← Chapters

ပြန်လည်တွေးတောခြင်း

Vol. 78 Ch. 1087

ပြန်လည်တွေးတောခြင်း

Vol. 78 Ch. 1087

သေခြင်းရှင်ခြင်းကြား၊ တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြား၊ ကာလံဒေသံပင် အဓိပ္ပါယ်မရှိနေသည့် မပြီးမပြတ် နေရာတစ်ခုတွင် လူသားဧကရာဇ်က သက်ရှိလောကမှ တစ်စုံတစ်ခုကို အာရုံခံမိလိုက်၍ သူ့အသိစိတ်က နိုးကြားလာခဲ့သည်။

ရာထူးသုံးခုလုံးက ဒိုင်မေးရှင်းအနိမ့်မှာ ပေါ်ထွက်လာတာလား… မြေကမ္ဘာဧကရာဇ် ရာထူးတောင်လား

သူ့အစီအစဉ်တွင် ယမမင်းများကြောင့် မြေကမ္ဘာဧကရာဇ် ရာထူးက အခက်ခဲဆုံး ဖြစ်၏။ ထို့ကြောင့် သူက လမင်းခုနှစ်စင်းထဲမှ မြေကမ္ဘာဧကရာဇ်မှတဆင့် နည်းလမ်းရှာဖို့ ကြိုးစားနေရခြင်း ဖြစ်သည်။

ဒါက ငါ တွက်ဆထားသလို မဟုတ်ဘူး …

သူက တွေးလိုက်သည်။ သူက သက်ရှိလောကကို စစ်ဆေးကြည့်လိုစိတ် ပေါ်ထွက်လာခဲ့သော်လည်း အကြောင်းအရင်းတချို့က သူ့ကို ထိုသို့မလုပ်နိုင်ရန် တားဆီးထားသည်။ အန္တိမသဟဇာတ၏ မပြီးမပြတ်အခြေအနေတွင် ရှိနေသူများအပေါ် ခံစားချက်ကြောင့် သူက ပေါ်ထွက်မလာရဲသေးပေ။ သူက ဒိုင်မေးရှင်းအနိမ့်၏ ပိတ်ဆို့မှုကိုလည်း အာရုံခံမိလိုက်၏။ ထို့ကြောင့် သူက မေတ္တယျကို ဆက်သွယ်ကာ ကျေးဇူးကြွေးမတင်ချင်သရွေ့ ဒိုင်မေးရှင်းအနိမ့်ဆီ ဆက်သွယ်နိုင်မည် မဟုတ်ပေ။

ဒါက ကိစ္စဆိုးတော့ မဟုတ်ဘူး …

လူသားဧကရာဇ်က တွေးလိုက်သည်။

နောက်ဆုံးတော့ လျိူရန် (မြေကမ္ဘာဧကရာဇ် နာမည်)က အတုပဲ … ငါ့အနေနဲ့ အစီအစဉ်အတွက် တကယ့်မြေကမ္ဘာဧကရာဇ်ရဲ့ အဆီအနှစ်ကို လိုအပ်လိမ့်မယ် …

ဒိုင်မေးရှင်းအနိမ့်မှာရှိတဲ့ ငါ့နယ်ရုပ်က သော့ချက် ဖြစ်လာနိုင်တယ်

သူက ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် မဟာချင်သူတော်စင် ခုံရုံးဆီ သတင်းစကားပို့ကာ သူ ပြန်ရောက်လာမှုအတွက် ကြိုတင်ပြင်ဆင်ထားပြီး သတင်းအချက်အလက် စုဆောင်းထားဖို့ မှာခဲ့သည်။

…………..

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ ကမ္ဘာဦးဟွင်သွမ်း

မြေကမ္ဘာဧကရာဇ်၏ ခန္ဓာကိုယ်ကို အစိမ်းဖျော့ဖျော့ မီးတောက်တစ်ခု ဝန်းရံထားလျက်ရှိပြီး အနက်ရောင် အရေပြား၊ ကျောရိုးမှ ပင့်ကူခြေချောင်း လေးချောင်းနှင့် အစွယ်များ ပါရှိသည့် ဧရာမ လူပုံစံသတ္တဝါကြီးကို တားဆီးနေသည်။ ထိုသတ္တဝါကြီးက သူ့အား ခြေလက် ခြောက်ဖက်လုံးဖြင့် ဆက်တွန်းလာ၍ မြေကမ္ဘာဧကရာဇ်က မီးတောက်ကို အသုံးပြု၍ တားဆီးနေရသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ချွေးများပင် ထွက်နေ၏။

မြေကမ္ဘာဧကရာဇ်က တစ်စုံတစ်ခုကို ရုတ်ချည်း ခံစားမိလိုက်၍ သူ့အပြုအမူက ခတ္တရပ်တန့်သွားခဲ့သည်။ မိစ္ဆာနတ်ဘုရားက ထိုအရာကို အခွင့်ကောင်းယူကာ တစ်ဖက်လူ၏ ဦးခေါင်းကို ဖောက်ခွဲပစ်ခဲ့၏။ သို့သော် သူက အချိန်မီ တုံံ့ပြန်ကာ သူ့မျက်နှာအထက် အရိုးခေါင်းဆောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဘာလို့ အာရုံများနေတာလဲ …

အချိန်စားသုံးသူက စိတ်ထဲ အော်ပြောလိုက်သည်။ သို့သော် မြေကမ္ဘာဧကရာဇ်က မတုံ့ပြန်ပေ။ သူက ကမ္ဘာကြီးထဲ သူ့အတွက် အရေးကြီးသည့် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း အာရုံခံလိုက်မိ၏။ သို့သော်ငြား သူက ဤနေရာတွင် ရှိနေစဉ် မည်သည့်သတင်းအချက်အလက်မှ ကောက်ချက်မချနိုင်ပေ။

နားထောင်နေလား

ပါးစပ်ပိတ်ထား

မြေကမ္ဘာဧကရာဇ်က အော်ပြောလိုက်သည်။

မင်း ..

ငါတို့က မင်းဆီမှာ အစီအစဉ်ရှိတယ်ပြောလို့ တောင့်ခံနေတာ။ ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ

နည်းနည်းလောက်ပါပဲ

မင်း ဒီစကားကို ပြောနေတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကောင်းကင်ဘုံပဲ သိလိမ့်မယ်

မြေကမ္ဘာက ပြန်လည် ချေပလိုက်၏။

အရမ်းမကြာသေးပါဘူး …

အချိန်စားသုံးသူက ပြန်ကာ ပြောလိုက်သည်။

ဒါပေမဲ့ အဲလိုဆိုရင်တောင် မင်းတို့ဆီ ဘာများရွေးချယ်စရာ ရှိလို့လဲ။ ငါ့ကြောင့်သာ မဟုတ်ရင် မင်းတို့အားလုံး သေသွားပြီးလောက်ပြီ

မြေကမ္ဘာဧကရာဇ်က အံ့ကြိတ်လိုက်သော်လည်း ဤအရာသည် အမှန်ဖြစ်ကြောင်း ဝန်ခံရပေမည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက သူ့မချင့်မရဲဖြစ်မှုကို မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး တိုက်ပွဲကိုသာ အာရုံစိုက်လိုက်၏။ သူက ယခု တိုင်းပြည်ဆီ ပြန်ကာ ဖြစ်လာသည့် အပြောင်းအလဲကို နည်းလမ်းကုန်သုံး၍ သိရဖို့ မစောင့်နိုင်တော့ပေ။

သို့သော်လည်း သူတို့က အသက်ရှုချိန် မရခင်အထိ ထိုလူများအား သူ့အစီအစဉ်နှင့် အကျိုးမြတ်များကို ဝင်ရောက်မစွက်ဖက်စေနိုင်ရန် အမှန်တရားကို ထုတ်ပြောမည် မဟုတ်ပေ။

…………..

သမိုင်းမတိုင်မီ ကမ္ဘာ

ဟုန်ကျွင်းက တစ်စုံတစ်ခုကို ခံစားမိလိုက်၍ မျက်လုံးပွင့်လာသည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်ပြီး ရေရွတ်လိုက်၏။

“ယင်ကျန်းရဲ့ ထူးကဲသာလွန်မှု ဖြစ်လာဖို့ အခွင့်အရေးက တိုးပွားသွားပြီလား။ ကြည့်ရတာ ငါထင်ထားထက် အစီအစဉ်တွေက ချောမွေ့နေပုံပဲ”

ထို့နောက် သူက မျက်မှောင်ကျုံ့လိုက်သည်။

“အဲဒီနှစ်ယောက်က ဘာမှမဟုတ်ဘဲ ရန်သူတွေ ဖြစ်လာတော့မှာလား”

သူ့အတွေ့အကြုံအရ ကမ္ဘာမြေမှ လူများသည် တူညီသည့်ကမ္ဘာတွင် တူညီသည့် အမျိုးအစား ဖြစ်ခြင်းကို သဘောမကျကြောင်း သိထား၏။ အကယ်၍ သူတို့က ကွဲပြားသည့် ကမ္ဘာမှ ဖြစ်ပြီး နီးကပ်လာပါက အဆင်ပြေနိုင်သော်လည်း သူတို့က တစ်စုံတစ်ယောက်သည် သူတို့နှင့် နေရာအတူတူမှ ဖြစ်ကြောင်း သိလာသည့်အခါ သူတို့၏ ပထမဆုံး အလိုလိုသိစိတ်က တစ်ခြားတစ်ယောက်ကို ရှင်းထုတ်ဖို့ ဖြစ်၏။

ကောင်လေးက အကျိုးအကြောင်း ပိုသင့်ပုံပဲ … ယင်ကျန်းကတော့ ခေတ်သစ် လွှမ်းမိုးခြင်း မခံခဲ့ရဘူးဆိုတော့ အဆင်ပြေလောက်မှာပါလေ …

ဟုန်ကျွင်းက ကမ္ဘာကို လှမ်းကြည့်ပြီး သုံးသပ်လိုက်သည်။

လောင်ကျွင်းက စံပြ ဖြစ်လာတော့မှာလား … တစ်ခုခုပဲ

ဟုန်ကျွင်းက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သမိုင်းမတိုင်မီကမ္ဘာက ပြစ်ချက်ရှိနေ၍ သူတော်စင်စနစ်နှင့် တခြားသော နာမည်ကျော်များဆီမှ ကျင့်ကြံရေးစနစ်များသာ ရှိလေသည်။ ဖြစ်နိုင်ခြေရှိသည့် အကျိုးဆက်ကို သိပြီးသည့်နောက် ဟုန်ကျွင်းက သူတော်စင်များအား တခြားအရင်းအမြစ် ဟွင်သွမ်းကမ္ဘာများထံ ကိုယ်ပွားများ စေလွှတ်၍ ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းဖို့ အားပေးခဲ့သည်။

ကံဆိုးစွာဖြင့် မဟာတာအိုက ဤကမ္ဘာမှ လူများကို မကျေနပ်သည့်အတွက် ကိုယ်ပွားများအားလုံးက ဆိုးဆိုးရွားရွား ကံကြမ္မာများ ကြုံတွေ့ခဲ့ရသည်။ စစ်ဆေးမှုအမြောက်အများ၊ စမ်းသပ်ချက်များနှင့် ဟုန်ကျွင်း၏ စီစဉ်မှုအပြီးမှသာ သူတော်စင်များက တာအိုကို သက်သေပြပြီး သမိုင်းမတိုင်မီကမ္ဘာဆီ ပြန်လာသည့် ကိုယ်ပွားတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ကြသည်။

ဤသို့ အောင်မြင်မှုရလာပြီးသည့်နောက်တွင်ပင် ကိစ္စများက မချောမွေ့သေးပေ။ ထို့နောက် သူတို့က ဤကမ္ဘာတွင် မဟာတာအိုအရင်းအမြစ် နားလည်အောင် လုပ်ရခြင်းက တခြားသော ကမ္ဘာများထက် အဆထောင်ချီ ပိုခက်ခဲကြောင်း တွေ့သွားကြ၏။ ထို့ကြောင့် ဤမျှကြာမြင့်ပြီးသည့်နောက်တွင်ပင် သူ့ပထမဆုံးနှင့် ပါရမီအရှိဆုံး တပည့် ထိုက်ရှန်းလောင်ကျွင်း၏ ကိုယ်ပွားကသာ စံပြ ဖြစ်လာဖို့ အောင်မြင်ခဲ့သည်။ ထိုစဉ် တခြားလူများကမူ ကောင်းကင်ဘုံအဆင့် သို့မဟုတ် ဧကရာဇ်အဆင့်တွင်သာ ရှိနေကြသေးသည်။

ဒီကမ္ဘာရဲ့ မျှော်လင့်ချက်က ငါ စေလွှတ်လိုက်တဲ့ အငယ်တွေပဲ …

ဟုန်ကျွင်းက တွေးလိုက်သည်။

အခု အစီအစဉ်က ချောမွေ့နေပြီဆိုတော့ ရဝေနဲ့ အေနန်စစ်တို့နဲ့ ဆွေးနွေးရမဲ့ အချိန်ရောက်ပြီ

……………..

အသင်္ချေအင်ပါယာကမ္ဘာ

ဝမ်ဝေ့က ငရဲကမ္ဘာမှ သိသာသည့် အတက်အကျလှိုင်းကို ခံစားမိလိုက်သည်။

ခင်ဗျားလည်း မြေကမ္ဘာဧကရာဇ်ရာထူးကို ခံစားမိပြီး ရူးသွားပြီလား …

သူက တွေးလိုက်သည်။ ထို့နောက် သူ့လက်တစ်ချက်အဝှေ့ဖြင့် စည်းတံဆိပ်ကို အားဖြည့်ကာ လူအိုကြီးငရဲ ထွက်လာဖို့ အခွင့်အရေးမရှိအောင် တားဆီးခဲ့သည်။

“သွားသောက်ရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။

“ မဆိုးဘူးပဲ ”

“ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုကို သွားကြည့်ရင် ဘယ်လိုလဲ” ယန်းလီလင်းက အကြံပြုလိုက်စဉ် အားလုံးက သဘောတူလိုက်ကြသည်။ သူတို့က ဂိုဏ်းထဲတွင် ယခင်က တွေ့ဖူးကြသော်လည်း စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုကြောင့် ညီအစ်ကို၊ မောင်နှမများသဖွယ် ဖြစ်လာခြင်း ဖြစ်၏။

သူတို့က ထိုလျို့ဝှက်နယ်မြေထဲ ဝင်လိုက်ကြသည်။ သူတို့ရောက်သည်နှင့် ဝမ်ဝေ့က ဝှက်ထားသည့် သေရည်ကို ထုတ်လိုက်သည်။

“ဒါကို ပြောနေတာ” လီကျွင်းက တစ်ငုံသောက်လိုက်သည်။

“ဒီနေရာက ငါ့အတွက် အဓိကမှတ်ဉာဏ်တွေ အများကြီးရှိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါ ဘယ်တော့မှ မမေ့နိုင်မဲ့ လူသုံးယောက်နဲ့ တွေ့ခဲ့ရတယ်”

“ဘယ်သူတွေများလဲ”

“ပထမဆုံးက ငါ သတ်လိုက်ရတဲ့ အလိုလိုက်ခံ ကောင်မလေးတစ်ယောက် … သူမက ငါ ပထမဆုံး သတ်လိုက်ရတဲ့ အပြစ်ကင်းမဲ့သူပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ သူမအကြောင်း ပြောမှ သတိရတယ်။ သူမ မိသားစုရော ဘယ်လိုဖြစ်သွားကြလဲ။ သူတို့ သူမအပေါ် ချစ်မြတ်နိုးပုံအရ ဘယ်သူသတ်လိုက်လဲဆိုတာ ရှာကြမှာပဲ ”

“သူတို့တွေ သမီးဖြစ်သူကို ဘယ်သူသတ်လိုက်လဲရှာဖို့ ပိုက်ဆံအများကြီး ထုတ်သုံးပြီးတဲ့နောက်မှာ ပြိုင်ဘက်မိသားစုက သူတို့ကို အားနည်းအောင် လုပ်ခဲ့တယ်လေ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“နှမြောစရာပဲ” လီကျွင်းက ပြောလိုက်၏။ ကျင့်ကြံရေးလမ်းစဉ်က ရက်စက်လေသည်။ အထူးသဖြင့် ဧကရာဇ်လမ်းစဉ် ဖြစ်၏။

“ကျန်နှစ်ယောက်ကရော ”

“ဒုတိယတစ်ယောက်က ငါ ရှောင်ရှားရေးနည်းစနစ်ကို သင်ယူခဲ့တဲ့ ဖျော်ဖြေရေး ကြေးစားတစ်ယောက်၊ သူက ဘဝနဲ့ ကံကြမ္မာက ဘယ်လောက်တောင် မမျှတဘူးလဲဆိုတာ ပြခဲ့တယ် ” ဝမ်ဝေ့က ပြောလိုက်သည်။ ကံကြမ္မာက မမျှတဘူး ဟူသော သူ့နည်းစနစ်က ထိုကြေးစားနှင့် တွေ့ဆုံမှုမှ လှုံ့ဆော်မှုရထားခြင်း ဖြစ်ကာ နောက်ဆုံးတိုက်ပွဲအတွင်း တိထျန်းနှင့် ယှဉ်ပြိုင်ကာ အနိုင်ရရှိဖို့ အရေးပါသည့်အချက်တစ်ခု ဖြစ်ခဲ့သည်။

“ တတိယတစ်ယောက်က ကျီစုန့် … သူက ငါ့ပထမဆုံး ပြိုင်ဘက်အစစ်ပဲ”

“ကျီစုန့်ကတော့ အလားအလာတွေ တကယ်ကို နှမြောဖို့ကောင်းတယ်” ယန်းလီလင်းက ပြောလိုက်သည်။

“ သူသာ အသက်ရှင်နေရင် ဒီမျိုးဆက်ထဲ တော်တော် တိုးတက်လာမှာ”

“သူ့ကို သတ်လိုက်မိလို့ နောင်တရလား” လီကျွင်းက မေးလိုက်သည်။

“မရဘူး။ တကယ်လို့ သူသာ စကားတည်ရင် အသက်ရှင်ရက် ရှိနေမှာလေ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေလိုက်သည်။ အကယ်၍ ကျီစုန့်ကသာ နောက်ဆုံး ကောင်းကင်အလိုဆန္ဒတိုက်ပွဲအထိ အသက်ရှင်ခဲ့ပါက သူသည် သူ့ကို သက်ညှာပေးပြီး အရင်းအမြစ်အတွက် ဒိုင်မေးရှင်းအမြင့်ဆီ ပို့ဆောင်ပေးမိလောက်သည်။

“အခု ပြန်ကြည့်တော့ ငါ ဒီလိုရိုးရှင်းတဲ့ လှည့်ကွက်ထဲ ကျမိတာ နောင်တရတာ”

“ အဲဒါက တရားပါတယ် ”

“အဲဆိုတော့ မင်းတို့တွေရော ဘယ်လိုလဲ။ ဒီနေရာက မင်းတို့တွေ တာအိုလက်တွဲဖော် ဖြစ်လာတာအပြင် တခြားဘာထူးခြားချက်များ ရှိလဲ”

“ သိသာတယ် မဟုတ်ဘူးလား။ ကျွန်တော်က ဘဝရဲ့ အချစ်ကို ရှာတွေ့ခဲ့တယ်လေ” လီကျွင်းက တောက်တောက်ပပ ပြုံးကာ ပြောလိုက်သည်။

“ ကျွန်မကတော့ မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းမှုကို ရှာတွေ့ခဲ့တယ်” ယန်းလီလင်းက ပြောလိုက်သည်။

“အိုး”

“ လျို့ဝှက်နယ်မြေထဲမှာ နေရတာ ပျော်စရာကောင်းတဲ့ အတွေ့အကြုံတော့ မဟုတ်ဘူးလေ။ ကျွန်မတို့တွေက ပင်မမျိုးနွယ်အတွက် နောက်ခံ အရန်အစီအစဉ်အနေနဲ့ ရှိနေမှန်း တစ်ဘဝလုံး သိနေကြရတာ။” ယန်းလီလင်းက ရှင်းပြလိုက်သည်။

“ တကယ်လို့ အကြီးအကဲတွေရဲ့ တင်းကျပ်မှုကြောင့်သာ မဟုတ်ရင် ကျွန်မတို့ အများစုက ရည်ရွယ်ချက် မရှိဘဲ မျှော်လင့်ချက်မဲ့တဲ့ ဘဝမှာ နေနေရမှာ”

သူမက ကလေးဘဝကို ပြန်လည်တွေးရင်း သက်ပြင်းချလိုက်သည်။

“ နောက်ဆုံး ယန်းမျိုးနွယ်အတွက် နောက်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရတုန်းက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့တာ။ ဒါပေမဲ့ ဒေါ်လေးက ကျွန်မရဲ့ ပထမဆုံးတာဝန်က အစ်ကိုကြီးကို ဆွဲဆောင်ပြီး အဓိကဇနီးသည် ဖြစ်လာဖို့ ပြောလာတဲ့အခါ ပျော်ရွင်မှုက ပျောက်ဆုံးသွားခဲ့ရတယ်”

ဝမ်ဝေ့က ထိုအရာကို ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။

“ ကျွင်းအာနဲ့ တွေ့ဆုံပြီး ချစ်ကျွမ်းဝင်သွားရတာက လွတ်လပ်မှုအရသာပဲ။ ကျွန်မ ကိုယ်ပိုင် ရွေးချယ်မှု လုပ်နိုင်တဲ့ ခံစားချက်ပေါ့ … အဲဒါက ကျွန်မအတွက် ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းပေးလာတယ်”

ယန်းလီလင်းက ခွက်ကြီးကြီး တစ်ခွက် သောက်သုံးကာ “ကျွန်မက ဘယ်တုန်းကမှ မပြောခဲ့ပေမဲ့ ကျွန်မတို့ ဆက်ဆံရေးကို ထောက်ခံပေးပြီး အရင်တစ်ကိုယ်ကောင်းဆန်ဆန် လှုပ်ရှားမှုအတွက် ကျွန်မကို အပြစ်မတင်တာ တကယ်ကို ဝမ်းသာတယ်”

“ ဘာလို့ အဲလိုလုပ်ရမှာလဲ။ မင်းက သူ့ကို တကယ်ချစ်မှန်း သိနေတာပဲလေ။ ပြီးတော့ ဂိုဏ်းရဲ့ လုပ်ဆောင်ပုံတွေကိုလည်း သိထားတာပဲ”

“ ဒါက အောင်ပွဲခံနေတာဆိုတော့ ကောင်းတာပဲ ပြောရအောင်။ အစ်ကိုကြီး သံမဏိတောဝက်ရိုင်းရဲ့ မစင်ပုံထဲ ကျသွားတာကို မှတ်မိသေးလား” လီကျွင်းက ပြောလိုက်သည်။

“အဓိပ္ပါယ်မရှိတာတွေ ပြောပြီး နာမည်ဖျက်မနေနဲ့” ဝမ်ဝေ့က ခပ်သွက်သွက် ပြောလိုက်သည်။

“အခု ကျွန်မ ကြားချင်သွားပြီ ” ယန်းလီလင်းက ထပ်ပြောလိုက်သည်။

“သူ့ကို နားမထောင်နဲ့။ သူ လိမ်နေတာ ”

“ကိုယ်တွေတို့ ၇ နှစ်တုန်းက သူက အဖွား လာမတွေ့လို့ဆိုပြီး စိတ်အခြေအနေ ဆိုးတာလေ။ အဲဒါနဲ့ တောင်အနောက်ဖက်ထဲ ထွက်လာကြတာ။ သူက သတိမထားမိဘဲ မစင်ပုံထဲ ပြုတ်ကျသွားတာပဲ” လီကျွင်းက ပြောလိုက်သည်။

“ခဏ မင်း ထုတ်ပြောလိုက်တော့မှ အဲတုန်းက နောက်ကနေ တွန်းလိုက်တာကို ခံစားမိလိုက်သလိုပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“မင်း ငါ့ကို တွန်းလိုက်တာလား”

“အခု ဘယ်သူက ဘယ်သူ့ကို နာမည်ဖျက်နေတာလဲ”

“ကောင်စုတ်လေး ငါ အတိတ်နဲ့ ပစ္စုပ္ပန်ကို မြင်နိုင်တယ်။ သက်သေ ပြစေချင်လား ”

“အဲဒါ အမှန်ကို လုပ်ဇာတ်ခင်းနေတာပဲ” လီကျွင်းက ပြန်လည်ချေပလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် အသရေဖျက်တယ်ပဲ ပြောမှာ ”

ဝမ်ဝေ့က နှာခေါင်းရှုံကာ “ငါ လက်စားချေဖို့ သက်သေ လိုသလိုမျိုး မင်းက ပြောနေတာပဲ”

“ဟေး တုံးအအတွေ မလုပ်နဲ့နော် ”

“မင်း သတိသာထားအိပ်”

“ အာ အခုမှ နှစ် သန်းဂဏန်းတောင် ရှိသွားပြီလေ”

“ယွမ်ခေတ်ကာ သန်းချီကြာသွားရင်အောင် လက်စားချေဖို့ မနောက်ကျဘူးကွ” ဝမ်ဝေ့က ပြောလိုက်သည်။

“ ဘာလို့ ဒီလောက်တောင် စိတ်ထားသေးသိမ်ရတာလဲ။ ကြီးမြတ်ကာ ချောမောလှတဲ့ ကောင်းကင်ဧကရာဇ်ခင်ဗျ … ဒီနှိမ့်ကျလှတဲ့ လူသားလေးကို ခွင့်လွတ်ပေးပါ”

“ ဒီလောက်အကြာကြီးရှိတာတောင် ငါ့အကြောင်း ကောင်းကောင်း မသိသေးဘူးလား”

“ကောင်းပြီ” လီကျွင်းက အံ့ကြိတ်ကာ ပြောလိုက်သည်။

“ ဒါ လုပ်ချင်တာမလား။ ကျွန်တော် ငယ်တုန်းက အစ်ကိုကြီးရဲ့ ရှက်စရာကောင်းတဲ့ အခိုက်အတန့်အားလုံးကို ဖြန့်လိုက်ရလဲ စိတ်ထဲမထားပါဘူး။ ကမ္ဘာကြီးကို အစ်ကိုကြီးက ဘယ်လိုလဲဆိုတာ သိသွားစေချင်တယ် ”

ယန်းလီလင်းက သူတို့အချင်းပွားနေသည်ကို ကြည့်ကာ ရယ်မောနေမိသည်။ ယခင် သူတို့၏ ရင်းနှီးမှုကြောင့် အားကျမိခဲ့ဖူးသော်လည်း ယခုအခါ သူမလည်း အရွယ်ရောက်လာပြီဖြစ်ကာ လက်ရှိအချိန်ကို သဘောကျနေမိတော့သည်။

All Chapters