မင်းကို ပြန်တိုက်ခိုက်ဖို့အခွင့်အရေးပေးမယ်
Vol. 36 Ch. 710
“အားနည်းတဲ့လူသားတွေ မင်းတို့မှာ လူများပေမဲ့ မင်းတို့ကို ပြန်တိုက်ခိုက်ဖို့အခွင့်အရေးပေးမယ် လုပ်တော့” မင်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ပေထင်းဟွမ်အား သူ့အနောက်တွင် ကာထားလေသ်ည။ သူ့ခန္ဓာကိုယ် မှ ကိုးရောင်မီးတောက်သည် အရိုင်းဆန်စွာထတောက်ကာ ပေထင်းဟွမ်အား မုန်တိုင်းတစ်ခုကဲ့သို့ လွှမ်းမိုးကာ သူမ ဒဏ်ရာရမည့်အရေးမှ ကာကွယ်ထား သည်။
“ဒါ.. ဒါက နယ်ပယ်အရည်အချင်းလား” အကြီးအကဲ ၂ သည် အလွန်ပင် နောင်တရမိသည်။ သူသည် အခြေအနေကိုလက်ဦးမှုရယူကာ ပေထင်းဟွမ်ကို သတ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ပေထင်းဟွမ်သည် ငွေလရောင် အင်ပါယာ၏ မွန်မြတ်သောသားရဲတပ်နှင့် တစ်ယောက်တည်းတိုက်ခိုက်နေ သည်ကို သူ မြင်သောအခါ သူ့ကိုလူအရေအတွက်နှင့် အနိုင်ကျင့်ရန်အကြုံရှိခဲ့ သည်။ သူသည် ငွေလရောင်အင်ပါယာ၏ မွန်မြတ်သောသားရဲတပ်နှင့် အင်အား ပူးပေါင်းကာ ပေထင်းဟွမ်အား သတ်ရန် ပြင်ဆင်ခဲ့သည်။
သူတို့ဘက်တွင် ၁၀ ယောက်ပါ မွန်မြတ်သောသားရဲနှင့် ကောင်းကင် အဆင့်ကျွမ်းကျင်သူ အယောက် ၂၀ ကျော်နှင့်ဆိုလျှင် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက်ကို မချေမှုန်းနိုင်စရာမရှိပေ။
မထင်မှတ်စွာပင် ပေထင်းဟွမ်သည် ပေယဲ့ဖြစ်နေသည်။ ယန်ယဲ့အပြင် သူမသည် ဤမျှအားကောင်းသောနယ်ပယ်ကိုလွှတ်နိုင်သည့် အားကောင်း သော အထွတ်အမြတ်သားရဲကို ဘေးတွင်ထားနိုင်သူဖြစ်သည်။
“နယ်ပယ်အရည်အချင်းဟုတ်လား” မင်သည် ခေါင်းမော့ပြီးရယ်မောလေ သည်။ သူ၏ထောင်လွှားသောရယ်သံသည် ကမ္ဘာကြီးကိုကိုင်လှုပ်လေသည်။ နယ်ပယ်ထဲမှ ကိုးရောင်မီးတောက်များသည် သူ၏ရယ်သံနှင့်အတူ ခပ်ကြမ်း ကြမ်း လှုပ်ရှားကာ အယောက် ၃၀ ကျော်ရှိနေသော တစ်ဖက်လူ၏စခန်းကို ဟန်ချက်ပျက်အောင်ပြုလုပ်နိုင်လေသည် “မင်းက ငါ့ရဲ့ကစဥ့်ကလျားနတ် အရင်းအမြစ်ကို အဲဒီတီကောင်လေးတွေရဲ့ နယ်ပယ်အရည်အချင်းလိုမျိုး လာ ဆက်ဆံနေတာပဲ၊ ဟားဟား မသိတတ်လိုက်တဲ့ အဘိုးကြီး ဘာလို့ မတိုက်ခိုက် တာလဲ”
“တီကောင်လေးတွေဟုတ်လား” အားလုံးနီးပါး မှင်တက်မိသွားကြလေ ၏။ သခင်မင်ပြောနေသည့် တီကောင်လေးဆိုသည်မှာ ဤတိုက်ကြီးပေါ်တွင် အထွတ်အမြတ်သားရဲများပိုင်ဆိုင်သည့် ကျွမ်းကျင်သူများကိုပင်။ အထွတ်အမြတ်သားရဲများသာ နယ်ပယ်အရည်အချင်းကိုကျင့်ကြံနိုင်သည်။ သို့သော် သူ၏မျက်လုံးထဲတွင် ၎င်းသည် အထင်အမြင်သေးစရာဖြစ်နေသည်။
ပြောရလျှင် ဤမကောင်းဆိုးဝါးသည် မည်သည့်နေရာမှ ခုန်ထွက်လာ သနည်း။
ဝိညာဉ်လက်နက်ပျံထဲတွင် ယန်ယဲ့သည် လျစ်လျူရှုတတ်သောမျက်လုံး များမှ ပထမဆုံးအနေနှင့် လေးနက်သောအမူအရာကိုထုတ်ဖော်ပြလေသည်။ သူ၏အကြည့်သည် ကိုးရောင်မီးတောက်ဆီသို့ ကျရောက်သွားသည်။
သူသည် ပေထင်းဟွမ်နှင့် သက်တူရွယ်တရှိသောလူငယ်အား စိုက်ကြည့် လေသည်။ တခြားသူများသည် သူ့ကိုမသိချင်မသိမည်၊ ယန်ယဲ့သည် သူ့အား သိသည်။ ဟင်း သူ့ကိုတိုက်ခိုက်ချင်တယ်လို့ အရှက်မရှိပြေနေသေးတယ်။ နှစ်ပေါင်တစ်သောင်းကြာသွားတာတောင် ဒီကောင်က အရင်လိုမျိုးထောင်လွှား နေတုန်းပဲ။
မင်သည် ယန်ယဲ့အတွက် အားကောင်းသော ပြိုင်ဘက်ဟုပြောနိုင်သည်။ တကယ်တော့ ထိုလသည် ယန်ယဲ့ပင်ဘာမှမတတ်နိုင်သည့် အဆင့်သို့တက်ခဲ့ သည်။ မသည် ပေထင်းဟွမ်ဆီမှ ခွဲထုတ်မရသည့်အပိုင်းတစ်ပိုင်းဖြစ်ခဲ့သည်။
“တီကောင်လေးတွေဟုတ်လား” အားလုံးနီးပါး မှင်တက်သွားကြသည်။ စီရင်ချက်လှံတံထဲသို့ အပြာနုရောင်ဒြပ်စင်စွမ်းအင်ထည့်ရသည်ကို အားလုံးသိ ကြသည်။ စီရင်ချက်လှံတံသည် ချက်ချင်းပင် ရွှေရောင်အလင်းထုတ်လွှတ်ကာ ကိုးရောင်မီးအား ညွှန်ပြလေသည် “ကောင်းကင်နဲ့မြေကြီး ဘယ်လောက်ကြီးလဲ ဆိုတာ မင်းမသိတာပဲ၊ ဒီနေ့ တီကောင်လေးရဲ့လက်ထဲမှာ သေခွင့်ပေးလိုက် မယ်”
သူမပြောပြီးနောက် အော်လေသည် “မင်းတို့အားလုံး မင်းတို့စွမ်းအင်တွေ ကို ငါ့ကိုပြောင်းပေး၊ ငါ့လက်ထဲကလှံတံက သခင်ကြီးအဆင့်စွမ်းအားရှိတဲ့ ဝိညာဉ်စွမ်းအားကို ချိပ်စည်းပိတ်ထားတာပဲ၊ ဟင်း အားအကောင်းဆုံးလူက နတ်ဘုံအဆင့်ကျွမ်းကျင်သူထက်မြင့်နိုင်ဦးမှာလား”
မှန်သည်။ ဤလေဟာနယ်မှ စွမ်းအားအကန့်အသတ်ကို စည်းမျဉ်းများ ဖြင့် ဖိနှိပ်ထားသည်။ အားအကောင်းဆုံးသည် နတ်ဘုံအဆင့်ဖြစ်သည်။ အမြင့် လေဟာနယ်မှလူများပင် နတ်ဘုံကဲ့သို့သန်မာရန် အလှမ်းဝေးလှသည်။ ဤလေဟာနယ်သို့လာပြီးနောက် သူတို့၏ခွန်အားကို နတ်ဘုံဖြင့် ဖိနှိပ်ခံရ၏။
ယဲ့ဟွာ၏ စကားများသည် သေလမ်းမှထွက်ပြေးတော့မည့်လူများ အတွက် လမ်းတစ်ခုဖောက်ပေးလိုက်သလိုပင်။ ငွေလရောင်အင်ပါယာ၏ မွန်မြတ်သောသားရဲတပ်မှလူများသည် ယဲ့ဟွာအား လေးစားသောမျက်လုံးများ ဖြင့် ကြည့်လေသည်။ ဤအခိုက်အတန့်တွင် စီရင်ချက်ဗိမာန်မှလူများ၏ ရာထူး သည် ထိုလူများ၏စိတ်ထဲတွင် တဟုန်ထိုးမြင့်တက်လေသည်။ ယဲ့ဟွာသည် သူမဆီသို့လာသည့် ယုံကြည်မှုစွမ်းအားများကို ခံစားနိုင်သည်နှင့်တူသည်။ ထိုစွမ်းအားသည် သူမကို ပြန်မွေးဖွားပေးလိုက်သလိုပင်။ စိတ်ကိုလှုံ့ဆော်နိုင် ပြီး၊ ဝိညာဉ်များကို အလင်းပြနိုင်သည်။
ဤသည် တရားစီရင်ရေးနတ်ဘုရား ရထိုုက်သည့် ယုံကြည်မှုစွမ်းအား ဖြစ်သည်။