သခင်လေး ၉ က ထပ်တိုက်ခိုက်ပြန်ပြီ
Vol. 36 Ch. 705
ပေထင်းဟွမ်၏နှုတ်ခမ်းသည် နတ်ဆိုးဆန်စွာ တဖြည်းဖြည်း ကွေးတက် သွားသည်။ သူမသည် လက်ထဲမှ ဓားပျော့ကိုဝေ့ယမ်းပြီး မျက်နှာချင်းဆိုင်တွင် ရှိနေသည့် လူ ၁၀ ယောက်ကို စိုက်ကြည့်နေသည်။ သူတို့၏ခွန်အားသည် မဆိုးလှပေ။ သူတို့အားလုံးသည် အဆင့်နိမ့် ဓားကြယ်ဝိညာဉ်သခင်များဖြစ်ကြ သည်။ တစ်ယောက်ချင်းစီတွင် မွန်မြတ်သောသားရဲတစ်ကောင်စီရှိသည်ဟု ဆို ကြသည်။ သူမ ပြိုင်ဘက်ကိုမတွေ့ရသည်မှာ မည်မျှကြာသနည်း။ “အစ်ကိုကြီး ဒီလူတွေက ကျွန်တော့်အတွက်ပဲ၊ တိုက်ခိုက်ခွင့်မရှိဘူးနော်၊ သူတို့ ထွက်မပြေး အောင်ပဲ ကူညီပေး”
သူမက တစ်ယောက်တည်း အကုန်ရှင်းမယ်လို့ ပြောလိုက်တာလား။
သူတို့သည် အရင်က ထောင်လွှားခဲ့ကြသည်။ သို့သော် ဤမျှထောင်လွှား သောလူကိုမတွေ့ဖူးပေ။ အခိုက်အတန့်တွင် လူ ၁၀ ယောက်အဖွဲ့သည် သူတို့ အား ပေထင်းဟွမ် စော်ကားသည်ဟု မတွေးကြပေ။ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရေးစိတ်ဓာတ်များ သူတို့ကိုယ်တွင်း ထိုးတက်လာခဲ့သည်။ အားလုံး သည် တွေဝေမှုမရှိဘဲ သူတို့၏မွန်မြတ်သောသားရဲများကို ဆင့်ခေါ်ကာ ပေထင်းဟွမ်အား အသေအကြေတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ငွေရောင်အလင်းတန်း ထွက်ပေါ်လာသည်။ ရှန်းယန်မြို့အပြင်ဘက် ကွင်းပြင်တွင် မီးရှူးမီးပန်းများ ပွင့်လန်းလာသလိုပင်။ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းအောက်တွင် မွန်မြတ်သောသားရဲများသည် တစ်ကောင်ပြီးတစ် ကောင်ထွက်ပေါ်လာသည်။ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်များသည် မြို့ အလင်းရောင်အောက်တွင် မာန်ဖီနေသည်နှင့်တူသည်။ အားကောင်းသည့် မွန်မြတ်သောသားရဲဖိအားသည် ပေထင်းဟွမ်အား ဖိနှိပ်လေသည်။
ရှန်းယန်မြို့တံတိုင်းကို စောင့်ကြပ်နေသည့် စစ်သည်များသည် မူမမှန် သည်ကိုမြင်သည်နှင့် မြို့သို့သတင်းပို့ကြသည်။ မြို့ထဲမှ အဓိကအင်အားစုများ သည် တစ်ချိန်တည်းသတင်းရသည်နှင့် ရောက်လာကြသည်။
ပေထင်းမိသားစု၏ သခင်အိုပေထင်းကျင်သည် ဆေးကြောပြီးကာ အိပ်ရာထဲတွင် လှဲလျောင်းနေစဉ်တွင် မိသားစုဘဏ္ဍာထိန်းသည် ပျာယီးပျာယာ ပြေးလာပြီး ကြောက်လန့်တကြားပြောလေသည် “သခင်အို မကောင်းတော့ဘူး သခင်လေး ၉ က ငွေလရောင်အင်ပါယာကလူတွေနဲ့ တိုက်ခိုက်နေပြန်ပြီ”
ဘဏ္ဍာထိန်းပြောသည့် 'တိုက်ခိုက်နေပြန်ပြီ' ဆိုသည်မှာ ပေထင်းဟွမ် မြို့တော်သို့ဝင်လာစဉ်ကတည်းကပင် ဝရုန်းသုန်းကားဖြစ်စဉ်မျိုး မည်မျှဖြစ်ပြီး သနည်း။ သူမ၏ဓားချက်အောက်တွင် လူမည်မျှသေပြီးသနည်း။ မင်းသား ရှန်းယန်ကျို့၊ မြို့အစောင့်စစ်သူကြီးကာမယ်ရွန်၊ ဝူယွဲ့အဖွဲ့၊ လက်ရှိ စီရင်ချက် ဗိမာန်၏မြင့်မြတ်သောသားတော် ထန်းယန်.. သူမ ရပ်ဦးမှာလား။
ပေထင်းချင်းသည် အိပ်ရာပေါ်တွင် ခေတ္တမျှထိုင်ပြီးမှ သတိပြန်ဝင်လာ သည်။ သူသည် ဘဏ္ဍာထိန်းအား မယုံနိုင်စွာဖြင့် စိုက်ကြည့်လေသည် “မင်း သေချာလို့လား၊ ဒီလောက်နောက်ကျနေပြီ၊ သူက အခုဘယ်မှာလဲ၊ ရှန်းယန်မြို့ မှာ တိုက်ခိုက်နေတယ်လို့တော့ မပြောနဲ့နော်”
“သခင်အို မြို့အပြင်မှာပါ၊ အခု စီရင်ချက်ဗိမာန်အပါအဝင် မြို့ထဲက အင်အားစုတွေ အဲဒီကိုလူလွှတ်နေပါပြီ၊ သခင်အို မအိပ်တာပိုကောင်းမယ် အဲဒီကို အရင်သွားကြည့်ရအောင်ပါ” ဘဏ္ဍာထိန်း ထိုသို့ပြောသည်နှင့် ပေထင်းချင်သည် အပေါ်ဝတ်ပင်မဝတ်ဘဲ ပြေးထွက်သွားသည်ကိုမြင်လိုက်ရ သည်။ ဘဏ္ဍာထိန်းသည် သူ၏ဝတ်ရုံကို အလျင်အမြန်ထုတ်ကာ ပြေးထွက် သွားလိုက်သည်။ “သခင် သခင် ဖြည်းဖြည်း၊ အကြီးအကဲပေထင်းရွေ့နဲ့ အကြီးအကဲပေထင်းလင်တို့ အဲဒီကိုရောက်နေပါပြီ”
ပေထင်းဟွမ်သည် ရှန်းယန်မြို့မှ မြို့စည်းမျဉ်းကို ဂရုမစိုက်ဘဲ ပျံလာ သည့်ပုံရိပ်များကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူများသည် ပွဲကြည့်ရန် လာခြင်းပင်။ သူမနဲ့ ငွေလရောင်အင်ပါယာတို့ကြားက တိုက်ပွဲက ဒီလောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းနေတာလား။ ညကြီးမင်းကြီးမှာ မအိပ် ဘဲ ဘာလို့ ပွဲလာကြည့်နေတာလဲ။ စိတ်တိုဖို့ကောင်းလိုက်တာ။
လက်ထဲတွင် ဓားပျော့ကို ခပ်တင်းတင်းကိုင်ထားကာ ပေထင်းဟွမ်၏ မျက်လုံးနက်နက်များသည် တစ်ဖက်လူ၏စခန်းကို စိုက်ကြည့်နေသည်။ သူမ၏ ဝတ်ရုံသည် ခန္ဓာကိုယ်မှလွင့်နေကာ သူမ၏ရောင်ဝါသည် ရုတ်တရက် ပြောင်းလဲသွားသည်။ တစ်ဖက်လူအပေါ်တွင် သူမ၏ လူသတ်မည့် ရည်ရွယ် ချက်သည် လှိုင်းလုံးသဖွယ် တက်လာပြီး မွန်မြတ်သောသားရဲ၏ဖိအားကို ချေဖျက်လေသည်။
“မင်းတို့ရဲ့ ဝှက်ဖဲအကုန်ထုတ်လိုက်လေ” ပေထင်းဟွမ်သည် အေးစက် စွာပြောလေသည်။ သူမလက်ထဲမှ ဓားပျော့သည် ကြမ်းတမ်းစွာ လှုပ်ခါသွား ကာ လေကိုခွင်းသည့်အသံထွက်ပေါ်လာသည်။ “ငါက ဘယ်တုန်းကမှ စိတ်မပျော့ဖူးဘး.. မင်းတို့ သေချင်စိတ်မရှိသေးသရွေ့ပေါ့”
“ဟား ဟား ဟား” တစ်ဖက်လူ စကားမပြောနိုင်ခင်တွင် ရှန်းယန်မြို့မှ အသံတစ်ခုလွင့်ပျံလာသည်။ အကြီးအကဲယန်ချင်းနှင့် စီရင်ချက်ဗိမာန်အဖွဲ့တို့ ရောက်လာသည်။ “အဲတော့ ဒါက သခင်လေး ၉ နဲ့ ငွေလရောင်အင်ပါယာတို့ ကြားက တိုက်ပွဲပေါ့၊ စီရင်ချက်ဗိမာန်က အမြဲတမ်း ငွေလမြို့နဲ့ ဆက်ဆံရေး ကောင်းတယ်.. အားတော့နာပါတယ် ဒါပေမဲ့ ဒီတိုက်ပွဲကို အလွတ်ခံလို့မဖြစ်ဘူး ထင်တယ်”