ကိုးရောင်ကောင်းကင်ဖျက်ဆီးပုဆိန်လှံတံ
Vol. 36 Ch. 712
“အရူး မင်းကလည်း ဒီလိုပါပဲ” သူသည် သူ့ဆီသို့လာနေသည့် လှံတံကို လျစ်လျူရှုသလိုကြည့်လေသည်။ သူ မျက်လုံးပင့်လိုက်သည့်အခိုက်အတန့်တွင် လှံတံပေါ်မှ နတ်အလင်းသည် အနည်းငယ်မှိန်သွားလေသည်။ မင်၏ လှပသော မျက်နှာပေါ်တွင် လှောင်ပြောင်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး မျက်နှာချင်းဆိုင်မှ လူအုပ်ဆီသို့ ကရုဏာသက်သောအကြည့်တစ်ခုဖြင့် ကြည့် လေသည်။
သူ့လိုလူသည် ကမ္ဘာပေါ်မှ အရာအားလုံးကို ပုရွက်ဆိတ်တစ်ကောင် ကဲ့သို့ သတ်မှတ်သည်။ သူ၏ကရုဏာသည် မယှဉ်သာသော ရက်စက်မှုနှင့် အထင်သေးမှုများပါဝင်သည်။
အတွေးတက်ချက်နှင့်တင် မင်အား ရစ်ပတ်ထားသောမီးတောက်များ သည် မီးတိုင်တစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့တက်သွားပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်လေသည်။ ရှေးဆန်၊ ရှုပ်ထွေးသည့် ကိုးရောင်ပုံစံသည် သူ့ခြေထောက်အောက်တွင်ပေါ်လာသည်။ ထိုပုံစံကိုကြည့်ပြီး ယန်ယဲ့မှ ဝိညာဉ်ကို ဆင့်ခေါ်သည်ကိုမြင်ဖူးသည့် တုန်ဖန်းကျောက်နှင့် ပေထင်းကျင် နှစ်ယောက်လုံးသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ၎င်းသည် ယန်ယဲ့၏ခြေထောက်အောက်မှ ပုံစံနှင့် တစ်ပုံစံတည်းပင်။
ဒီလူကလည်း သူ့ဝိညာဉ်ကို ထိန်းချုပ်နိုင်တာများလား။
ပုံစံပေါ်လာသည်နှင့် မင်ခန္ဓာကိုယ်ပေါ်မှရောင်ဝါသည် ရုတ်တရက် ပြောင်းသွားပြန်သည်။ ကိုးရောင်မီးတောက်များသည် သူ့ဆီသို့ ရူးသွပ်စွာ ထိုးတက်လေသည်။ မင်၏နှင်းဖြူရောင်ညာဘက်လက်သည် တဖြည်းဖြည်း မီးတောက်များကို ရိုက်ချလေသည်။ သူ၏လက်ဖဝါးအောက်တွင် ပုဆိန်လှံတံ တစ်ခုပေါ်လာသည်။ ပြောင်မြောက်သည့် ပုဆိန်လှံတံ၏ကိုယ်ထည်သည် ဝိညာဉ်ကျောက်စိမ်းနှင့်လုပ်ထားသည့်အလား တောက်ပစွာလင်းလက်နေ၏။ ကိုးရောင်မီးတောက်များသည် ပုဆိန်လှံတံပေါ်တွင် တောက်လောင်နေသည်။ ၎င်းသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်သည့်အလား ဝါးမျိုကာ မီးတောက်များ ထုတ်လွှတ်နေသည်။ “ငါ့နယ်ပယ်မှာ နဂါးဆိုရင်တောင် ငါ့ကိုဒူးထောက်ရမယ်”
မင်၏ ထောင်လွှားသောအသံသည် မီးတောက်များကို ပိုမြင့်စေသည်။ သူသည် လက်ထဲတွင် ပုဆိန်လှံတံကိုကိုင်ထားကာ ပြောင်မြောက်သော ပုဆိန် လှံတံသည် အသက်ဝင်နေသလိုပင်။ မီးတောက်များသည် မင်၏ခန္ဓာကိုယ် ဆီသို့ လှိမ့်တက်ပြီး ချက်ချင်းပင် မယှဉ်နိုင်လောက်တောင် စူးရှလေသည်။ သူ၏ရောင်ဝါသည် လွှမ်းမိုးခံလိုက်ရသည်။ သူသည် ကောင်းကင်ပေါ်သို့ ပုဆိန် လှံတံမြှောက်ပြီး သူ့ဆီသို့လနေသော လှံတံအား ပြင်းထန်စွာ ရိုက်ချလေသည်။
“ကိုးရောင်ကောင်းကင်ဖျက်ဆီးပုဆိန်လှံတံ”
ကမ္ဘာမြေကြီးကွဲသွားနိုင်သည့်အော်သံနှင့်အတူ လှံတံစွမ်းအားသည် နတ်အလင်းနှင့်အတူ ထွန်းလင်းပြီး မင်၏လက်ထဲမှ ကိုးရောင်ကောင်းကင် ဖျက်ဆီးပုဆိန်လှံတံအား ထိုးဖောက်လေသည်။ စွမ်းအင်အလင်းထွက်လာပြီး မီးပွားများသည် စူးရှသောဓားသွားသဖွယ်ပင်။ ကိုးရောင်ကောင်းကင်ဖျက်ဆီး ပုဆိန်လှံတံ၏ အားကောင်းသောစွမ်းအင်တိုက်ခိုက်မှုအောက်တွင် သူတို့သည် ဦးတည်ဘက်ပြောင်းကာ လာရာဘက်ဆီသို့ ပစ်လွှတ်လေသည်။
အားလုံးသည် ငေးငိုင်နေကြသည်။ သူတို့သည် မြင်နေရသည့်မြင်ကွင်းကို ပင် မယုံနိုင်ကြပေ။ ယဲ့ဟွာနှင့်တခြားသူများသည် သူတို့ရှေ့တွင် အလင်းကွဲ သွားသည်ကိုမြင်မှပင် သတိပြန်ဝင်လာကြသည်။ ထိုအခိုက်အတန့်တွင် နတ် အလင်းသည်မှိန်သွားပြီး စွမ်းအင်သည် ထိုနေရာတွင်ရှိတုန်းပင်။ သခင်အဆင့် လှံတံထဲသို့ စုစည်းထားသည့်စွမ်းအင်သည် အညှာတာမဲ့စွာဖြင့် သူတို့ကို ပြန်လည်တိုက်ခိုက်လေသည်။
ကြောက်လန့်တကြားအော်ဟစ်သံတို့သည် ကမ္ဘာကြီးတွင်ပျံ့နှံ့သွားပြီး ပွဲကြည့်လာပရိသတ်များ၏ စိတ်ကိုတင်းကြပ်သွားစေသည်။ ထို့နောက်တွင် အော်ဟစ်သံများ ဆက်တိုက်ထွက်လာသည်။ ကြောက်စရာကောင်းသော အသံစွမ်းအင်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းသို့ဝင်သွားပြီး နတ်မိစ္ဆာမှ တီးမှုတ်လိုက်သည့် တေးဂီတကဲ့သို့ အသားများကိုလှီးဖြတ်လိုက်သည့်အလား ဆံပင်များထောင်ပြီး ခြေထောက်များကို တုန်ယင်စေသည်။
ကောင်းကင်ပေါ်မှ သွေးမိုးများရွာကျလာပြီး ရက်စက်ပြီး လှပသည့် မြင်ကွင်းကို ဖန်တီးလေသည်။ သွေးမိုးများအပေါ်မှရွာချသော်လည်း မည်သူမှ မလှုပ်ကြပေ။ သူတို့သည် မှိုင်းသောမျက်လုံးများဖြင့် ကောင်းကင်အားကြည့်နေ ကြသည်။ သူတို့၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်အပိုင်းအစများဝင်သွားသည့် အခိုက်အတန့်တွင် ပေါက်ကွဲသွားလေသည်။ အသားနှင့်အသွေးများ ပျံထွက် သွားပြီး ဝိညာဉ်ကိုပါ ပြိုကွဲသွားစေသည်။
လူငယ်မှာ သူသည် ကောင်းကင်များ ဒေါသထွက်လောက်အောင် လှပ သည်။ သူ့လက်ထဲတွင် ကိုးရောင်ကောင်းကင်ဖျက်ဆီးပုဆိန်လှံတံကိုကိုင်ထား ကာ မီးတောက်များသည် လူငယ်နှင့် ပုဆိန်လှံတံကို လွှမ်းခြုံထားသည်။ လူငယ်၏ အေးစက်သောမျက်လုံးများသည် တစ်ဖက်လူ၏ စခန်းရှိ မီးရှူးမီးပန်း မြင်ကွင်းအား ရက်စက်စွာကြည့်နေသည်။ သူ၏မျက်လုံးများထဲတွင် အတက်အကျရှိမနေပေ။
သူ့မျက်လုံးထဲတွင် အထင်သေးသေမျက်လုံးများရှိကာ အသက် ၃၀ ကျော်သည် သူ့အတွက် ပုရွက်ဆိတ်များကို ချေမှုန်ရသည့်အလားပင်...