆုံးတွင် ဝမ်ဝေ့က ချင်ရတနာသိုက် ဒိုင်မေးရှင်းကို ဖျက်ဆီးပစ်ခဲ့၏။

သူက အဝေးတစ်နေရာကို ကြည့်ကာ ရေရွတ်လိုက်သည်။

“နောက်ထပ် စမ်းသပ်ခံနယ်ရုပ်တွေ ရှိနေဦးမှာပဲ”

ဝမ်ဝေ့က ဂိုဏ်းဆီ ပြန်ရောက်လာကာ အကြီးအကဲတန်နှင့် တခြားတစ်ယောက်ဆီမှ လေ့ကျင့်ဖို့ လိုအပ်သည့် အရင်းအမြစ်များကို တောင်းဆိုရင်း သူ ရခဲ့သည့် ပစ္စည်းများကို ပေးအပ်လိုက်သည်။

သူက ချိုက်စုန့်အား ရုပ်သေးရုပ်နှင့် နည်းစနစ်အကြောင်းကို ဖော်ပြခဲ့ပြီးသည့်နောက်တွင် လီကျွင်းနှင့် ယန်းလီလင်းကို ဆင့်ခေါ်ခဲ့၏။

“အစ်ကိုကြီးကို စောစောလေးက မြင်လိုက်သေးတယ်။ အရာအားလုံး အဆင်ပြေရဲ့လား” လီကျွင်းက ပြောလိုက်သည်။

“အခု မင်းတို့နှစ်ယောက် တာအိုသက်သေပြရမဲ့အချိန် ရောက်လာပြီလို့ ထင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“နည်းနည်းစောလွန်းမနေဘူးလား” ယန်းလီလင်းက မေးလိုက်၏။

“ကိစ္စတွေက အလျင်အမြန် ပြောင်းလဲတော့မှာ။ အခု ငြိမ်းချမ်းနေတုန်း လုပ်တာ အပြီးပြည့်စုံဆုံးပဲ”

“အဆင့်ဇယားထိပ်ဆုံးကနေ ကံကောင်းမှု စုစည်းဖို့ကရော”

“အိပ်မက်လောကက သိုင်းပညာအုပ်စိုးသူကမ္ဘာနဲ့ ငါတို့မဟာမိတ်တွေနဲ့ ဆက်သွယ်တော့မှာ။ အဲဒါဆိုတော့ ကြယ်တာရာသားရဲကမ္ဘာ၊ မသေမျိုးတက်လှမ်းခြင်းကမ္ဘာ၊ ဟွင်သွမ်းခေါင်းလောင်းကမ္ဘာ၊ နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ၊ တိတ်ဆိတ်လကမ္ဘာ (ရှစ်ချီအန်း ကမ္ဘာ)နှင့် ရှေးဟောင်းကြယ်စင်ကမ္ဘာ ( ရှီရှန်းယန် ကမ္ဘာ) တို့လည်းပါတယ်။ မင်းသာ ထိပ်ဆုံးမှာ ကျန်ရှိနေရင် ကံကောင်းမှု အလုံအလောက်ရှိမှာပါ”

“အစ်ကိုကြီး ပြောတာ ဟုတ်တယ်” လီကျွင်းက ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင် ကျွန်တော်က ပြဿနာမရှိဘူး”

သူက ဤစစ်ပွဲအတွက် ပြင်ဆင်ရင်း အချိန်များစွာ စောင့်ဆိုင်းခဲ့ရသည်။

“မင်းကရော”

“ကျွန်မက တာအိုကို သက်သေမပြခင် တာအိုဆေးလုံးကို ဖန်တီးချင်သေးတယ်” ယန်းလီလင်းက ပြောလိုက်သည်။

“အဲဒါက ပြဿနာ မရှိဘူး။ မင်းရဲ့ ဝိညာဉ်က တာအိုဘိုးဘေးအဆင့် ရောက်သွားတာနဲ့ မဟာတာအိုအရင်းအမြစ် စွမ်းအားကို ငှားယူနိုင်လိမ့်မယ်”

ယန်းလီလင်းက ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ လေ့ကျင့်ရေးကို စောင့်ကြပ်ပေးမယ်” ဝမ်ဝေ့က ပြောကာ သူ့စကားကို စောင့်ထိန်းခဲ့သည်။ သူက လီကျွင်း၏ ခန္ဓာကိုယ်နှင့် ယန်းလီလင်း၏ ဝိညာဉ်သည် အဆင့်(၅)အထွတ်အထိပ်သို့ ရောက်အောင် မြှင့်တင်ပေးခဲ့၏။ ထို့နောက် သူက သူတို့၏ စည်းမျဉ်းနှင့် တုယီနယ်ပယ်ကို လေ့ကျင့်ဖို့ အာရုံစိုက်ထားခဲ့သည်။ ထိုသူနှစ်ဦးက အဆင့်(၀)မှ ပြန်လည်စတင်ကျင့်ကြံခဲ့ရပြီး အဆင့်တစ်ခုချင်းစီကို ထူးကဲအောင် လုပ်ဆောင်ခဲ့သည့်အတွက် တာအိုဆန္ဒမှ မဟာတာအိုအရင်းအမြစ် (၃)ရာခိုင်နှုန်း အားဖြည့်မှုရလာခဲ့သည်။

ဝမ်ဝေ့က ထိုနည်းလမ်းသည် ဧကရာဇ်ဖြစ်လာပြီးသည့်နောက် တာအိုဆန္ဒလေ့ကျင့်ပေးခြင်းထက် ပိုမိုသက်ရောက်မှုရှိကြောင်း သိလိုက်ရ၏။

ထိုအစီအစဉ်က လုပ်ဆောင်ဖို့ ပိုမိုလွယ်ကူလာခဲ့သည်။ ပါရမီတိုးမြှင့်လာမှုနှင့် ကျင့်ကြံရေးစနစ်များစွာကို ရရှိမှုတို့ကြောင့် သူတို့သည် လှုံ့ဆော်မှုများ ရရှိကာ ဝမ်ဝေ့ကလည်း အကြံဉာဏ်များပေးခဲ့သည်။

နောက်တဆင့်ကမူ စည်းမျဉ်းနားလည်ခြင်းနှင့် စိတ်စွမ်းအားကို လေ့ကျင့်ဖို့ ဖြစ်၏။ လီကျွင်းက ဒုတိယလေ့ကျင့်မှုကို မလိုအပ်ပေ။ ဝမ်ဝေ့က စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းသည် သူ့အတွက် လွယ်ကူမည်ဖြစ်ကြောင်း သိနေ၏။ ထို့ကြောင့် သူက စိတ်စွမ်းအားကြောင့် နောက်ထပ် ၅ရာခိုင်နှုန်း တိုးမြှင့်မှုကို ရယူနိုင်လိမ့်မည်။

ထို့ကြောင့် ယန်းလီလင်းက ဝမ်ဝေ့ဆီမှ ဆေးလုံးတာအိုအကြောင်း ဟောပြောပို့ချမှုကို နားထောင်ရင်း စိတ်ဆန္ဒကို ဆက်လက်လေ့ကျင့်ခဲ့သည်။ လီကျွင်းကလည်း ဟောပြောပို့ချမှုကို နားထောင်ဖို့ လိုအပ်နေပြီး သူ့ဧကရာဇ်သတ်ဖြတ်ရေး ဝိညာဉ်အတွက် ပြင်ဆင်နေသည်။ နှစ်ဦးလုံးက လုံလောက်သည့် အရင်းအမြစ်များဖြင့် ပစ္စည်းကောင်းများကို သန့်စင်နိုင်ခဲ့ကြသည်။

နောက်ဆုံးတွင် ဝမ်ဝေ့က သူတို့ထံ တည်ရှိမှုအကြောင်း ဟောပြောပို့ချခဲ့ပြီး ထာဝရဧကရာဇ်ဖြစ်လာဖို့ သူတို့၏ အခွင့်အရေးကို မြှင့်တင်ပေးခဲ့သည်။

လေ့ကျင့်ရေးအချိန် အဆုံးသတ်ခါနီးတွင် နှစ်ဦးလုံးက ရွှေရောင်စည်းမျဉ်း သစ်ပင်ကို ရရှိခဲ့ကြ၏။ တစ်ခုတည်းသော စိတ်ပျက်စရာကောင်းသည်က လေ့ကျင့်မှု ပြီးဆုံးသွားသည့်အချိန်တွင် ယန်းလီလင်း၏ ခန္ဓာကိုယ်က သူ ထင်ထားသလို မြင့်မားခြင်း မရှိပေ။ သို့သော်လည်း သူမက အဆီအနှစ်၊ စိတ်ဝိညာဉ်နှင့် ချီကြားမှ မျှခြေညီဖို့ရာ ကျင့်ကြံခဲ့သည့်အတွက် ရလဒ်ကို လက်ခံရပေသည်။

အပြင်ဘက်တွင် နှစ် ၁၂၀၀၀ ကုန်ဆုံးသွားပြီး ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ သိုင်းပညာအုပ်စိုးသူကမ္ဘာဘက်အခြမ်းက ပြီးပြည့်စုံသွားပြီး ကမ္ဘာက ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ နတ်ဆိုးစာသင်ကျောင်းများ၊ အိပ်မက်လောက၊ ဉာဏ်အလင်းပွင့်ဗိမာန်၊ သေမျိုးလူ့အဖွဲ့အစည်းနှင့် သေမျိုးအနုပညာ၊ အတတ်ပညာ တာအိုကလည်း ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးကို ပျံ့နှံ့နေပြီ ဖြစ်၏။ အကျိုးအမြတ်က ခွဲဝေပြီးပြီဖြစ်ကာ ဝမ်ဝေ့ကလည်း ဝေစုအကြီးဆုံး ရရှိခဲ့သည်။

ယန်းလီလင်းက တာအိုဆေးလုံး ဖော်စပ်ရာ၌ အောင်မြင်သွားပြီး သူမအား မျိုးဆက်အတွင်း အကြီးအကျယ်ဆုံး ဆေးဝါးပညာရှင်အဖြစ် ဂုဏ်ပြုစကားဆိုခဲ့ကြသည်။ သမိုင်းကြောင်း၌ပင် ဖြစ်နိုင်၏။

လီကျွင်းက တခြားသော ကမ္ဘာ(၇)ခုမှ ပြင်းထန်သည့် ယှဉ်ပြိုင်မှုများ ရှိသော်လည်း ထိပ်ဆုံးတွင် ကျန်ရှိနေလေသည်။

ထိုစဉ် အရာအားလုံးက တိတ်တဆိတ် ဖြစ်ပွားနေ၏။ အားလုံးက မုန်တိုင်းမလာခင် ငြိမ်သတ်နေကြောင်း သိထားကြသည်။

“အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က မေးလိုက်ပြီး သူ့လက်ထဲတွင် ကြယ်တစ်လုံးကို ကိုင်ဆောင်ထားသည်။

“အဆင်သင့်ဖြစ်ပြီ” လီကျွင်းက ခေါင်းညိတ်လိုက်သည်။

“မင်းကို နောက်ဆုံးတစ်ခေါက် မေးမယ်။ နောက်မျိုးဆက်မှာ မယှဉ်ပြိုင်ချင်တာ သေချာရဲ့လား”

“သေချာပါတယ်” လီကျွင်းက ဤသည်မှာ ဝန်ထုပ်ဝန်ပိုးအစား အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သိထားသည်။

“ကောင်းပြီလေ” ဝမ်ဝေ့က မိစ္ဆာနတ်ဘုရား (၉)ပါး ကမ္ဘာ၏ အဆီအနှစ်ကို ကောင်းကင်တာအိုထံ စတေးကာ ကောင်းကင်အလိုဆန္ဒကို တောင့်ခံခဲ့သည်။ ထိုနည်းလမ်းက အလုပ်ဖြစ်ပြီး ကောင်းကင်အလိုဆန္ဒက သူ့ရှေ့ဆင်းသက်လာကာ သူက လီကျွင်းကို ပေးလိုက်၏။

လီကျွင်းက ထိုအရာကို ချက်ချင်း မစုပ်ယူသေးဘဲ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

“ကျွန်တော်က မရဏအနှောင်အဖွဲ့ကနေ လွတ်မြောက်ပြီးတဲ့နောက်မှာ သံသရာရဲ့ ဝန်ထုပ်ဝန်ပိုးကို မြေကမ္ဘာဧကရာဇ်အနေနဲ့ ထမ်းဆောင်မယ်လို့ ကျိန်ဆိုပါတယ်။ မိုးမြေက ကျွန်တော် ကံကို ပြန်လည်ပေးဆပ်ပြီး လွတ်မြောက်ပြီလို့ မသတ်မှတ်မချင်း ဘယ်အင်အားစုနဲ့မှ မပတ်သက်ပါဘူး”

ထိုစကားများကို ပြောလိုက်သည့်အခါ မိုးမြေက ပြောင်းလဲသွားခဲ့သော်လည်း မည်သူကမှ သတိမထားမိခဲ့ပေ။ ဝမ်ဝေ့က အမြင်ရုပ်လွှာအားလုံးကို ပိတ်ဆို့ထားခဲ့၏။ ကောင်းကင်မှ သံကြိုးတစ်ခု ကျဆင်းလာကာ လီကျွင်း၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်သွားသည်။ ထိုအရာက ကောင်းကင်တာအိုသည် သူ့ကျမ်းသစ္စာကို လက်ခံလိုက်ခြင်း ဖြစ်၏။

ထို့နောက် သူက ကောင်းကင်အလိုဆန္ဒကို စုပ်ယူခဲ့သည်။ ဝမ်ဝေ့က အသက်အောင့်ထားကာ စောင့်ဆိုင်းနေပြီး လီကျွင်းအနောက်ဘက်တွင် ရွှေကြာပွင့်နှစ်ခု ပေါ်ထွက်လာခဲ့သည်။

သူက အရေးကြီးသည့် အခိုက်အတန့် ချဉ်းကပ်လာပြီဖြစ်ကြောင်း သိလိုက်မိသည်။ နောက်ဆုံးကြာပွင့်ကို မြင်သည့်အခါ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

“ဒီနေ့ကစပြီး ငါက သွေးရောင်သတ်ဖြတ်သူဧကရာဇ်ပဲ” လီကျွင်းက ကြေညာလိုက်သော်လည်း သူ့အသံက ပျံ့နှံ့သွားခြင်း မရှိပေ။ သူ့အရှိန်အဝါက တိုးပွားလာခဲ့၏။

နိုးထအသက်ဝင်ခြင်း (၅)ရာခိုင်နှုန်း၊ တာအိုဆန္ဒ (၃)ရာခိုင်နှုန်း၊ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်း (၅)ရာခိုင်နှုန်း၊ အသုံးအဆောင်ပစ္စည်းအတွက် (၅)ရာခိုင်နှုန်း၊ အစွမ်းထိန်းချုပ်ရေး ပညာရပ်အတွက် နှစ်ရာခိုင်နှုန်း၊ သတ်ဖြတ်ရေးဧကရာဇ် ဝိညာဉ်အတွက် ၅ရာခိုင်နှုန်း၊ သတ်ဖြတ်ရေးလှံ အရင်းအမြစ်နည်းစနစ်အတွက် (၃)ရာခိုင်နှုန်းနှင့် ရှုရှစ်ရဲ့ အစွဲအလမ်းနည်းစနစ်မှ နှစ်ရာခိုင်နှုန်းတို့ပဲ။

ဝမ်ဝေ့က ပြုံးကာ တွေးလိုက်သည်။ သူ့အစီအစဉ်က အလုပ်ဖြစ်ခဲ့ပြီး အစစ်အမှန်ကောင်းကင်တာအိုက လီကျွင်း၏ ကျမ်းသစ္စာကြောင့် မျှခြေညီအောင် မလုပ်ဆောင်ခဲ့ပေ။

ဒါပေမဲ့ ဒါက မပြီးဆုံးသေးဘူး…

လီကျွင်းက သံသရာခုံရုံးကို စတင်တည်ထောင်လိုက်ပြီး သူက မြေကမ္ဘာဧကရာဇ်အနေနှင့် ရာထူးကို ယူဖို့ လုပ်ဆောင်လိုက်သည်။ သို့သော်လည်း သူက မတုံ့ပြန်နိုင်ခင် အနက်ရောင် တိမ်မည်းတစ်ခုက သူ့ကို ဝါးမျိုသွားခဲ့၏။

ဝမ်ဝေ့က အမူအရာပြောင်းလဲသွားကာ အလျင်အမြန် သွားလိုက်သော်လည်း ဘာမှမတွေ့ရတော့ပေ။ သူက သူ့ကံကြမ္မာတာအိုကို ဆင့်ခေါ်ကာ အဖြစ်အပျက်ကို တွက်ချက်ကြည့်ခဲ့ပြီးသည့်နောက်မှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ” လီကျွင်းက ဦးချိုနှစ်ခုနှင့် သရဖူဆောင်းထားသည့် ဧရာမအနီရောင် မျက်နှာကြီးကို ကြည့်ကာ မေးလိုက်သည်။ သူ့အလိုလိုသိစိတ်က ထိုသူသည် ကြောက်ဖို့ကောင်းကြောင်း ပြောနေ၍ စိတ်ငြိမ်အောင် ထိန်းထားလိုက်ရသည်။ ထိုအရာက သူ့အစ်ကိုကြီးထက်ပင် ပိုမိုကြောက်ဖို့ ကောင်းနေလေ၏။

“ငါက ကျောက်စိမ်း ယမမင်းပဲ။ မင်းက မြေကမ္ဘာဧကရာဇ်ဖြစ်ဖို့ ထိုက်တန်ရဲ့လားဆိုတာကို အကဲဖြတ်ရမယ်” အနီရောင်မျက်နှာက ကြေညာလိုက်သည်။

ယမမင်းလား…

လီကျွင်းက ထိုဂုဏ်ပုဒ်ကို ကြားဖူးခဲ့သည်။ ထိုသူများက စံပြများသည် သံသရာကို သူတို့စိတ်ကြိုက် ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးဖို့ရာအတွက် တာဝန်ယူထားသည့်သူများ ဖြစ်၏။

“အရှင်ယမမင်းက ကျွန်တော်ကို ဘယ်လိုများ အကဲဖြတ်ဖို့ စီစဉ်ထားလဲ” လီကျွင်းက ဦးညွှတ်ကာ ပြောလိုက်သည်။

All Chapters