← Chapters

တတိယ တာအိုစက်ကွင်း တည်ခြင်း

Vol. 81 Ch. 858

တတိယ တာအိုစက်ကွင်း တည်ခြင်း

Vol. 81 Ch. 858

မသိမသာနဲ့ ဟန်ကျွယ် ဂူအောင်းကျင့်ကြံတာ နှစ်တစ်သိန်း ဖြစ်လာပါတယ်။

နောက်ထပ် နှစ်တစ်သိန်း ထပ်ကုန်ဆုံးသွားပါတယ်။

ဒီအတောအတွင်း ဟန်ကျွယ်ဟာ ကောင်းကင်တာအို အပြင်ဘက်နားက တိုက်ခိုက်မှုတစ်ခုကို အာရုံခံမိခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲက ခပ်မြန်မြန် အဆုံးသတ်သွားပြီး ကောင်းကင်တာအိုကိုလည်း ဘာမှ မထိခိုက်စေတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီး အာရုံမစိုက်တော့ပါဘူး။

ဟန်ကျွယ်ဟာ နှစ်တစ်သိန်း ပြည့်မှပဲ မျက်လုံးဖွင့်လိုက်ပါတယ်။ အခုဆိုရင် ဟန်ကျွယ် မဟာတာအိုပညာရှိချုပ် ဖြစ်တာ နှစ်ခြောက်သိန်း ကျော်သွားပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် အလယ်အဆင့်နဲ့ အလှမ်းဝေးနေတုန်းပါ။

ဟန်ကျွယ်ဟာ ပထမဆုံး ကောင်းကင်တာအိုနားကို ကြည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲက ပြီးဆုံးသွားတာ ကြာပြီ ဖြစ်တဲ့အတွက် တိုက်ပွဲအရိပ်အယောင်တောင် ကျန်မနေတော့ပါဘူး။ အရာအားလုံးက သာမန်အတိုင်း ရှိနေပြီး တိုက်ပွဲတစ်ခု ဘယ်တုန်းကမှ မဖြစ်ပေါ်ခဲ့သလိုပါပဲ။

ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီးနောက် လာတိုက်တဲ့လူကို ဓားရူးတာအိုပညာရှိက သတ်လိုက်မှန်း သိလိုက်ရတဲ့အခါ ချက်ချင်း စိတ်မဝင်စားတော့ပါဘူး။

ဟန်ကျွယ်ဟာ ပဋိပက္ခဆီ ခုန်ထွက်ပြီး သူ လွှင့်ပစ်ခဲ့တဲ့ စကြဝဠာကို အကဲခတ် လေ့လာပါတယ်။ ဒီစကြဝဠာဟာ ဟန်ကျွယ် ကြယ်တွေရှိသလောက် ရှိနေပါပြီ။ ဒီများပြားပြီး အရွယ်အစား စုံလင်လှတဲ့ ကြယ်ဝဲကတော့မျိုးစုံ ဖြစ်ပေါ်ကာ တလက်လက် တောက်ပနေပါတယ်။

ဖန်တီးမှု နိယာမက ဒီစကြဝဠာကို အာဟာရပေးတဲ့အတွက် ဂလက်ဆီထဲမှာ စိတ်ဝိညာဉ်ချီမျိုးစုံ ပေါ်လာပါတယ်။ ကြယ်တွေလည်း စတင်ရွှေ့လျားလာပြီး တဖြည်းဖြည်းနဲ့ အသက်ဝင်လာပါတယ်။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားပါတယ်။ အဲဒါက ဒီစကြဝဠာမှာ တတိယ တာအိုစက်ကွင်း တည်ဖို့ပါ။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်မှာ ပုန်းအောင်းစရာ နေရာအသစ်တစ်ခု မလိုအပ်တော့ပါဘူး။ အချိန်ကျလာရင် တတိယ တာအိုစက်ကွင်းမှာနေပြီး ဖန်တီးမှုစွမ်းအားကို တစ်ခါတည်း သုံးသပ်နားလည်လို့ ရပါတယ်။

ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ပထမဆုံး လျူပေ့ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက တာအိုဘုံကျောင်းထဲမှာပါ “နေရာ ထပ်ရှာစရာ မလိုတော့ဘူး၊ ပြန်လာခဲ့တော့..”

လျူပေ့ဟာ မျက်လုံးဖွင့်ကြည့်ပြီးနောက် မှင်တက်သွားပါတယ်။

“ကျွန်တော်တို့တွေ ဘာဖြစ်လို့ နေရာ ထပ်မရှာတော့တာလဲ”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့လဲ”

“ကျွန်တော် ပိတ်မိနေတယ်”

“ဘယ်သူကြောင့်လဲ”

“ကျွန်တော်လည်း သေချာ မသိဘူး”

ဟန်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “လျူပေ့ကို ပိတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုကို ငါ တစ်ချက်တည်း သတ်နိုင်လား”

[သက်တမ်း ၄၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘အင်း... အာားနည်းလှချည်လား...’

ဟန်ကျွယ်ဟာ ဆက်တောင် မတွက်ချင်တော့ပါဘူး။ ဒါပေမဲ့ သေချာတွေးကြည့်ပြီးနောက် စိတ်ချရအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆက်တွက်မယ်။

[သတ်နိုင်ပါသည်။]

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ငါက တကယ်ကို ကြောက်တတ်တာပဲ၊ ဒီလောက်တန်ဖိုးလောက်နဲ့ စွမ်းအား ဘယ်လောက်များ ရှိနိုင်မှာလဲ’

ဟန်ကျွယ်ဟာ လျူပေ့ ဖိတ်ခေါ်ပညာရပ် သုံးတာကို စောင့်ဆိုင်းပါတယ်။ ဘာပဲဖြစ်ဖြစ် လျူပေ့က သူအမိန့်ပေးလိုက်တိုင်း ကြောက်ကြောက်လန့်လန့်နဲ့ လိုက်လုပ်တာချည်းပါပဲ။ လျူပေ့က သူ့အတွက် သိပ်အကျိုးမဆောင်ခဲ့ဘူးဆိုပေမဲ့ အနည်းဆုံးတော့ ဇွဲရှိရှိနဲ့ ကြိုးစားအားထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ လျူပေ့ အနိုင်ကျင့်ခံရတာကို ထိုင်ကြည့်မနေနိုင်ပါဘူး။

ဟန်ကျွယ်ဟာ အပြင်ထွက်တိုင်း သူ့စိတ်ဆန္ဒကို အမြဲတမ်း တာအိုဘုံကျောင်းထဲမှာ ချန်ထားခဲ့ပါတယ်။ ဒါမှ အပြင်မှာသေတာနဲ့ ချက်ချင်း ပြန်ပြီး ရှင်သန်နိုင်မှာပါ။

တစ်အောင့်အကြာမှာတော့ ဟန်ကျွယ်ရှေ့မှာ ဝဲကတော့နက်တစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ အကောင်းစား ရတနာတွေ အကုန်လုံးကို အသက်သွင်းလိုက်တဲ့အခါ နတ်အလင်းရောင်တွေ တောက်ပစွာ ဖြာထွက်လာပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲကို လှမ်းဝင်လိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ အနီရောင် ကျတ်တီးနယ်မြေကို ရောက်ရှိသွားပါတယ်။ ဒီနယ်မြေမှာ အရပ်မျက်နှာ ပေါင်းစုံကနေ အပူရှိန်တွေ တောက်လောင်နေပါတယ်။ ဟန်ကျွယ်ဟာ လျူပေ့ရဲ့ ရောင်ဝါကို ဖမ်းမိတာနဲ့ လျူပေ့ကို သူ့ရှေ့ ခေါ်လိုက်ပါတယ်။

လျူပေ့ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတာကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ လျူပေ့ကို ဂရုမစိုက်ဘဲ တောင်ခါးပန်းက ရုပ်သွင်တစ်သွင်ဆီ အကြည့် ရောက်သွားပါတယ်။ ဒီရုပ်သွင်က မျက်လုံးသုံးလုံးရှိပြီး မိစ္ဆာရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ အကြောင်းတချို့ကြောင့် ဟန်ကျွယ်ဟာ အမင်္ဂလာ မကောင်းဆိုးဝါးကို တွေးမိလိုက်ပါတယ်။

“မင်း ဘာဖြစ်လို့ ငါ့ကိုယ်ပွားကို ပိတ်လှောင်ထားတာလဲ” ဟန်ကျွယ်က အေးစက်စွာ မေးလိုက်ပါတယ်။

တစ်ဖက်ရုပ်သွင်ဟာ မျက်လုံးပွင့်လာပြီး ဟန်ကျွယ်ကို မျက်လုံးသုံးလုံးနဲ့ စိုက်ကြည့်လိုက်ပါတယ်။ အဲဒီနောက် ရုတ်တရက် မတ်တတ် ကောက်ရပ်လိုက်ပါတယ်။

“မဟာတာအိုပညာရှိချုပ်... မရင်းနှီးတဲ့ ရောင်ဝါပဲ၊ ငါ ဒီကောင်ရဲ့ နောက်ခံကို တွက်ချက်လို့မရတာ အံ့ဩစရာ မရှိတော့ပါဘူး၊ မင်း ရောက်လာမှတော့ လက်ရည်စမ်းကြရအောင်” တစ်ဖက်ရုပ်သွင်က ရှေးကျပြီး အေးစက်တဲ့အသံနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “အနည်းဆုံး ခင်ဗျားနာမည်တော့ ပြောပြသင့်တယ် မဟုတ်လား...”

တစ်ဖက်ရုပ်သွင်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ဖုန်းတောက်...”

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ကောင်းကင်နက္ခ နတ်ဘီလူး ဓမ္မရုပ်တုကို ကောက်ခဲပြီး ဖုန်းတောက်ကို လက်သီးနဲ့ ထိုးချလိုက်ပါတယ်။

ပေတစ်သောင်း မြင့်မားတဲ့ ကောင်းကင်နက္ခ နတ်ဘီလူးဟာ ကိုယ်ကိုကိုင်းပြီး ကောင်းကင်ကနေ လက်သီး ထိုးချလိုက်ပါတယ်။ ဒီလက်သီးချက်က မြန်ဆန်လွန်းတဲ့အတွက် ဖုန်းတောက်ဟာ မရှောင်နိုင်ဘဲ အဝေးကို လွင့်စဉ်ထွက်သွားပါတယ်။

“ဝုန်း...”

မြေပြင်ဟာ ပြိုလဲသွားပြီး ချော်ရည်တွေပါတဲ့ ဖုန်မှုန့်တွေ အလူးလူး ထလာပါတယ်။ ချက်ချင်းဆိုသလို ကြယ်တစ်ခုလုံး အက်ကြောင်းထပ်ပြီး ကွဲကြေကာ စက်ပိုင်းပုံစံ လေလှိုင်းတွေက အပြိုင် ကျယ်ပြန့်သွားပါတယ်။ ဟင်းလင်းပြင်လည်း ပြင်းထန်စွာ ရှုံ့တွသွားပါတယ်။

ဟန်ကျွယ်ဟာ လျူပေ့ကို ဖမ်းဆုပ်ပြီး ဝဲကတော့နက်ထဲ ဝင်လိုက်ပါတယ်။

အဲဒီနောက် ဝဲတော့နက်ဟာ ကျုံ့သွားပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထုတ်ယူပြီး ဝဲကတော့ရှေ့မှာ ရပ်ကာ ဝဲကတော့နက် ကျုံ့သွားတာကို စောင့်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ စွမ်းအားကြီးရောင်ဝါတစ်ပါးရဲ့ တိုက်ခိုက်မှုကို ခံစားလိုက်ရတဲ့အတွက် ချက်ချင်း ဓားကို ဝေ့ယမ်းလိုက်ပါတယ်။ ဓားချီဟာ ဝဲကတော့နက်ထဲ ဝင်ရောက်ပြီး ဖုန်းတောက်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ပါတယ်။

ဒီအချိန်မှာပဲ ဝဲကတော့နက်ဟာ ပျောက်ကွယ်သွားပါတယ်။

လျူပေ့ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရုတ်တရက် နောက်လှည့်ပြီး လျူပေ့ကို မဟာချုပ်နှောင်လက်ဝါးနဲ့ ချုပ်နှောင်လိုက်ပါတယ်။ အဲဒီနောက် တာအိုပညာရှိအာရုံနဲ့ လျူပေ့ခန္ဓာကိုယ်ကို စစ်ဆေးပြီး လျူပေ့ ခန္ဓာကိုယ်ထဲမှာ ဖုန်းတောက် ချန်ထားခဲ့တဲ့ အမှတ်မှန်သမျှကို ဖျက်ဆီးပစ်လိုက်ပါတယ်။ အသက်ရှူကြိမ် ဆယ်ကြိမ်ကြာသွားမှ ဟန်ကျွယ်ဟာ လျူပေ့ကို လွှတ်ပေးလိုက်ပါတယ်။

လျူပေ့က ဂရုတစိုက်မေးလိုက်ပါတယ် “သူ ကျွန်တော် ခန္ဓာကိုယ်ကို တစ်ခုခု လုပ်ထားတာလား”

“ဟုတ်တယ်၊ မဟုတ်ရင် သူက မင်းကို ဒီလောက်ကြာတဲ့အထိ အသက်ရှင်ခွင့် ပေးမလား”

“ဒါလည်း ဟုတ်တာပဲ” လျူ‌ပေ့ဟာ ကသိကအောက်မျက်နှာနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး လျူပေ့ကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ လျူပေ့လည်း ချက်ချင်း ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။

[ဖုန်းတောက်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ ဖုန်းတောက်ရဲ့ ပုံရိပ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပါတယ်။

[ဖုန်းတောက်: မဟာတာအို အထွတ်အထိပ် အလယ်အဆင့်၊ ပဋိပက္ခသက်ရှိ၊ တာအိုဖြတ်ကျော် ဆရာကြီး။ သင်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖုန်းတောက်သည် သင့်အား ကြောက်လန့်သွား၏။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ ဖုန်းတောက်ဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးပါဘူး။ မုန်းတီးမှုကလည်း ကြယ်သုံးပွင့်တည်း ရှိတဲ့အတွက် ဟန်ကျွယ်ဟာ သိပ်ပြီး ဂရုမစိုက်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် လျူပေ့က တစ်ဖက်လူရဲ့ တာအိုစက်ကွင်းထဲကို မတော်တဆ ဝင်မိခဲ့တယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ကျိုးကြောင်းဆီလျော်တဲ့ ပုဂ္ဂိုလ်ပါ။ ပြီးခဲ့တဲ့ တိုက်ပွဲကလည်း သင်ခန်းစာ ပေးလိုက်တာပါ။ သူ မကြိုက်တာနဲ့ဘဲ တစ်ဖက်လူကို သတ်ပစ်လိုက်လို့ မရပါဘူး။ နှစ်‌ပေါင်းများစွာ ကျင့်ကြံအားထုတ်ဖို့ဆိုတာက လွယ်ကူတာ မဟုတ်ပါဘူး။

“ငါ ကောင်းကင်တာအိုကနေ ထွက်သွားပြီး ပဋိပက္ခသိစိတ် ဒါမှမဟုတ် နဝမပဋိပက္ခရဲ့ သတ်ဖြတ်တာကို ခံရရင် တာအိုဘုံကျောင်းထဲမှာရှိတဲ့ စိတ်ဆန္ဒ တစ်စွန်းတစ်စနဲ့ အသက်ပြန်ရှင်လာနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ချရအောင် ဒီမေးခွန်းကို မေးလိုက်တာ ဖြစ်ပါတယ်။

[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ပြန်ရှင်နိုင်ပါသည်။]

‘ဒါမှပေါ့...’

ဟန်ကျွယ်ဟာ ချက်ချင်း ကောင်းကင်တာအိုကနေ ခုန်ထွက်ပြီး သူကြောင့် ဖြစ်ပေါ်လာတဲ့ ကြယ်စကြဝဠာဆီ အပြေးသွားပါတယ်။ ဟန်ကျွယ်ဟာ ကြယ်စကြဝဠာမှာ တတိယ တာအိုစက်ကွင်း တည်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကနေ ထွက်ခွာရင် တိုက်ခိုက်ခံရမလားဆိုတာကို စမ်းသပ်ချင်တာလည်း ပါပါတယ်။

ဟန်ကျွယ်ဟာ နည်းနည်းတော့ ရင်ခုန်ပါတယ်။ ပဋိပက္ခကို မသွားတာ နှစ်အများကြီး ရှိနေပြီ မဟုတ်ပါလား။ အရင်တုန်းက ကိုယ်ပွားပဲ ခရီးသွားတာပါ။ အခုက ပင်မခန္ဓာကိုယ်နဲ့ ခရီးသွားတာပါ။

ဟန်ကျွယ်ဟာ လျင်မြန်စွာ ရွှေ့လျားပါတယ်။ အသက်ရှူကြိမ် လေးငါးဆယ်ကြိမ် ကြာတဲ့အခါ ဟန်ကျွယ်ဟာ ကြယ်စကြဝဠာဆီ ရောက်ရှိသွားပါတယ်။

ဒါက မဟာတာအိုအလျင်ပါ။ ပဋိပက္ခက ကျယ်ပြန့်တယ်ဆိုရင်တောင် ဘာမှမဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ကြယ်စကြဝဠာအထက်မှာ ပေါလောမျောပြီး မရေမတွက်နိုင်တဲ့ ကြယ်တွေကို ငုံ့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အလယ်မှာရှိတဲ့ ဧရာမကြယ်ကြီးပေါ် ဆင်းသက်လိုက်ပြီး တတိယ တာအိုစက်ကွင်းကို တည်လိုက်ပါတယ်။

[တတိယ တာအိုစက်ကွင်းအား အောင်မြင်စွာ တည်ဆောက်ပြီးပါပြီ။]

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မမြင်နိုင်တဲ့ အင်အားတစ်ခုက ကီလိုမီတာ ဆယ်သန်းရှိတဲ့ စက်ဝိုင်းပုံစံ ဧရိယာတစ်ခုကို သီးခြားခွဲထုတ်ပြီး ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်လိုက်တာကို ခံစားမိလိုက်ပါတယ်။

အဲဒီနောက် စိတ်ဝိညာဉ်ချီနဲ့ ရှန်တျန်ချီဟာ စတင် တိုးတက်လာပါတယ်။ ဒါက ပင်မတာအိုစက်ကွင်းနဲ့ ဒုတိယတာအိုစက်ကွင်းအတိုင်း တစ်ထပ်တည်းကျအောင် လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါ။

ဟန်ကျွယ်ဟာ ဒီကြယ်စကြဝဠာပေါ် ဆင်းသက်တဲ့ ရောင်ဝါ၊ လမ်းကြောင်းနဲ့ ကံရေစက်တွေကို စပြီးတော့ ဖျက်ပစ်ပါတယ်။ ဒါတွေအကုန်လုံးက မျက်လုံးနဲ့ မမြင်ရပေမဲ့ ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒကို သုံးပြီး ဖျက်ပစ်နိုင်စွမ်း ရှိပါတယ်။

ဒါကြောင့်လည်း မဟာတာအိုပညာရှိချုပ်က ခန့်မှန်းလို့မရဘဲ ပေါ်ချင်တဲ့အချိန် ပေါ်လာပြီး ပျောက်ချင်တဲ့ ပျောက်သွားနိုင်တာပါ။

“ငါ ဒီနေရာ လာတာကို တစ်ယောက်ယောက် တွေ့သွားသေးလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘များလှချည်လား...’

ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

[မရှိပါ။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters