လူမြင်ကွင်းမှာ လာချစ်ပြနေသေးတယ်၊ မြန်မြန်သေစမ်း
Vol. 36 Ch. 704
ဟင်။ အဲဒါဘာအဓိပ္ပာယ်လဲ၊ အထူးသဖြင့် နောက်ဆုံးစာကောင်း။ ပေထင်းဟွမ်က ယောက်ျားလေးဆိုရင်တောင် အရှင်သခင်က သူ့ကို သဘောကျဦဂမယ်လို့ပြောလိုက်တာလား။ ပေထင်းဟွမ်က တာဝန်ယူရမယ်လို့ ဆိုလိုလိုက်တာလား။
ချက်ချင်းဆိုသလိုပင် တုန်ဖန်းကျောက်၏မျက်လုံးများ ပင့်တက်လာပြီး အဆုံးမရှိသောလေးစားမှုများဖြင့် ပြည့်နေသည့် ယန်ယဲ့အားကြည့်လိုက်သည်။ နာမည်ကျော်ညအရှင်သခင် ပီသသည်။ ညအရှင်သည် သူ့ထက်ပို၍ သတ္တိရဲ သည်။ သူသည် အမြဲတမ်းပဋိပက္ခဖြစ်နေပြီး စိတ်ပိုင်းမဖြတ်နိုင်ပေ။ သူသည် အခုချိန်ထိ တားမြစ်ထားသည့်အချစ်ကြောင့် တွေဝေနေခဲ့သည်။ သို့သော် ညအရှင်သည် ပွင့်လင်းလွန်းသည်။ ဤအရာသည် အချစ်စစ်ဖြစ်သည်။
ညီမဖြစ်သူကို အလွန်ချစ်သော ပေထင်းကျင်ပင်လျှင် ယန်ယဲ့အား သက်ပြင်းချမိသည်။ ညအရှင်သည် ရှောင်ကျို့အား ခံစားချက်ကြီးနေလိမ့်မည် ဟု သူထင်မထားပေ။ သူသည် ရှောင်ကျို့၏သရုပ်မှန်အား ဂရဒမစိုက်ပေ။ သူ မည်မျှပင် မြင့်မြတ်ပြီး အဆင့်အတန်းမြင့်ပါစေ ရှောင်ကျို့အား ကာကွယ်ပေးခဲ့ သည်။
သို့သော် သူသည် ချင့်ချိန်နိုင်သည်။ သူသည် ပေထင်းဟွမ်အား တည်ငြိမ် သည့်အကြည့်ဖြင့်ကြည့်နေသည်။ ညီမဖြစ်သူသာ သူ့ကိုငြင်းဆန်လျှင် သူမ ဘက်တွင် တွေဝေမှုမရှိ ရပ်တည်နေပေးမည်ဖြစ်ပြီး ညအရှင်သခင်ကို ထပ်မံ နှောင့်ယှက်ခွင့်မပေးပေ။
စူးလော့အာသည် အံ့ဩလွန်းသဖြင့် စကားများပင် ထွက်မလာပေ။ သူမ သည် ယန်ယဲ့အား ဂရုတစိုက်အကဲခတ်နေသည်။ ညအရှင်သခင်ရောဟုတ်ရဲ့ လား။ ဒဏ္ဍာရီဝင် ညအရှင်သခင်လေ။ ဒီကမ္ဘာကြီးက ဆန်းကြယ်နေတာလား။ ဒီလောက်မြင့်မြတ်ပြီး နတ်ဘုရားလိုမျိုး သက်ရှိတွေကို အထင်သေးပြီး နှလုံးသားမဲ့တဲ့ လေးစားရတဲ့ညအရှင်ခင်က အခုဘာလုပ်နေတာလဲ။
ဝန်ခံနေတာလား။
ပေထင်းဟွမ်တစ်ယောက်သာ တည်ငြိမ်လျက်ရှိသည်။ သူမသည် ယန်ယဲ့ အား အေးစက်စွာကြည့်နေသည်။ ဒီလူကြီးရူးသွားတာလား။ ဒီလောက်လူတွေ အများကြီးရှေ့မှာ သူ့အချစ်ကို ထုတ်ပြမှဖြစ်မှာလား။
သူမသည် လက်မြှောက်ကာ တုန်ဖန်းကျောက် အတွေးထဲမျောနေသည် ကို နှောင့်ယှက်လိုက်သည်။
“မင်း ကူညီမယ်လို့ပြောထားတာမလား မြန်မြန်သွားမယ်”
ပေထင်းဟွမ်နှင့် ညအရှင်သခင်တို့၏ တားမြစ်ထားသော အချစ်ကြောင့် မှင်တက်နေကြချိန်တွင် ငွေလရောင်အင်ပါယာမှ ၁၀ ယောက်ပါသောအဖွဲ့ သည် သေရည်သောက်ပြီး အကင်များစားသောက်နေကြည်။ တစ်ခါတစ်ခါတွင် သူတို့သည် ရယ်မောတတ်ကြသည်။ ပေထင်းဟွမ်နှင့် တခြားသုံးယောက်တို့ သူတို့၏ လွတ်လမ်းကို ပိတ်ထားသည်ကိုပင် မသိလောက်အောင် ရစ်မူးနေကြ သည်။
“ဒီနေ့ည ကိစ္စတွေကို မေ့ထားလိုက်တော့၊ အဲကောင်ပေထင်းဟွမ် ကြားတာက ကိစ္စမရှိဘူး၊ ညအရှင်သခင်သာကြားသွားရင် ငါတို့ နောက်ဆက်တွဲကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး” အဖွဲ့ခေါင်းဆောင်သည် သတိပေးလေသည်။
“ဟုတ်ကဲ့ ခေါင်းဆောင် ကျွန်တော်တို့က အရူးတွေမဟုတ်ပါဘူး၊ ဘယ်လောက်မှလည်းမနေရသေးဘူး” သူတို့ထဲမှတစ်ယောက်က ပြောလေ သည်။
“ဟုတ်လား၊ မင်းက ဘယ်လောက်မှမနေရသေးဘူးလား” အသံတစ်ခု ဖြတ်ဝင်လာသည်။ ကြည်လင်သောအသံတွင် ကောင်းကင်နှင့်မြေကြီးတို့၏ လွှမ်းမိုးနိုင်သောရောင်ဝါပါဝင်နေသည်။ ၎င်းသည် အားလုံး၏ဦးခေါင်းအထက် တွင်ရောက်နေသည့် မြင့်မားသည့်တောင်တစ်လုံးနှင့်တူသည။ ထိုလူများမှာ ထိတ်လန့်သွားသဖြင့် မြေပေါ်မှထခုန်ကြလေသည်။ သူတို့သည် တစ်ချိန်တည်း မှာကြည့်မိကြသည်။ လွင့်နေသောအင်္ကျီနှင့် အနက်ရောင်ပုံရိပ်တစ်ခုသည် ညနတ်တစ်ပါးကဲ့သို့ ပေါ်လာသည်ကိုမြင်လိုက်ရသည်။ သူမသည် ငွေရောင် မျက်နှာဖုံးဝတ်ဆင်ထားကာ အရိုးများကိုနင်းလာသည့်အလား တစ်လှမ်းချင်း လှမ်းလာသည်။ “မင်းတို့ အသက်ရှင်ရတာ လုံလောက်ပြီလို့ထင်နေတာ”
“မင်း မင်းက ဘယ်သူလဲ”
တစ်ဖက်လူသည် ရည်ရွယ်ချက်မကောင်းသည်ကိုမြင်ပြီးနောက် အဖွဲ့ ခေါင်းဆောင်သည် ချက်ချင်းပင် လှံထုတ်ကာ တံခါးအားတင်းကြပ်စွာ စောင့်ကြပ်နေသည် “ငါတို့က မင်းကိုပြစ်မှားမိလို့လား”
“ဘယ်လိုထင်လဲ” ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည် “ပြိုင်ဘက်ရဲ့ ခွန်အားကိုတောင်မသိဘဲ နောက်ကွယ်မှာ မကောင်းကြောင်းအတင်းပြော လိုက်သေးတယ်၊ တော်တော်တုံးကြတာပဲ”
“ပေထင်းဟွမ် မင်းကပေထင်းဟွမ်လား” ၁၀ ယောက်ပါအဖွဲ့၏ ခေါင်းဆောင်သည် ကြောက်လန့်တကြားပြောလေသည်။ သူ စကားမပြောခင် မှာပင် အဖွဲ့ထဲမှလူတစ်ယောက်အော်လေသည် “စူးလော့အာ.. သူမ မဟုတ်.. ပေထင်းဟွမ်ပဲ၊ သူဒီရောက်နေတယ်”
“ညီအစ်ကိုတို့ သူက ၁၄ နှစ်အရွယ် ကောင်းကင်အဆင့်ကျွမ်းကျင်သူပဲရှိ သေးတာ၊ သူက အဆင့်တက်ဖို့ နောက်ခံကိုမှီခိုနေရတာ၊ သူ့ခွန်အားက ကောလာဟလတွေပြောသလိုမျိုး အားမကောင်းပါဘူး၊ ငါတို့တွေ ကြောက်ဖို့ မလိုဘူး၊ ဒီနေ့ သူ သေရင်သေ မသေရင် ငါတို့သေမှာ” ၁၀ ယောက်ပါအဖွဲ့ ခေါင်းဆောင်သည် မတုံးအပေ။ သူ ထိုသို့ပြောသည်နှင့် မူလက ကြောက်လန့် နေသော ၁၀ ယောက်ပါ အဖွဲ့သည် ယုံကြည်ချက်ရှိသွားလေသည်။