← Chapters

သူက မိန်းကလေးတွေမကြိုက်ဘဲ ယောက်ျားလေးတွေ ကြိုက်တာ

Vol. 36 Ch. 703

သူက မိန်းကလေးတွေမကြိုက်ဘဲ ယောက်ျားလေးတွေ ကြိုက်တာ

Vol. 36 Ch. 703

ပေထင်းဟွမ် နှာမှုတ်လိုက်သည်။ ဤလူသည် အရာအားလုံးကို ခန့်မှန်းခဲ့ သည်။ သို့သော် ဤခံစားချက်သည် ဘာကြောင့်ဤမျှကောင်းနေသနည်း။

လေလံအိမ်မှထါက်လပြီးနောက် ချုံချီသည် ဘေးမှပေါ်လာပြီး ရထားလုံး ပျံကိုထုတ်လာလေသည်။ သူတို့အဖွဲ့သည် ရထားလုံးပေါ်တက်လိုက်သည်နှင့် ရထားလုံးပျံသည် ညကောင်းကင်တွင် အနက်ရောင်အစက်အပျောက်အဖြစ် ပြောင်းကာ မြို့အပြင်သို့ တိုက်ရိုက်ပင်ပျံသန်းသွားလေသည်။ ပေထင်းဟွမ် မြို့ကိုဝင်ခဲ့ပုံနှင့်ယှဉ်လျှင် ရထားလုံးပျံ၏အရှိန်သည် လျှပ်စီးနှင့်တူသည်ဟု ဖော်ပြနိုင်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရထားလုံးသည် မြို့မှထွက်ခွာ ပြီး ငွေလရောင်အင်ပါယာ၏ မွန်မြတ်သောသားရဲအဖွဲ့ဆီသို့ အလျင်အမြန် သွားလေသည်။

လူ ၁၀ ယောက်ပါသောအဖွဲ့သည် မြို့မှထွက်လာပြီး တောင်လေကွယ်ရာ နေရာတစ်ခုကို ရှာလေသည်။ သူတို့သည် တဲထိုးပြီး ညအိပ်ရန် ပြင်ဆင်လေ သည်။ သူတို့သည် ညအရှင်သခင်၏ နှင်ထုတ်ခြင်းကိုခံလိုက်ရာ ရာယာ အင်ပါယာမှ မြို့များသည် သူတို့ကိုလက်မခံရဲကြပေ။ သူတို့အဖွဲ့တွင် မွန်မြတ် သောသားရဲများရှိသော်လည်း ညတွင် မှော်သားရဲများသည် မပျံရဲကြပေ။ မှော်သလင်းအမြောက်များ၏ ဗုံးကြဲခြင်းကိုမခံရလျှင် ထူးဆန်းပေရော့မည်။

မီးကိုဝိုင်းထိုင်ကာ ထိုလူများသည် စဉ်းစားလေလေ ဒေါသထွက်လေလေ ဖြစ်နေကြသည်။ သူတို့သည် အစက ကောင်းကောင်းအစီအစဉ်ဆွဲထားသော် လည်း ပေထင်းဟွမ် ထွက်လာပြီး နှောင့်ယှက်မည်ဟု မည်သူထင်ထားမည် နည်း။ စူးလော့အာ၏ အသွင်အပြင်သည် ပြဿနာတစ်ခုဖန်တီးလိမ့်မည်ဟု သိထားကြသည်။ ချူဖုန်း အချိန်မှီရောက်မလျှင်တောင် သူမ မည်သူ့လက်ထဲ ရောက်သွားစေကာမူ ချူဖုန်းသည် သတင်းကြားပြီးနောက် သူမအားလာကယ် မည်ဖြစ်သည်။

သူတို့သည် ကရားနှင့် လိပ်ဖမ်းရန်ပြင်ဆင်ခဲ့သော်လည်း စူးလော့အာ သည် ပေထင်းဟွမ်၏လက်ထဲရောက်သွားသည်။ ချူဖုန်းက ဘာကြောင့် ထွက် လာတော့မည်နည်း။

“ဟင်း ဒီပေထင်းဟွမ်က ထောင်လွှားလိုက်တာ၊ သူက ငယ်သေးတော့ ကောင်းကင်နဲ့ မြေကြီးဘယ်လောက်ကြီးလဲဆိုတာမသိဘူး.. ကြည့်ရတာ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်”

“ဟုတ်တယ်၊ သူက ပေထင်းမိသားစုကနှင်ထုတ်ခံထားရတဲ့ အမှိုက်ပဲ၊ ညအရှင်သခင်ရဲ့ အထောက်အပံ့ရှိတာနဲ့ပဲ ဘယ်လိုများထောင်လွှားရဲနေတာလဲ”

“သူက အရှင်နဲ့တစ်ခုခုပတ်သက်နေတယ်လို့ ထင်လား” သူတို့ထဲမှ တစ်ယောက်သည် ညစ်ညမ်းစွာပြုံးလိုက်သည်။ “အဲဒီပေထင်းဟွမ်က အရမ်း ချောတယ်လို့ ကြားဖူးတယ်၊ အရှင်က မိန်းကလေးတွေကြိုက်မယ်လို့မထင်ဘူး၊ သူက ယောက်ျားချင်းကြိုက်တဲ့သူပဲ”

“ဟားဟားဟား”

ရထားလုံးပျံပေါ်တွင်ပုန်းရင်း ပေထင်းဟွမ်သည် လှည့်ပြီး ယန်ယဲ့အား သူ့အပေါ်ခုန်တက်ပြီး စားချင်သည့်အလား စိတ်အားထက်သန်စွာကြည့်လိုက် သည်။ ယန်ယဲ့သည် ဆွံ့အမိသည်။ သူသည် သူ့နဖူးသူရိုက်ပြီး သက်ပြင်းချ လိုက်သည်။ သူသည် မျက်လုံးထဲမှ ခရမ်းရောင်အလင်းကိုဖိနှိပ်ထားသည်။ သို့သော် လှပသောအရောင်ကိုမဖုံးကွယ်နိုင်ပေ။ “ဟွမ်အာ.. ငါလည်း မတတ်နိုင်ဘူး၊ ဟူး ငါက ဘဝတစ်လျှောက်လုံး နာမည်ကြီးလာတာ၊ နောက်ဆုံး တော့ မင်းလက်ထဲမှာ သေရလိမ့်မယ်လို့ထင်မထားဘူး”

“ဘယ်သူက ဘယ်သူ့ကိုလာရှုပ်နေတာလဲ” ပေထင်းဟွမ်သည် စိတ်ဆိုး မာန်ဆိုးနှင့် အော်လိုက်သည်။ “ဘယ်သူက ကျွန်တော့်ငယ်ရွယ်မှုနဲ့ ဂုဏ်သတင်းကို မလေးစားတာပဲ၊ အခု ခင်ဗျားကပဲ ကျွန်တော့်ကိုလာရှုပ်သေး တယ်၊ အပြစ်ကင်းချင်ယောင်လာဆောင်နေသေးတယ်”

ရထားလုံးပေါ်ရှိ တခြားဧည့်ခန်းတွင်ထိုင်နေသည့် ပေထင်းကျင်၊ တုန်ဖန်းကျောက်နှင့် စူးလော့အာတို့သည် သူတို့နှစ်ယောက် စကားများသံကို ကြားသောအခါ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ နောက်ဆုံးတွင် သူတို့သည် ပေထင်းဟွမ်အား ထူးဆန်းစွာကြည့်ကြလေသည်။ ဒါက ဒါက ဒါက.. ရှောင်ကျို့က အကျိုးအကြောင်းမသင့်တာတော့ မဟုတ်ဘူး မလား။

“ဟွမ်ာ.. မင်းက ယောက်ျားရော မိန်းမကိုပါ ဆွဲဆောင်နိုင်တယ်လို့ သိုင်းလောကမှာ ကောလာဟလတွေထွက်နေတာသိလား၊ မင်းမှာ စေ့စပ်ထား တဲ့သူလည်းရှိတယ်၊ နန်ကုန်းမိသားစုရဲ့ အကြီးဆုံးမြေးမကလည်း မင်းကို လိုက်နေတာ ပြီးတော့...”

“တော်တော့” ပေထင်းဟွမ်သည် အပြစ်မကင်းစွာဖြင့် အော်လိုက်သည်။ သူမသည် ယန်ယဲ့၏ ထိခိုက်သောအကြည့်၊ သို့မဟုတ် တုန်ဖန်းကျောက်ဆီသို့ ရောက်နေသာ အကြည့်များကို အလွတ်မခံပေ။ ပေထင်းဟွမ်သည် အသက် ပြင်းပြင်းရှူကာ လက်ကိုယမ်းလိုက်သည် “ဟူး.. နောက်မှဆွေးနွေးမယ်၊ အခု တော့ အရေးကြီးတာလုပ်စရာရှိသေးတယ်”

“ဟွမ်အာ.. ငါတို့စနေပြီဆိုမှတော့ တစ်ခါတည်း ဘာလို့မဆွေးနွေးတာလဲ၊ အဲလူတွေက ခဏလောက်တော့ ထွက်မပြေးနိုင်သေးပါဘူး၊ မင်းကိုပြောမယ် ဟွမ်အာ ငါ ၂၂ နှစ်နေလာခဲ့တာ၊ သွားမေးကြည့်လိုက်၊ နှစ်တွေအများကြီးကြာ ပြီးတဲ့နောက် ဘယ်သူကမှ ငါ့နာမည်နဲ့ ယောက်ျားနဲ့ရော မိန်းမနဲ့ရော ယှဉ်မပြောရဲကြဘူး၊ ဒါပေမဲ့ အခုကြည့်ပါဦး...” ယန်ယဲ့သည် လက်ဖြန့်ကာ နစ်နာသလိုကြည့်လေသည် “ဟွမ်အာ ငါ တကယ်ပဲ ယောက်ျားရော မိန်းမရော ဂရုမစိုက်ပါဘူး”

All Chapters