အတိတ်၊ ငွေလမှ အဖြစ်အပျက်
Vol. 36 Ch. 701
ဓားပျော့၊ ဓားရှည်၊ ဓားတိုနှင့် ပုံစံတုဆိုသည့် အဆင့် ၄ ဆင့်ကို ပြောင်းလဲ နိုင်သည်။ ဓားပျံအဖြစ် အချိန်တစ်ခုကြာအောင် မသုံးနိုင်သော်လည်း ပေထင်းဟွမ်လုံးဝစိတ်မပူပေ။ သူမသည် အခုမှ အဆင့် ၄ သာရှိသေးသည်။ အဂူးပြောသလိုဆိုလျှင် ဤဓားရှည်သည် အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ် သည်။ သူမ အဆင့် ၅ အထိအဆင့်တက်သွားလျှင် မည်သို့ဖြစ်မည်နည်း။
ပေထင်းဟွမ်သည် အဂူးပြောခဲ့သလို ဤဓားနတ်လက်နက်အဆင့်သို့ ဝင်သွားမည့်အချိန်ကို မျှော်လင့်နေသည်။
သူမ၏အရင်ဘဝ ကြေးစားလောက၏ ဘုရင်တစ်ပါးအနေနှင့် ပေထင်းဟွမ်သည် လက်နှစ်ဖက်ကိုင် လက်နက်များကို အသုံးပြုခဲ့သည်။ ဓားတိုဖြစ်စေ သို့မဟုတ် သေနတ်ဖြစ်စေ၊ သူမ၏ ဘယ်လက် ညာလက်တွင် ကိုင်ရသည်မှာ ကွာခြားချက်မရှိပေ။ ယခုအခါ သူတွင် အကြွင်းမဲ့သတ်ခြင်းနှင့် ညကွပ်မျက်လက်နက်နှစ်ခုရှိရာ နတ်လက်နက်ထက် မလျော့သည့် ဝိညာဉ် လက်နက်ကိုတွေ့လျှင် သူမ၏ ပြိုင်ဘက်သည် မည်မျှ ထိတ်လန့်လိုက်မည် နည်း။
ပေထင်းဟွမ်သည် လက်ကောက်ဝတ်ကိုလှန်လိုက်ပြီး အကြွင်းမဲ့သတ် ခြင်းကို သူမ၏ သိုလှောင်လက်စွပ်ထဲထည့်ပြီး သူမ လေလံဆွဲခဲ့သည့် ဒုတိယ မြောက်ရတနာကို ဆက်ကြည့်လေသည်။
“လှောင်အိမ်ကိုဖွင့်လိုက်” ပေထင်းဟွမ်သည် အထူးခန်းတွင်စောင့်နေ သည့် မိန်းမပျိုအလှလေးကို အေးစက်စွာပြောလိုက်လေသည်။
သူမသည် လောင်အိမ်ကို တလေးတစားဖွင့်ပြီး ကျိုးနွံစွာဖြင့် နောက်ပြန် ဆုတ်လေသည်။ စူးလော့အာသည် ဦးညွှတ်ကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်း နေသည်။ အစေခံများအပြင် အခန်းထဲမှလူများသည် ယောက်ျားသားများဖြစ် ကြသည်။ သည်လိုမှသာ အဖြူရောင်ဇာပါးအင်္ကျီဖြင့် မဖုံးနိုင်သည့် သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို အနည်းငယ် ဖုံးအုပ်နိုင်မည်ဖြစ်သည်။ ပေထင်းဟွမ် သည် သက်ပြင်းချလိုက်ကာ သူမ၏လက်ထဲတွင် အနက်ရောင်ဝတ်ရုံတစ်ခု ပေါ်လာသည်။ သူမသည် ၎င်းကိုညင်သာစွာလှုပ်ယမ်းပြီး စူးလော့အာ၏ ခန္ဓာကိုယ်ကို လွှမ်းပေးလိုက်သည် “မင်းကို ဝမ်းကွဲချူဖုန်းဆီ မြန်မြန်ပို့ပေးမယ်၊ မကြောက်နဲ့ ငါ့အမေက ယွဲ့မုန့်ယင်ပဲ ငါ့နာမည်က ပေထင်းဟွမ်ပါ”
ခန္ဓာကိုယ်ကို ဝတ်ရုံနှင့် လွှမ်းပြီးနောက် စူးလော့အာသည် အထိတ်တလန့်ဖြင့် ခေါင်းမော့လာသည်။ သူမသည် သူမအတွက်လေလံဆွဲခဲ့ သည့်လူငယ်နောက်သို့ တစ်သက်လုံးလိုက်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။ ဤလူငယ်သည် သူမအတွက်နှင့် တစ်ကမ္ဘာလုံးကို ရန်သူဖြစ်ရန်လိုလားသည် ကို မြင်သောအခါ သူမသည် စိတ်လှုပ်ရှားပြီး သူမကိုယ်သူမပင် မထိန်းချုပ်နိုင် တော့ပေ။
“သခင်လေးဟွမ်” စူးလော့အာ ရေရွတ်လေသည်။ ချက်ချင်းဆိုသလိုပင် သူမ၏မျက်နှာတွင် မျက်ရည်များစီးကျလာသည်။ သူမသည် နှုတ်ခမ်းတွန့် လိုက်သည်။ “သခင်လေးဟွမ်နဲ့ တစ်နေ့ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး၊ သခင်လေးဖုန်းရော အဆင်ပြေရဲ့လား”
ပေထင်းဟွမ်သည် ရှေ့တိုးကာ သူမအား ထူလိုက်သည်။ သူမသည် ခိုင်မာ သောမျက်လုံးများဖြင့် ကြည့်ကာ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ် မငိုနဲ့ မငိုပါနဲ့၊ ကောင်းကင်က ငါတို့ကိုအသက်ရှင်ခွင့်ပေးမှတော့ ငါတို့ကို အခွင့်အရေးပေးတာပဲလေ၊ ငိုတာက အားနည်းတဲ့သူတွေ လုပ်ရပ်ပဲ”
“ဟုတ်တယ် မငိုဘူး” စူးလော့အာသည် ပေထင်းကျင်ဆီသို့ အကြည့်ရောက်သွားရာ သူမ၏မျက်လုံးထဲတွင် ရှက်ရွံ့မှုများ ဖျက်ခနဲလက်သွား သည်။ သူမ၏ နိမ့်ကျသောပုံစံကို သူတို့ကိုမမြင်စေချင်ပေ။ သို့သော် အရပ် မြင့်မြင့်နှင့်လူတစ်ယောက်သည် သူမဆီသို့လျှောက်လာပြီး သူမ၏ဆံပင်ကို ပွတ်သပ်ပေးသည်ကို မြင်လိုက်ရသည် “လော့အာ မင်းဖြစ်လိမ့်မယ်လို့ ငါ လည်း မမျှော်လင့်ထားဘူး ပင်ပန်းသွားပြီ”
စူးလော့အာ၏ မျက်ရည်များ ကျလုမတတ်ပင်။ သူမသည် ခေါင်းကို အားပါပါယမ်းလိုက်သည် “မဟုတ်ဘူး မဟုတ်ဘူး သခင်လေးဟွမ်က မှန်တယ်၊ ကောင်းကင်က ကျွန်မတို့ကို အသက်ရှင်ဖို့အခွင့်အရေးပေးလိုက်တာ၊ ကျွန်မ သခင်လေးဖုန်းကိုသွားရှာမယ်၊ သူနဲ့ဆိုရင် နောက်ဆိုရင် ငွေလမြို့ကို တိုက်ခိုက် နိုင်မှာ”
“လော့အာ မင်းက ငွေလမြို့က ၁၀ ယောက်ပါတဲ့ သန့်စင်တဲ့သားရဲအဖွဲ့ ကို တိုက်ခိုက်ရင်းရှုံးသွားတယ်လို့ လေလံပစ်သူဆီကကြားခဲ့တယ်၊ ဘာတွေဖြစ် တာလဲ” ပေထင်းဟွမ်သည် သိချင်စိတ်ကြောင့် မေးလိုက်သည်။
“သခင်လေးဟွမ် လွန်ခဲ့တဲ့ ၁၄ နှစ်က ငွေလရဲ့ လက်ရှိခွေးဘုရင်က သခင်လေးဖုန်းရသင့်တဲ့ ထီးနန်းကိုသိမ်းပိုက်ဖို့ သူတော်စင်မကို ကာကွယ်နေ တုန်းမှာ အခွင့်အရေးကို အခွင့်ကောင်းယူခဲ့တာ၊ အဲတုန်းက ကျွန်မနန်းတော်က ထွက်လာတုန်းက ၈ နှစ် သမီးပဲရှိသေးတယ်၊ မြို့ကျပြီး နန်းတော်ပြောင်းလဲတဲ့ နေ့ကတော့ ကျွန်မမလွတ်မြောက်နိုင်တော့ဘူး၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မနဲ့ ရွယ်တူ အပျိုတော်လေးတစ်ယောက်က သေသွားခဲ့တယ်၊ ကျွန်မက သူမနေရာ မှာအစားဝင်ပြီး အသက်ရှင်နိုင်ခဲ့တယ်”
စူးလော့အာသည် ထိုနေ့က မြင်ကွင်းကို ပြန်မြင်ယောင်ရာ သူမ၏ မျက်လုံးများသည် ခိုင်မာမှုများဖြင့်ပြည့်နေသည် “လွန်ခဲ့တဲ့ ၁၀ ရက်က ခွေးဘုရင်ကို အနီးကပ်ခစားပြီး လုပ်ကြံဖို့ အခွင့်အရေးရခဲ့တယ်၊ အဲတုန်းက သူက ကာကွယ်ရေးရတနာဝတ်ထားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ၊ အဲဒါက နတ်ဧကရာဇ်ချပ်ဝတ်တန်ဆာပဲ၊ အဲဒါကကျွန်မဓားကို ကာခဲ့တာ”