← Chapters

အဆုံးအစွန်အထိ တွန်းပို့ခြင်း

Vol. 78 Ch. 1090

အဆုံးအစွန်အထိ တွန်းပို့ခြင်း

Vol. 78 Ch. 1090

ဟယ်ရှစ်ယီက အရှက်ခွဲခံရသလို ခံစားမိနေသည်။ သူက ဤပြဿနာများကို ကျော်ဖြတ်လာပြီး အသုံးအဆောင်ပစ္စည်းနှင့် ပေါင်းစည်းကာ မဟာတာအို အရင်းအမြစ် ၆၀ ရာခိုင်နှုန်း သို့မဟုတ် ရှစ်ဆ တိုက်ခိုက်ရေးအဆင့်ကို ရယူဖို့ သူ့အနာဂတ်ကို ဖျက်ဆီးမိခဲ့သော်လည်း သူက ကလေးလိုမျိုး အကြမ်းဖက်ခံနေရသည်။ သူ့စိတ်ထဲ ဒေါသလှိုင်း ထွက်ပေါ်လာသော်လည်း မန္တန်တစ်ခုကို ရွတ်ဖတ်လျက် စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။

သူက စိတ်အေးအေးထားလိုက်မှ ပထမခြေလှမ်းက ဘာမှန်း သိလိုက်ရသည်။

တိုက်ပွဲပညာရပ် အားဖြည့်ခြင်း - ရုပ်ခန္ဓာ

နဂါးပြာ ခွန်အား

ဤအချိန်တိုလေးအတွင်း တွေ့ဆုံပြီးသည့်နောက် ဟယ်ရှစ်ယီသည် တစ်ဖက်လူ၏ ရုပ်ခန္ဓာက မည်မျှအားကောင်းကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက အားဖြည့်မှုများစွာ ပေးနိုင်သည့် နည်းစနစ်နှစ်ခုကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။ ထိုစဉ် ဝမ်ဝေ့က သူ့အစီအစဉ် ကျမှု - မကျမှု တာအိုကို အသုံးပြုကာ သူ့ဝန်းကျင်မှ စည်းမျဉ်းများကို တိတ်တဆိတ် ပြောင်းလဲနေသည်။ သူက မည်သူမှ ဤတိုက်ပွဲအတွင်း ဝင်ရောက်မစွက်ဖက်နိုင်ကြောင်း ပြဋ္ဌာန်းခဲ့သည်။

သူ့ရည်ရွယ်ချက်က ဧကရာဇ်ကျား သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မလာစေရန် သေချာစေဖို့ ဖြစ်၏။ အနည်းဆုံးတော့ ရောက်ရှိလာမည့် ကျူးကျော်သူများကို အာရုံခံမိစေဖို့ ပိုလွယ်ကူစေရန် ဖြစ်သည်။

ဟယ်ရှစ်ယီက နိုးထအသက်ဝင်ခြင်းကို အသက်သွင်းလိုက်ပြီး သူ့ရွှေ-ငွေ ချပ်ဝတ်က ပေါ်ထွက်လာကာ သူ့ပုဆိန်လှံရှည်ကိုပါ ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း ချပ်ဝတ်က နဂါပြား၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့ ပုံများ ရှိနေပြီး ယခင်တစ်ခေါက်နှင့် အနည်းငယ်ကွဲပြားနေဟန်ပေါ်သည်။ ပြောရလျှင် သင်္ကေတလေးသွယ် ဖြစ်၏။

ဆက်တိုက်ဆိုသလို ဝမ်ဝေ့၏ ကံကြမ္မာနန်းဆောင် ဆယ်ခုကလည်း ဝေဟင်အထက် ပေါ်ထွက်လာသည်။

ကမ္ဘာဦးဟွင်သွမ်းကို ခွဲခြမ်းခြင်း

ဟယ်ရှစ်ယီက ဤတိုက်ပွဲကို ခက်ထန်သော ချည်းကပ်မှုကို ရွေးချယ်ခဲ့၍ ချက်ချင်း တိုက်ခိုက်ခဲ့သည်။ သူက ရှုရှစ်နှင့် တိုက်ပွဲမှ အဆင့်မြင့်တင်ထားသည့် နည်းစနစ်ကို အသုံးပြုခဲ့သည်။ ပုဆိန်လှံရှည်က ဝမ်ဝေ့အပေါ် ကျရောက်လာစဉ် သူက လက်တစ်ချောင်းတည်း သုံး၍ ခုခံလိုက်သည်။

“မဖြစ်နိုင်တာ”

“ မင်းလိုအဆင့်မှာ တစ်ယောက်ယောက်အတွက် ကျရှုံးသွားနိုင်ခြေကို သိထားလား။ အဲဒါက အတော်လေးကို သေးငယ်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေကို ထိန်းချုပ်နိုင်သူတစ်ယောက်အတွက် အရေအတွက်က အရေးမကြီးဘူးမလား”

ဝုန်း

ဝမ်ဝေ့က သူ့ကို လက်သီးဖြင့် ထိုးချလိုက်ပြီး အရိုးတချို့ အက်သွားစေသည်။ သူက လက်ကိုမြောက်ကာ ဟယ်ရှစ်ယီ လည်ပင်းနှင့် ဆက်နေသည့် ကြိုးမျှင်ကို ထုတ်ဖော်ကာ ပြန်ဆွဲပြီး ထပ်ကာ ထပ်ကာ ထပ်ထိုးလိုက်သည်။

ကောင်းချီးမင်္ဂလာနဂါး

ဟယ်ရှစ်ယီအပေါ်ရှိ နဂါးပုံရိပ်က စက္ကန့်ပိုင်းမျှ တောက်ပလာခဲ့သည်။ ကံကောင်းမှု သို့မဟုတ် ကောင်းချီးမင်္ဂလာ တာအို အငွေ့အသက်က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ နည်းစနစ်ကို ပယ်ဖျက်စေလိုက်သည်။

တိုက်ပွဲ ဟစ်ကြွေးသံ

ဟယ်ရှစ်ယီက အော်လိုက်သည့်အခါ သူ့အသံတွင် အားလုံး၏ ဝိညာဉ်ထဲရှိ စွမ်းအားကို နိုးထစေနိုင်သည့် ကမ္ဘာဦးမာန်ဟုန် ပါဝင်နေသည်။ သူ့အရှိန်အဝါက သိသိသာသာ တိုးမြင့်လာပြီး အဆုံးမဲ့ခြေလှမ်း ရစ်ပတ်ခြင်း နည်းစနစ်ဖြင့် ရှေ့တိုးသွားလေသည်။ သူ့အရှိန်က အဆုံးမဲ့အဆပေါင်းများစွာ ကျော်လွန်နေပြီး ပုဆိန်လှံရှည်ကို လှံရှည်လိုမျိုး ထိုးစိုက်လိုက်သည်။

ဝမ်ဝေ့က ညာဘက်လက်ကို လှံတစ်ချောင်းသဖွယ် အသုံးပြုကာ ထိုလက်နက်ဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ သူ့ယင်ယန်တာအိုက ထိုတိုက်ကွက်၏ နောက်ကွယ်မှ အင်အားကို ဖယ်ရှားပစ်ခဲ့ပြီး ဟယ်ရှစ်ယီ၏ လက်နက်ကို တွန်းလွှတ်လိုက်သလို ဖြစ်သွားကာ သူ့လက်က ထိုသူ့ရင်ဘတ်အထက် ဦးတည်သွား၏။

ဟယ်ရှစ်ယီက ဘယ်ဘက်လက်ဖြင့် ပုတ်မထုတ်ခင် သူ့ချပ်ဝတ်အထက် မီးတောက်တစ်ခု ပေါ်ထွက်လာကာ ဝမ်ဝေ့၏ လက်ကို နှောင့်နှေးစေလိုက်သည်။ ဝမ်ဝေ့က သူ့ကိုယ်ပိုင်အင်အားသည် သူ့ဆီ ပြန်ရောက်လာကြေကာင်း ခံစားမိလိုက်၍ ဤတိုက်ပွဲနည်းစနစ်၏ ပါးနပ်မှုကို တိတ်တဆိတ် ချီးကျူးမိသွားသည်။ ဟယ်ရှစ်ယီအတွက် နှမြောဖို့ကောင်းသည်က ဝမ်ဝေ့သည် အစွမ်း သို့မဟုတ် အင်အား ထိန်းချုပ်ရာ၌ ဆရာတစ်ဆူထက်ပင် ကျော်လွန်နေပြီ ဖြစ်၏။

ဝုန်း

ဟယ်ရှစ်ယီ၏ ဘယ်ဘက်က ပေါက်ကွဲထွက်သွားသော်လည်း ရုတ်တရက်ဆိုသလို သွေးနှင့် ချီအားလုံးကို စုပ်ယူလိုက်၍ သူ့အရှိန်အဝါက ထပ်မံ တိုးမြင့်လာပြန်သည်။

ဒါက အင်အားတိုးမြင့်ဖို့ ကိုယ့်ဘာသာ စတေးရေးနည်းစနစ်မျိုးလား ….

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

တိုက်ပွဲနတ်ဘုရား အော်သံ

ဟယ်ရှစ်ယီက ပါးစပ်ဟကာ အော်လိုက်ပြီး ကောင်းကင်အလိုဆန္ဒကမ္ဘာရာချီကိုပင် ကြေမွသွားစေနိုင်သည့် အသံလှိုင်းကို ထုတ်လွှင့်လာသည်။

ကံကြမ္မာ အော်သံ

ဝမ်ဝေ့က ကံကြမ္မာအော်သံကို အသုံးပြုလိုက်၍ ရလဒ်အနေနှင့် ဟယ်ရှစ်ယီ၏’ ခန္ဓာကိုယ်က သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားသည်။ နှမြောစရာကောင်းလှစွာဖြင့် အဝေးတစ်နေရာတွင် မီးတောက်တစ်ခု ပေါ်ထွက်လာကာ သူက အကောင်းတိုင်း ပြန်လည်ပေါ်လာ၏။

သူ့တာအိုက တိုက်ပွဲ မဟုတ်တော့ဘဲနဲ့ သင်္ကေတလေးသွယ် ပေါင်းစည်းမှု ဖြစ်သွားပြီပဲ …

သင်္ကေတလေးသွယ် အစီအရင်များ

သတ္တဝါလေးကောင်၏ ပုံရိပ်က ဟယ်ရှစ်ယီနောက်တွင် ပေါ်ထွက်လာပြီး ပတ်ပတ်လည်ဝိုင်းပြီးနောက် သူနှင့် ပေါင်းစည်းသွားသည်။

အရပ်လေးမျက်နှာ အပြောင်းအလဲရိုက်ချက်

ပုဆိန်လှံရှည် ချည်းကပ်လာသည်နှင့် ဝမ်ဝေ့က သူ့အာရုံသည် ထွေပြားလာပြီး မြောက်သည် အရှေ့ ဖြစ်သွားကာ တောင်ဘက်သည် အနောက် ဖြစ်သွားသလို အထက်က ဘေးဘက် အစရှိသဖြင့် ဖြစ်သွားလေသည်။ ထိုအခိုက်အတန့်တွင် သူက အရပ်မျက်နှာ ဆိုးရွားသူ ဖြစ်လာခဲ့၏။ ပို၍ အရေးကြီးသည်ကား ဤအပြောင်းအလဲသည် သူ့ပုံမှန်အာရုံအပေါ်သာ သက်ရောက်ခြင်း မဟုတ်ဘဲ အံ့ဖွယ်အသိစိတ်နှင့် တခြားအာရုံခံစားရေး နည်းစနစ်များအထိ အတူတူ ဖြစ်၏။

ဝှစ်

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ထိုနည်းစနစ်ကို ရှောင်ရှားလိုက်သည်။

သူက ဘယ်လိုလုပ်လိုက်တာလဲ …

သူက ယင်ယန်နည်းစနစ်ဖြင့် သူ့ဆုံရှုံးလိုက်ရတဲ့ အာရုံကို ပြန်ယူခဲ့တာလား ဒါမှမဟုတ် ကံကောင်းမှုကို အသုံးပြုပြီး ရှောင်ရှားခဲ့တာလား ဒါမှမဟုတ် သူ့ဘိုးဘေးရဲ့ ရှောင်ရှားရေးနည်းစနစ်ကို သုံးခဲ့တာလား …

ထိုအရာတွေ တစ်ခုမှ မဟုတ်ပေ။ သူက ခန္ဓာကိုယ်ပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းကြောင့် ဤမူမမှန်မူကို နာနိုစက္ကန့်ပိုင်းလေးအတွင်း နေသားကျသွားခြင်း ဖြစ်၏။ တခြားနည်းဖြင့်ပြောရလျှင် ထိုအရာက သူ့အတွက် ပုံမှန် ဖြစ်လာခဲ့သည်။

မကောင်းဆိုးဝါးကောင် …

ဟယ်ရှစ်ယီက အံ့ကြိတ်ကာ တွေးလိုက်သည်။

ဝမ်ဝေ့က လက်နှစ်ချောင်းကို ဝှေ့ကာ တစ်ဖက်လူကို သတ်ဖို့ ဘဝ လွတ်လပ်မှုအပျက်သဘော နည်းစနစ်ကို ထုတ်သုံးလိုက်သည်။ ထိုစဉ် သူက ဆော့ကစားနေခြင်းဟု မှတ်ယူနိုင်သည်။ သူ့လွတ်လပ်ခွင့်တာအိုကို အသုံးပြုခြင်းထက် သေခြင်းရှင်ခြင်းတာအိုကို အသုံးပြုခြင်းက ပိုမိုထိရောက်နိုင်သည်။

ဟယ်ရှစ်ယီက အက်တမ်အဆင့်အထိ မဟုတ်သော်လည်း ပြိုကွဲသွားလေသည်။ သို့သော် သဘောတရား အဆင့်အရ ဖြစ်၏။ စက္ကန့်ကြာမြင့်ပြီးသည့်နောက် လိပ်နက်ပုံရိပ်က ပေါ်ထွက်လာပြီး ဟယ်ရှစ်ယီက ထိုနေရာကို အစားထိုးကာ ပေါ်လာသည်။

သင်္ကေတလေးသွယ်အရ ဇာမဏီက ပြန်လည်မွေးဖွားခြင်း၊ လိပ်နက်က ခုခံမှုကို ကိုယ်စားပြုတာ …

ဝမ်ဝေ့က တွေးလိုက်သည်။

ငါက သူ့ကန့်သတ်ချက်အထိ တွန်းပို့နိုင်အောင် လေးကြိမ် သတ်ရမှာလား

ဤသို့ပုံစံပေါ်နေသော်လည်း သူက ဆော့ကစားနေခြင်း မဟုတ်ဘဲ သတိကြီးကြီးထားထားခဲ့သည်။ ဤတိုက်ပွဲကို ပြင်ဆင်ဖို့အတွက် သူက ဧကရာဇ်ကျားသည် ပေါ်ထွက်လာပြီး လူအိုကြီးငရဲနှင့် ပူးပေါင်းကာ အသူရာချောက်နက်ထဲမှ သက်ရှိများကို လွတ်ပေးလိုက်ခြင်းအထိ ဇာတ်ကြောင်းများစွာကို စဉ်းစားထားခဲ့သည်။

ဟယ်ရှစ်ယီက နောက်ထပ် အားဖြည့်ရေးနည်းစနစ်ကို ထုတ်သုံးလိုက်သည်။

ကျားဖြူ ဟိန်းသံ

သူက ခန္ဓာကိုယ်အနှံ့ မီးခိုးရောင်အစက်အပြောက်များ ပေါ်ထွက်လာသည်ကို ခံစားမိလိုက်သည်။ ထိုအရာက သူ့ခန္ဓာကိုယ်သည် အသုံးအဆောင်မှ စွမ်းအားကို တောင့်မခံနိုင်ကြောင်း ညွှန်ပြနေခြင်း ဖြစ်၏။ သို့သော် သူက ဂရုမစိုက်ပေ။ သူ့စိတ်ထဲ ရည်မှန်းချက် ချထားပြီးသား ဖြစ်၏။

မဟာတာအို အရင်းအမြစ် ၆၇ ရာခိုင်နှူန်း … ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ပြိုလဲနေပြီ …

ဝမ်ဝေ့က တွေးလိုက်သည်။

ရောက်တော့မယ်

ဟယ်ရှစ်ယီက ရှေ့တိုးဝင်လာပြီး အချိန်တိုက်ကွက်တစ်ခု ထုတ်သုံးလာသည်။ သင်္ကေတလေးသွယ်က ရာသီဥတုလေးခုကို ကိုယ်စားပြုပြီး သူတို့၏ လည်ပတ်မှုက အချိန်ကုန်ဆုံးမှုကို ပြသနေသည်။ ဟို့ဖုန်းဟွမ်သည်လည်း ဤနည်းစနစ်နှင့် တူညီသည့်အရာမျိုးကို သုံးခဲ့ဖူး၏။

“အချိန်တာအို ဆရာတစ်ဆူဆီမှာ အချိန်နည်းစနစ် လာသုံးနေတာလား။ အခု မင်းရဲ့ နည်းစနစ်အသစ်က မင်းကို လွှမ်းမိုးသွားပြီး တိုက်ပွဲဉာဏ်ရည် ကျသွားစေတဲ့ပုံပဲ” ဝမ်ဝေ့က ပုဆိန်လှံရှည်ဆီမှ အချိန်ပြောင်းနေမှုကို လျစ်လျူရှုထားပြီး ဟယ်ရှစ်ယီ၏ ဦးခေါင်းကို ဆွဲကိုင်ကာ ပြောလိုက်သည်။ သူက သေခြင်းရှင်ခြင်းတာအိုဖြင့် သူ့ခန္ဓာကိုယ်မှ အသက်ဓာတ် အယူအဆကို စုပ်ယူပစ်ခဲ့သည်။ ဟယ်ရှစ်ယီက ချက်ချင်းဆိုသလို မံမီတစ်ကောင်လို ခြောက်သွေ့လာပြီး ခန္ဓာကိုယ်က သဲမှုန့်လို ကြေမွသွားသည်။

နဂါးပြာပုံရိပ် ပေါ်ထွက်လာပြီး ဟယ်ရှစ်ယီ၏ ခန္ဓာကိုယ် ပြန်လည်ပေါ်လာသည်။ သို့သော်လည်း သူက အကောင်းတိုင်း မဟုတ်တော့ဘဲ သူ့ဘယ်မျက်လုံးက ကျောက်တုံး သို့မဟုတ် ရုပ်တုကဲ့သို့ မီးခိုးရောင် ပြောင်းနေသည်။

နဂါးပြာရဲ့ အသက်ဓာတ် …

ဝမ်ဝေ့က တွေးလိုက်ပြီး သင်္ကေတလေးသွယ်အပေါ် နားလည်နိုင်စွမ်းကို အသုံးပြုကာ တစ်ဖက်လူ၏ နည်းစနစ်ကို သုံးသပ်နေသည်။

နောက်ဆုံးတစ်ခုက ကျားဖြူရဲ့ ကာကွယ်မှုပဲ …

ဟယ်ရှစ်ယီက နောက်ထပ်အားဖြည့်မှုဖြစ်သည့် လိပ်နက် သက်လုံကို ထုတ်သုံးလိုက်သည်။

ဝမ်ဝေ့က ဟယ်ရှစ်ယီ၏ စွမ်းအားသည် မဟာတာအိုအရင်းအမြစ် ၆၈ ရာခိုင်နှုန်းအထိ ရောက်လာသည်ကို ခံစားမိလိုက်ကာ တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် သူက အဖြစ်အပျက်ကို မြင်တွေ့နိုင်ရန် မြန်မြန် သေစေလိုသည်။

ကံကြမ္မာအကျဉ်းထောင်

ဟယ်ရှစ်ယီက သူသည် ငွေရောင်ကြိုးမျှင်များဖြင့် ပြုလုပ်ထားသည့် လှောင်ချိုင့်တစ်ခုအတွင်း ပိတ်မိနေသည်ကို သတိထားမိခဲ့သည်။ သူ့အလိုလိုသိစိတ် အသက်ဝင်လာခဲ့ပြီး မည်သည့်နည်းလမ်းကိုမဆို ထုတ်သုံးချင်လာသည်။ သို့သော်လည်း ဤနေရာတွင် သူ့လှုပ်ရှားမှုအားလုံးကို ခန့်မှန်းထားပြီးသားဟု ရုတ်ချည်း ခံစားလိုက်ရ၏။

မဟုတ်သေးဘူး … သူ့လှုပ်ရှားမှုတင် မကဘဲ အရာအားလုံးကို ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်၏။

သူ့မွေးဖွားမှု၊ မိဘများ၊ ကိုယ်ရည်ကိုယ်သွေး၊ အတွေ့အကြုံ၊ မှတ်ဉာဏ်များ၊ အတွေးအခေါ်၊ ရွေးချယ်မှု၊ အနာဂတ်၊ ဖြစ်နိုင်ခြေအားလုံး - သူ့တည်ရှိမှုကို ဖြစ်စေသည့် အရာအားလုံးကို ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ ထိုအချက်က သူ့စိတ်ကို ပျက်ပြားသွားစေသည်။

ကြည့်ရှုစောင့်ရှောက်မှု၊ ရှောင်လွဲမရမှု၊ ရွေးချယ်စရာ ကင်းမဲ့မှု၊ လွတ်လပ်မှုနှင့် လွတ်လပ်ခွင့် မရရှိမှုတို့က သူ့စိတ်ကို လွှမ်းမိုးသွားခဲ့သည်။ သူက သွားချင်သော်လည်း မလှုပ်နိုင်ပေ။ ထို့နောက် သူက ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဖောက်ခွဲကာ သတ်သေခဲ့သည်။

ထို့နောက် ဝမ်ဝေ့ ထင်ထားသည့်အတိုင်း ကျားဖြူ၏ စိတ်ဝိညာဉ်က သူ့အား နောက်ဆုံးတစ်ကြိမ် အသက်ပြန်ရှင်လာစေခဲ့သည်။

ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ဖျက်ဆီးခြင်းတာအိုဖြင့် ထိုအသစ် ဟယ်ရှစ်ယီကို ချက်ချင်း သုတ်သင်ပစ်လိုက်သည်။ သူ့အင်အားက ယခုအခါ ဝမ်ဝေ့ (၆၉%) နှင့် ယှဉ်နိုင်နေပြီဖြစ်သော်လည်း အသေးစား ကွာဟချက်ရှိနေဆဲ ဖြစ်၏။

ဟယ်ရှစ်ယီက အနီ၊ အပြာ၊ အနက်နှင့် အဖြူရောင် ပါရှိသည့် အားကောင်းသော ဒိုင်းကာကို ထုတ်လွှင့်ကာ ဖျက်ဆီးခြင်းလက်ဝါးကို ငါးစက္ကန့်မျှ တောင့်ခံထားခဲ့သည်။ ထို့နောက် ထိုအရာက ပျက်စီးကာ သူ့ကို သုတ်သင်သွား၏။

ထိုစဉ် ဝမ်ဝေ့က သတိကြီးကြီးထားထားပြီး အပြောင်းအလဲကို စောင့်ဆိုင်းနေသည်။ အကယ်၍ ဧကရာဇ်ကျား သို့မဟုတ် တခြားတစ်ယောက်ယောက် ဝင်စွက်ဖက်လိုပါက ယခုအချိန် ဖြစ်လိမ့်မည်။

သူ ထင်ထားသည့်အတိုင်း သူ့ရှေ့တွင် သင်္ကေတလေးသွယ် ကြေးမုံမှ အသက်လေးသက်လုံး သုံးစွဲထားပြီးသော ဟယ်ရှစ်ယီက ထပ်မံ ပေါ်ထွက်လာခဲ့သည်။ ယခင် သူ့ခန္ဓာကိုယ်ထဲ မီးခိုးရောင် ပြောင်းလဲသွားပြီဖြစ်သည့် မျက်လုံးကပင် အကောင်းအတိုင်း ရှိနေလေသည်။ ပို၍ အရေးကြီးသည်ကား သူ့အရှိန်အဝါသည် ယခုအခါ ခက်ထန်ခြင်း လျော့နည်းသွားပြီး ငြိမ်းချမ်းနေသည်။

ဝမ်ဝေ့က မျက်မှောင်ကျုံ့လိုက်၏။

“ဒါက … ”

All Chapters