ပေယဲ့က ပေထင်းဟွမ်လား
Vol. 36 Ch. 708
ပေထင်းဟွမ်သည် သူ့အတွက် ပျော်သည်။ သူသည် ဤလေဟာနယ်သို့ တစ်လျှောက်လုံး လိုက်လာကာ အချိန်အနည်းငယ်သာ ထွက်လာနိုင်ခဲ့သည်။ လက်ရှိတွင် သူသည် သူမကိုကာကွယ်ရန် မည်မျှပင် သန်မာစေကာမူ ပေထင်းဟွမ်သည် သူ့ကိုထောက်ပံ့ပြီး သူမည်သို့ပင်ဆုံးဖြတ်စေကာမူ သူမ၏ အသက်နှင့်ရင်းပြီး ကာကွယ်မည်ဖြစ်သည်။
ပေထင်းဟွမ်၏ ရည်ရွယ်ချက်ကို အာရုံခံမိသဖြင့် မင်၏ပြုံးနေသော မျက်နှာသည် ပို၍တောက်ပလာသည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ချုပ်နှောင်ပြီး ထောက်ပံ့ရန်ကံပါလာသူများဖြစ်ကြသည်။ သူမ သည် သူ၏သခင်ဖြစ်သည့်အတွက် သူအမှန်တကယ်ပင် ကျေးဇူးတင်မိသည်။
မင်၏ကိုးရောင်မျက်လုံးများသည် ပေထင်းဟွမ်ဆီမှခွာပြီး ပြိုင်ဘက်ဆီ သို့ ကျရောက်လေသည်။ သူသည် အကြီးအကဲ ၂ ၏ နှင်းဖြူရောင် သူတော်စင် ဝတ်ရုံကိုမြင်သောအခါ မျက်လုံးများမှောင်မိုက်လာပြီး လူသတ်မည့်အကြည့် သည် သူ့မျက်လုံးထဲတွင် လက်ခနဲဖြစ်လာသည်။
“မင်း မင်း မင်းက အဲဒီ.. အဲဒီသခင်လား၊ သန့်စင်သောသားတော် ဂူဟောက်ကိုသတ်လိုက်တဲ့ သခင်လား” အကြီးအကဲ ၂ ၏ လက်သည် အကြမ်းပတမ်းတုန်ယင်လာကာ သူ့လက်ထဲမှ စီရင်ချက်လှံတံသည် ပြုတ်ကျ လုနီးပါးဖြစ်သွားသည်။ သူသည် တုန်ယင်နေသောလက်ကိုမြှောက်ကာ အသံ မှာလည်း တုန်ယင်နေသည် “မင်း မင်းက ပေယဲ့ရဲ့ မှော်သားရဲလား”
ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြတ်တိုက်သွားသကဲ့သို့ အားလုံး ရုန့်ရင်းဆန် ခတ်ဖြစ်သွားကြသည်။ သို့သော် အကြီးအကဲယန်ချင်း၏ စကားများကို မည်သူ ကမှ သံသယမဝင်ကြပေ။ ပေယဲ့နောက်သို့လိုက်နေသည့် အကြီးအကဲ တစ်ယောက်အနေနှင့် မြင့်မြတ်သောသားတော်ဂူဟောက်အား သတ်သွားသည့် သူကို မှတ်ဉာဏ်သလင်းကျောက်ထဲတွင် အကြိမ်ပေါင်းသန်းချီမြင်ဖူးပြီးသား ဖြစ်လိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ သူ မမှားနိုင်ပေ။
“မင်းက ပေယဲ့လား” စူးရှသောအော်သံတစ်ခုသည် နယ်မြေထဲတွင် ထွက်ပေါ်လာသည်။ ကိုးရောင်မီးများ တောက်ပလျက်ရှိသည်။ ယန်ချင်းသည် ပေထင်းဟွမ်အား ကြောက်လန့်တကြားစိုက်ကြည့်ကာ သူမအား ခုန်အုပ်ပြီး အရှင်လက်လက် ဝါးစားချင်စိတ်ဖြစ်လေသည် “မင်းက ပေယဲ့ပဲ”
အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေ၏။ မည်သည့်အသံမှ ထွက်မနေပေ။ ကိုးရောင်မီးတောက်သည် ပျောက်သွားသည့်အလားပင်။ အားလုံးသည် မှင်တက်စွာဖြင့် ပေထင်းဟွမ်အား ကြောက်လန့်တကြားကြည့် ကြလေသည်။ ပေထင်းမိသားစု၏ ပေထင်းချင်းနှင့် ပေထင်းကျင်တို့လည်း ချွင်းချက်မရှိပေ။ သူတို့ဦးခေါင်းအထက်တွင် မိုးကြိုးပစ်သွားသလို ပေထင်းဟွမ် အား မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်ကြလေသည်။
ပေထင်းဟွမ်က ပေယဲ့လား။ ပေယဲ့က ပေထင်းဟွမ်ပေါ့။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ထိုအခိုက်အတန့်တွင် ပေထင်းကျင်သည် သူ၏ ညီဖြစ်သူနှင့် အချိန်လုံလောက်စွာ မကုန်ဆုံးခဲ့ရသည့်အတွက် မုန်းတီးမိ သည်။ ဤအခိုက်အတန့်တွင် သူသည် ညီဖြစ်သူနှင့် လုံးဝမရင်းနှီးသည်ကို သိလိုက်ရသည်။ မတ်မတ်ရပ်ပြီး မြင့်မြတ်စွာ အနက်ရောင်စစ်သည်ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်ဘုရားတစ်ပါးကဲ့သို့ လက်ပိုက်နေသည့်လူကိုကြည့်ပြီး သူ၏ ညီလေးသည် ပေယဲ့ဖြစ်သည်ကို မယုံနိုင်သေးပေ။
အမြင့်ဆုံးသားရဲထိန်းလေ။
ဒါဘယ်လိုဟာသကြီးလဲ။ ဤအခိုက်အတန့်တွင် လူအများသည် ပေထင်းကျင်ကဲ့သို့ အတွေးရှိကြသည်။ တစ်နှစ်ပတ်လုံး မြို့တော်တွင် နေထိုင်ကြသော အလွန်အားကောင်းသည့်မိသားစုမှလူများပင် စိတ်ထဲမှ နှာရှုတ်မိကြသည်။ ဒါဘယ်လိုဟာသမျိုးလဲ။ အမြင့်ဆုံးသားရဲထိန်းဖြစ်ဖို့က ဖြစ်နိုင်လို့လား။ ပေထင်းဟွမ်က ပေယဲ့ဖြစ်ပြီး အမြင့်ဆုံးသားရဲထိန်းဖြစ်နေတာ ကိုယုံလိုက်မှာထက် ပုရွက်ဆိတ်တစ်ကောင်က နဂါးအုပ်ကြီးကိုနိုင်ပြီး အနီရောင်မိုးတွေရွာတယ်ဆိုတာကိုမှ ယုံလိုက်ဦးမယ်။
သူတို့ ပိုမယုံချင်သည်မှာ ပေယဲ့သည် အဆင့် ၉ ဝိညာဉ်သခင်ကြီးဖြစ်ပြီး ပေထင်းဟွမ်သည် အဆင့် ၉ ဓားကြယ်ဝိညာဉ်သခင်ဖြစ်နေခြင်းပင်။ ၃ လပင် မကြာသေးသည့်ကာလတွင် သူသည် နောက်တစ်ဆင့်သို့ တက်သွားလေသည် လား။ အဆင့် ၁ ဆင့်တည်းတင်မဟုတ်ပေ။
ဤကဲ့သို့ ပုံမှန်မဟုတ်သည့် အဆင့်သည် နှစ်ပေါင်းရာချီ ဒါဇင်ချီနေလာခဲ့ သည့် အဘိုးကြီးများအတွက် လက်မခံနိုင်စရာဖြစ်နေသည်။
၁၄ နှစ်အရွယ် ကောင်းကင်အဆင့်သည် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ ဤကဲ့သို့အားကော်ငးသော မှော်သားရဲများသည် ကောင်းကင်ကို အံတုနေပြီဖြစ်သည်။ နှစ်ခုပူးတွဲကျင့်ကြံခြင်းသည် အလွန်ပင် မကြုံစဖူးဖြစ် သည်။ သူသာ အမြင့်ဆုံးသားရဲထိန်းဖြစ်လျှင် သူ၏အဆင့်တက်နှုန်းသည် မှော်သလင်းကျောက်အမြောက်ကို ပစ်လွှတ်လိုက်သလိုပင်။ ကြောက်စရာ ကောင်းလွန်းသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ လင်အာ ငါ့ကိုမြန်မြန်ရိုက်လိုက်၊ ဒါ အမှန် မဖြစ်နိုင်ဘူး ငါ အိပ်မက်မက်နေတာဖြစ်မယ်” ပေထင်းချင်းသည် ခိုးကြောင် ခိုးဝှက်နှင့်လိုက်လာသော သမီးဖြစ်သူပေထင်းလင်အား ပုတ်ပြီး အလောကြီး သောလေသံဖြင့် တိုက်တွန်းလေသည်...