ထင်မှတ်မထားသည့် အမှန်တရား
Vol. 78 Ch. 1091
ဒါက ထူးကဲပြီး ခြိမ်းခြောက်နိုင်တဲ့ အဆောင်တစ်ခုပဲ …
ဝမ်ဝေ့က တွေးလိုက်သည်။
သူက အသုံးအဆောင်ပစ္စည်းနဲ့ ပေါင်းစည်းလိုက်တဲ့ ဆိုးကျိုးအားလုံးကို ပယ်ဖျက်လိုက်ပြီးတော့ သူ့အင်အားကို ထိန်းထားနိုင်ခဲ့တာပဲ …
ပိုအရေးကြီးတာက ငါက ဒီအဆောင်ပေါ်က သင်္ကေတတွေကို မမှတ်မိဘူး …
ဟယ်ရှစ်ယီက တည်ငြိမ်လာပြီး စိတ်ထိန်းနိုင်သွားသည်။ သူက ခန္ဓာကိုယ် ပြိုလဲသွားမည်ကို ခတ္တမျှ စိုးရိမ်စရာ မလိုတော့ပေ။ သူ့ဘိုးဘေး ဧကရာဇ်ကျားက သူ့အတွက် ထွက်လမ်း ချန်ထားပေးသည့်အတွက် ကျေးဇူးတင်ရမည် ဖြစ်၏။ သို့သော် ဤသည်က သူ့အတွက် နောက်ဆုံး အခွင့်အရေး ဖြစ်သည်။
သို့သော်လည်း တစ်ဖက်လူနှင့် အင်အားချင်းတူနေလျှင်ပင် တိုက်ခိုက်ရေး ဉာဏ်ရည်၊ အတွေ့အကြုံ၊ တာအို စွယ်စုံအသုံးပြုမှုတို့၏ ကွာခြားချက်များကြောင့် တိုက်ပွဲကို အနိုင်ရဖို့ရာ မဖြစ်နိုင်လုနီးပါး ဖြစ်ကြောင်း သိထားသည်။ မဟာတာအို အားဖြည့်မှုများက ယခုအခါ အသုံးမဝင်တော့သည့်အတွက် ဤတိုက်ပွဲကို အနိုင်ရဖို့ နည်းဗျူဟာအသစ် လိုအပ်လာသည်။
ဟယ်ရှစ်ယီနောက်တွင် လူခြောက်ယောက် ပေါ်ထွက်လာပြီး အမျိုးသားရော၊ အမျိုးသမီးပါ ပါရှိသည်။ တစ်ယောက်ချင်းစီက ကွဲပြားသည့် လက်နက်များကို ကိုင်ဆွဲထားပြီး မျက်လုံးသေများ ရှိနေကာ ဟယ်ရှစ်ယီ၏ ယခင် ဖရိုဖရဲအငွေ့အသက်နှင့် တူညီသည့် အငွေ့အသက်မျိုးကို ထုတ်လွှင့်နေကြသည်။
“လက်နက်ကျွန်တွေပဲ” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သူက ထိုအရာများသည် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ တကယ့်အုတ်မြစ် ဖြစ်ကြောင်း ကြားထားဖူးသည်။ ထိုလူများထဲမှ သုံးယောက်က ကြာကြာရှိမနေဘဲ အလင်းပျောက်အဖြစ် ပြောင်းသွားပြီး ကျန်သုံးယောက်ထံ ပေါင်းစည်းသွားပြီး အရှိန်အဝါ မြင့်တက်လာသည်။
ဟယ်ရှစ်ယီ၏ အပေါ်ဘက်တွင် သတ္တဝါလေးကောင် ပေါ်ထွက်လာပြီး လက်နက်ကျွန်သုံးယောက်က သူတို့နှင့် ဆက်သွယ်ထားသည့် အစီအရင်တစ်ခု ခင်းကျင်းလိုက်ကြသည်။ ထိုအားဖြည့်မှုဖြင့် ဟယ်ရှစ်ယီ၏ စွမ်းအားက ဝမ်ဝေ့လိုမျိုး ၆၉.၉၉၉ ရာခိုင်နှုန်း ရောက်မလာသေသာ်လည်း လက်နက်ကျွန်များက ယာယီ ၆၉ ရာခိုင်နှုန်းအထိ ရောက်လာသည်။ သူ့အစီအစဉ်က အရေအတွက်အရ အားသာချက် ရှိလာစေဖို့ ဖြစ်၏။
“သွားကြ“ ဟယ်ရှစ်ယီက အမိန့်ပေးလိုက်စဉ် ကျန်လူများက ရှေ့တက်လာကြသည်။ လက်နက်(၁)က ကြာပွတ်နှင့် တူသည့် လက်နက်ကို အဆုံးတွင် ဓားပြားများ ချိတ်ဆွဲလျက် သုံးထားသည်။ သူက လက်နက်ကို ဝှေ့ယမ်းလိုက်ရင်း ဝမ်ဝေ့၏ ခြေထောက်ကို ပစ်မှတ်ထားနေသည်။
လက်နက်(၂)က လက်နှစ်ဖက်ကို ပစ်မှတ်ထားဖို့ ရွှေစက်ကွင်းပျံကို ထိန်းချုပ်နေစဉ် လက်နက်(၃)က သူ့လွတ်လမ်းကို ပိတ်ဆို့ဖို့ ဓားချက်များ အသုံးပြုနေသည်။ ထိုစဉ် ဟယ်ရှစ်ယီက ရုတ်တရက် ပျောက်ကွယ်သွား၏။
ဝမ်ဝေ့က ထိုတိုက်ကွက်များကို အေးဆေးစွာ ကြည့်နေပြီး လေဟာနယ်က ပိတ်ဆို့ခံထားရကြောင်း သတိပြုမိလိုက်သည်။ သူတို့က သူ့ဒေသံ(အာကာပြင်) တာအိုကို ပစ်မှတ်ထားနေပြီး သူ့အား ရှောင်ရှားစေခြင်း သို့မဟုတ် ထိုတိုက်ကွက်များကို ခုခံခြင်းတို့ လုပ်ဖို့ အတင်းကျပ်ဖိအားပေးနေသည်။ ထိုလူများက အကောင်းဆုံး အားစိုက်ထုတ်ထားခဲ့သော်လည်း သူက တည်နေရာမှ ကူးသန်းသွားလာနိုင်ဆဲ ဖြစ်၏။
သူက သူ ဝမ်ကျူကို သင်ပေးခဲ့ဖူးသည့် သူ့ကိုယ်သူ မျဉ်းကြောင်းနှင့် အမှတ်များဖြင့် ပြုလုပ်ထားသည့် သက်ရှိများ ပြည့်နှက်နေသည့် 2D ကမ္ဘာထဲ ဝင်လိုက်ပြီးနောက် 3D ကမ္ဘာထဲ ပြန်လည်တက်လှမ်းလာခဲ့သည်။ ဤထူးကဲလှသည့် လက်တွေ့အသုံးပြုမှုက ထိုလူများ၏ ကြိုးပမ်းမှုများကို အသုံးမဝင်ဖြစ်သွားစေသည်။
ဝမ်ဝေ့က ပေါ်ထွက်လာသည်နှင့် လက်နက်(၃)ကို သေမျိုးအနှောင်အဖွဲ့မှ ရှင်းထုတ်ပစ်တော့မည် ဖြစ်၏။ သို့သော် သူက တစ်စုံတစ်ခုကို ခံစားမိခဲ့ပြီး ခန္ဓာကိုယ်က တိုက်ပွဲထဲမှ ထွက်ခွာသွား၏။ လေဟာနယ်ထဲမှ ပုဆိန်လှံရှည်တစ်ချောင်းက ကြက်သီးထဖွယ် အရှိန်အဝါတို့ကို ထုတ်လွင့်လာသည်။
တိုက်စားမှုလား …သူက အဲဒီပစ္စည်းနဲ့ ငါ့တာအိုကို ယိုယွင်းသွားစေချင်တာလား
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါက အရေးမကြီးသေးဘူး … ငါ နောက်ဆုံးအချိန်မတိုင်ခင်အထိ သူ့တည်ရှိမှုကို သတိမထားမိခဲ့ဘူး။ သူ ဘယ်လိုနည်းလမ်းကို သုံးခဲ့တာလဲ … အဲဒီထူးထူးဆန်းဆန်း သင်္ကေတတွေလား
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို သုံးပိုင်းခွဲကာ ကိုယ်ပွားသုံးယောက် ဖန်တီးလိုက်သည်။ တစ်ယောက်ကို ယင်ကို ကိုယ်စားပြုပြီး ကျန်တစ်ယောက်က ယန်ကို ကိုယ်စားပြုစဉ် နောက်ဆုံးတစ်ယောက်က ယင်နှင့် ယန်ကြားမှ ပြောင်းလဲမှုကို ကိုယ်စားပြုသည်။ သုံးယောက်လုံးတွင် သူ့စွမ်းအားအပြည့် ပါဝင်နေကြပြီး သူတို့၏ ပစ်မှတ်များက လက်နက်ကျွန်များ ဖြစ်၏။
သို့သော် ဟယ်ရှစ်ယီ သုံးယောက်က ရုတ်ချည်း ထွက်ပေါ်လာကာ သူ့ကိုယ်ပွားများကို ပိတ်ဆို့တားဆီးထားသည်။
ဒါက အဆုံးမဲ့အေးခဲခြင်းကမ္ဘာက အတုအယောင် ထာဝရဧကရာဇ်သုံးတဲ့ အထွတ်အထိတ် စိတ်ဝိညာဉ်သဏ္ဍာန်ချီပဲ …
ကုန်သွယ်ရေးဗဟိုချက်က သူ့ကို ထောက်ပံ့ပေးထားတာလား
သူက ဤအကြောင်း သတင်းမရခဲ့သည့်အတွက် ထိုလူများသည် သူ ထင်ထားသလို အသုံးမဝင်ခြင်း မဟုတ်ကြောင်း သိသွားခဲ့သည်။ ထို့နောက် သူက ကုန်သွယ်ရေးဗဟိုချက်တွင် ဤသို့ ထူးကဲချီမျှင် နှစ်ခု ရှိနေသည့်အတွက် အခြေခံအုတ်မြစ် နက်နဲမှုကို နားလည်သွားခဲ့၏။
ကိုယ်ပွားများက အလုပ်ရှုပ်နေစဉ် လက်နက်ကျွန်များက အတူတကွ ရှေ့တက်လာပြီး အကြွင်းမဲ့လက်နက်သဏ္ဍာန်ပြခြင်း နည်းစနစ်ကို ထုတ်သုံးလာသည်။ သူတို့၏ လက်နက်များမှ အဝါရောင်စွမ်းအင် သံကြိုး ဖြစ်လာစေသည့် အရှိန်အဝါတစ်ခု ထုတ်လွှင့်လာသည်။
ဝှစ်
ဝမ်ဝေ့က သံကြိုးကို ရှောင်လိုက်သော်လည်း စိတ်တိုစရာကောင်းလှစွာ ထိုအရာက သူ့နောက်မှ လိုက်ပါလာခဲ့သည်။ ထို့ကြောင့် သူက ဆက်မလှုပ်ရှားတော့ဘဲ သံကြိုးအား သူ့ခန္ဓာကိုယ်သည် မတည်ရှိသကဲ့သို့ ထိုးဖောက်ဝင်ရောက်ခွင့်ပြုလိုက်သည်။ ဝမ်ဝေ့က လက်နက်များထံ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းကာ ပြေးဝင်သွားလိုက်သည်။
သံကြိုးက သူ့အား တားဆီးဖို့ ကြိုးစားသော်လည်း မည်သို့ပင်ဆိုစေကာမူ သူ့ကို မထိတွေ့နိုင်ပေ။ သူတို့က ယင်နှင့်ယန်သဖွယ် ကွဲပြားသည့် ဒိုင်မေးရှင်းအတွင်း ရှိနေသလိုမျိုး ဒါမှမဟုတ် မထိတွေ့နိုင်သလိုမျိုး ဖြစ်နေ၏။ ပြောရလျှင် သူက ထိုအရာ၏ ထိတွေ့မှု အနှောင်အဖွဲ့မှ လွတ်မြောက်သွားသလိုမျိုးဖြစ်၏။
ဘန်း
ဟယ်ရှစ်ယီ၏ ပုဆိန်လှံရှည်က သူ့ကို တားဖို့ တစ်နေရာမှ ပေါ်ထွက်လာသည်။
“မိပြီ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
ဟယ်ရှစ်ယီ၏ ခန္ဓာကိုယ်က ထိတ်လန့်နေသည့် အမူအရာဖြင့် လေဟာနယ်ထဲမှ ပေါ်ထွက်လာသည်။ သူ့အင်အားက နဂို မဟာတာအိုအရင်းအမြစ် ၂၅ ရာခိုင်နှုန်းသို့ ပြန်ရောက်သွားပြီး အားဖြည့်မှုကို မလုပ်ဆောင်နိုင်တော့ပေ။ သူက အရာအားလုံကို ကြိုးစားခဲ့သော်လည်း အားဖြည့်မှုရမည့်အစား ပိတ်ချလိုက်သလို ဖြစ်သွားလေသည်။ သူက ချက်ချင်းဆိုသလို အဖြစ်အပျက်ကို နားလည်သွား၏။
တာအိုအမှတ်အသား တိုက်ခိုက်မှုပဲ … သူက ငါ့တာအိုအမှတ်အသားကို နှောင့်ယှက်ပြီး ငါ့ကို မဟာတာအိုအရင်းအမြစ် အားဖြည့်မှု မရအောင် တားထားတာ …
သူက ဒေါသဖြင့် အံ့ကြိတ်ကာ တွေးလိုက်သည်။ သူက ဤသို့ပြောင်မြောက်လှသည့် အကြံမျိုး ဘာကြောင့်မတွေးခဲ့မိတာလဲ နားမလည်ပေ။ သူက ဤသည်မှာ အောင်မြင်အောင် လုပ်ဖို့ လွယ်ကူသည့်အရာ မဟုတ်ကြောင်း နားလည်ထား၏။ လူတစ်ယောက်၏ တာအိုအမှတ်အသားကို ရှာတွေ့ဖို့က အင်မတန် ခက်ခဲနေပြီဖြစ်ရာ သူတို့အသက်ရှင်နေစဉ်အတွင်း လုပ်ဆောင်ဖို့ အဆထောင်ချီ ပိုခက်ခဲသည်။ မည်သို့ပင်ဆိုစေကာမူ ဟယ်ရှစ်ယီက ထိုအရာကို အရင်စဉ်းစားမိပြီး လုပ်ဆောင်နိုင်လိမ့်မည်ဟု ခံစားနေရသည်။
သူက ဝမ်ဝေ့၏ လက်သီးချက် သူ့ခေါင်းဆီ ချိန်ရွယ်နေသည်ကို ကြည့်နေလိုက်သည်။ သူက ထိုတိုက်ကွက်ဖြင့် အသက်မရှင်နိုင်တော့မှန်း သိထား၍ ဉာဏ်ရှိသည့် အပြုအမူကို ပြုလုပ်ခဲ့သည်။
သူက လက်နက်(၁)နှင့် နေရာလဲဖို့ တိုက်ပွဲနည်းစနစ်ကို ထုတ်သုံးလိုက်သည်။ သို့သော် ထိုသူက သူ့အပြုအမူများကို မှန်းဆထားပြီးသား ဖြစ်ဟန်ပေါ်၏။ သူ့လက်သီး ကျရောက်လာသည်နှင့် ကံတာအိုကို အသုံးပြုကာ လက်နက်ကျွန်သုံးယောက်နှင့် ဆက်နွယ်နေသည့် ကံကြိုးမျှင်များကို ဆင့်ခေါ်ခဲ့သည်။ သူက နဂါးရာသီခွင့် လက်သီးချက်ကို တခြားနှစ်ယောက်ဆီ လွဲပြောင်းခဲ့ပြီး ချက်ချင်း သတ်ပစ်လိုက်သည်။
ဟမ် … သူတို့သေသွားရင် လက်နက်တွေပါ ပျက်သုန်းသွားတာလား။ သူတို့က လက်နက်ကျွန်နာမည်နဲ့ ထိုက်တန်သား
ဝမ်ဝေ့က တွေးလိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ကိုယ်ပွားများက ဟယ်ရှစ်ယီ၏ စိတ်ဝိညာဉ်သဏ္ဍာန်များနှင့် ရင်ဆိုင်ရင်း သတ်သေသွားခဲ့ကြသည်။ ဝမ်ဝေ့က တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။ သူက ထိုသူ့တွင် နောက်ထပ်ကိုယ်ပွားသုံးယောက် ထပ်ရှိထားမှန်း သိထား၏။ သူတို့ကို ဖွဲ့စည်းဖို့အတွက် အချိန်နှင့် အရင်းအမြစ်များ လိုအပ်လိမ့်မည်။
ဟယ်ရှစ်ယီက တိုက်ခိုက်ရေး ဉာဏ်ရည် ထူးချွန်သူတစ်ဦး ဖြစ်၏။ ထို့ကြောညင့် သူသည် ဝမ်ဝေ့၏ နည်းစနစ်ကို မည်သို့ဖြေရှင်းရမှန်း ချက်ချင်း သိလိုက်၏။ သူက တာအိုအမှတ်အသားကို ရွေ့လျားကာ ရှာတွေ့ခံရခြင်းမှ ကာကွယ်ဖို့ မဟာတာအိုအရင်းအမြစ်အတွင်း နေရာကို ဆက်တိုက် ပြောင်းလဲခဲ့သည်။
ဟယ်ရှစ်ယီက အထွတ်အထိတ် စိတ်ဝိညာဉ်သဏ္ဍာန် ချီကို အသုံးပြုကာ ကျန်ရှိနေသည့် ကိုယ်ပွားသုံးခုကို ဆင့်ခေါ်လိုက်သည်။ အရေအတွက်ဖြင့်သာ သူ့အစီအစဉ်က အောင်မြင်ဖို့ အခွင့်အရေးရလာပြီး နောက်ဆုံး အနိုင်ရရှိသူ ဖြစ်လာမည် ဖြစ်သည်။
လွတ်လပ်ခွင့် ကောင်းချီး
ဝမ်ဝေ့က သူ့လွတ်လပ်ခွင့်တာအိုကို အသုံးပြုပြီး ထိုကိုယ်ပွားများအား လွတ်လပ်ခွင့် ပေးလိုက်ပြီး ပင်မခန္ဓာကိုယ်နှင့် ဆန့်ကျင်ဖို့ ဖိအားပေးလိုက်သည်။ ဟယ်ရှစ်ယီက ထိုအပြောင်းအလဲ သတိထားမိကာ မျက်နှာပျက်သွားလေသည်။ သူ့အတွက် ကံကောင်းသွားသည်က အထွတ်အထိပ် စိတ်ဝိညာဉ်သဏ္ဍာန်ချီသည် အကြောင်းအရင်းတစ်ခုကြောင့် ထိုနာမည်ရရှိထားခြင်း ဖြစ်၏။ ထိုနည်းစနစ်ကို ခုခံဖို့ အက်တိုစက္ကန့်ပိုင်းမျှသာ အချိန်ဆွဲနိုင်ခဲ့သည်။
ဟယ်ရှစ်ယီက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ကိုယ်ပွားများကို ဖောက်ခွဲပစ်လိုက်ပြီး ထိုပေါက်ကွဲမှုမှ စွမ်းအားကို ထိန်းချုပ့်ကာ ဝမ်ဝေ့ထံ တိုက်ကွက်အနေနှင့် ပြန်လည် အသုံးပြုခဲ့သည်။
ဝမ်ဝေ့က စကြဝဠာအဖွဲ့အစည်းတစ်ခုလုံး ပါဝင်နေသည့် ကြည်လင်ထိုးဖောက်မြင်နေရသော ကုဗတုံးတစ်ခုကို ဖန်တီးခဲ့သည်။ ထိုကုဗတုံးက အထဲရှိ ပေါက်ကွဲမှုများနှင့် အပျက်အစီးအားလုံးကို ဝါးမျိုသွားသည်။ ထို့နောက် သူက ကုဗတုံးကို ကိုင်ကာ ခြေမွပစ်လိုက်ပြီး စကြဝဠာတစ်ခု ဖျက်ဆီးခံလိုက်ရာမှ ထွက်လာသည့် ဖရိုဖရဲစွမ်းအားတို့ကို ထုတ်လွှင့်လိုက်သည်။ ထို့အပြင် ကိုယ်ပွားများက သင်္ကေတလေးသွယ်ကြေးမုံမှ တိုက်စားရေးအငွေ့အသက်ကို ထုတ်လွှင့်လာသောကြောင့် ကုဗတုံးတွင်လည်း ထိုအငွေ့အသက်မျိုး ရှိနေလေသည်။
ဟယ်ရှစ်ယီက လက်ထဲတွင် အဆောင်တစ်ခုကို ကိုင်ထားလိုက်ပြီး သူ့အကြည့်များက ရက်စက်မှုအပြည့် ဖြစ်နေသည်။ သူက ခန္ဓာကိုယ်၊ ဝိညာဉ်ကို စတေးပြီး အဆောင်ကို အသက်သွင်းခဲ့လေရာ လေဟာနယ်တိုက်ပွဲကွင်းပြင်အထက် အနီရောင် အစီအရင်တစ်ခု ပေါ်ထွက်လာသည်။ ထိုအစီအရင်မှ အဖြူရောင်အလင်းတန်း ကျဆင်းလာပြီး ဝမ်ဝေ့အား လွှမ်းခြုံသွားလေ၏။
ဟယ်ရှစ်ယီက အဝေးတစ်နေရာတွင် ဖြူဖျော့လျက် ထွက်ပေါ်လာသည်။ သူ့နောက်တွင် အက်နေသည့် ကြေးမုံတစ်ခု မျှောလွင့်လျက်ရှိနေသည်။
“ဒါက အဆုံးသတ်ပဲ။ ငါ နိုင်ပြီ” သူက ရေရွတ်လိုက်သည်။
“အဲလို မဖြစ်မှာစိုးရပါ့ ”
“မဖြစ်နိုင်ဘူး” သူက အလင်းပျောက်ကွယ်သွားပြီးသည့်နောက် အကောင်းတိုင်း ရှိနေသည့် ဝမ်ဝေ့ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“မင်းတို့အားလုံးက ငါ့ဂမ္ဘီရကို ပိတ်ဆို့ဖို့ နည်းလမ်းကို အာရုံစိုက်လွန်းတာကိုး … ဒါပေမဲ့ ငါ့လက်အောက်မှာရှိတဲ့ သတင်းအချက်အလက်ဌာနက ဘယ်လောက်အားကောင်းလဲဆိုတာ မင်းတို့တွေမှ မသိတာ” ဝမ်ဝေ့က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
“မင်းက သူတို့ထဲ ကျူးကျော်ထားတာလား”
“ ငါက အဲဒီကြွက်စုတ်တွေကို စောင့်ကြည့်နေတာ အတော်ကြာပြီ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ နံပါတ်တစ်ဆယ်ကို ဖမ်းပြီးတဲ့နောက်မှာ သူတို့ထဲ ကျူးကျော်ဝင်ဖို့ သတင်းအချက်အလက် အလုံလောက်ရခဲ့တယ်လေ။ အခု ငါတို့ပြောနေတုန်း သူတို့က နံပါတ်တစ်ဆယ်ကို တိုက်ခိုက်နေလောက်ပြီ။ သူတို့ကို စောင့်ကြိုနေမှာက သေခြင်းတရား ဒါမှမဟုတ် အဖမ်းခံရဖို့ပဲ ”
ဟယ်ရှစ်ယီ၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ သူက ထိုခွေးကောင်ကို ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်ဖို့ နောက်ဆုံးကြိုးစားမှုအတွက် ကုန်သွယ်ရေးဗဟိုချက်မှ ပေးသော အသက်ရှည်ဆေးလုံးကိုပင် အသုံးပြုခဲ့သည်။ ထိုလူများ’၏ စကားအရ ဒိုင်မေးရှင်းအမြင့်ရှိ လူများစွာသည် ဝမ်ဝေ့ကို သေစေလိုနေကြသောကြောင့် သူ ရောက်ရှိလာသည့် သတင်းကိုသာ ထုတ်လွှင့်လိုက်ပါက ကြာကြာအသက်ရှင်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုတွင် သူ့အစီအစဉ်က ကျရှုံးသွားခဲ့ပြီး ရှုံးနိမ့်သွားခဲ့ရသည်။ ဟယ်ရှစ်ယီက ဒေါသဖြင့် အံ့ကြိတ်ကာ အမုန်းတရားအစရှိသည့် စိတ်ခံစားချက်များ ရောနေသည်။
“အခု မင်း တကယ်ကို ချောင်ပိတ်မိပြီ။ ဘာဖြစ်မလဲဆိုတာ ဆက်ကြည့်ကြတာပေါ့” ဝမ်ဝေ့က အားကုန်သုံးကာ တိုက်ခိုက်လိုက်သည်။ ကောင်းကင်အထက်မှ ဧရာမ အနီရောင်လက်ဝါးကြီးက သက်ရှိအားလုံးကို သုတ်သင်ပစ်လိုဟန်ဖြင့် ကျဆင်းလာသည်။
ဘန်း
ဟယ်ရှစ်ယီ၏ ဦးခေါင်းအထက် သင်္ကေတတစ်ခု ပေါ်ထွက်လာကာ ထိုတိုက်ကွက်ကို အားစိုက်ထုတ်ခြင်း မရှိဘဲ တားဆီးနိုင်သည့် ဒိုင်းကာတစ်ခု ပေါ်လာသည်။ ထို့နောက် သူ့စိတ်နေသဘောထားက ပြောင်းလဲသွားခဲ့၏။
သူက တည်ငြိမ်ကာ သူ့အကြည့်များက ငြိမ်သက်သွားပြီး သူ့အငွေ့အသက်ကပင် ရှေးကျလာဟန်ပေါ်သည်။
“ဒါက ဒီလိုကိုး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ မင်းနဲ့ ဧကရာဇ်ကျားတို့က မတူတဲ့ လူတွေ မဟုတ်ဘဲနဲ့ မင်းက သူ ပြန်လည်ဝင်စားလာတာပဲ ”