← Chapters

သခင်ကြီးအဆင့်ခွန်အား

Vol. 36 Ch. 711

သခင်ကြီးအဆင့်ခွန်အား

Vol. 36 Ch. 711

ယဲ့ဟွာသည် သူမကိုယ်သူမ စီရင်ချက်နတ်ဘုရားအဖြစ် အသွင်ပြောင်း သွားပြီဟု ထင်ယောင်ထင်မှားဖြစ်လျက်ရှိသည်။ သူမ၏မျက်နှာတွင် ယုံကြည် မှုအပြည့်နှင့်ပြုံးရင်း စီရင်ချက်လှံတံကို ခပ်မြင့်မြင့်မြှောက်လိုက်သည်။ သူမ အနောက်တွင် ရပ်နေသည်မှာ အယောက် ၃၀ ကျော်ရှိပြီး အကြီးအကဲ ၂ ၏ အမိန့်အောက်တွင် ကြယ်အလင်းအဖွဲ့အစည်းတည်ဆောက်လေသည်။ ယဲ့ဟွာ ဆီသို့ စွမ်းအားလှိမ့်တက်လာသည်။

“မိုးနတ်မင်းရေ.. သခင်ကြီးအဆင့်ကျွမ်းကျင်သူရဲ့ စွမ်းအားက အရမ်း ကြောက်ဖို့ကောင်းတာပဲ၊ တိုက်ကြီးပေါ်မှာ စီရင်ချက်ဗိမာန်ပဲ အဲလိုအစွမ်းအစ ရှိမှာ”

“ဟုတ်တယ်၊ သခင်ပေထင်းဟွမ်ရဲ့ မှော်သားရဲက ခံနိုင်ရည်ရှိပါ့မလား မသိဘူး၊ သေသွားရင် နှမြောစရာကြီး”

“သခင် ခေါင်းဆောင်မင်က လုပ်နိုင်မှာလား မလုပ်နိုင်ဘူးလား၊ တစ်ဖက် လူက သခင်ကြီးအဆင့်နော်၊ တစ်ချက်တည်းဆိုရင်တောင် ခေါင်းဆောင်မင်ကို ထိခိုက်အောင်လုပ်နိုင်လောက်တယ်” လေဟာနယ်ထဲတွင် ကင်းကောင်ပင် လျှင် မတည်ငြိမ်နိုင်တော့ပေ။ ခေါင်းဆောင်မင်သည် သူ၏စိတ်ထဲတွင် နတ် ဘုရားတစ်ပါးပင်။ သူ့ကို စိတ်မပျက်စေနဲ့။

“မဟုတ်ဘး” ပေထင်းဟွမ်သည် မင်အပေါ်တွင် ယုံကြည်မှုရှိသည်။ သူမသည် အလွန်ယုံကြည်ချက်ရှိနေသည်။ တစ်ဖက်လူရဲ့ ခွန်အားက သခင် အဆင့်ဖြစ်နေလည်းဘာလုပ်ရမှာလဲ။ သူမသည် မင်ကိုယုံကြည်သည်။ သူ ပေါ် လာကသဖြင့် ဤတိုက်ကြီးတွင် သူလိုချင်သည့်အရာကို လုပ်နိုင်သည့် ခွန်အား ရှိ၍ဖြစ်မည်။ “သူက ငါ့ကို ဘယ်တုန်းကမှ စိတ်မပျက်စေဘူး”

စစ်ပွဲသည် ကောင်းကင်ပေါ်တွင်ဖြစ်ပွားရာ ကမ္ဘာကြီးကို ကိုးရောင် မီးတောက်များဖြင့် လွှမ်းခြုံပြီးသားဖြစ်လေသည်။ အားလုံး၏မျက်လုံးများသည် ယဲ့ဟွာ၏လက်ထဲမှ စီရင်ချက်လှံတံဆီသို့ ရောက်နေကြသည်။ စွမ်းအားများ အားလုံးစုပြီးနောက် ရွှေရောင်နေသည် ယဲ့ဟွာအနောက်တွင် တဖြည်းဖြည်း မြင့်တက်လာသည်။ ၎င်းသည် ကိုးရောင်မီးတောက်ထဲတွင်ရောင်ပြန်ကာ၊ တောက်ပပြီး သန့်စင်သောအားကောင်းသည့်အလင်းကို အလွယ်တကူဖုံးအုပ်၍ မရပေ။

နေအလယ်တွင် စီရင်ချက်လှံတံကဲ့သို့ လက်နက်တစ်ခု မွေးဖွားလာ သည်။ ၎င်းသည်တစ်ဖြည်းဖြည်းနှင့်ပုံပေါ်လာကာ နေရောင်မှခွဲထွက်လာ၏။ ၎င်းသည် အဖြူစင်ဆုံးရွှေရောင်အလင်းနှင့်တသည်။ အားကောင်းသော ဖိအား သည် မင်အားဖိနှိပ်လေသည်။ လှံတံ၏ထိပ်ဖျားတွင် များပြားသောသံမဏိများ ပါဝင်သည်။ အေးစက်သောအလင်းထွက်လာပြီး မင်အားတိုက်ခိုက်လေသည်။

လေကိုခွင်းသည့်အသံသည် မိုးကြိုးသွားအလား ကမ္ဘာပေါ်တွင်ပေါ်လာ သည်။ ၎င်းသည် သခင်အဆင့်စွမ်းအားဖြစ်သည်။ ၎င်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်သည်။ လေထဲတွင် လှံတံ၏အရိပ်သည် ရွှေရောင်အလင်းတန်းနှင့် ချိတ်ဆက်သွားပြီး အညှတာမဲ့သောအလင်းသည် မင်အား လွှမ်းခြုံသွားလေ သည်။ အားကောင်းသောတိုက်ခိုက်မှုစွမ်းအားသည် လူအများကို ကြည့်ရုံနှင့် မူးဝေသွားစေသည်။ ၎င်းသည် သူတို့၏ဝိညာဉ်များကို အေးခဲသွားစေပြီး မခုခံ နိုင်လောက်အောင်ဖြစ်စေသည်။

အားကောင်းလိုက်တာ။

ကြောက်ဖို့ကောင်းချက်။

လှံတံသည် လေထဲတွင်ပျံလာပြီး ပွတ်တိုက်မှုကြောင့် လေကိုတုန်ခါစေ သည်။ မင်မှထုတ်လွှတ်လိုက်သော နယ်ပယ်သည် လှံတံကြောင့် နှစ်ခြမ်းကွဲ တော့မလိုဖြစ်သွားသည်။ တောက်လောင်နေသော မီးတောက်များကို ငြှိမ်းသက်သည့်အလား လေသည် ကိုးရောင်မီးတောက်အား တိုက်ခတ်လေ၏။ အပြင်လူများသည် ဝိညာဉ်အတွင်းထဲမှ သူတို့၏နှလုံးများနစ်ဝင်သွားသည်ကို ခံစားမိကြ၏။

၎င်းသည် သခင်အဆင့်စွမ်းအားဖြစ်သည်။ လူတိုင်း တောင့်တသည့် စွမ်းအားဖြစ်သည်။

တစ်ချိန်တည်းမှာပင် အားလုံးသည် မင်အတွက် ချွေးအေးများပြန်လာ သည်။ ဒီလူငယ်၊ ဒီပုံမှန်မဟုတ်တဲ့ လူငယ်အချောလေးက ဒီအားကောင်းတဲ့ ခွန်အားကိုတောင့်ခံနိုင်ပါ့မလား။

လှံတံသည် ရုတ်တရက် မင်အား ဖျက်ဆီးမည့်ရောင်ဝါနှင့်တိုက်ခိုက်လေ သည်။ ၎င်း၏အားကောင်းသော တိုက်ခိုက်မှုသည် ယဲ့ဟွာနှင့်တခြားသူများကို မယှဉ်နိုင်သော ယုံကြည်မှုကိုပေးစွမ်းလေသည်။ ၎င်း၏ နောက်ဆုံးလှုပ်ရှား ချက်ကိုထုတ်လွှတ်၎င်း၏စွမ်းအင် အားလုံးကို အသုံးချပြီး ၎င်းတို့၏ ခန္ဓာကိုယ် သည် ပင်ပန်းနွမ်းနယ်ပြီဖြစ်ရာ သုံးနှစ်သားကလေးပင် သူတို့ကို သတ်နိုင်သည် အထိဖြစ်လေသည်။ သူတို့သာ ထိုအထွတ်အမြတ်သားရဲကို သတ်နိုင်လျှင် အသက်ရှင်နိုင်ခြေရှိသည်။

ယဲ့ဟွာ၏နှုတ်ခမ်းထောင့်ည် တဖြည်းဖြည်း အပြုံးအဖြစ်ကွေးတက်သွား သည်။ သူမသည် လှံတံ၏နတ်အလင်းဖြင့် လွှမ်းခြုံခံထားရသော လူငယ်ကို ရက်စက်သောအကြည့်ဖြင့် ကြည့်လေသည်။ ထိုထောင်လွှားသောလူသည် ယနေ့ သေချာပေါက် သေရမည်။ သူသည် သူ့ဘုံ၏ထိပ်ဆုံးရောက်လျှင်တောင် ယနေ့ အသက်ရှင်နိုင်ရန် မျှော်လင့်ချက်မရှိစေရပေ။ သခင်အဆင့်ကျွမ်းကျင် သူ၏ စွမ်းအားသည် ဤတိုက်တွင် မလွှမ်းမိုးနိုင်ပေ။

အကြီးအကဲ ၂ သည် သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ၏အကြော သည် ခြောက်ခမ်းနေပြီဖြစ်ရာ ခွန်အားမထုတ်နိုင်တော့ပေ။ သို့သော် သူသည် ကျေနပ်သည်။ သူသာ ပေယဲ့သို့မဟုတ် သူ၏အထွတ်အမြတ်သားရဲကို ဤနေရာတွင်သတ်နိုင်ပါက သူ နတ်သခင်ကြီးအား သတင်းကောင်းပေးနိုင် မည်ဖြစ်သည်...

All Chapters