← Chapters

စည်းရုံးခြင်း၊ ငြင်းဆန်ခြင်း နှင့် ညှိနှိုင်းခြင်း

Vol. 78 Ch. 1088

စည်းရုံးခြင်း၊ ငြင်းဆန်ခြင်း နှင့် ညှိနှိုင်းခြင်း

Vol. 78 Ch. 1088

အဖွဲ့က ညဘက်သောက်ကြစားကြဖြင့် အတိတ်အကြောင်းကို ပြန်လည်ပြောခဲ့ကြပြီးသည့်နောက် နောက်တစ်ရက်မှာ အဖွဲ့က ခွဲခွာသွားကြသည်။ လီကျွင်းနှင့် ယန်းလီလင်းတို့က သူတို့၏ မိဘများနှင့် မိသားစုဆီ သွားရောက်တွေ့ဆုံခဲ့ပြီး ရာထူးကို တာဝန်ယူခဲ့သည်။

ယန်းလီလင်းက ကမ္ဘာ့အစောင့်အရှောက် တောင်ထိပ်ကို ဖန်တီးပြီး အချိန်တစ်ခုကြာ ထိုနေရာက သူမ၏ ပင်မနေရာတစ်ခု ဖြစ်လာလိမ့်မည်။

သူမက ကမ္ဘာသည် ကပ်ဘေးအခြေအနေ သို့မဟုတ် အရေးပေါ် ဖြစ်ခဲ့လျှင်ဆိုသည့် အခြေအနေအတွက် လိုလိုမယ်မယ် ထိန်းသိမ်းထားရန် ဆေးလုံးများကို ဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ဖြင့် အချိန်ကုန်ဆုံးနေရလိမ့်မည်။ သတင်းကောင်းကမူ ထိုဆေးလုံးများအတွက် အရင်းအမြစ်များကို ကောင်းကင်တာအိုမှ ထောက်ပံ့ပေးထားခြင်း ဖြစ်၏။

လီကျွင်းနှင့် ဝမ်ဝေ့တို့ဆီမှ အကြုံပြုချက် ရပြီးသည့်နောက်တွင် ယန်းလီလင်းက သူမတောင်ထိပ်တွင် တစ်ယောက်တည်း မဖြစ်စေရန်အလို့ဌာ လူတချို့ကို ခန့်အပ်ခဲ့သည်။

ထိုစဉ် လီကျွင်းက သံသရာခုံရုံးအတွက် ရာထူးများကို လူခေါ်နေ၏။ လူများက ထိုရွေးချယ်ပွဲအတွင်း ပါဝင်နိုင်သည့် ကန့်သတ်ချက် မရှိကြောင်း ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားကြသည်။ တခြားကမ္ဘာ့အသိုက်အဝန်းမှ လူများပင် ပါဝင်နိုင်၏။ သို့သော်လည်း သိပ်မကြာခင် သံသရာခုံရုံး၏ စစ်ဆေးမှု ခက်ခဲမှုကို မြင်တွေ့ပြီးသည့်နောက် အကြောင်းအရင်းကို နားလည်သွားကြတော့သည်။

ခုံရုံးဆီ ပြန်လာပြီးသည့်နောက် ဝမ်ဝေ့က သူ့လေ့ကျင့်မှု ရလဒ်ကို စစ်ဆေးကြည့်ကာ အနာဂတ်အတွက် ပြင်ဆင်လိုက်သည်။ ယခင်နှစ်တစ်သောင်းအတွင်း သူ့ခန္ဓာကိုယ် လေ့ကျင့်ရေးက နဂါးဇာမဏီနယ်ပယ်အဆင့် တတိယမြောက်အဆင့်ဆီ ရောက်ရှိလာပြီဖြစ်ရာ အရန်တာအို ၈၀၀ ၏ စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးသွားလေပြီ။

သူက သွေးမျိုးဆက် ကန့်သတ်ချက် ချည်းကပ်လာနေကြောင်း ခံစားမိနေ၏။ ဝမ်ဝေ့က ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် အဆင့် ၁၁ သို့ ရောက်သွားမည် ဖြစ်သော်လည်း သူ့သွေးမျိုးဆက်သည် ထိပ်သီး အဆင့် ၁၀ (၁၀ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်း) မျှသာ ရှိနေဦးမည်။ ထိုအရာက သူ့အနေနှင့် နည်းစနစ်၏ ၁၁ ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းကို မပြီးမြောက်ခင်အထိ ဖြစ်၏။

ထို့နောက် ဝမ်ဝေ့က ဇစ်မြစ်သစ်သီးကို သွားရောက်စစ်ဆေးကြည့်ခဲ့ပြီး ကိစ္စများက အဆင်ပြေချောမွေ့နေသည်။ စစ်ပွဲအပြီးတွင် သူက ထာဝရဦးသျှောင် အလောင်းတချို့ကို ကျွေးခဲ့သည့်အတွက် သိသိသာသာ ကြီးထွားနှုန်း မြင့်တက်လာခဲ့သည်။ ထို့နောက် သူက ရှီရှန်းယန်ကို ဆက်သွယ်ဖို့ ဆက်သွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်သည်။

“ ကျွန်မကို ဆက်သွယ်ဖို့ ဒီလောက်ကြာကြာစောင့်နေလိမ့်မယ်လို့ မထင်ထားဘူး” ရှီရှန်းယန်က ပြောလိုက်သည်။

“အရေးကြီးတာတစ်ခုနဲ့ အလုပ်ရှုပ်နေလို့ပါ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။ သူ့အနေနှင့် လီကျွင်းနှင့် ယန်းလီလင်းတို့ တာအိုသက်သေပြနိုင်ရေးကို အာမခံချက်ရှိစေဖို့ရာ နှစ်တစ်သောင်းကျော်ကတည်းက ဤရည်မှန်းချက်ကို အာရုံစိုက်ထားခဲ့သည်။ ယခု သူ အောင်မြင်သွားပြီဖြစ်၍ ပခုံးပေါ်မှ ဝန်ထုပ်ကြီး ပေါ့သွားသလို ခံစားနေရသည်။ သူ့စိတ်က အနည်းငယ် ဆင့်ကဲပြောင်းလဲသွားခဲ့၏။

“ဒါက နားလည်လို့ ရပါတယ်”

ဝမ်ဝေ့က စကားစမြည်ပြောလိုသည့် စိတ်အခြေအနေ မဟုတ်သည့်အတွက် တည့်တိုးသာ မေးလိုက်သည်။

“ မိသားစုဆီက ဘာကြားထားသေးလဲ”

“သူတို့ပြောတာတော့ ရောက်ရှိလာမဲ့ ဖရိုဖရဲဖြစ်မှုအတွင်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက အလယ်ဗဟိုချက်ဆိုတဲ့ နိမိတ်စကားထွက်လာတယ်တဲ့။ ကမ္ဘာအများစုက သေချာစောင့်ကြည့်နေကြတာ။ တချို့က စတင် လှုပ်ရှားကုန်ကြပြီ”

“နိမိတ်စကားတဲ့လား” ဝမ်ဝေ့က မျက်မှောင်ကျုံ့လိုက်သည်။ သူက ထိုကပ်ပါးများသည် ယာယီ ပေါ်ထွက်မလာသေးသည့် အကြောင်းအရင်းကို သိလိုက်ရသော်လည်း ပိုအဖိုးတန်သည့် သတင်းအချက်အလက်က ဤနိမိတ်စကား ဖြစ်သည်။

“သူတို့က အများကြီး ပြောမပြခဲ့ဘူး။ ဒါပေမဲ့ ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မယ်ဆိုတာတော့ သတိပေးခဲ့တယ်”

ကြီးကြီးမားမားတဲ့လား … တကယ်လို့ တခြားကမ္ဘာတွေက စိတ်ဝင်စားလာရင် ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိတဲ့အရာပဲ ဖြစ်နိုင်တယ်။ တတိယ မူလစစ်ပွဲလား … အဲဒါက ဘာပဲဖြစ်ဖြစ် ထူးကဲသာလွန်မှုကို ရယူနိုင်ဖို့ သေချာပေါက် ပါဝင်နေတယ် …

ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။

“သတင်းအတွက် ကျေးဇူးပါ”

“မဟုတ်တာ ရှင့်ကို ကျေးဇူးတင်ရမှာပါ။ ကျွန်မတို့ မျိုးနွယ်က သတင်းဖြတ်တောက်ထားကြတာ။ ရှင့်သတင်းက အတော်လေး အသုံးဝင်တယ်လေ” ရှီရှန်းယန်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။ သူတို့က စကားအနည်းငယ် ပြောပြီးသည့်နောက် စကားဝိုင်းကို အဆုံးသတ်လိုက်ကြသည်။ ဝမ်ဝေ့က အတွေးနက်လျက် ကျန်နေခဲ့၏။ သူက အချိန်မရှိတော့ကြောင်း သဘောပေါက်သွားခဲ့သည်။

အကယ်၍ သူသာ အလျှင်မလိုပါက ပြင်ဆင်ထားမှု မရှိဘဲ ဟွင်သွမ်းစကြဝဠာအနှံ့ ဖြစ်ပျက်လာမည့် ဖြစ်ရပ်အတွင်း ပါဝင်မိသွားလိမ့်မည်။

သူက စံပြ မဟုတ်သေးသည့်အချိန် ဒုတိယမူလစစ်ပွဲနှင့် တူညီသည့်အရာတစ်ခု ဖြစ်လာပါက မည်မျှ ဒုက္ခတွေ့ရမည်ကို တွေးကြည့်နိုင်သည်။

အခု လှုပ်ရှားလိုက်ရအောင် …

ဝမ်ဝေ့က တစ်ခုခုကို တွေးပြီးနောက် တစ်စုံတစ်ယောက်ကို ဆက်သွယ်လိုက်သည်။

ထုံရို့ပင်းနှင့် ယန်းလီလင်းတို့ကို ဖြစ်၏။

“အခု အချိန်ကျလာပြီလား” ထုံရို့ပင်းက မေးလိုက်သည်။

“ တည့်တိုးဆန်တယ်မလား။ ဒါပေမဲ့ ဟုတ်တယ် အချိန်ကျလာပြီ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ ရှင် ကျွန်မတို့ကို ဆက်သွယ်ကတည်းက စောင့်နေခဲ့တာ” ထုံရို့ပင်းက ဆက်သွယ်ရေးအခန်းမှ ထွက်သွားသည့်အတွက် မူလိန်က ခေါင်းတယမ်းယမ်းဖြင့် ကျန်ခဲ့သည်။ သူက ဝမ်ဝေ့ကို ကြည့်ကာ မေးလိုက်၏။

“ ဒီအကြောင်း သေချာရဲ့လား။ ခင်ဗျားရဲ့ အင်အားအကြောင်းကို သိထားပေမဲ့ ကုန်သွယ်ရေးဗဟိုချက်က အကြောင်းအရင်းတစ်ခုကြောင့် အကောင်ကြီးကြီး ဖြစ်နေတာ။ သူတို့ဆီ ဝှက်ထားတဲ့ ဝှက်ဖဲဘယ်လောက်ရှိမလဲဆိုတာ ဘယ်သူသိမှာလဲ”

လတ်တလောလေးမှ အဆုံးမဲ့လေဟာနယ်ထဲ ပြန်ရောက်ရှိလာသည့် အသင်္ချေအင်ပါယာကမ္ဘာနှင့် မတူဘဲ သူ့ဂိုဏ်းက ကုန်သွယ်ရေးဗဟိုချက်နှင့် ဆက်သွယ်လာသည်မှာ ခေတ်များစွာကြာမြင့်နေပြီ ဖြစ်၏။ ထို့ကြောင့် သူတို့၏ နက်နဲလှသည့် အုတ်မြစ်နှင့် ဘာတွေလုပ်နိုင်မှန်း အကြမ်းဖျင်း မှန်းဆမိထားသည်။

“ ငါက အကြွင်းမဲ့လို့တော့ မပြောဘူး။ ဒါပေမဲ့ ယုံကြည်ချက်ရှိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ကောင်းပြီလေ” မူလိန်က ဆက်သွယ်ရေးကို အဆုံးသတ်ကာ ကြယ်တာရာသားရဲကမ္ဘာ ချဲ့ထွင်မှုအတွက် ပြင်ဆင်လိုက်သည်။

စကားဝိုင်းက အဆုံးသတ်သွားခဲ့ပြီး ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ သူက လှုပ်ရှားပြီးပြီဖြစ်ရာ စောင့်ဆိုင်းဖို့သာ ကျန်တော့သည်။ ယခု သူက ကိစ္စများကို အမြင့်တင်ဖို့ ဆုံးဖြတ်ထား၏။ သူက သူ လုပ်နိုင်သည့် တခြားတစ်ခုကို တွေးမိသွားသည်။ သူက အသင်္ချေအင်ပါယာကမ္ဘာအပြင်ဘက် ရောက်လာကာ ကမ္ဘာတစ်ခုကို ဖန်တီးလိုက်သည်။

ရုတ်ချည်းဆိုသလို သူက နေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ကျောက်တုံးနှင့် ဦးချိုများရှိသည့် မျက်နှာကြီးကြီး ရှိထားသည့် ဗလာအခန်းအတွင်း ပေါ်ထွက်လာခဲ့သည်။

“အရှင် ယမမင်းကို ဘယ်လိုခေါ်ရမလဲ ”

“ကျောက်တုံး”

“အရှင်ကျောက်တုံး ကျုပ်က မြေကမ္ဘာဧကရာဇ်ဖြစ်ဖို့အတွက် လာခဲ့တာပါ” ဤသည်က ဝမ်ဝေ့၏ အစီအစဉ် ဖြစ်ခဲ့သည်။ လီကျွင်းက အသင်္ချေအင်ပါယာကမ္ဘာ အသိုက်အဝန်း၏ ဝန်ထုပ်ကို သယ်ပိုးထားစဉ် သူက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးအတွက် လုပ်ဆောင်ပေးလိမ့်မည်။

“မင်းက အကျုံးမဝင်ဘူး” ကျောက်တုံး ယမမင်းက ပြောလိုက်၍ ဝမ်ဝေ့က ရှုံ့မဲ့သွားသည်။

“အရှင်ကျောက်တုံး ကျုပ် အရည်အချင်း မပြည့်မှီတဲ့ အကြောင်းအရင်းများ ရှိလို့လား”

“ငါ ပြောလို့ပဲ”

“ ကောင်းပြီလေ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်ကို မငြင်းခင် စစ်ဆေးကြည့်သင့်တယ် မဟုတ်ဘူးလား”

“မင်းက စစ်ဆေးမှုကို အောင်မြင်မယ်ဆိုတာ သံသယမရှိဘူး” ကျောက်တုံး ယမမင်းက ပြောလိုက်သည်။ သူ့အသံက တည်ငြိမ်နေသည်။

“ဒါပေမဲ့ မင်းက အရည်အချင်း မပြည့်မှီသေးဘူး”

“ ခင်ဗျားက ကျုပ်ကို မဖြစ်စေလိုတာအပြင် ကျုပ်က အကြောင်းအရင်းကိုပဲ သိချင်ရုံပါ။ ”

“မင်းက တာအိုနယ်ရှင်တစ်ယောက်မလို့ပဲ”

ဝမ်ဝေ့က ကျိန်ဆဲမိချင်သွားသည်။

“ဒါက ခွဲခြားဆက်ဆံတာပဲ”

“ဟုတ်မှာပေါ့။ ငါတို့ရဲ့ စည်းမျဉ်းအရ တာအိုနယ်ရှင်နဲ့ တာအိုအရှင်အားလုံးကို ငြင်းဖို့ပဲ။ မင်းတို့လူတွေက ရည်မှန်းချက်ကြီးမားမှုရဲ့ ပြယုဂ်ပဲ။ မင်းတို့က ဟာကွက်တွေရှာပြီး သဘောတူညီချက်တွေမှာ ခေါင်းရှောင်ကြတဲ့နေရာမှာလည်း ဆရာတစ်ဆူဆိုတာ ထည့်မပြောရသေးဘူး။ မင်းအခြေအနေက ပိုပြီးတောင် ပြင်းထန်သေးတယ်။ မင်းက စည်းမျဉ်းနဲ့ အမိန့်တွေကို လေးစားမှုမရှိတဲ့ အစစ်အမှန် မိစ္ဆာမလို့ပဲ ”

ဝမ်ဝေ့က ငိုချင်မိလာသည်။ သူက အကောင်းဆုံး အရည်အသွေးများကြောင့် တည့်တိုးအငြင်းခံရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ သူက သက်ပြင်းချလိုက်၏။

“ အရှင်ကျောက်တုံး အခုအထိ ကျုပ်နဲ့ စကားဆက်ပြောနေသေးတာ အကြောင်းအရင်းရှိတယ် ဟုတ်တယ်မလား”

“မင်းက တော်တယ်ဆိုတာ သိတယ်။ ထုတ်ပြနေစရာ မလိုဘူး” ကျောက်တုံး ယမမင်းက ပြောလိုက်သည်။

ဝမ်ဝေ့က ယခုအနေအထားတွင် ပါးစပ်ပိတ်နေခြင်းက အကောင်းဆုံးမှန်း သိလိုက်၍ တိတ်ဆိတ်နေလိုက်သည်။

“ တကယ်လို့ မင်း သိမယ်ဆိုရင် ငါ မင်းကို သက်ရှိလောကဆီ ပြန်ပို့ပြီး တည့်တိုးမငြင်းဆန်သေးတာက အစစ်အမှန်ကောင်းကင်တာအိုက မင်းဆီ ပေးထားတဲ့ ကြမ္မာကြောင့်ပဲ” ကျောက်တုံး ယမမင်းက ပြောလိုက်သည်။

“ငါတို့က သက်ရှိလောကကို ဂရုမစိုက်ပေမဲ့ ငါတို့အလုပ် ပိုလွယ်ကူချောမွေ့ဖို့ ငြိမ်းချမ်းနေတာကို ပိုလိုလားတယ်။ ပြီးတော့ တချို့ခွေးကောင်တွေက ငါတို့ပိုင်နက်ထဲ လုပ်ပိုင်ခွင့်မရှိဘဲ လာကျူးကျော်ရဲကြသေးတယ်”

ဝမ်ဝေ့က ယမမင်း ပြောသည့်လူအား သိလိုက်သော်လည်း ထိုခေါင်းစဉ်အကြောင်း ထုတ်မပြောခဲ့ပေ။ ဤစကားဝိုင်းပေါ် မူတည်၍ သူက အခွင့်အရေး ရှိနေဆဲ ဖြစ်၍ နောက်စကားများကိုသာ သေချာစဉ်းစားပြောဖို့ လိုလေသည်။

“ ကျုပ်က သံသရာအတွက် ရည်မှန်းချက် မရှိပါဘူး။ ကျုပ်က အတင်းကျပ်ဆုံး ကျမ်းသစ္စာကို ကျိန်ဆိုနိုင်ပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ ကျုပ် လိုချင်တာက ကျင့်ကြံရေးကို တိုးမြင့်ဖို့အတွက် ကုသိုလ်ပါပဲ။ ခင်ဗျား သိတဲ့အတိုင်း ကျုပ်ပခုံးပေါ် လေးလံလှတဲ့ ကြမ္မာကြီး ရှိနေပြီး ရောက်လာမဲ့ အရာအတွက် အသက်ရှင်ချင်တယ်”

“ဟင်း …” ယမမင်းက ရေရွတ်လိုက်သည်။

ဝမ်ဝေ့က သူ ထပ်မပြောသင့်တော့ကြောင်း ခံစားမိလိုက်၏။

“ ကျုပ်အင်အားက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးရဲ့ ဝန်ထုပ်ကို တောင့်ခံထားနိုင်ပါတယ်။ ကြီးကျယ်တဲ့ လှည့်ကွက်တွေထဲမှာ ဘာမှမဟုတ်ဘူးဆိုပေမဲ့ အသုံးဝင်နေတုန်းပါပဲ။ ခြင်အသားကလည်း အသားမရှိတာထက် ပိုကောင်းတယ်လို့ ပြောကြတယ် မဟုတ်ဘူးလား”

“ဟင်း ဟုတ်တာပဲ” ယမမင်းက ပြောလိုက်သည်။

“ဒါပေမဲ့ မင်းကို တကယ် သဘောမကျဘူး”

ကျုပ်လည်း အတူတူပဲ …

ဝမ်ဝေ့က ငြီးတွားလိုက်သော်လည်း ဘာမှမပြောခဲ့ပေ။ ယမမင်း မျက်နှာအထက် ဝန်လေးနေသည့် အမူအရာကို မြင်ပြီးသည့်နောက် သူက နောက်ဆုံးတစ်ခု ထပ်ပြောလိုက်သည်။

“ ကျုပ် ထွက်မသွားခင် လူအိုကြီးငရဲကိုလည်း ဖြေရှင်းပေးခဲ့မယ်။ သူက ခင်ဗျားတို့အတွက် ပုရွက်ဆိတ်လို ဖြစ်နေပေမဲ့ မျက်စိစူးစရာ ဖြစ်မယ် ထင်တယ် ”

“မင်း ထပ်မှန်သွားပြီ“ ယမမင်းက ပြောလိုက်သည်။

“ကောင်းပြီ။ မင်းက ငါ့ကို ဖျောင်းဖျနိုင်မှတော့ မြေကမ္ဘာဧကရာဇ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရွေးချယ်ခံ နတ်ဘုရားစာရင်းတော့ ရှိမှာ မဟုတ်ဘူး။ မင်း တစ်ယောက်တည်း အားလုံးကို တာဝန်ယူရမယ် ”

“ကောင်းပါပြီ” ဤသည်က အလုပ်များလှသော်လည်း အကျိုးမြတ်များစွာနှင့် ကုသိုလ်များစွာဟု ဆိုလိုနေခြင်းလည်း ဖြစ်၏။

“စာချုပ် ချုပ်သွား”

ရွှေရင့်ရင့် သားရေ ပုရပိုက်တစ်ခုက ပေါ်ထွက်လာခဲ့သည်။ ဝမ်ဝေ့က စာလုံးတိုင်းကို ဖတ်ပြီး သေချာစစ်ဆေးကြည့်လိုက်သည်။ စာချုပ်က တည့်တိုးဆန်လှပြီး လိုက်နာရမည့် စည်းမျဉ်းများနှင့် ချိုးဖောက်လျှင် ဖြစ်လာမည့် အကျိုးဆက်များကို ဖော်ပြထားသည်။ ဝမ်ဝေ့က အမှားအယွင်း မတွေ့သည့်နောက် စာချုပ် ချုပ်ဆိုခဲ့သည်။

ကျောက်တုံး ယမမင်းက သူ့အား သံသရာခုံရုံးအတွက် ကံကောင်းမှု စုစည်းရေး အသုံးအဆောင်ကို ပေးပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ နေရာမှ ကန်ထုတ်လိုက်တော့သည်။

ထူးဆန်းလိုက်တဲ့ တွေ့ဆုံမှုပဲ …

ဝမ်ဝေ့က ခုံရုံးဆီ ပြန်ရောက်လာပြီးသည့်နောက် တွေးလိုက်သည်။ သူက တိုက်ခိုက်ရတော့မည် ဖြစ်သောကြောင့် သံသရာခုံရုံး၏ ဝန်ထုပ်ကို သယ်ပိုးဖို့ မသင့်တော်သေးပေ။ သူက ရောက်ရှိလာသည့် စစ်ပွဲနှင့် ဧကရာဇ်ကျားဖြင့် ထိပ်တိုက်ရင်ဆိုင်နိုင်ရခြေ ရှိသည့်အချက်ကို အာရုံစိုက်ထားလိုက်သည်။

All Chapters