ယန်ယဲ့၏ လှည့်ကွက်
Vol. 36 Ch. 702
စူးလော့အာ၏ အသံသည် အဆုံးမရှိသောနောင်တတရားများဖြင့် ပြည့်နှက်နေသည်။ သူမသည် ခေါင်းခါပြီးပြောလိုက်သည် “လုပ်ကြံတာ မအောင်မြင်ခဲ့ဘူး၊ သေချာပေါက် မသေချင်တာနဲ့ ထွက်ပြေးခဲ့တယ်၊ တော်ဝင် မြို့မှာ အခြေစိုက်တဲ့ သားရဲမြင်းတပ်က ကျွန်မနောက်ကိုလိုက်ခဲ့တယ်၊ အစတုန်းကတော့ ၁၀ ယောက်ပါတဲ့အဖွဲ့ပဲ ဒါပေမဲ့ ကျွန်မ သူတို့ကို အကုန်သတ်ခဲ့တယ်၊ နောက်တော့ ပိုပိုပြီးများလာတယ်၊ ကျွန်မရဲ့ဝမ်းတွင်း နတ်သားရဲလည်း ကျွန်မကိုကယ်ဖို့ ဒဏ်ရာရခဲ့တယ် အဲဒါကြောင့် ကျွန်မ အညံ့ခံခဲ့ရတာပါ”
သူမသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ပေထင်းဟွမ်အား ပြုံးပြီးပြောလိုက်သည် “အဲလူတွေက ကျွန်မကို အသုံးချပြီး သခင်လေးဖုန်းကို ဖမ်းချင်နေတာ၊ ဒီတစ်ခေါက် သူတို့တွေ လူအများကြီးလွှတ်ထားတယ်၊ မွန်မြတ်တဲ့သားရဲ အကောင် ၂၀ ပါတဲ့မြင်းတပ်လွှတ်ထားတာ၊ ခွေးဘုရင်က သခင်လေး ဖုန်းကိုမဖမ်းနိုင်မချင်း တစ်ရက်မှ ကောင်းကောင်းအိပ်မပျော်ဘူး၊ ကံကောင်းလို့ ကျွန်မကိုကယ်တဲ့သူက သခင်လေးဖုန်းဖြစ်နေတယ်”
ပေထင်းဟွမ်သည် သူမနှင့် ချူဖုန်းတို့ သားရဲတောတွင် ပထမဆုံးတွေ့ခဲ့ သည့် အချိန်ကို ပြန်တွေးမိသည်။ ချူဖုန်းအားဖမ်းပြီး ငွေလမြို့တွင် နာမည် ကောင်းယူချင်သူမှာ တုန်ဖန်းကျောက်ဖြစ်သည်။ သူမသည် ချူဖုန်း၏ အသက် အတွက် ထိန်းကျောင်းပြီးသား မွန်မြတ်သောသားရဲကို အလဲအလှယ်လုပ်ချင်ခဲ့ သည်။ ငွေလမြို့၏ဘုရင်သည် သူ့အသက်ကိုရရန် စတင်လိုက်ခဲ့သည်။
ပေထင်းဟွမ် ခေါင်းညိတ်လေသည် “အယောက် ၂၀ ပါတဲ့ မွန်မြတ်တဲ့ သားရဲတပ်၊ တော်တော်ကြီးတဲ့အဖွဲ့ပါလား၊ မင်း အချိန်ကိုက်ရောက်လာတာပဲ”
သူမသည် ယန်ယဲ့အားလှည့်ကြည့်ပြီး ထိုအဖွဲ့၏လှုပ်ရှားမှုများကို မျက်လုံးဖြင့်မေးလိုက်သည်။ သူမ ဘာမှမပြောသော်လည်း ယန်ယဲ့နားလည် သည်။ သူ ပြုံးပြီး ခေါင်းညိတ်လေသည် “ငါတို့တွေက မြို့အပြင်ရောက်နေပြီ၊ ဒီကကိစ္စတွေပြီးရင် အဲဒီကိုသွားလို့ရတယ်”
နောက်တစ်ခုဖြစ်သည့် အတွင်းအမြုတေသည် သူမလက်ထဲသို့ ပြန်ရောက်လာသည်။ ပေထင်းဟွမ်သည် မကြည့်တော့ဘဲ သူမ၏လက်စွပ် အတွင်းထည့်လိုက်သည်။ ပတ္တမြား ၁ ထရီလီယံ ၁၀ ရာခိုင်နှုန်းကိုနှုတ်ပြီး နောက် ပတ္တမြား ၉၀၀ ဘီလီယံကျန်လေသည်။ ညအရှင်သခင်အတွက် တော်ဝင်လေလံပွဲသည် ဝန်ဆောင်ခမယူသည့်အပြင် ဤလေလံပွဲ နာမည်ကြီး ရန်အတွက် အထွတ်အမြတ်သားရဲအမြုတေကို ပို့ပေးသည့်အတွက် ပေထင်းဟွမ်ကို ကျေးဇူးတင်လျက်ရှိသည်။
အတွင်းလူကိုသိလျှင် ရုံးတော်တွင် အရာရှိဖြစ်ရန်လွယ်ကူသည်။ တုန်ဖန်းကျောက်သည် ခံစားချက်ပါပါ သက်ပြင်းချလိုက်သည်။ ညအရှင်သခင် ရှိလျှင် ကျပန်းအကြောင်းပြချက်ကြောင့် ပေထင်းဟွမ်အတွက် ငွေကြေး မည်မျှ စုဆောင်းရမည်မသိပေ။ မိန်းကလေးအစေခံတွက် ငွေဒင်္ဂါး ၁ ဘီလီယံနှင့် ပတ္တမြား ၁၀၀ ဘီလီယံဆိုသည့် ပမာဏသည် မယုံနိုင်လောက်စရာပင်။
နောက်ဆုံးရတနာသည် ပေထင်းဟွမ် ရရန်ဆုံးဖြတ်ထားသော မူလအရည်ဖြစ်သည်။ သူမသည် ၎င်းကိုနှုတ်ခမ်းဆီယူလာပြီး ပျော်ရွှင်စွာဖြင့် အနမ်းခြွေလိုက်သည်။ သူမသည် မူလအရည်ကိုသောက်ပြီး ဝိညာဉ်သခင်ကြီး ဖြစ်လာမည်ဟု ယုံကြည်ထားသည်။ သူမ ဝိညာဉ်သခင်ကြီးဖြစ်လာသောအခါ မည်သို့မည်ပုံဖြစ်မည်ကို တွေးတောမိသည်။
သို့သော် ယန်ယဲ့၏စကားများသည် သူမအနောက်မှပေါ်ထွက်လာသည် “ဟွမ်အာ ဒီမူလအရည်က သာမန်လူတွေအတွက်ပဲအသုံးဝင်မှာ မင်းအတွက် မဟုတ်ဘူး”
ထိုသို့ကြားပြီးနောက် ပေထင်းဟွမ်သည် စိတ်မပါစွာဖြင့် ခေါင်းလှည့် လိုက်သည်။ တိုက်ဆိုင်စွာပင် ယန်ယဲ့သည် သူမအနောက်တွင်ရပ်နေသည်။ သူတို့၏မျက်နှာများ တိုက်မိလုနီးပါးပင်။ “ဘာလို့လဲ ကျွန်တော်က သာမန်လူ မဟုတ်ဘူးလား”
ယန်ယဲ့၏ခရမ်းရောင်မျက်လုံးများထဲတွင် ပေထင်းဟွမ်၏အရိပ်ထင်ဟပ် နေသည်။ သူသည် ဘာမှမပြောသည့်တိုင်အောင် နားလည်သွားအောင် သူမအား ကြည့်နေသည်။ ပေထင်းဟွမ်၏စိတ်ထဲတွင် အတွေးတစ်ခုဖြတ်ခနဲ ပြေးသွားသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်။ သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိသည်ကို ယန်ယဲ့တစ်ယောက်သသိသည်။ သူ ကစဥ့်ကလျားနတ်အရင်းမြစ်ကိုပြောနေတာလား။
ပေထင်းဟွမ် ဉာဏ်ကောင်းပုံကိုကြည့်ပြီး ယန်ယဲ့ပြုံးလိုက်သည်။ သူ၏ လှပသောမျက်နှာသည် အားလုံးကို မျက်စိစူးလောက်သည်။ သူ ခေါင်းညိတ်ပြီး ပေထင်းဟွမ်၏ဆံပင်ကို ပွတ်သပ်လေသည်။ “မင်းက ဝိညာဉ်သခင်ကြီးဖြစ်ဖို့ ခြေတစ်လှမ်းစာပဲလိုတော့တာ၊ မင်းခန္ဓာကိုယ်ထဲက စွမ်းအင်က လုံလောက်နေ ပြီ၊ မင်းမကျော်ဖြတ်နိုင်တာက မင်းမှာ အခွင့်အရေးမလုံလောက်သေးလို့ပဲ၊ ဝိညာဉ်အရည်က မင်းကိုအထောက်အကူမဖြစ်စေဘူး”
“ဒါဆို ဘာလို့လာခိုင်းတာလဲ မူလအရည် ၁၀ စက်အကြောင်းကို ဘာလို့ ပြောပြခဲ့တာလဲ” ပေထင်းဟွမ်သည် ဒေါသတကြီးပြောလေသည်။ သူမ စဉ်းစား ကြည့်လေလေ ဒေါသထွက်လေဖြစ်သည်။ သူမတွင် ပိုက်ဆံမရှိ၍ ဝိညာဉ် ထောင်ချီတောင်ဆီသို့သွားပြီး ရောင်းရန် မှော်သားရဲဖမ်းခဲ့သေးသည်။ နောက်ဆုံးတွင် သူမ အလိုချင်ဆုံးအရာအတွက် အထွတ်အမြတ်သားရဲ၏ အတွင်းအမြုတေကို ရောင်းခဲ့သည်။
“မင်းကိုမပြောရင် အဲအကြောင်းသိတာနဲ့ မလာဘူးမလား” ယန်ယဲ့သည် ပြောပြီး သူမလက်ကိုဆုပ်ကိုင်ကာ လမ်းလျှောက်သွားလေသည် “မင်းအတွက် မဟုတ်ရင်တောင် မင်းအပေါင်းအပါတွေအတွက်ပေးလို့ရတာပဲ၊ မင်းလည်း ရဖို့ နည်းလမ်းစဉ်းစားမှာပဲမဟုတ်ဘူးလား”