← Chapters

ရှောင်ဟွမ်ကလည်း သူပဲလို့မပြောနဲ့နော်

Vol. 36 Ch. 709

ရှောင်ဟွမ်ကလည်း သူပဲလို့မပြောနဲ့နော်

Vol. 36 Ch. 709

“အဖေ အဲဒါအမှန်ပါပဲ” သူမရှေ့မှ အေးစက်သော အနက်ရောင်ပုံရိပ်ကို ကြည့်ပြီး ပေထင်းလင်သည် ခံစားချက်အလွန်ကောင်းနေသည်။ “အဖေ ကျွန်မ ဝိညာဉ်ခွဲတောင်တန်းကနေ ပြန်ယူလာတဲ့ ထိန်းကျောင်းပြီးသား မွန်မြတ်တဲ့ သားရဲငါးကောင်က ရှောင်ကျို့ပေးလိုက်တယ်ဆိုတာ မှတ်မိသေးလား၊ အဲတုန်း က သူက အမြင့်ဆုံးသားရဲထိန်းဆိုတာ သိခဲ့တယ်”

ပေထင်းရွေ့သည် ပေထင်းလင်၏အနောက်တွင်ရပ်နေသည်။ သူသည် မြို့တော်အတွင်းမှ ပေထင်းဟွမ်နှင့် ပတ်သက်သည့် ကောလာဟလများစွာကို ကြားဖူးပြီးသားဖြစ်သည်။ ဤအခိုက်အတန့်တွင် ဂုဏ်ယူစွာရပ်နေသောလူငယ် ကိုကြည့်ပြီး မျက်လုံးထဲတွင် မျက်ရည်များလှိမ့်တက်လာသည်။ သူသည် ည ကောင်းကင်ကိုမော့ကြည့်ပြီး တံတွေးမျိုချလိုက်သည် “အစ်ကိုနဲ့ မရီး၊ မြင်ကြ လား၊ ဒါက မင်းတို့လက်မလွှတ်နိုင်တဲ့ သားအငယ်ဆုံးပဲ၊ သူ အရွယ်ရောက်လာ ပြီ၊ သူက အမှိုက်မဟုတ်တော့ဘူး၊ သူက ကမ္ဘာပေါ်မှာ အံ့ဩဖို့အကောင်းဆုံး ကလေးပဲ”

အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ပြီးနောက် သူတို့ကို အဘက်ဘက်မှ ဝိုင်းထားသောလူအုပ်သည် ရေဆူသည့်အိုးကဲ့သို့ ဆူပွက်လာ သည်။ မည်သူကမှ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘူး။ သူတို့သည် ရင်ဘတ်ထဲမှ ခံစားချက်များကို ထုတ်ရန်စိတ်လှုပ်ရှားနေကြပြီး ဆွေးနွေးမှုများ သည် ဒီရေကဲ့သို့ လှိမ့်တက်လာသည်။

“ဘာလဲ ပေယဲ့က ပေထင်းဟွမ်လား၊ ပေထင်းဟွမ်က ပေယဲ့ပေါ့၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မဟုတ်သေးဘူး ငါမယုံနိုင်ဘူး”

“အမှန်ပဲ၊ မြင့်မြတ်တဲ့သားတော်ဂူဟောက်ကို ပေယဲ့သတ်သွားတာပဲ၊ စီရင်ချက်ဗိမာန်က ဒီလိုမျိုးကိစ္စကြီးမှာ အမှားလုပ်မိတာမဖြစ်နိုင်ဘူး”

“ဟုတ်တယ် ပေယဲ့ ဘာပြောမလဲဆိုတာ ကြည့်ကြတာပေါ့၊ ရှောင်ဟွမ် ကလည်း သူပဲလို့တော့မပြောနဲ့နော်၊ ငါ ယုံမှာမဟုတ်ဘူး”

“ဟား နောက်တောင်ကျနေပြီ၊ အခု သူ့ကိုကြည့်လိုက်ဦး သူနဲ့ မှတ်ဉာဏ် သလင်းကျောက်ကနေ ထွက်လာတဲ့ပုံရိပ်က ဘာများကွာလဲလို့၊ အဲတုန်းက မင်း သိထားသင့်တာ၊ မဟာမိတ်မြို့မှာ နှင်းမုန်တိုင်းကြေးစားအဖွဲ့ကိုရှင်းတုန်းက ဒီလူ့နောက်မှာ ညအရှင်အိမ်တော်ရှိခဲ့တာ”

စီင်ချက်ဗိမာန်၏မေးခွန်းနှင့်ရင်ဆိုင်ရပြီးနောက် တစ်ဖက်လူ၏ အကြည့် သည် သူမအား စားမတတ်ဝါးမတတ်ဖြစ်နေခဲ့သည်။ သို့သော် ပေထင်းဟွမ် သည် တည်ငြိမ်စွာပြုံးလိုက်သည်။ သူမသည် ရှေ့သို့တစ်လှမ်းတိုးကာ မင်နှင့် ဘေးချင်းယှဉ်ရပ်လိုက်သည်။ သူမ၏ ဂုဏ်ယူသောပုံရိပ်သည် မြင့်မားသော တောင်တစ်လုံးအလား မားမားမတ်မတ်ရပ်လျက်ရှိသည်။ သူမ၏ ကြည်လင် သော အသံသည် အားလုံး၏နားထဲတွင် ပဲ့တင်ထပ်သွားသည် “ဟုတ်တယ် ကျုပ်ပဲ ယန်ချင်း စီရင်ချက်ဗိမာန်က နတ်ဘုရားတွေရဲ့ တမန်တော်၊ မျှတမှုရဲ့ သင်္ကေတဖြစ်တယ်လို့ ပြောပြောနေတာ၊ ဒါဆိုရင် မေးပါဦးမယ် မွန်မြတ်တဲ့ ဝိညာဉ်အပျက်အစီးမှာတုန်းက မြင့်မြတ်တဲ့သားတော်ဂူဟောက်က အရှုံးမပေး ချင်တာကို လောင်းတဲ့နေရမှာ ရှုံးတုန်းက ဘာလို့ ကျုပ်ကို ချောင်းမြောင်းတိုက် ခိုက်ပြီး လုပ်ကြံချင်တာလဲ၊ ခင်ဗျားက သူ့အတွက် လက်စားချေဖို့ လာတာလို့ တော့မပြောနဲ့နော်၊ ခင်ဗျားလာရဲမှတော့ ခင်ဗျားအသက်ကိုထားခဲ့ရမှာပဲ”

ပေထင်းဟွမ်သည် အပြာနုရောင်ဒြပ်စင်စွမ်းအင် ထည့်ပြီးနောက် လက်ထဲမှ ဓားပျော့ကို ဆန့်ထုတ်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်မှ ထွက်လာ သောရောင်ဝါသည် မရေမတွက်နိုင်သောဓားပျော့များ ရောယှက်နေသည့် အလား ဓားပိုက်ကွန်တစ်ခုဖြစ်ပေါ်ကာ တစ်ဖက်လူ၏စခန်းဆီသို့ ဦးတည်လေ သည်။

လေထုသည် အထူးသဖြင့် လေးလံနေသည်။ ဤအခိုက်အတန့်တွင် အားလုံး၏နှလုံးများသည် ဗုံတစ်လုံးကဲ့သို့ ခုန်နေကြသည်။ ၎င်းသည် ပေထင်းဟွမ်ဖြစ်လိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ထားပေ။ ပေထင်းဟွမ် သည် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်သည့် ပေဘြ့ဖြစ်သည်။ မြင့်မြတ်သော ဝိညာဉ်အပျက်အစီးထဲရှိ မှော်သားရဲစီးကြောင်းစစ်ပွဲတွင် သူသည် စီရင်ချက် ဗိမာန်မှ မြင့်မြတ်သောသားတော်ကို သတ်ခဲ့သည်။

သူသည် စီရင်ချက်ဗိမာန်ကို ရန်စရန်မကြောက်သလို သူတို့သည် သူမ အား တိုက်ကြီးတစ်ခုလုံးအနှံ့ လိုက်လံရှာဖွေခဲ့သ်ညမဟုတ်ပါလား။ ဤလူငယ် သည် သံမဏိကြိုးထက်ပင် အရေထူကာ ကောင်းကင်ထက်ပင် ပို၍ကျယ်ပြန့် သည်။

ရှီမန်ဆုန်းနှင့်တခြားသူများမှာ တောက်လောင်သောမျက်လုံးများဖြင့် စင်ပေါ်မှလူငယ်ကို စိုက်ကြည့်နေကြသည်။ 'ထူးဆန်းသည်' ဆိုသည့်စကားလုံး ၏ အဓိပ္ပာယ်ကို သူတို့မသိခဲ့ကြပေ။ ၎င်းမှာ အကြောက်အလန့်ကင်းစွာနေ ခွင့်ပြုသော သူ၏သတ္တိရဲသောစိတ်ဓာတ်ကြောင့်လည်းဖြစ်သည်။ သူမ၏ မကြုံစဖူးအရည်အချင်းနှင့် ဤတိုက်ကြီး၏ ပြိုင်ဘက်ကင်းလူငယ်သူရဲကောင်း ဖြစ်နေခြင်းကြောင့်လည်းဖြစ်သည်။

သူသည် ပေထင်းဟွမ်အား တလေးတစားဖြင့် ခေါင်းမော့ပြလိုက်သည်။ သူသည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ကာကွယ်ရန် မွေးဖွားလာခဲ့ သော်လည်း နှစ်ပေါင်းသောင်းနှင့်ချီ၍ မရေမတွက်နိုင်သော နိဗ္ဗာန်ကိုခံစားခဲ့ရ သည်။ ပေထင်းဟွမ်သာ သူနှင့်အကြည့်ချင်းဆုံပြီး စာချုပ်တည်ထောင်ခဲ့ကာ သူ၏ အယုံကြည်ရဆုံးအပေါင်းအဖော်ဖြစ်လာခဲ့သည်။

သူမတစ်ယောက်သာ မင်၏ စာချုပ်သခင်ဖြစ်ရန် အရည်အချင်းပြည့်မှီ သည်...

All Chapters