မင်းတိုက်ခိုက်တဲ့အချိန် ငါ့ကိုဘယ်တော့မှမခေါ်နဲ့
Vol. 36 Ch. 706
ပြောပြီးသည်နှင့် စီရင်ချက်ဗိမာန်မှ အကြီးအကဲ ၂ နှင့် ယဲ့ဟွာတို့သည် လူ အယောက် ၂၀ ကျော်နှင့်အတူ ငွေလရောင်အင်ပါယာ၏စခန်းတွင် ဆင်းသက် လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် ယန်ယဲ့၏မျက်နှာသည် မည်းနက်လာ ကာ ပေထင်းကျင်၊ တုန်ဖန်းကျောက်နှင့်တခြားသူတို့သည် ရှေ့သို့တစ်လှမ်းတိုး လာကြသည်။
ပေထင်းဟွမ်၏အကြည့်သည် တစ်ဖက်စခန်းအား ရေခဲကဲ့သို့အေးစက် သည့် မြားသဖွယ် ပစ်လွှတ်လေသည်။ သူမ စကားပြောတော့မည်အပြုတွင် ရှန်းယန်မြို့မှ တခြားအသံတစ်ခုထပ်ထွက်လာသည်။ ၎င်းသည် ဝတ်ရုံပင်မပါ သည့် ပေထင်းချင်းဖြစ်သည်။ ပျာယီးပျာယာနှင့် သူသည် ပေထင်းဟွမ်ရှေ့သို့ ဆင်းသက်လိုက်ရာ လဲကျလုနီးပါးပင်ဖြစ်သွားသည် “ယန်ချင်း အဘိုးကြီး.. ငါ သေပြီလို့ထင်နေတာလား ဟင်း မင်းက ဒီမှာပုန်းပြီး ငါ့မြေးကိုအနိုင်ကျင့်နေ တာပဲ၊ မင်းက သေချင်နေတာကိုး”
ပေထင်းဟွမ်သည် မျက်စိရှေ့မှ အဘိုးကြီးကိုကြည့်ပြီး မျက်လုံးများ ပြူးလာသည်။ သူသည် ညအိပ်ဝတ်စုံကိုဝတ်ဆင်ထားကာ အပေါ်ဝတ်ရုံကိုပင် ဝတ်ရန် အချိန်မရှိပေ။ အကြောင်းအရင်းတချို့ကြောင့် ပေထင်းဟွမ်၏ မျက်လုံးများ စိုစွတ်လာသည်။
လွန်ခဲ့သည့် ၁၀ နှစ်က ပေထင်းချင်းသည် သူမအား လော့ပေမြို့သို့ နှင်ထုတ်ခဲ့သည့်နောက်ကွယ်တွင် လျှို့ဝှက်ချက်တချို့ရှိရမည်။ ဤအခိုက်အတန့်တွင် ပေထင်းချင်းသည် ခန္ဓာကိုယ်နှင့် သူမကို ကာထားပြီး ပေထင်းဟွမ်သည် လွှတ်ရန်ဆုံးဖြတ်ပြီးသားဖြစ်သည်။
သူမသည် လက်ဆန့်ပြီး ပေထင်းချင်းအား ဆွဲလိုက်သည်။ သူမသည် မညှာမတာပြောလိုက်သည် “အဘိုးကြီး အချိန်တစ်ခုလောက် ပေါ်လာဖို့မလိုပါ ဘူး၊ ဖယ်ပေးပါ ဒါပေမဲ့ ဒီလူတွေက သေချင်နေတာလေ၊ သူတို့တစ်ယောက်ပဲ ဖြစ်ဖြစ် ထွက်ပြေးသွားမယ်ဆိုရင် နောက်ဆို အဘိုးလို့ခေါ်တာ ကြားရမယ်လို့ မထင်လိုက်နဲ့”
အဘိုးဟုတ်လား။
ပေထင်းချင်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ခေတ္တအတွင်း တွင် သူသည် မှန်မှန်ပင်မရပ်နိုင်တော့ပေ။ သူသည် တဖြည်းဖြည်းခေါင်းလှည့် ပြီး ပေထင်းဟွမ်အား စိုက်ကြည့်လေသည်။ သူ အမြင်မမှားပေ။ ထိုမျက်လုံးများ သည် သူ၏မြေးဖြစ်သည်။ သူ ဘာပြောလိုက်တာလဲ။ ရန်သူကို လွှတ်ပေးရဲရင် သူ့ကိုနောက်ဆို အဘိုးလို့မခေါ်တော့ဘူးဟုတ်လား။
တစ်နည်းပြောရလျှင် သူမ၏စိတ်ထဲတွင် သူသည် သူမ၏ အဘိုးဖြစ်နေ ချေပြီ။
“ဟားဟားဟား” ပေထင်းချင်းသည် မိုးကြိုးသဖွယ် ကောင်းကင်ကိုဖြတ် ပြီး ပျံ့နှံ့သွားသကဲ့သို့ ရယ်မောလိုက်သည်။ သူသည် ယပ်တောင်နှင့်တူသည့် သူ၏လက်ကိုဖြန့်ပြီး ပေထင်းဟွမ်၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လေသည် “ကောင်းတယ် ငါ့မြေးပီသတယ်၊ ပေထင်းမိသားစုရဲ့ တော်တဲ့မြေးပဲ၊ အဘိုးက ဘေးကနေ စောင့်ပြီး ဒီလူတွေကို ထွက်မပြေးအောင်လုပ်ပေးမယ်”
“ဟင်း အရှက်မရှိတဲ့လူတွေ” စစ်ပွဲစတော့မည်ဖြစ်သော်လည်း ယန်ချင်း နှင့်တခါးသူများသည် ဤမြေးအဘိုးတို့၏ ထောင်လွှားမှုကို ဒေါသထွက်ကာ သွေးအန်ချင်မိကြသည်။ “အဘိုးကြီး မင်းအိမ်ပြန်ပြီး ဈာပနမတိုင်ခင် အခေါင်း ဝယ်လိုက်တာကောင်းမယ်”
“ဟေ့ကောင်” ပေထင်းချင်းသည် သူ့အား စိုက်ကြည့်လေသည်။ “မင်း ငါ့မြေးကို ထပ်ပြီးကျိန်ဆဲရဲရင် သူမတိုက်ခိုက်ခင် မင်းကိုသေအောင်ရိုက်မယ်”
ဘေးမှအပြင်လူများသည် ပျင်းရိ၍သေတော့မည်။ စကားမများပါနဲ့ တော့။ ဟုတ်ပြီလား။ သူတို့တွေ ဒီနေ့လေလံပွဲမှာလည်း တစ်ယောက်နဲ့တစ် ယောက်ကြိမ်းပြီးကြပြီမလား။
“အဘိုးကြီး နေဦး” ပေထင်းဟွမ်သည် ရှေ့သို့တစ်လှမ်းတိုးလာသည်။ သူမတွင် ပြတ်သားသည့်စစ်သည်တစ်ဦး၏ ပုံရိပ်ရှိသည်။ သူမသည် လေကုန်ရ သည်ကိုမနှစ်သက်ပေ။ သူမသည် ဓားပျော့ကို တိုက်ရိုက်ပင်မြှောက်လိုက်သည် “ကျုပ်အဖွဲ့မလာဘူးဆိုတာ ခင်ဗျားကိုကြောက်လို့မဟုတ်ဘူး၊ ဒီနေ့ ကျွန်တော့် ကို ဒေါသထွက်ရင် ဘယ်လိုဖြစ်မလဲဆိုတာ ပြပေးမယ်”
သူမ၏ရောင်ဝါသည် ရုတ်တရက် မြင့်တက်လာသည်။ စစ်မြေပြင်တစ်ခု လုံးသည် တင်းမာသောလေထုဖြင့် ပြည့်နှက်သွားသည်။ ဘေးမှကြည့်နေသူ များသည်တိုက်ကြီးပေါ်ရှိ အင်အားကြီးအဖွဲ့အစည်းများဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် လေထုကြောင့် သက်ရောက်မှုရှိနေသည်။ သူတို့အားလုံးသည် စစ်မြေပြင်သို့ရောက်ချိန်တွင် ပို၍စိတ်လှုပ်ရှားနေကြသည်။
“ဟွမ် မင်းတိုက်ခိုက်ရင် ငါ့ကိုမခေါ်နဲ့”
အားလုံးသည် ဖိနှိပ်ခံထားရသဖြင့် အသက်ရှူကြပ်ပြီး နှလုံးခုန်ရပ်တော့ မည့်ဆဲဆဲတွင် အေးစက်ပြီး မောက်မာသောအသံတစ်ခုထွက်ပေါ်လာသည် “ဒီအိုမင်း ဆုတ်ယုတ် ဖျားနာပြီး မသန်စွမ်းလူတွေက မှော်သားရဲတောမှာ တောင် ဖမ်းလို့မရတဲ့သတ္တဝါပဲ၊ သူတို့တွေက မင်းကို ရန်စရဲသေးတယ်... ဟွမ် ဒီတိုက်ကြီးကလူတွေက တော်တော်ချစ်ဖို့ကောင်းတာပဲ”