← Chapters

အကန့်အသတ်၏ တိုက်ပွဲ

Vol. 78 Ch. 1092

အကန့်အသတ်၏ တိုက်ပွဲ

Vol. 78 Ch. 1092

ဝမ်ဝေ့က လျို့ဝှက်ဆန်းကြယ်မှုတစ်ခုကို ဖြေရှင်းပြီးခဲ့သော်လည်း မေးခွန်းရာချီ ပေါ်ထွက်လာခဲ့သည်။

ဧကရာဇ်ကျားက သူ့အကြည့်အောက်မှာ ပြန်လည်ဝင်စားလာတယ်ဆိုတာကို ဘယ်လိုဖုံးကွယ်ထားခဲ့တာလဲ …

သူက မတက်လှမ်းဘဲ ပြန်လည်ဝင်စားလိုက်ရတာလဲ …

သူက ဘာတွေ စီစဉ်နေတာလဲ

ဧကရာဇ်ကျားက ဝမ်ဝေ့၏ စကားကို ကြားလိုက်သော်လည်း ဘာမှမပြောပေ။ သူက ခန္ဓာကိုယ်ကို ကြည့်ရင်း မှတ်ဉာဏ်များကို စစ်ဆေးကာ ခတ္တမျှ စိတ်ရှုပ်ထွေးနေဟန်ပေါ်သည်။

“ ဒါက ငါးဘဝမြောက် ပြန်လည်ဝင်စားခြင်းလား။ ငါက ဘာလို့ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းမှာ ဝင်စားရတာလဲ။ ဒီလို မဖြစ်အောင် သေချာလုပ်ထားတယ်လေ။ ပြီးတော့ ဒီတစ်ခါ တာအိုက တိုက်ပွဲတဲ့လား။ ဒါက ငါ ရွေးထားတာ မဟုတ်ဘူး ”

သူ့အကြည့်က သင်္ကေတအဖြစ် ပြောင်းလဲသွားကာ သတင်းအချက်အလက်တချို့ကို တွက်ချက်နေသည်။

“ဘာကိုမှ ကောက်ချက်ချလို့ မရဘူး။ ဒါပေမဲ့ ငါ့အလိုလိုသိစိတ်က ဒီမူမမှန်မှုထဲ မင်းက တစ်နည်းနည်းနဲ့ ပတ်သက်နေတယ်ဆိုတာပဲ” ဧကရာဇ်ကျားက ဝမ်ဝေ့ကို အာရုံစိုက်လာခဲ့၏။

“ ဒါက ပထမဆုံး တွေ့ဆုံမှုဖြစ်ပြီး ခင်ဗျားနဲ့ ဘာမှပတ်သက်စရာ မလိုဘူးလို့ ပြောချင်ပေမဲ့ ကျုပ်ဆီမှာ ထူးထူးဆန်းဆန်း အရာတွေ ပိုဖြစ်လာတာဆိုတော့ ခင်ဗျား မှန်ကောင်းမှန်နေနိုင်တယ်။ ဘယ်သူ သိမှာလဲ ”

ဝမ်ဝေ့က စိတ်အေးလက်အေးဖြစ်နေဟန်ပေါ်သော်လည်း တစ်ချိန်လုံး သတိကြီးကြီးထားထားခဲ့သည်။ ဤသည်မှာ ဧကရာဇ်ကျားက သူ့အတွက် ဗလာဖြစ်နေပြီး သူ့အနေနှင့် ထိုသူ၏ သတင်းအချက်အလက်ကို ကောက်ချက်မချနိုင်သလို တွက်ချက်မကြည့်နိုင်ပေ။ ဤသည်က ဒီလိုမျိုး ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။

“ငါတို့ကြားက တိုက်ပွဲက ရှောင်လွဲလို့ မရနိုင်တဲ့ပုံပဲ” ဧကရာဇ်ကျားက တိတ်ဆိတ်နေပြီးသည့်နောက် ပြောလာသည်။

“အဲလိုဖြစ်မှာပဲ စိုးရပါ့”

“ကောင်းပြီလေ”

သူ့နဖူးအလယ်မှ ရုတ်တရက် အရောင်ငါးရောင် လင်းလက်လာပြီး အရှိန်အဝါက ရုတ်ချည်း မဟာတာအိုအရင်းအမြစ် ၆၀ ရာခိုင်နှုန်း … ၆၅ … ၆၈ .. ၆၉ … ၆၉.၉၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိသွားသည်။

ဒါကဘာလဲ …

ငါ ဧကရာဇ်ကျားရဲ့ အရောင်တစ်ခုချင်းစီကနေ ထိုးထွင်းသိမြင်တဲ့ အငွေ့အသက်ကို ခံစားမိခဲ့တာလား …

ဝမ်ဝေ့က တွေးလိုက်သည်။

ဒါက အဲဒါများ ဖြစ်နေမလား …

ဧကရာဇ်ကျား၏ အင်အားက သူ့အဆင့် ရောက်ရှိလာသည့်အခါ သူ့သီအိုရီအပေါ် သေချာသွားခဲ့သည်။

သူက နဝမအဆုံးစွန်အုတ်မြစ်နဲ့ တူညီတဲ့ လမ်းစဉ်ကို လျောက်ပြီး တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ဖို့ ကြိုးစားနေတာပဲ

သူက တာအိုကို သက်သေပြပြီးတော့ သူ့စွမ်းအားကို မျိုးစေ့အဖြစ် ဖွဲ့စည်းခဲ့တယ်။ အဲဒါကို ထပ်ကာထပ်ကာ လုပ်ခဲ့တယ်

အဲဒီနောက် သူက ထာဝရဧကရာဇ် ကိုးကြိမ် ဖြစ်လာတာနဲ့ သူ့စွမ်းအား အားလုံးကို ပေါင်းစည်းပြီး ကန့်သတ်ချက်ကို ချိုးဖောက်ပြီး တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်နိုင်လိမ့်မယ် …

ဝမ်ဝေ့က မျက်မှောင်ကျုံ့လိုက်သည်။

ဒီအစီအစဉ်က အလုပ်ဖြစ်မယ်ထင်ရပေမဲ့ အဓိကပြစ်ချက်ကြီး ရှိနေတယ်။ အစစ်အမှန်ကောင်းကင်တာအို … အဲဒါက လူတစ်ယောက်ကို တာအို ကိုးကြိမ်သက်သေပြခွင့် ပြုမှာ မဟုတ်ဘူး … ထာဝရဧကရာဇ်ဆို ပိုဝေးသေး

မဟုတ်သေးဘူး … ဒါက သူတို့ရဲ့ ဧကရာဇ်အဆင့်အတန်းကို မစွန့်ပစ်သရွေ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ဒုတိယအကြိမ် ပါဝင်နိင်မှာ မဟုတ်ဘူး

အဲဆိုတော့ သူက သူ့မျိုးစေ့တွေကို သုတ်သင်ခံရတာမျိုး ဒါမှမဟုတ် အာရုံခံမိတာမျိုးကို ဘယ်လိုကာကွယ်ထားခဲ့တာလဲ ….

ဝမ်ဝေ့၏ စိတ်ထဲ အတွေးသန်းချီ ဝင်ရောက်လာပြီး အဖြေထုတ်လိုက်နိုင်သည်။

ဝိရောဓိ …

သူက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို ကာကွယ်ဖို့ ကောင်းကင်ဘုံအဆင့် လက်နက်ပျက်ကို ဒိုင်မေးရှင်းအနိမ့်မှာ ရှိခွင့်ပေးထားခဲ့တာ မဟုတ်ဘဲနဲ့ သူ့ပြန်လည်ဝင်စားခြင်းနဲ့ စွမ်းအားမျိုးစေ့ကို ဖုံးကွယ်ဖို့အတွက်ပဲ

ဒါက သူ့အဓိကရည်ရွယ်ချက်ပဲ … တခြားက ဒီကိစ္စတစ်ခုလုံးအတွက် လိုအပ်တဲ့ အဆင့်လောက်ပဲ …

ဝမ်ဝေ့က သူ့ကံကြမ္မာတာအိုသည် သူ့အား အဖြေကူမထုတ်ပေးနိုင်သော်လည်း အမှန်တရားနှင့် နီးကပ်လာပြီဟု ခံစားမိလိုက်သည်။

ဒါပေမဲ့ ဒါက မေးခွန်းတွေ ပိုထွက်လာတယ်… ဧကရာဇ်ကျားက သူ့လှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့ ဝိရောဓိကို ဘယ်လိုသုံးရမလဲဆိုတာ ဘယ်လိုသိခဲ့တာလဲ

ဒီလိုအတွေးကောင်းမျိုးက တာအိုနယ်ရှင် ဒါမှမဟုတ် တာအိုအရှင်လောက်ပဲ တွေးမိကြတာမျိုး ဒါပေမဲ့ အကောင်အထည်ဖော်တာက ဉာဏ်ရည်မဟုတ်ဘဲ စွမ်းဆောင်ရည်ပဲ …

မဟာဧကရာဇ်တစ်ယောက်က အစစ်အမှန်ကောင်းကင်တာအိုကနေ ဖုံးကွယ်ဖို့ ဝိရောဓိမျိုးကို ဖန်တီးနိုင်မှာလား

မဟုတ်ဘူး … ဝိရောဓိက အစစ်အမှန်ကောင်းကင်တာအိုရဲ့ မှတ်တမ်းတွေ ပြောင်းလဲပစ်တာတောင် ပါဝင်နေတာ … စံပြတွေတောင် လုပ်နိုင်တာမျိုး မဟုတ်ဘူး

နောက်တစ်ဖန် သူက မေးခွန်းများစွာ ထွက်လာခဲ့သည်။ အဖြစ်နိုင်ဆုံး ရှင်းပြချက်မှာ ဧကရာဇ်ကျားက တစ်ခါက အထွတ်အထိပ် စံပြတစ်ဦး … ရှေးဦးစံပြအထိ ဖြစ်ခဲ့ဖူးကာ ဤနည်းလမ်းကို အဖြေထုတ်ဖို့ အချိန်များစွာ ယူခဲ့ရသည်။ ထို့နောက် သူက အင်အားကို စွန့်ပစ်ကာ တားမြစ်နယ်ပယ်အဆင့်ကို ရောက်ရှိဖို့ အစကနေ ပြန်လည်စတင်ခဲ့ခြင်း ဖြစ်၏။

တကယ်လို့ အဲဒါသာ အမှန်ဖြစ်ရင်သူက လူသားဧကရာဇ်ထက်တောင် ကြောက်ဖို့ကောင်းသေးတယ်

သူက အစကနေ ပြန်စတင်ဖို့ အဆုံးစွန်မဲ့ စံပြတစ်ယောက်ရဲ့ စွမ်းအားကို စွန့်ပစ်ခဲ့တာပဲ … ဒီလိုရက်စက်တဲ့ ဆုံးဖြတ်ချက်မျိုး ချတဲ့သူမှာ ကြောက်ဖို့ကောင်းတဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ ခံနိုင်ရည် ရှိရမယ် …

သူ့ဉာဏ်ရည်ကိုပါ ထပ်ပေါင်းလိုက်ရင် တကယ်ကို ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ …

ဝမ်ဝေ့က ဤတိုက်ပွဲကို မြန်မြန် အဆုံးသတ်ကာ ဧကရာဇ်ကျားကို ဖမ်းဆီးပြီး သူ့ဝိညာဉ် သို့မဟုတ် မှတ်ဉာဏ်များဆီမှ အဖြေများရယူဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့ မတုံ့ပြန်နိုင်ခင် ဧကရာဇ်ကျားက လက်နှစ်ဖက်ပူးကပ်ကာ လေဟာနယ်တိုက်ပွဲကွင်းပြင်ထဲ ထူးထူးဆန်းဆန်း စွမ်းအားတစ်ခု ထုတ်လွှင့်လာခဲ့သည်။

ဒါက …

ဝမ်ဝေ့က နေရခက်စွာ ပြုံးလိုက်သည်။ ထိုလူက သူ့အစီအစဉ်ကျမှု- မကျမှုတာအိုကို အတုခိုးကာ တိုက်ပွဲကွင်းပြင်ထဲ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ဖို့ ပြင်ပအကူအညီများကို တားဆီးလိုက်ခြင်း ဖြစ်၏။ တခြားနည်းဖြင့်ပြောရလျှင် ဝမ်ဝေ့က လူအိုကြီးငရဲနှင့် လုပ်ခဲ့သလိုမျိုး ကောင်းကင်ဘုံအဆင့် စွမ်းအားကို ရရှိဖို့ ပုံရိပ်ယောင်ဆေးလုံးကို သောက်နိုင်မည် မဟုတ်ပေ။

ဒီလူကို လျော့တွက်မိသွားတာပဲ …

ဝမ်ဝေ့က သူ ဘယ်လိုသိတာလဲဟု တွေးနေမိသည်။

ဧကရာဇ်ကျားရှေ့တွင် သင်္ကေတစ်ခု အလျှင်အမြန် ပေါ်ထွက်လာ၍ ဝမ်ဝေ့က ထိုအရာသည် ဟယ်ရှစ်ယီ၏ တိုက်ပွဲတာအို ဖြစ်ကြောင်း အာရုံခံစားမိလိုက်သည်။ သင်္ကေတ ပြီးမြောက်သွားသည့်အခါ ဧကရာဇ်ကျား၏ အရှိန်အဝါက ပိုမို သန့်စင်လာပြီး သူ့ခန္ဓာကိုယ်မှ တာအိုအသစ် ထွက်ပေါ်လာသည်။

သူက ဟယ်ရှစ်ယီရဲ့ မဟာတာအိုအရင်းအမြစ်ကို သင်္ကေတအဖြစ် ပြောင်းလဲပြီး သူ့အပေါ်က သက်ရောက်မှုကို ဖယ်ရှားပစ်ခဲ့ပြီး သူ့နဂိုတာအိုဖြစ်တဲ့ သင်္ကေတတာအို ဒါမှမဟုတ် ဘာသာစကား တာအိုကို သုံးခဲ့တာပဲ

ဧကရာဇ်ကျားက သင်္ကေတလေးသွယ် ကြေးမုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် အမည်မသိ စကားတချို့ကို ရွတ်ဖတ်လိုက်ပြီး ထိုပစ္စည်းအား စာအုပ်အဖုံးနှင့် စာရွက်များပေါ်တွင် သင်္ကေတများ ရေးသားထားသည့် စာအုပ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ထိုစာအုပ်က တိုက်ပွဲတာအိုသင်္ကေတ မရေးသားခင် ဗလာစာရွက်ဘက် လှန်သွားလေသည်။

မိုးကြိုး ဖျက်ဆီးခြင်း သင်္ကေတ - လျှပ်စီးမိုး

ဧကရာဇ်ကျား၏ ဦးခေါင်းအထက် ထူးဆန်းသည့် သင်္ကေတတစ်ခု ပေါ်ထွက်လာကာ လျှပ်စီးချက် သန်းချီကို ထုတ်လွှင့်လာခဲ့သည်။

ဝမ်ဝေ့က ထိုအရာကို လေ့လာရင်း ရှောင်ရှားနေစဉ် လျှပ်စီးချက်များက သူ့နောက်မှ လိုက်ပါလာ၏။

မိုးကြိုးနဲ့ ဖျက်ဆီးခြင်း တာအို … အထွတ်အထိပ်ပဲ …

သူက သုံးသပ်လိုက်သည်။ စွယ်စုံသုံးတာအိုတွင် ကန့်သတ်ချက် ရှိလေသည်။ အဆောင်၊ အစီအရင်၊ တိုက်ပွဲ အစရှိသည်များက ဗဟုသုတနှင့် နားလည်နိုင်စွမ်းမှတဆင့် တခြားစည်းမျဉ်းများကို အသုံးပြုနိုင်လေသည်။ နမူနာအနေနှင့် အဆောင်ပြုလုပ်သူတစ်ယောက်က ထိပ်တန်းအဆင့် အချိန်အဆောင်ကို ဖန်တီးလိုပါက သူတို့သည် အချိန်တာအိုအပေါ် နက်နက်နဲနဲ နားလည်ထားရမည်။ မဟုတ်ပါက သူတို့အဆောင်သည် အားပျော့နေခြင်း သို့မဟုတ် ဖန်တီးရာ၌ပင် မအောင်မြင်ခြင်းတို့ ဖြစ်သွားနိုင်သည်။

သို့သော်လည်း ဤတိုတောင်းလှသည့် အချိန်လေးအတွင်း ဝမ်ဝေ့က ဧကရာဇ်ကျားသည် မိုးကြိုးနှင့် ဖျက်ဆီးခြင်းတာအိုကို ထိုတာအိုများဖြင့် တာအိုသက်သေပြခဲ့သည့် ကောင်းကင်ရွေးချယ်ခံလိုမျိုး နက်နက်နဲနဲ နားလည်ကာ ကျွမ်းကျင်သွားကြောင်း ပြောနိုင်လေ၏။

အာကာပြင် ခုတ်ချက်

ဝမ်ဝေ့က လက်နှစ်ချောင်းဖြင့် ဟက်တက်ပိုင်းခွဲသည့် အမူအရာမျိုး လုပ်လိုက်သည်။

အားကောင်းသည့် ငွေရောင်ခုတ်ချက်က ဧကရာဇ်ကျားဆီ ရောက်လာကာ ဖျက်ဆီးခြင်း၏ လျှပ်စီးချက်အားလုံးကို ထိုးဖောက်သွားသည်။ ထိုစဉ် သင်္ကေတအသစ်တစ်ခု ပေါ်ထွက်လာပြီး အာကာပြင်တာအိုကိုပင် လှုပ်ခတ်သွားစေသည်။ သင်္ကေတက အာကာပြင်ခုတ်ချက်များစွာကို ထုတ်လွှင့်မလာခင် တိုက်ကွက်ကို ဝါးမျိုသွားသည်။

အချိန်သင်္ကေတ …

ဝမ်ဝေ့က တွေးလိုက်မိသည်။

“ စကြဝဠာထဲက အရာအားလုံး သေဆုံးသွားပြီး ကမ္ဘာဦးဟွင်သွမ်းဆီ ပြန်ရောက်သွားရင် အရာအားလုံးက သေဆုံးဖို့ ကံကြမ္မာဖန်လာပြီးသားပဲ ”

အဖြူဆွတ်ဆွတ် လေဟာနယ်တိုက်ပွဲကွင်းပြင်က ယာယီ မီးခိုးရောင် ပြောင်းသွားခဲ့ပြီး အဖျက်စွမ်းအား လျှပ်စီးချက်များနှင့် အာကာပြင်ခုတ်ချက်အားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူတို့အားလုံးက သဘာဝစည်းမျဉ်းကို လိုက်နာကာ မူလဘူတဆီ ပြန်လည်ရောက်ရှိသွားကြ၏။

“ကမ္ဘာကြီးက သံသရာလည်နေတာပဲ။ ကမ္ဘာဦးဟွင်သွမ်းပြီးရင် နောက်ထပ် ကမ္ဘာအသစ်က မွေးဖွားလာပြီး အစကနေ ပြန်စတင်မှာပဲ” ထိုစကားများ ရေရွတ်လိုက်သည်နှင့် လေဟာနယ်တိုက်ပွဲကွင်းပြင် တစ်ဖက်က အစိမ်းရောင် ပြောင်းသွားပြီး မီးခိုးရောင်နေရာကို တိုက်ခိုက်နေသည်။ အရောင်နှစ်ရောင်က တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့ဆုံနေပြီး ပယ်ပျက်သွားလေသည်။

ဝမ်ဝေ့က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ဧကရာဇ်ကျားရှေ့ ပေါ်ထွက်လာကာ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။ သို့သော်လည်း သူ့လက်က ပုံရိပ်ယောင်ကို တိုက်ခိုက်လိုက်သလိုမျိုး ထိုလူ၏ ဦးခေါင်းထဲ ထိုးဖောက်သွားခဲ့သည်။ ဝမ်ဝေ့က ထပ်မံ ကူးသန်းပြောင်းရွေ့လိုက်သည်။ ဤတစ်ကြိမ် သူက သူ့အင်အားကို ပြန်တွန်းကန်နိုင်သည့် ဒိုင်းကာကို ထိမှန်သွားလေသည်။ သို့သော် အကြွင်းမဲ့ထိန်းချုပ်မှုကြောင့် ဦးတည်ချက် ပြောင်းလဲစေလိုက်သည်။

ဧကရာဇ်ကျားက အလင်းပျောက်အဖြစ် ပျောက်ကွယ်သွားပြီး တကယ့်ခန္ဓာကိုယ်က အဝေးတစ်နေရာတွင် ပေါ်ထွက်လာသည်။ သူက မရဏစွမ်းအား ပါဝင်နေသည့် သင်္ကေတအသစ်ကို ဆင့်ခေါ်လိုက်သည်။

တစ်ခုခုတော့ မှားနေပြီ …

ဝမ်ဝေ့က တွေးလိုက်သည်။

သူ ရှောင်ရှားတဲ့ပုံစံက ထိပ်တန်းတိုက်ခိုက်ရေး အတွေ့အကြုံရှိထားသူတွေ မလုပ်မဲ့ အမှားတစ်ခုပဲ ..

တစ်ယောက်ယောက်က အဝေးတိုက်ခိုက်ရေးကို လိုလားပါက သိသာအောင် မလုပ်သင့်ပေ။

သူ့တိုက်ခိုက်ရေး အတွေ့အကြုံက အဲလောက်ဆိုးနေတာလား …

ဝမ်ဝေ့က သူ့သီအိုရီကို စမ်းသပ်ဖို့ ထပ်တိုက်လိုက်သည်။

မဆိုးဘူးပဲ … ဒါပေမဲ့ အဆုံးစွန်မဲ့စံပြ ဖြစ်ခဲ့ဖူးတဲ့ မကောင်းဆိုးဝါးအိုကြီးအဆင့်တော့ မဟုတ်ဘူး

ဝမ်ဝေ့က တွေးလိုက်သည်။

အကြောင်းအရင်းက ဘာလဲ … သူက အမည်မသိ အစီအစဉ်တစ်ခုအတွက် တမင်လုပ်နေတာမျိုး ဒါမှမဟုတ် စံပြတစ်ယောက်အနေနဲ့ ရှိတုန်းက မှတ်ဉာဏ်တွေက စည်းပိတ်ထားတာမျိုး …

ဝမ်ဝေ့က ဧကရာဇ်ကျား၏ သင်္ကေတများသည် သူတို့ရည်ရွယ်ထားသည့် ဆန့်ကျင်ဘက် ဆိုလိုရင်း သိစေဖို့ ယင်ယန်ကို ပြောင်းပြန်လှန်ခဲ့သည်။ သူက ပတ်ဝန်းကျင်ရှိ စည်းမျဉ်းများကိုပင် ပြောင်းလဲခဲ့သေး၏။ တခြားနည်းဖြင့်ပြောရလျှင် အသုံးပြုလိုက်သည့် သင်္ကေတအားလုံးက ရည်ရွယ်သည်ထက် ကွဲပြားသည့် သက်ရောက်မှုမျိုး ရှိသင့်သည်။

သူက တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်စဉ် ဧကရာဇ်ကျားက သင်္ကေတအသစ်ကို ဆင့်ခေါ်လိုက်သည်။ ဝမ်ဝေ့က သူ့နည်းစနစ် ဖျက်သိမ်းခံလိုက်ရသည်ကို သဘောပေါက်သွားသည့်အခါ မျက်မှောင်ကျုံ့လိုက်၏။

မဟုတ်သေးဘူး ဖျက်သိမ်းခံလိုက်ရတာ မဟုတ်ဘူး … အမှားအယွင်း ဖြစ်သွားကြတာ …

အမှားအယွင်းတာအိုလား .. ဒါက အသစ်ပဲ

All Chapters