ဟန်ကျွယ်ရဲ့ သူလျှိုများ
Vol. 81 Ch. 856
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ လေလုံးထွားမှုကို ကြားရတဲ့အခါ မသိမသာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဒီပြောင်းလဲမှု သေးသေးလေးကို သတိထားမိသွားပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်ပါတယ်။
ဟန်ကျွယ် ဘာမှ မပြောခင်မှာပဲ ဟွမ်ဇွမ်တျန်ဟာ သူ့ကိုယ်သူ ပြန်သုံးသပ်ပါတယ် ‘ငါ ဘာများ မှားပြောမိလို့လဲ’
ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “မင်းရဲ့ ရာထူးက ဘယ်လောက်မြင့်မြင့် မင်းရဲ့ အောင်မြင်မှုက ဘယ်လောက်ကြီးကြီး အမြဲတမ်း သတိကြီးကြီးထားပြီး သိုသိုသိပ်သိပ်နေဖို့ ဘယ်တော့မှ မမေ့နဲ့၊ သေမျိုးကမ္ဘာတုန်းကလည်း မင်း မောက်မာပြီး ပျက်စီးခြင်းဆီကို လျှောက်လှမ်းခဲ့တယ်၊ ဒီနှစ်တွေ အကုန်လုံးမှာ မင်းက ရေခဲပါးလေးပေါ် လမ်းလျှောက်နေရတာ၊ မင်း ပင်ပန်းလာတာလည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒါက မင်းရဲ့ အောင်မြင်မှု သော့ချက်ပဲ”
“ငါ့ကို ကြည့်လိုက်၊ ငါ ဘယ်တုန်းကများ မောက်မာခဲ့ဖူးလို့လဲ”
ဟွမ်ဇွမ်တျန်ဟာ ရှက်သွားပြီး နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ သေချာ ပြန်တွေးကြည့်တော့ သူက တော်တော်လေးကို မောက်မာလာတာပါ။ အရင်တုန်းကလိုမျိုး သူ့လက်အောက်ငယ်သားတွေရဲ့ အတွေးတွေကို ဂရုမစိုက်တော့သလို အထက်လူကြီးတွေကိုလည်း မရိုကျိုးတော့ပါဘူး။
ဟွမ်ဇွမ်တျန်ဟာ ချက်ချင်း ပြန်ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ကျွန်တော် တော်တော်လေး မောက်မာလာတယ်၊ ကျွန်တော်ကို အခုလို သတိပေးတာ ကျေးဇူးပါပဲ၊ ကျွန်တော် ကတိပေးထားတဲ့အတိုင်း ကျွန်တော် ကျိန်းသေပေါက် လုပ်မယ်၊ ဒါပေမဲ့ ဒီကိစ္စတွေကို ထပ်ပြီးတော့ မပြောတော့ဘူး၊ ကျွန်တော်ရဲ့ လုပ်ဆောင်ချက်နဲ့ပဲ သက်သေပြမယ်”
ဒီစကားတွေက နည်းနည်းတော့ အဆင့်မြင့်ပါတယ်။ ဟွမ်ဇွမ်တျန်က ဟန်ကျွယ်ရဲ့ ဝေဖန်မှုကို စိတ်ရင်းနဲ့ လက်ခံပြီး ကတိပေးလိုက်တယ် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ကတော့ တော်တော်လေး နေသာထိုင်သာ ရှိသွားပါတယ် ‘ဒီကောင် ဒီလောက်ထိ အောင်မြင်လာတာ အံ့ဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း တကယ်ပဲ ငါ့အကူအညီကိုလိုတာ မရှိဘူးလား၊ မင်းလိုချင်ရင် ဆန်းကြယ်စွမ်းအားတစ်မျိုးကို သင်ယူလို့ရတယ်”
“တကယ် မလိုပါဘူး၊ ပုံမှန်ဆို ကျွန်တော်က မလှုပ်ရှားဘူး၊ ကျွန်တော် လေ့လာတာများရင် အလွယ်လေး ပေါ်သွားနိုင်တယ်၊ ကျွန်တော် မဟာတာအို ကံတရား အထောက်အပံ့ ဆန်းကြယ်စွမ်းအားတစ်မျိုးကို တတ်မြောက်ထားပြီးပြီ၊ ဒါက အရေးကြီးတဲ့အချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် ကာကွယ်ဖို့ လုံလောက်ပါတယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ ဟွမ်ဇွမ်တျန်က အဆင်ပြေနေတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ချလက်ချ ဖြစ်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အမှောင်သခင်ကြီး သရုပ်နဲ့ ရှီတုတောက်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဒီတစ်ကြိမ်တော့ ဟန်ကျွယ်ဟာ ရှီတုတောက်ကို တာဝန်တစ်ခု ပေးလိုက်ပါတယ်။
“နည်းလမ်းရှာပြီး နတ်အာဏာရှင် စစ်သူကြီးတွေက နိယာမ သက်သက်မဟုတ်ဘဲ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ပဋိပက္ခကို နှောင်ဖွဲ့ဖို့သုံးတဲ့ အင်အားတစ်ခုဆိုတာ သတင်းဖြန့်လိုက်ချည်၊ ဒီသတင်းကို တခြားသက်ရှိတွေ သူတို့ဘာသာ ဖြန့်ချင်လာအောင် လုပ်ရမယ်၊ ဒါက တွက်ချက်ဖို့ လွယ်ကူတော့ ဦးမဆောင်နဲ့” ဟန်ကျွယ်က သတိပေးလိုက်ပါတယ်။
ဒီသတင်းက သိပ်တော့ အသုံးမဝင်လှပါဘူး။ ဟန်ကျွယ်ကလည်း သံသယစေ့ကို စိုက်ပျိုးချင်ရုံပါ။
ရှီတုတောက်ဟာ နောက်ဆုံးတော့ တာဝန်တစ်ခု ရလိုက်ပြီ ဖြစ်တဲ့အတွက် ချက်ချင်း စိတ်လှုပ်တရှား သဘောတူလိုက်ပါတယ်။ အစကနေ အဆုံးအထိ ရှီတုတောက်ဟာ ကောင်းကင်တာအိုရဲ့ တိုက်ပွဲအကြောင်းကို မပြောပါဘူး။ ပဋိပက္ခမှာ နေတာ ကြာလေလေ တည်ရှိမှုတချို့က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ် ဆိုတာကို ရှီတုတောက် သိလာပါတယ်။ ပဋိပက္ခမှာ တချို့ကိစ္စတွေက နောက်ကွယ်မှာ အတင်းပြောရုံနဲ့ သေတဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။
“ငါ မင်းကို ဆန်းကြယ်စွမ်းအား သင်ပေးမယ်” ဟန်ကျွယ်က ပြောလိုက်ပါတယ်။
ရှီတုတောက်ဟာ ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။ ရှီတုတောက်ဟာ ဟွမ်ဇွမ်တျန်လို အခွင့်အရေး အများကြီး မရှိပါဘူး။
ဟန်ကျွယ်ဟာ သူ အသုံးပြုခဲတဲ့ ဆန်းကြယ်စွမ်းအား သုံးမျိုးကို သင်ပေးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ပုံစံ အစစ်အမှန်နဲ့ လီတောက်ခုံးကို အိပ်မက်ပေးလိုက်ပါတယ်။ လီတောက်ခုံးကိုတော့ ဆန်းကြယ်စွမ်းအား သင်ပေးစရာ မလိုတော့ပါဘူး။ အသက်တစ်သောင်းဓားက လီတောက်ခုံးအတွက် အချိန်အတော်ကြာတဲ့အထိ ကျင့်ကြံအားထုတ်ဖို့ လုံလောက်ပါတယ်။
ဟန်ကျွယ်ဟာ လီတောက်ခုံးကို တာဝန်မပေးပါဘူး။ လီတောက်ခုံးကို သူ့ကိုယ်သူ ဂရုစိုက်နိုင်ဖို့ မျှော်လင့်ထားလို့ပါ။
အဲဒီနောက် ကျင်းတျန်ကုန်းပါ။
ကျင်းတုန်ကုန်းအကြောင်း ပြောရရင် ကျင်းတျန်ကုန်းက ပဋိပက္ခမှာ လျှောက်သွားနေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ အခုထက်ထိ သူ့နာမည်က မထင်မရှား ရှိနေပါသေးတယ်။ ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်းကို သာမန်ကာလျှံကာ ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ကျင်းတျန်ကုန်းက ဟန်ကျွယ်ကို မိုးပေါ်ရောက်အောင် မြှောက်ပင့် ပြောဆိုလိုက်ပါသေးတယ်။
နတ်ဒေါင်းအရှင်ပဲ ကျန်ပါတော့တယ်။ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ နတ်ဒေါင်းအရှင်က အခုထက်ထိ မဟာတာအိုပညာရှိ မဖြစ်သေးတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို ဂရုစိုက်ချင်စိတ်တောင် မရှိတော့ပါဘူး။
‘တော်တော် အသုံးမကျတာပဲ...’
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင် မဟာတာအိုပညာရှိ ဖြစ်လာတဲ့အထိ စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ကြည့်လိုက်တဲ့အခါ ကောင်းကင်တာအိုက ပိုပြီးတော့ စည်ကားလာတာကို တွေ့လိုက်ရပါတယ်။ ပဋိပက္ခ ကောင်းကင်လမ်း နှစ်လမ်းကတော့ ပြန်ပြုပြင်တုန်း ရှိပါသေးတယ်။ ဒါပေမဲ့ အများဆုံး နှစ်ငါးထောင်အတွင်း အကောင်းပကတိ ပြန်ဖြစ်တော့မှာပါ။
ဒီအတောအတွင်း ကောင်းကင်တာအိုမှာ တာအိုပညာရှိ နေရာအသစ်နှစ်ခု ပေါ်လာပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကောင်းကင်တာအိုက ပိုပိုပြီးတော့ ကောင်းမွန်လာတယ်ဆိုတာကို သိနိုင်ပါတယ်။
‘မဆိုးဘူး...’
ဟန်ကျွယ်ဟာ ကျေနပ်စွာ မျက်လုံးမှိတ်လိုက်ပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
မှောင်မည်းတဲ့ ခရမ်းရောင် ကြယ်တာရာ ကောင်းကင်ပြင်မှာ ရုပ်သွင်တစ်သွင်ဟာ ရှေ့ကို တိတ်တဆိတ် ခရီးနှင်နေပါတယ်။ ဒီရုပ်သွင်က ဟန်ကျွယ်ရဲ့ ပြန်လည်မွေးဖွားခြင်း ကိုယ်ပွား လျူပေ့ပါ။
လျူပေ့ဟာ ပတ်ဝန်းကျင်ကို ရင်တထိတ်ထိတ်နဲ့ စစ်ဆေးရင်း ရှေ့ဆက်သွားနေတာပါ။ ဒီလောက် နှစ်တွေ ကြာတာတောင် လျူပေ့ဟာ တတိယ တာအိုစက်ကွင်းထားမဲ့ နေရာကို ရှာမတွေ့သေးပါဘူး။
‘ဒီနေရာက အဆင်ပြေတယ်၊ သက်ရှိတွေလည်း မရှိဘူး၊ ဒါပေမဲ့ အကန့်အသတ် နည်းလွန်းတယ်’ လျူပေ့ဟာ စိတ်ထဲမှာ တွေးရင်း နည်းနည်း နောင်တရသွားပါတယ်။
ပြီးခဲ့တဲ့ တိတ်ဆိတ်ကျွန်းရဲ့ တည်နေရာက တော်တော်လေး အဆင့်မြင့်ခဲ့တဲ့အတွက် ဒီတစ်ခေါက်မှာလည်း လျူပေ့ဟာ တတိယ တာအိုစက်ကွင်း တည်နေရာကို ထူးခြားလိုအပ်ချက်တွေ ထည့်ထားခဲ့ပါတယ်။ လျူပေ့ဟာ အနည်းဆုံး တတိယ တာအိုစက်ကွင်းကို သာမန်မျက်စိနဲ့ မမြင်စေချင်ပါဘူး။
လျူပေ့က ရှေ့ကို ဆက်ပြီးတော့ သွားပါတယ်။
လေးငါးဆယ်လ အကြာမှာတော့ လျူပေ့ရဲ့ ရှေ့မှာ ဧရာမ ကြက်သွေးရောင် ဂြိုဟ်တစ်လုံး ပေါ်လာပြီး လျူပေ့ရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။ ဒီဂြိုဟ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ရောင်ဝါတစ်မျိုးနဲ့ ပြည့်နှက်နေပါတယ်။ ဒါက ပဋိပက္ခချီလည်း မဟုတ်သလို စိတ်ဝိညာဉ်ချီလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကပဲ လျူပေ့ကို ဆွဲဆောင်လိုက်တာပါ။
လျူပေ့ဟာ တိတ်တဆိတ် ချဉ်းကပ်လိုက်ပါတယ်။ လျူပေ့ဟာ ဒီဂြိုဟ်ကို နတ်အာရုံနဲ့ အကဲခတ်ချင်ပေမဲ့ လျှို့ဝှက်ဆန်းကြယ် ရောင်ဝါရဲ့ ကာဆီးမှုကို ခံလိုက်ရပါတယ်။
လျူပေ့ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေရာက သူရှာနေတဲ့ နေရာ ဖြစ်နေနိုင်တယ် မဟုတ်ပါလား။
ဂြိုဟ်ပေါ် ဆင်းသက်ပြီးနောက် လျူပေ့ဟာ ခြေထောက်အောက်က အပူဓာတ်ကို ခံစားလိုက်ရပေမဲ့ အပူတော့ မလောင်ပါဘူး။ ဒီနေရာက မြင့်မားတဲ့ အပူချိန်ဟာ အင်မော်တယ်ဧကရာဇ်နဲ့ ချက်ချင်း ပေါင်းစပ်နိုင်ပေမဲ့ လျူပေ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး။
လျူပေ့ဟာ လျှောက်ကြည့်ပြီး ဂြိုဟ်ကို အကဲခတ်ပါတယ်။ လျူပေ့က အရမ်းမြန်ပေမဲ့ ဒီဂြိုဟ်ကလည်း ကြီးမားလွန်းပါတယ်။
လေးငါးဆယ်နာရီ အကြာမှာတော့...
လျူပေ့ဟာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ရှေ့ကို တောင်ကုန်းကို စိုက်ကြည့်လိုက်ပါတယ်။ ဒီတောင်ကုန်းကာ ကတုံးဖြစ်နေပြီး ချော်ရည်တွေ အိုင်ထွန်းနေပါတယ်။ တောင်ကုန်းရဲ့ တစ်ဝက်မှာတော့ ရုပ်သွင်တစ်သွင် တရားထိုင်နေပါတယ်။
ဒီလူဟာ စုတ်ပြဲနေတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်အများစုက မျက်နှာပေါ် ကျနေပါတယ်။ သူ့မျက်လုံးတွေဟာ တင်းကျပ်စွာ ပိတ်နေပြီး မျက်ခုံးကြားမှာရှိတဲ့ ဒေါင်လိုက်မျက်လုံးကတော့ လျူပေ့ကို စိုက်ကြည့်နေပါတယ်။
လျူပေ့ဟာ သေလောက်အောင် ကြောက်သွားပြီး ဇောချွေး ပျံသွားပါတယ်။ ဒီဒေါင်လိုက်မျက်လုံး စိုက်ကြည့်တာကို ခံရတာက လျူပေ့ရဲ့ သွေးတွေကို အေးစက်သွားစေပါတယ်။
လျူပေ့ဟာ တစ်ခဏကြာတာနဲ့ ခပ်မြန်မြန် နောက်ဆုတ်လိုက်ပါတယ်။
“အဲဒီမှာ ရပ်လိုက်” ရှေးကျတဲ့အသံက ညင်သာစွာ ထွက်ပေါ်လာပါတယ်။
လျူပေ့ဟာ ဒီအသံကို ကြားတာနဲ့ ချက်ချင်း ရပ်လိုက်ပြီး မြေကြီးပေါ် ဒူးထောက်ကာ အော်ပြောလိုက်ပါတယ် “စီနီယာ... ကျွန်တော် စီနီယာကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး၊ ကျွန်တော် ဒီနေရာကို ဖြတ်သွားမိတာပါ၊ ကျွန်တော်လည်း ကျင့်ကြံအားထုတ်ဖို့ နေရာတစ်နေရာ ရှာနေတာပါ၊ ကျွန်တော်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မြူတစ်မှုန်စာတောင် မရှိပါဘူး၊ ကျွန်တော် ဒီနေရာကို ဘယ်တုန်းက မမြင်ခဲ့သလိုမျိုး နေပါ့မယ်၊ ဒီအကြောင်းကိုလည်း ဘယ်သူ့ကိုမှ ထုတ်မပြောပါဘူး”
လျူပေ့ဟာ စပြီးတော့ ရှိခိုးပါတော့တယ်။
ရှေးကျတဲ့အသံက ပြောလိုက်ပါတယ် “မင်းက ကိုယ်ပွားပဲ၊ မင်းရဲ့ ပင်မခန္ဓာကိုယ်က ဘယ်သူလဲ”
လျူပေ့က ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်ရဲ့ ပင်မခန္ဓာကိုယ်က ကောင်းကင်တာအိုက ချောင်ချောင်ပါ”
“ချောင်ချောင်... ကောင်းကင်တာအိုက ဒီနေရာနဲ့ အဝေးကြီးပဲ”
လျူပေ့ဟာ ခေါင်းငုံ့ထားရင်း စိတ်လေးသွားပါတယ်။
“မသွားနဲ့၊ ဒီမှာနေပြီး ကျင့်ကြံအားထုတ်ချည်”
“အား... ကျွန်တော်က...”
“ဘာလဲ...”
“ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် ဒီနေမှာ ကျင့်ကြံအားထုတ်ပါ့မယ်” လျူပေ့ဟာ စိတ်ထဲမှာ မကျေနပ်ပေမဲ့ သဘောတူလိုက်ရပါတယ်။
ကောင်းကင်ပြာအောက်မှာ စိမ်းလန်းစိုပြေတဲ့ တောတောင်တွေနဲ့ ကြည်လင်အေးချမ်းတဲ့ မြစ်ချောင်းတွေဟာ တသွင်သွင် စီးဆင်းနေပါတယ်။ မြစ်တစ်စင်းဟာ တောင်တန်းတွေကို ဖြတ်သန်း စီဆင်းနေပြီး တိမ်တွေကလည်း ကောင်းကင်ယံမှာ ဟိုဟိုဒီဒီ ရွှေ့လျားနေကြပါတယ်။
ဟန်ထော်နဲ့ ယီတျန်ဟာ တောအုပ်ထဲမှာ တရားထိုင်နေကြပါတယ်။
အနက်ရောင် အလင်းတန်းတစ်တန်းဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး ဟန်ထော်နဲ့ ယီတျန်ရှေ့ကို ကျလာပါတယ်။ ဟန်ထော်နဲ့ ယီတျန်ဟာ အထိတ်တလန့် ဖြစ်သွားပြီး မျက်လုံး ပြိုင်တူ ဖွင့်မိလိုက်ကြပါတယ်.
အနက်ရောင် အလင်းတန်းဟာ ပျောက်ကွယ်သွားပြီး မိစ္ဆာဘိုးဘေး လို့ယွမ် ပေါ်လာပါတယ်။
ယီတျန်ဟာ အပြုံးနဲ့ စနောက်လိုက်ပါတယ် “ခင်ဗျား အသက်ရှင်နေသေးတာပဲ၊ ခင်ဗျားလည်း ပဋိပက္ခ နတ်ဘီလူးတွေလိုမျိုး...”
လို့ယွမ်ဟာ ယီတျန်ကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ့မှာ မင်းတို့အတွက် တာဝန်တစ်ခု ရှိတယ်”
ယီတျန်ဟာ နှုတ်ခမ်းတွန့်လိုက်ပါတယ်။
ဟန်ထော်က မေးလိုက်ပါတယ် “ဘာတာဝန်လဲ”
“နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ဆင့်ခေါ်နေတယ်၊ ချက်ချင်း သွားကြတော့”
“ဒါပေမဲ့ ကျွန်တော်တို့တွေက သူ့ဆီကနေ လွတ်မြောက်လာရုံ ရှိသေးတာ”
“မစိုးရိမ်ပါနဲ့၊ ငါ ဒီကိစ္စကို သူနဲ့ ဆွေးနွေးပြီးပြီ၊ ပြီးခဲ့တာတွေကို ပြီးပါစေတော့၊ ဒီတစ်ကြိမ် နတ်စိတ်ဝိညာဉ်တွေ စုဝေးတာက ဧရာမ အခွင့်အရေးပဲ၊ မင်းတို့တွေ အောင်မြင်တာနဲ့ မဟာတာအိုပညာရှိ အဆင့်က မင်းတို့ရဲ့ အကန့်အသတ် မဟုတ်တော့ဘူး” မိစ္ဆာဘိုးဘေးလို့ယွမ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပြီး လျှို့ဝှက် အကြံအစည်တစ်ခုရဲ့ အငွေ့အသက်ကို ခံစားမိလိုက်ပါတယ်။
“ဒါနဲ့... နတ်အာဏာရှင် စစ်သူကြီးတွေ ဘယ်မှာလဲ၊ အရင်တုန်းက နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုကို တိုက်ခိုက်တော့မယ်လို့ ကောလဟာလတွေ ထွက်နေခဲ့တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။