ဂုဏ်သတင်း
Vol. 81 Ch. 854
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ စကြဝဠာခန်းမ။
တာအိုပညာရှိတွေဟာ ဒီနေရာမှာ စုဝေးနေကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ တခြားလူတွေ သံသယဝင်မှာစိုးတဲ့အတွက် လောင်တန်ကို ခဏ ထွက်သွားဖို့ တောင်းဆိုပါတယ်။ ဒါကို မြင်တဲ့ တိတ်ဆိတ်ဂိုဏ်းက တာအိုပညာရှိတွေလည်း ထွက်သွားကြတဲ့အတွက် ခန်းမထဲမှာ ကောင်းကင်တာအိုပညာရှိတွေပဲ ကျန်ရစ်ပါတော့တယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို အကဲခတ်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ် “အားလုံးပဲ... ကောင်းကင်တာအိုကပ်ဘေးက အလုံးစုံ ပြီးသွားတာ မဟုတ်သေးဘူး၊ မင်းတို့လည်း တာအိုရောင်းရင်းဟန် ပြောတဲ့ နှစ်ဆယ်သန်း သဘောတူညီမှုကို ကြားမှာပါ၊ အခု ငါတို့တွေ လုပ်ရမှာက တာအိုရောင်းရင်းဟန်ကို ကူညီပြီး ကောင်းကင်တာအိုကို ဒီထက် ပိုအားကောင်းအောင် လုပ်ရမယ်”
“ဒီတိုက်ပွဲက နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ နောက်ကွယ်မှာ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင် ရှိနေတယ်ဆိုတာကို သက်သေပြလိုက်တယ်၊ ငါတို့တွေ သေမှာ ထိုင်စောင့်နေလို့ မဖြစ်ဘူး၊ ငါတို့တွေ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်၊ ငါတို့တွေ အမြဲတမ်း တာအိုရောင်းရင်းဟန်ကို မှီခိုနေလို့ မရဘူး”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ ဒီတိုက်ပွဲမှာ တာအိုပညာရှိတွေ ဝင်မတိုက်ဘူး ဆိုပေမဲ့ ကောင်းကင်တာအိုနဲ့တော့ ပိုပြီး အစေးကပ်သွားပါတယ်။ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို ဟန်ကျွယ်က ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တာ ကြည့်ပြီး တာအိုပညာရှိတွေရဲ့ နှလုံးသားဟာ အခုထက်ထိ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတုန်းပါ။
“ဒီနေ့ကစပြီး ကောင်းကင်တာအိုက ပဋိပက္ခကနေ လုံးဝ လွတ်လပ်သွားပြီ၊ ငါတို့တွေ ပဋိပက္ခကို ရန်စပြီးပြီဆိုတော့ ဘာမှ ထပ်ကြောက်စရာ မရှိတော့ဘူး”
“ဟုတ်တယ်၊ ကောင်းကင်တာအိုက ပဋိပက္ခကို ဘယ်တုန်းကမှ မှီခိုခဲ့တာ မဟုတ်ဘူး”
“မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ဘယ်သူက ဂရုစိုက်မှာလဲ၊ ဒီကောင်တွေ နောက်ကွယ်ကပဲ ဉာဏ်နီဉာဏ်နက် ထုတ်တတ်တာ”
“နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခကို အထိတ်တလန့် ဖြစ်စေခဲ့တယ်၊ နတ်အာဏာရှင် စစ်သူကြီးတွေက မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ထိန်းချုပ်ထားတဲ့ အင်အားတစ်ခုလို့ ငါတို့တွေ သတင်းလွှင့်လို့ရတယ်၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ကျိုးကြောင်း မစဉ်းစားတတ်တော့ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုလည်း ကျိန်းသေပေါက် ဒုက္ခပေးဦးမှာပဲ၊ ဒီတော့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ပဋိပက္ခရဲ့ အန္တရာယ်လို့ ရှုမြင်ခံရအောင် ငါတို့တွေ လုပ်လို့ရတယ်”
“ဒီအကြံက အလုပ်ဖြစ်နိုင်တယ်၊ နောက်ပြီး ငါတို့တွေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စွမ်းအားကို လူသိရှင်ကြား ထုတ်ဖော်ရမယ်၊ သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ တန်ခိုးအာနုဘော်က ကောင်းကင်တာအိုကို ကာကွယ်ထားတာပေါ့၊ ဒီကိစ္စကို ဘယ်လိုသဘောရလဲ”
တာအိုပညာရှိတွေဟာ စပြီးတော့ ဆွေးနွေးကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ တစ်ခါတည်း အစီအစဉ်မချဘဲ တာအိုပညာရှိ အားလုံးကို ဝင်ဆွေးနွေးစေပါတယ်။ ခန်းမထဲက တာအိုပညာရှိတွေကို ကြည့်ရင်း ကောင်းကင်အရှင်ရွှမ်တုဟာ စိတ်လှုပ်ရှားသွားပါတယ်။ ဒါက ကောင်းကင်တာအို အင်အားကြီးလာမှုရဲ့ အရိပ်အယောင်ပဲ မဟုတ်ပါလား။
တစ်နေ့ကျရင် ကောင်းကင်တာအိုက ကျိန်းသေပေါက် ပဋိပက္ခရဲ့ အလယ်ဗဟို ဖြစ်လာမှာပါ။
ကောင်းကင်အရှင်ရွှမ်တုဟာ ပဋိပက္ခထဲမှာ အသိဉာဏ်ကြွယ်ဝတဲ့လူလို့ ယူဆလို့ရတဲ့အတွက် ပဋိပက္ခမှာ ဟန်ကျွယ်ကို ယှဉ်နိုင်တဲ့လူကို လက်ချိုးရေလို့ရမှန်း သိပါတယ်။ အစွမ်းအထက်ဆုံး တည်ရှိမှုက နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ဆိုရင် ဟန်ကျွယ်က အနည်းဆုံး ဒုတိယနေရာမှာ ရှိမှာပါ။
ဒါ့အပြင် နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က ဟန်ကျွယ်ကို အနိုင်ယူနိုင်တယ်ဆိုရင် နှစ်ဆယ်သန်းကြာမှ တိုက်ခိုက်မယ်လို့ ပြောစရာအကြောင်း မရှိပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ တွေးလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး ဟန်ကျွယ်ကို ပိုကြည်ညိုသွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်နောက်ကို အမြဲတမ်းလိုက်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး ပြီးခဲ့တဲ့ တိုက်ပွဲနဲ့ သူ့လှုပ်ရှားမှုတွေ အကုန်လုံးကို ပြန်သုံးသပ်ပါတယ်။ ဒီတိုက်ပွဲမှာ ဟန်ကျွယ်ဟာ ကောင်းကင်တာအို ရှင်သန်မှုကို ဂရုမစိုက်တဲ့ စိတ်လိုက်မာန်ပါ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ လောကဦး ဘိုဘေးနတ်ဘုရားနဲ့ ပဋိပက္ခသိစိတ်က ဒါကို ယုံမယုံ ဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။
ဘာပဲဖြစ်ဖြစ် နှစ်ဆယ်သန်းက ကြားခံအချိန်ပါ။ ဒီနှစ်ဆယ်သန်းဟာ ဟန်ကျွယ်ရဲ့ စွမ်းအား နောက်တစ်ဆင့်ကို ထပ်ရောက်ဖို့ လုံးဝ လုံလောက်ပါတယ်။ ဒါပေမဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ဘာလို့ နှစ်ဆယ်သန်းစောင့်လဲဆိုတာ ဟန်ကျွယ် နားမလည်နိုင်ပါဘူး။
နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ဘယ်လောက်ပဲ ဘဝင်မြင့်မြင့် ဟန်ကျွယ်ရဲ့ အစွမ်းကို မြင်ပြီးနောက်ပိုင်း အေးဆေးနေနိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး ဟန်ကျွယ်အပေါ် မုန်းတီးတာကလည်း ပဋိပက္ခမကျေနိုင်တဲ့ ကြယ်ခြောက်ပွင့်ပါ။
‘မဖြစ်ဘူး... ငါ ဒီကောင်ကို အခွင့်အရေးရှာပြီး ကျိန်စာတိုက်ရမယ်၊ ဒါပေမဲ့ အခုတိုက်လို့တော့ မဖြစ်သေးဘူး၊ ငါ အမှောင်သခင်ကြီးဆိုတာ ပေါ်သွားနိုင်တယ်... နှစ်တစ်သန်းလောက်ကြာမှ ငါ သူ့ကို ကျိန်စာတိုက်မယ်’
ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး ထပ်ရရင် ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်သာ လုံလောက်တဲ့ စွမ်းအားရှိမယ်ဆိုရင် ဘာအခက်အခဲကိုမဆို ကျော်လွှားပြီး ကျိန်စာတိုက်နိုင်မှာပါ။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး မဟာတာအို အထွတ်အထိပ် အဆင့်ရှိတဲ့ ဓားရူးတာအိုပညာရှိ တစ်သိန်းကို စိန်ခေါ် တိုက်ခိုက်ပါတယ်။ တိုက်ပွဲအပြီးမှာတော့ ဟန်ကျွယ်ဟာ အတော် တည်ငြိမ်သွားပြီး သူ့အားနည်းချက်နဲ့ အကန့်အသတ်တွေကို သတိမူမိသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တည်ငြိမ်တဲ့နှလုံးသားနဲ့ စပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ အောင်မြင်မှုကို ရထားပြီးပြီဆိုပေမဲ့ ဆက်ပြီးတော့ ကျင့်ကြံရဦးမှာပါ။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စွမ်းအားကြီးချင်ပါတယ်။ ဒါမှသာ ရန်သူက ဘယ်လောက် စွမ်းအားကြီးကြီး အမြဲတမ်း အနိုင်ယူနိုင်မှာပါ။
အရာအားလုံးက မာယာတွေဆိုပေမဲ့ ကျင့်ကြံမှုကတော့ မဟုတ်ပါဘူး။ ဇွဲရှိရှိသာ ကြိုးစားမယ်ဆိုရင် အရာအားလုံးကို ပြောင်းလဲနိုင်မှာပါ။
.....
နက်မှောင်တဲ့ စကြဝဠာတစ်ခုမှာ မရေမတွက်နိုင်တဲ့ ဥက္ကာခဲတွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ ဥက္ကာခဲတစ်ခု အပေါ်မှာတော့ ရုပ်သွင်တွေ ထိုင်နေကြပါတယ်။ ဒီရုပ်သွင်တွေထဲမှာ လီတောက်ခုံး၊ ဘိုးဘေးရှီတျန်နဲ့ ရှီတုတောက်တို့ ပါဝင်ပါတယ်။
ဘိုးဘေးရှီတျန်ဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “နတ်အခွင့်အာဏာက ဖျက်ဆီးခံရတော့မယ်၊ ငါတို့တွေ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ”
ဒီစကားကြောင့် ရှုံဟွာ အကုန်လုံးဟာ မျက်လုံးဖွင့်လိုက်ကြပါတယ်။
ရှုံဟွာအင်အားစုဟာ ပထမရှုံဟွာအရှင် သေသွားကတည်းက ခေါင်းဆောင်မဲ့သွားခဲ့တာပါ။ ဒီလိုအခြေအနေမှာ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ ထပ်ရင်ဆိုင်ရတဲ့အတွက် ရွေးချယ်စရာမရှိဘဲ ပုန်းအောင်းနေခဲ့ရပါတယ်။ သူတို့အကုန်လုံး ဒီအတောအတွင်း စိတ်လေးလံပြီး မျှော်လင့်ချက် မဲ့နေကြတာပါ။
သူတို့တွေဟာ ကပ်ဘေးထိန်းချုပ်သူ သရုပ်ကနေ မလွတ်မြောက်နိုင်ကြပါဘူး။ ရှုံဟွာတချို့ဆိုရင် နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ တွေ့ပြီး အသတ်ခံခဲ့ရပါတယ်။ သူတို့တွေဟာ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ဘယ်လိုမှ ယှဉ်နိုင်စွမ်းမရှိတဲ့အတွက် အခုလိုမျိုး ပုန်းအောင်းနေရတာပါ။
လီတောက်ခုံးဟာ မျက်တောင်ခတ်ရင်း ဘိုးဘေးရှီတျန်ကို ကြည့်လိုက်ပါတယ်။ လီတောက်ခုံးဟာ ကောင်းကင်တာအိုရဲ့ တိုက်ပွဲ အခြေအနေကို အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ သိထားပြီး ဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။
‘ဆက်ပြော... စပြီး ကြွားတော့...’ လီတောက်ခုံးဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။
ဘိုးဘေးရှီတျန်က ဆက်ပြောပါတယ် “နတ်အာဏာရှင် စစ်သူကြီးတစ်သောင်း ကောင်းကင်တာအိုကို တိုက်ခိုက်တာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ သတ်တာကို ခံလိုက်ရတယ်၊ မင်းတို့တွေ ပြီးခဲ့တဲ့အသံကို ကြားမိမှာပါ၊ အဲဒါက မောက်မာတဲ့စကား မဟုတ်ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကို သတ်လိုက်ရုံတင် မကဘူး၊ နောက်ထပ်ပေါ်လာတဲ့ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကိုလည်း တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်”
“ဝုန်း..”
ရှုံဟွာဒါဇင်ကျော်ဟာ စိတ်လှုပ်ရှားလွန်းပြီး တချို့ဆိုရင် မတ်တတ်တောင် ကောက်ရပ်လိုက်ကြပါတယ်။
“တကယ်လား...”
“ကောင်းကင်တာအို အဲဒီလိုမျိုးပုဂ္ဂိုလ် တကယ် ပေါ်လာတာလား”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုကို လာတိုက်တဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးကို သတ်လိုက်တယ်လို့ ကြားဖူးတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပန်ကူးလိုမျိုး တကယ် အထင်ကြီးဖို့ ကောင်းတာပဲ”
“အဲဒီလောက် မကဘူး၊ ပန်ကူး အသက်ပြန်ရှင်လာတုန်းက နတ်အာဏာရှင် စစ်သူကြီးတွေ သတ်တာကို ခံလိုက်ရတယ်၊ အခု ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီးတွေကို တစ်ချက်တည်း ရှင်းပစ်လိုက်တာ၊ သူက ပန်ကူးထက် သာသွားပြီ”
“နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ နိယာမအောက်မှာရှိတာ မဟုတ်ဘူးလား၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီးတွေကို သတ်နိုင်တယ်ဆိုတော့ ပဋိပက္ခနိယာမကို လျစ်လျူရှုနိုင်တယ်ဆိုတဲ့ သဘောလား...”
ရှုံဟွာဒါဇင်ကျော်ဟာ အရမ်းစိတ်လှုပ်ရှားပြီး ဟန်ကျွယ်ကို ချီးကျူးကြပါတယ်။ ရှုံဟွာတွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မသိကြပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေကို ဖျက်ဆီးလိုက်တာ သူတို့ကို ကယ်လိုက်တာနဲ့ အတူတူပဲမလို့ ဝမ်းမသာဘဲ မနေနိုင်ကြပါဘူး။
ဒီအကြောင်းပြောရရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ရှုံဟွာအင်အားစုက ရန်ငြိုးရန်စ ရှိပါတယ်။ ဒါပေမဲ့ ဒါက သူတို့ကိစ္စ မဟုတ်ပါဘူး။
ဘိုးဘေးရှီတျန်က ပြောလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေ မရှိတော့ဘူးဆိုပေမဲ့ ငါတို့တွေ သတိထားဖို့လိုတယ်၊ ငါ အစီအစဉ်ဆွဲလိုက်မယ်၊ အခုအချိန်က ရှုံဟွာအင်အားစုကို အင်အားချဲ့ရမဲ့အချိန်ပဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအတွက်တော့... ဒီနေ့ဒီအချိန်ကစပြီး ငါ ဒီကိစ္စကို ကောင်းကင်တာအိုရဲ့ ကျေးဇူးအဖြစ် သတ်မှတ်ထားလိုက်မယ်၊ နောက်ကျရင် သူ့ကို အပြစ်မပြုမိအောင် သတိထားကြ၊ ငါတို့က မဟာတာအို နတ်စိတ်ဝိညာဉ်တွေ သတ်မှတ်သလိုမျိုး မိစ္ဆာ တည်ရှိမှုတွေ မဟုတ်ဘူး၊ ငါတို့က ပုပ်ဆွေးနေတဲ့ ပဋိပက္ခရဲ့ အုပ်ချုပ်မှုကို မခံနိုင်လို့ တော်လှန်ချင်ရုံပဲ”
ရှုံဟွာဒါဇင်ကျော်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
လီတောက်ခုံးဟာ ပြုံးလိုက်ပါတယ်။ ရှီတုတောက်လည်း အတူတူပါပဲ။
‘အမှောင်သခင်ကြီးလို့ မပြောရဘူး၊ တော်တော် စွမ်းအားကြီးတာပဲ၊ သရုပ်နှစ်ခုစလုံးက ပဋိပက္ခကို ကိုင်လှုပ်နိုင်တယ်၊ နည်းလမ်းတွေကလည်း အထင်ကြီး လေးစားဖို့ကောင်းတယ်’ ရှီတုတောက်ဟာ စိတ်ထဲကနေ ဟန်ကျွယ်ကို လေးစားလိုက်ပါတယ်။
လီတောက်ခုံးဟာ ရှီတုတောက်ကို ကြည့်ပြီး မေးလိုက်ပါတယ် “မင်းက ဘာရယ်တာလဲ၊ သေရမှာ မကြောက်ဘူးလား”
“အဲဒါဆို မင်းကရော ဘာလို့ ပြုံးတာလဲ”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ငါ့ဂိုဏ်းချုပ်လေ၊ အဲဒီတော့ ငါ ဂုဏ်ယူတာပေါ့”
“ဟီးဟီး... မင်းက တိတ်ဆိတ်ဂိုဏ်းကို သစ္စာဖောက်ပြီးပြီပဲ၊ ဘာဂုဏ်ယူစရာ ရှိလို့လဲ”
“ငါ့မှာ ရွေးချယ်စရာ မရှိလို့လေ”
ရှီတုတောက်ဟာ လီတောက်ခုံးနဲ့ စကား ဆက်မပြောတော့ပါဘူး။
‘မင်းရဲ့ ဆက်ဆံရေးဟောင်းက ငါနဲ့ ယှဉ်လို့ရမလား၊ အမှောင်သခင်ကြီးက ငါ့အရည်အချင်းကို အသိအမှတ် အပြုဆုံးပဲ... မင်းက ငါ့ကို မင်းအောက်မှာ ထင်နေတာလား၊ တကယ်တော့ ငါက မင်းအထက်မှာ ရှိနေတာ... မင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သူလျှိုဆိုတာ ငါ သိတာ ကြာပြီ၊ မင်းကသာ ငါနဲ့ အမှောင်သခင်ကြီးရဲ့ ဆက်ဆံရေးကို မသိတာ... အမှောင်သခင်ကြီးရဲ့ မျက်လုံးထဲမှာ ငါက လူယုံတော်၊ မင်း လီတောက်ခုံးက ဒီအတိုင်း အစတေးခံ နယ်ရုပ် သက်သက်ပဲ...’
ဘိုးဘေးရှီတျန်က ပြောလိုက်ပါတယ် “ထွက်ခွာဖို့ ပြင်ဆင်ကြတော့၊ ရှုံဟွာအင်အားစု ခေါင်းဆောင်မဲ့နေတာ ကြာပြီ၊ ငါတို့တွေ ရှုံဟွာအင်အားစုကို ပြန်ပြီးတော့ ထိန်းချုပ်ရမယ်၊ အခု ပဋိပက္ခ နတ်ဘီလူး အကုန်လုံးနီးပါး သေဆုံးသွားတာဆိုတော့ ပဋိပက္ခက တော်တော်လေး ငြိမ်သက်သွားလိမ့်မယ်၊ ဒါက ငါတို့ရှုံဟွာ အင်အားစုအတွက် အခွင့်ကောင်းပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။