← Chapters

ပဋိပက္ခအား တုန်လှုပ်စေခြင်း

Vol. 81 Ch. 852

ပဋိပက္ခအား တုန်လှုပ်စေခြင်း

Vol. 81 Ch. 852

စကြဝဠာခန်းမထဲက တာအိုပညာရှိတွေဟာ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို မော့ကြည့်လိုက်ကြပါတယ်။ နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်းစလုံးဟာ ပေဆယ်သန်း မြင့်မားပြီး ပဋိပက္ခရဲ့ ကောင်းကင်ပြင်ကို ပြိုလဲစေနိုင်လောက်တဲ့ တန်ခိုးအာနုဘော် ရှိနေပါတယ်။

ဟန်ကျွယ်ဟာ မော့ကြည့်ပြီး ဟွမ်သွမ့်ဓားကို ထပ်ထုတ်လိုက်ပါတယ်။

ဒီတစ်ခါတော့ တာအိုပညာရှိတွေဟာ စိတ်လေးလံသွားကြပါတယ်။

ရန်ချဲ့က ဂရုတစိုက်နဲ့ မေးလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီး အရေအတွက်က တိုးသွားတာလား”

နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ရောင်ဝါက အားကောင်းလွန်းတဲ့အတွက် ရန်ချဲ့ရဲ့ တာအိုပညာရှိ အာရုံဟာ နတ်အာဏာရှင် စစ်သူကြီးတွေကို ထိမိတာနဲ့ လောင်ကျွမ်းသွားပါတယ်။ ရန်ချဲ့ဟာ လန့်ဖျပ်သွားပြီး သူ့ရဲ့ တာအိုပညာရှိအာရုံကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပါတယ်။

“ဟုတ်တယ်၊ သူတို့တွေ ပိုများသွားတယ်”

“နည်းနည်းလေး မဟုတ်ဘူး၊ နှစ်ဆ ဖြစ်သွားတာ”

“ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ၊ ဒါက အဆုံးမရှိဘူးလား”

“နတ်အာဏာရှင် စစ်သူကြီးတွေကို ဘယ်သူက ကြိုးကိုင်နေတာလဲ”

“မင်းတို့က ဘာဖြစ်လို့ ကောင်းကင်တာအိုကို ဖျက်ဆီးချင်ရတာလဲ”

တာအိုပညာရှိတွေဟာ မခံမရပ်နိုင်အောင် ဖြစ်သွားကြပြီး ကြောက်ရွံ့မှုကို မေ့လျော့ကာ အတောမသတ်နိုင်တဲ့ စိုးရိမ်ပူပန်မှုတွေပဲ ရှိပါတော့တယ်။ သူတို့တွေဟာ မနေနိုင်ဘဲ လောင်တန်ကို ကြည့်လိုက်ကြပါတယ်။

လောင်တန်ဟာ တာအိုပညာရှိတွေရဲ့ ဒေါသကို အာရုံခံမိတဲ့အတွက် ကသိကအောက် ပြောလိုက်ပါတယ် “မင်းတို့တွေ ငါ့ကို ဘာလို့ ကြည့်နေတာလဲ၊ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ”

ဟန်ကျွယ်ဟာ သူတို့ကို ဂရုမစိုက်ဘဲ နတ်ဘီလူးဓမ္မရုပ်တု ၁,၉၄၉ ရုပ်တုကို ထပ်မံ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟွမ်သွမ့်ဓားကို မြှောက်ပြီး ဓားဦးကို စကြဝဠာခန်းမထိပ်ဆီ ညွှန်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အနေတော် အကွာအဝေးကို ရောက်တာနဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို ရုတ်တရက် အသုံးပြုလိုက်ပါတယ်။

“ဝုန်း...”

ဓားချီဟာ ကောင်းကင်ယံကို ထိုးတက်သွားပြီး စကြဝဠာခန်းကို ကွဲကြေစေကာ ကောင်းကင်တာအိုထဲကနေ အလွန်လျင်မြန်စွာ ပြေးထွက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ဒီဓားချီဟာ ကောင်းကင်တာအိုရဲ့ အုတ်မြစ်ကို မထိခိုက်စေဘဲ အမှောင်ထုထဲမှာ လျင်မြန်စွာ ပြေးသွားပါတယ်။

အရင်လိုပဲ ဘယ်အရာမှ လိုက်မမီနိုင်တဲ့ အလျင်ပါ။

ကောင်းကင်တာအိုကို တိုက်ခိုက်ဖို့လာနေတဲ့ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းဟာ ဓားချီကို မြင်လိုက်တယ်ဆိုရင်ပဲ ဓားချီရဲ့ ဆွဲနှစ်မှုကို ခံလိုက်ရပါတယ်။ ဒီအလျင်က အချိန်ရဲ့ အလျင်ထက် ပိုမြန်ပါတယ်။

နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းစလုံး တစ်မုဟုတ်ချင်း ဖျက်ဆီးခံလိုက်ရပါတယ်။

အကုန်လုံးက ဓားတစ်ချက်တည်းနဲ့ပါ။

နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းရဲ့ ကျယ်ပြောလှတဲ့ ဖိအားဟာ ရုတ်ချည်း ပျောက်ကွယ်သွားပါတယ်။ ဒီတစ်ခါမှာတော့ တာအိုပညာရှိတွေဟာ အရင်လိုမျိုး အံ့အားသင့်ခြင်းမရှိတော့ဘဲ ဝမ်းသာ ပျော်ရွှင်သွားကြပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ကတော့ စိတ်လေးသွားပါတယ်။

‘ဒီကောင်တွေ ထပ်လာဦးမှာလား.. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

အတွေးတစ်ချက်နဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခထဲကနေ ချက်ချင်း ခုန်ထွက်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပဋိပက္ခကို ငုံ့ကြည့်လိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက ငါ့တစ်ချက်စာ‌တောင် မရှိဘူး၊ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကလည်း ငါ့ဓားချက်တစ်ချက်ကို မခံနိုင်ဘူး၊ အဲဒီတော့ မင်းက နောက်ထပ် နတ်အာဏာရှင် စစ်သူကြီး တစ်သိန်းကို စေလွှတ်မှာလား၊ အဲဒါမှ မနိုင်ရင် တစ်သန်းလား ဒါမှမဟုတ် ဆယ်သန်းလား...”

“ဒါက ပဋိပက္ခ နိယာမတဲ့လား၊ ဘာဖြစ်လို့ ဒီလောက်တောင် အောက်တန်းကျရတာလဲ၊ ကောင်းကင်တာအိုက ဆက်ပြီးတော့ တည်ရှိသင့်တယ်၊ နတ်အာဏာရှင် စစ်သူကြီးတွေနောက်မှာ ဘယ်သူပဲရှိရှိ သတ္တိရှိရင် ကောင်းကင်တာအို ကိုယ်တိုင် လာဖျက်ဆီးချည်၊ မင်းက ငါ့ဓားချက်တစ်ချက်ကို ခံနိုင်မလားဆိုတာ ငါ ကြည့်ချင်သေးတယ်”

ဟန်ကျွယ်ရဲ့ အသံဟာ ပဋိပက္ခတစ်ခွင် ပျံ့နှံ့သွားပါတယ်။

ဟန်ကျွယ်ဟာ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပါ။ ကောင်းကင်တာအို သက်ရှိတွေကလွဲရင် ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံး ဟန်ကျွယ် အသံကို ကြားနိုင်ပါတယ်။

အချိန်တစ်ခုအတွင်း ပဋိပက္ခတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြပါတယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ ဒီအသံပိုင်ရှင်က ဘယ်သူလဲဆိုတာကို သိချင်သွားကြပါတယ်။ လောကဦးပဋိပက္ခ တာအိုပညာရှိ အဆင့်ကို ကျော်လွန်ထားတဲ့ ကျင့်ကြံသူတွေကတော့ ထိတ်လန့်သွားကြပါတယ်။

သူတို့တွေဟာ နတ်အခွင့်အာဏာက ကောင်းကင်တာအိုကို တိုက်ခိုက်တော့မယ်မှန်း သိထားကြပါတယ်။ ဒါပေမဲ့ အခုစကားအရ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက ဖျက်ဆီးခံလိုက်ရပုံပါပဲ။

မဟုတ်ပါဘူး။

နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို ကောင်းကင်တာအိုရဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်က ဖျက်ဆီးပစ်လိုက်တာပါ။

ဒါက လုံးဝကို မဖြစ်နိုင်တဲ့အရာပါ။

စကြဝဠာခန်းမထဲက တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ စကားသံကို ကြားရတဲ့အခါ ဝမ်းသာသွားကြပါတယ်။ အမြဲတမ်း တည်တည်တံ့တံ့နေတဲ့ ကောင်းကင်အရှင်ရွှမ်တုလည်း မျက်နှာပေါ်က ပီတိကို မဖုံးကွယ်နိုင်ပါဘူး။

ကောင်းကင်အရှင်ရွှမ်တုဟာ လက်သီးဆုပ်ပြီး အော်ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ဒီလိုလုပ်ရမယ်၊ အဲဒီနောက်ကွယ်မှာ ပုန်းနေတဲ့ တည်ရှိမှုကို လူရှေ့ထွက်လာအောင် ဖိအားပေးရမယ်၊ တစ်သောင်းနဲ့ မနိုင်လို့ နှစ်သောင်းလွှတ်တာက ဘယ်လိုတောင် အောက်တန်းကျတဲ့ အပြုအမူမျိုးလဲ၊ ဒါက နိယာမတဲ့လား၊ ပဋိပက္ခ နိယာမက လိုသလို ပြောင်းလဲလို့ ရတာလား...”

“နောက်ပြီး ကောင်းကင်တာအိုက ဘာမှားနေလို့လဲ”

တကယ်လည်း ကောင်းကင်တာအိုပညာရှိတွေဟာ နတ်အခွင့်အာဏာက ကောင်းကင်တာအိုကို ဘာလို့ ဖျက်ဆီးချင်နေလဲဆိုတာ နားမလည်နိုင်ပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတွေ ပဋိပက္ခ နတ်ဘီလူးတွေကို ရှင်းပစ်လိုက်တာကလည်း သူတို့တွေ အခုထိ ဖြေရှင်းလို့မရတဲ့ ပဟေဠိတစ်ပုဒ်ပါ။

ပဋိပက္ခ နတ်ဘီလူးတွေက ပဋိပက္ခပြီးမှ မွေးဖွားလာတယ်ဆိုတာကို မသိတဲ့သူ မရှိပါဘူး။ သူတို့တွေက ပဋိပက္ခရဲ့ ကလေးတွေလို့တောင် ပြောလို့ရပါတယ်။ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကတော့ ပဋိပက္ခရဲ့ နိယာမတွေပါ။ နိယာမတွေ မိသားစုရဲ့ ကလေးတွေကို သတ်ချင်တာက နည်းနည်းလေး ရုပ်ပေါက်တာ မဟုတ်ပါဘူး။

လုံးဝကို ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး။ ဘာအဓိပ္ပာယ်မှလည်း မရှိပါဘူး။

လောင်တန်ဟာ ဟန်ကျွယ်ကိုကြည့်ပြီး မသိမသာ သက်ပြင်းချလိုက်ပါတယ်။ လောင်တန်ဟာ ဟန်ကျွယ် ဘာတွေးနေတယ်ဆိုတာကို နားမလည်နိုင်တော့ပါဘူး။ ဟန်ကျွယ်ရဲ့ စကားတွေက နတ်အခွင့်အာဏာကို အထင်သေးရှုတ်ချပြီး နောက်ကွယ်က တည်ရှိမှုကို ပေါ်တင် စိန်ခေါ်လိုက်တာပါ။

ဒီစကားက ဘယ်လိုနားထောင် နားထောင် နားဝင်ကောင်းမဲ့ စကား မဟုတ်ပါဘူး။

အခုအချိန်မှာ ဟန်ကျွယ်က လုံးဝသည်းခံပြီး နတ်အာဏာရှင် စစ်သူကြီးတွေကို ဟန့်တားဖို့ပဲ အာရုံစိုက်ရမှာပါ။ ဒီလိုဆို နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ နောက်ကွယ်မှာရှိတဲ့ တည်ရှိမှုဟာ တိတ်တိတ်လေးပဲ ခံစားရမှာပါ။ ဒါဆို အချိန်ကြာတာနဲ့ ဒီကိစ္စတွေကို လုံးဝ မေ့လျော့သွားမှာပါ။

ဒါပေမဲ့ အခု ဟန်ကျွယ် လုပ်ပုံက တစ်ခါတည်း ရန်သူ လုပ်ပစ်လိုက်တာပါ။

ကျင့်ကြံမှုအဆင့်ချင်းတူရင် ရန်သူလုပ်တာက နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ အထွတ်အထိပ်နိယာမကို ထိန်းချုပ်တဲ့ တည်ရှိမှုနဲ့ ရန်သူလုပ်လိုက်တာကတော့ ကိုယ့်သေတွင်း ကိုယ်တူးလိုက်သလိုပါပဲ။ ကိုယ့်သေတွင်းတင် မဟုတ်ပါဘူး။ ကိုယ်နဲ့ နီးစပ်တဲ့သူတွေရဲ့ သေတွင်းကိုပါ အပင်ပန်းခံ တူးပေးလိုက်တာပါ။

ဒါက လောင်တန်ရဲ့ အမြင်သက်သက်ပါ။

ဟန်ကျွယ်ဟာ တစ်ဖက်လူက ဘာပြန်ပြောမလဲဆိုတာကို စိတ်ရှည်လက်ရှည် စောင့်ပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ အရေအတွက်က သူ အနိုင်မယူနိုင်တဲ့အထိ တိုးလာမယ်ဆိုရင် ဟန်ကျွယ်ဟာ ဘာရလဒ်ပဲဖြစ်ဖြစ် လက်ခံနိုင်ပါတယ်။ ကောင်းကင်တာအို ဖျက်ဆီးခံရလည်း ဟန်ကျွယ်ဟာ လက်ပိုက် ကြည့်နေမှာပါ။

ပြီးရင်တော့ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲမှာ နှစ်သန်းရာချီအောင် ကျင့်ကြံအားထုတ်ပြီး တာအိုဖန်တီးရှင် ဖြစ်အောင် ကြိုးစားမှာပါ။ တာအိုဖန်တီးရှင် ဖြစ်တာနဲ့ ဂူအောင်းရာကထွက်ပြီး ကောင်းကင်တာအိုကို ဖျက်ဆီးခဲ့တဲ့ ရန်သူအကုန်လုံးကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းပစ်မှာပါ။

ဒီလို ကလဲ့စားချေပေးမယ်ဆိုရင် ကောင်းကင်တာအိုရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းရာ ရောက်သွားမှာပါ။

ဟန်ကျွယ်ဟာ အဆိုးဆုံးကိုတွေးပြီး ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။

ဒီအချိန်မှာပဲ အေးစက်တဲ့အသံတစ်သံဟာ ဟန်ကျွယ် စိတ်ထဲကို ဝင်လာပါတယ် “မင်းက လောကဦး နတ်ဘီလူးလား”

ဟန်ကျွယ်ဟာ တစ်ဖက်လူက မဟာတာအိုပညာရှိချုပ်ဆိုတာ အာရုံခံမိတဲ့အတွက် တစ်ဖက်လူရဲ့ အသံလာရာလမ်းကို ရှာဖွေပြီး အသံပြန်လွှင့်လိုက်ပါတယ် “ငါက ပဋိပက္ခ နတ်ဘီလူးပဲ၊ ဒါပေမဲ့ မင်းငါ့ကို လောကဦး နတ်ဘီလူးလို့ ခေါ်ချင်လည်း ရတယ်၊ ဘာပဲဖြစ်ဖြစ် ကောင်းကင်တာအိုက အပြစ်ကင်းတယ်၊ တရားမျှတမှုက လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေမှာပဲ၊ မင်း ကောင်းကင်တာအိုကို ဖျက်ဆီးလို့ ရချင်ရလိမ့်မယ်၊ ဒါပေမဲ့ လူတိုင်းရဲ့ ရည်မှန်းချက်ကိုတော့ ဖျက်ဆီးလို့ရမှာ မဟုတ်ဘူး”

တစ်ဖက်လူက ဘာမှ ပြန်မပြောပါဘူး။

ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတွေ ထပ်ပေါ်မလာတာကို တွေ့တာနဲ့ ချက်ချင်း ကောက်ထိုင်လိုက်ပါတယ်။ ဒါကို မြင်တဲ့ တခြားတာအိုပညာရှိတွေလည်း နေရာမှာ ပြန်ထိုင်လိုက်ကြပါတယ်။

စကြဝဠာခန်းမတစ်ခုလုံး အချိန်တစ်ခုကြာအောင် တိတ်ဆိတ်သွားပါတယ်။

တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို စိုက်ကြည့်နေကြပါတယ်။ တာအိုပညာရှိတွေရဲ့ ဟန်ကျွယ်စကားရဲ့ အကျိုးဆက်ကို နားလည်ကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဟန်ကျွယ်ကို အပြစ်မမြင်ဘဲ ဟန်ကျွယ်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်ကြပါတယ်။

တာအိုပညာရှိတွေဟာ ဟန်ကျွယ်က သူတို့ကို ပံ့ပိုးနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

ဒီအချိန်မှာပဲ လျှို့ဝှက်ဆန်းကြယ်အသံဟာ ဟန်ကျွယ် စိတ်ထဲကို ထပ်ဝင်လာပါတယ် “ပဋိပက္ခ နတ်ဘီလူးက ဘယ်လိုလုပ်ပြီး နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို သတ်နိုင်မှာလဲ၊ ပန်ကူးတောင် မလုပ်နိုင်ဘူး”

“ငါက ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ၊ မင်းပြောတဲ့အတိုင်းဆို မင်းကရော ဘာဖြစ်လို့ နတ်အာဏာရှင် စစ်သူကြီးတွေကို ထိန်းချုပ်နိုင်ရတာလဲ”

“ငါ မင်းနောက်ခံကို တွက်ချက်လို့ မရဘူး”

“ငါလည်း မင်းဘယ်သူဆိုတာ မသိဘူး”

“မင်းက လောကဦးနတ်ဘီလူးဆိုရင် ပဋိပက္ခအတွက် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်၊ ငါ မှားတာလည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ငါ ဖြစ်နိုင်‌ခြေ နည်းနည်းလေးတောင် ခွင့်မပြုနိုင်ဘူး”

“လောကဦး နတ်ဘီလူးက ပဋိပက္ခကို ဒုက္ခပေးလိမ့်မယ်လို့ ဘယ်သူက ပြောတာလဲ၊ အဲဒီအတိုင်းဆို နတ်အာဏာရှင် စစ်သူကြီးတွေ ပဋိပက္ခ နတ်ဘီလူးတွေကို သတ်ဖြတ်တာကျတော့ရော... ပဋိပက္ခ နတ်ဘီလူးတွေရဲ့ ကျေးဇူးကြောင့် ပဋိပက္ခက ဒီအခြေအနေကို ရောက်လာတောင် မဟုတ်ဘူးလား၊ ပဋိပက္ခ နတ်ဘီလူးတွေကသာ ပဋိပက္ခကို တိုးတက်အောင် မလုပ်ခဲ့ရင် မဟာတာအိုသက်ရှိတွေနဲ့ နတ်မင်းတွေ ဘယ်လိုလုပ်ပြီး ရှိလာနိုင်မှာလဲ၊ မင်းက ပဋိပက္ခ နတ်ဘီလူးတွေကို ကျေးဇူးမတင်တဲ့အပြင် မင်းစွမ်းအားကို အားကိုးပြီး ကျေးစွပ်တယ်၊ မင်းတို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ကောင်းကင်တာအိုကို လာပြီး လူကျင့်ဝတ်ကို သင်ကြားသင့်တယ်”

ဟန်ကျွယ်ဟာ တစ်ဖက်လူကို ချက်ကျလက်ကျ ခွန်းတုံ့ပြန်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ လွန်လွန်ကျွံကျွံတော့ မဖြစ်ပါဘူး။ တစ်ဖက်လူက လောကဦး ဘိုးဘေးနတ်ဘုရားဆိုတာကို သိထားပြီးပြီ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဒါကို မသိချင်ယောင်ဆောင်ပြီး စိတ်ဆိုးဟန် ဆောင်နေတာက တစ်ဖက်လူကို တစ်ဖက်လူကို သတိလျော့စေချင်တာကြောင့်ပါ။

တစ်နေ့ကျရင် ဟန်ကျွယ်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားကို ကိုယ်တိုင်သတ်ပစ်မှာပါ။ မုန်းတီးမှု ကြယ်ခြောက်ပွင့်က ခွင့်လွှတ်ပေးလို့ရတဲ့ မုန်းတီးမှု မဟုတ်ပါဘူး။

အတန်ကြာတဲ့အထိ ဟန်ကျွယ်ဟာ တစ်ဖက်လူဆီက စကားပြန်မရပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတွေကလည်း ထပ်ပြီးတော့ ပေါ်မလာပါဘူး။ အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားပါတယ်။

ကပ်ဘေးကြီး ပြီးစီးသွားတဲ့ အတိုင်းပါပဲ။

ဒါပေမဲ့ တာအိုပညာရှိတွေဟာ သတိမလျှော့ရဲပါဘူး။ သူတို့အကုန်လုံးဟာ ဟန်ကျွယ်ဆီက အဖြေကို စောင့်နေကြပါတယ်။ ဟန်ကျွယ်က ကပ်ဘေးပြီးသွားပြီလို့ ပြောမှပဲ သူတို့တွေ လုံးဝ စိတ်ချနိုင်မှာပါ။

လျှို့ဝှက်ဆန်းကြယ်အသံဟာ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ထပ်ပေါ်လာပါတယ် “မင်းက လောကဦး နတ်ဘီလူး မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ရင် ငါ ကောင်းကင်တာအိုကို ထပ်ပြီးတော့ ပစ်မှတ်မထားတော့ဘူး”

“ဘယ်လို သက်သေပြရမှာလဲ”

“အထွတ်အထိပ် နိယာမထဲဝင်ပြီး မဟာတာအို အနန္တကပ်ဘေး အဆုံးမသတ်ခင်အထိ အထွတ်အထိပ်နိယာမရဲ့ ချိပ်ပိတ်တာကို ခံရမယ်၊ မင်းရဲ့ လွတ်လပ်မှုကို စတေးပြီး ကောင်းကင်တာအိုရဲ့ ငြိမ်းချမ်းမှုကို လဲလှယ်ယူလို့ရတယ်”

ဒီစကားကို ကြားရတဲ့အခါ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ပြီး ကျိန်စာတိုက်လုနီးပါပဲ။ ဒါပေမဲ့ ဒီအချိန်က အချိန်ကောင်း မဟုတ်ပါဘူး။ ပဋိပက္ခနတ်ဘီလူးတွေက လောကဦးနတ်ဘီလူးထက် အမှောင်သခင်ကြီးကို ပိုသတိထားကြတယ် မဟုတ်ပါလား။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters