← Chapters

အမြင့်ဆုံးဧကရာဇ်၊ ကမ္ဘာကြီးကိုအထင်သေးခြင်း

Vol. 36 Ch. 707

အမြင့်ဆုံးဧကရာဇ်၊ ကမ္ဘာကြီးကိုအထင်သေးခြင်း

Vol. 36 Ch. 707

ပေထင်းဟွမ် ပျော်သွား၏။ သူမ ဤအသံကိုမကြားရသည်မှာ ကြာပြီဖြစ် သည်။ အလွန်ရင်းနှီးပြီး ထောင်လွှားလွန်းသည်။ ၎င်းသည် သူမ၏ အကောင်း ဆုံးအပေါင်းအဖော်ဖြစ်သည်။

အားကောင်းသော ရန်သူနှင့်မျက်နှာချင်းဆိုင်ရသော်လည်း ပေထင်းဟွမ် သည် တည်ငြိမ်နေသည် “မင် မင်းလား”

“ဟုတ်တယ် ငါပဲ” အမျိုးသားတစ်ယောက်၏အသံထွက်ပေါ်လာပြီး သူ၏ ရယ်သံသည် ကမ္ဘာကြီးကို ကိုင်လှုပ်လေသည်။ ကိုးရောင်အလင်းသည် အားလုံး သည် မျက်လုံးထဲတွင် လက်လာပြီး ညကောင်းကင်ကို ရောင်ပြန်ဟပ်လေ၏။ ကမ္ဘာပေါ်တွင် အလင်းကသာ အမှောင်ကို ဖယ်ရှားနိုင်သည်။ ဤအခိုက်တွင် ၎င်းသည် ကိုးရောင်အလင်းဖြင့် ထင်ဟပ်နေသည်။ မီးပြန့်သွားပြီး လေဟာနယ် တစ်ခုလုံးတွင် ပြည့်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ရှေ့မှ မြင်ကွင်းသည် ပြောင်းလဲသွားသည်ကို အားလုံးသတိထားလိုက်မိကြသည်။ သူတို့ရှေ့တွင် ရှန်းယန်မြို့ လက္ခဏာမရှိပေ။ သူတို့သည် ကိုးရောင်မီးအကြား တွင်ရောက်နေသည်။ အဆုံးမရှိသော မီးတောက်များ တောက်လောင်လျက်ရှိ သည်။

ခုန်ပေါက်နေသောမီးတောက်များထဲတွင် လူငယ်တစ်ယောက်၏ ပုံရိပ် တစ်ခုသည် တဖြည်းဖြည်းပေါ်လာသည်။ သူသည် ပေထင်းဟွမ်နှင့် သက်တူ ရွယ်တူရှိကာ အလွန်ပင် ပြောင်မြောက်သည်။ သူ၏ ကိုးရောင်ဆံပင်ရှည်သည် မီးတောက်များထဲတွင် က,နေပြီး သူ၏ ကိုးရောင်မျက်လုံးထဲမှ အေးစက်သော မီးပွားများ ထွက်ကျနေသည်။

သူသည် ကိုးရောင်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး နှင်းကျောက်စိမ်းနှင့်တူသော အသားအရေကိုပိုင်ဆိုင်ထားသည်။ သူ၏နဖူးပေါ် တွင် ကိုးရောင်စိန်ပုံသဏ္ဍာန် ဝိညာဉ်ကျောက်စိမ်းသည် ဝိညာဉ်ခိုးအလင်းတစ် ခုထွက်ပေါ်နေသည်။ လူငယ်သည် အထူးတလည်ချောမောလှပြီး နတ်မိစ္ဆာဆန် သည်။ သူ၏မျက်လုံးများသည် စူးရှပြီး လွှမ်းမိုးနိုင်လှသည်။

ဒီလူက ဘယ်လိုလူမျိုးလဲ။ ဒီလူငယ်မှာက ကမ္ဘာကြီးကို အထင်သေးနိုင် လောက်တဲ့ အမြင့်ဆုံးအရည်အချင်းရှိပြီးသားပဲ။

မှော်သားရဲပိုင်ဆိုင်သည့် ဝိညာဉ်သခင်များသည် သူတို့၏ဝိညာဉ် အတွင်း ထဲမှ တုန်ယင်မှုကို ခံစားနိုင်ကြသည်။ ဝိညာဉ်သခင်တစ်ယောက်၏ မှော်သားရဲ နေရာထဲတွင် သားရဲများသည် မြေပေါ်သို့ဒူးထောက်ကာ ခေါင်းကိုတုန်ယင်စွာ ဖြင့် အုပ်ထားရသည်။

တခြားမှော်သားရဲများ၏ ဖိအားနှင့် လုံးဝကွဲပြားသည်။ လွန်ခဲ့သည့် နှစ် တစ်သောင်းက တိုက်ကြီးပေါ်ရှိ မည်သည့်မှော်သားရဲတွင်မဆို ဤကဲ့သို့ အားကောင်းသောဖိအားမျိုးမရှိပေ။ ပေထင်းဟွမ်၏ နေရာထဲမှ အဂူးနှင့် ကင်းကောင်ပင်လျှင် ဒူးထောက်ပြီး တုန်ယင်လျက်ရှိသည်။

“မိုးနတ်မင်းရေ ဒါဘယ်လိုမှော်သားရဲမျိုးလဲ၊ ဘာလို့ ဒီလောက် အားကောင်းရတာလဲ” ကင်းကောင်သည် ခါးသက်စွာငိုလိုက်သည်။ သူသည် ဖြူစင်သောသွေးသားရှိသော နတ်သားရဲဖြစ်သည်။ သို့သော် သူ့သွေးသားထက် ပိုသန့်စင်ရာ သူ့ဝိညာဉ်အတွင်းထဲမှ ကြောက်လန့်မှုကို နက်နက်ရှိုင်းရှိုင်းခံစားရ လေသည်။

“ပါးစပ်ပိတ်ထား” အဂူး၏မျက်လုံးများသည် မကြုံစဖူးအကြောက်တရား များနှင့်ပြည့်နေသည်။ သူသည် အသက်ပြင်းပြင်းရှူကာ ခက်ခဲစွာဖြင့် ဆိုလေ သည် “ဒါက သခင့်ရဲ့ဝမ်းတွင်းပါ စာချုပ်နတ်သားရဲပဲ အဲဒါကြောင့် မင်း နောက်ဆိုရင် ပိုပြီးကျိုးနွံတာကောင်းလိမ့်မယ်”

ဟာသပဲ။ ဒီလူက လူငယ်ပဲရှိသေးတာ။ လူကြီးဖြစ်ပြီးမှ တိုက်ခိုက်တာကို မြင်ရင် ကင်းကောင် ထိတ်လန့်လွန်းလို့ မေ့လဲသွားမှာမဟုတ်ဘူးလား။

သူငယ်စဉ်က မွန်မြတ်သောသားရဲကို တစ်ချက်တည်းနှင့် လွင့်အောင် ရိုက်နိုင်ပြီး နတ်သားရဲကို ကောင်းကင်မီးဖြင့် တစ်ပါတည်းသတ်နိုင်သည်။ ယခု သသည် ကြီးထွားသည့်အဆင့်သို့ဝင်လာရာ လူသားများကို မည်သို့ဂရုစိုက် တော့မည်နည်း။ ၎င်းသည် မည်သည့်မှော်သားရဲအမျိုးအစားဖြစ်သည်ကို မည်သူမှမသိကြသော်လည်း မှော်သားရဲပိုင်ဆိုင်သည့် ဝိညာဉ်သခင်များ၏ တုံ့ပြန်မှုများသည် တုန်ယင်သောကြောက်ရွံ့မှုဖြင့် ဤမှော်သားရဲ၏ ခွန်အားကို ဖော်ပြနေသည်။

“ဒါ.. ဒါက အထွတ်အမြတ်သားရဲလား” ပွဲကြည့်လာသောအပြင်လူများ အကြားတွင် အားကောင်းသောမိသားစုမှ အကြီးအကဲများသည် မင်အား မယုံကြည်စွာဖြင့်ကြည့်ကြလေသည်။ သူသည် အရောင်ပါသောတိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်မထားသဖြင့် ဤလူသည် မှော်သားရဲဖြစ်သည်မှဦ သေချာသည်။

“ဟွမ် ငါ ထွက်လာပြီဆိုတော့ မင်းစိတ်ပူဖို့မလိုဘူး” ကောင်းကင်အဆင့် စစ်မြေပြင်သည် မိုးပေါ်တွင် ဖြစ်သင့်သည်။ မင်သည် လေပေါ်သို့ ဖြည်းဖြည်း ချင်းမြင့်တက်သွားသည်။ သူသည် တဖြည်းဖြည်း နှုတ်ခမ်းကိုကွေးတွန့်လိုက်ပြီး ပေထင်းဟွမ်အား နူးညံ့စွာပြုံးပြလေသည်။ “ဒီလူသားတွေကို ဘယ်လိုသေစေ ချင်လဲ”

“တွားသွားသတ္တဝါလေးလောက်တောင် တွေးလို့မရတဲ့လူသားတွေလား” ဒီစကားလုံးတွေက ဘာလို့ ဒီလောက်တောင် စိတ်တိုဖို့ကောင်းနေတာလဲ။ သို့သော် ထိုစကားကိုကြားသူတိုင်းသည် ခပ်ကြမ်းကြမ်းပြုံးရဲကြသည်။ ထိုလူငယ်၏စကားများကို မည်သူကမှ ပြန်မဖြေရဲကြပေ။

ပေထင်းဟွမ်သည် မိုးပေါ်တွင်ရှိနေသည့် မင်ကိုကြည့်နေသည်။ သူမ သည် သူနှင့်ဝမ်းတွင်းပါစာချုပ်ရှိရာ မင်၏ရင်ထဲမှ အထိန်းအကွပ်မဲ့သော စိတ်လှုပ်ရှားမှုကို ခံစားမိသည်။ သူသည် ထွက်လာရန် မစောင့်နိုင်တော့ပေ... ဒီလူတွေက သူ့မြင့်မြတ်မှုကို တည်ထောင်ဖို့ စီစဉ်နေကြတာလား။ အခုကစပြီး သူက တောက်လောင်တဲ့နေရောင်အောက်မှာနေပြီးတော့ သူမရဲ့မှော်သားရဲ နေရာထဲမှာနေစရာမလိုတော့ဘူးလား။

All Chapters