ယန်ယဲ့၊ ငါနဲ့တိုက်ခိုက်ရဲလား
Vol. 36 Ch. 713
အားလုံးသည် သေဆုံးခြင်းနတ်ဘုရားအားကြည့်နေသည့်အလား ကောင်းကင်အားကြည့်ကြသည်။ သူတို့သည် ထိုလူငယ်အားကြည့်ရင်းနှင့် ဖိနှိပ် ခံလိုက်ရသလိုပင်။ လေထဲမှ သူတို့ရင်ဘတ်တစ်ခုလုံး ဆုပ်ညှစ်ခံထားရပြီး နှလုံးများသည် ရင်ဘတ်ထဲမှ ခုန်ထွက်ကျလုမတတ်ပင်။ သူတို့သည် မခံနိုင် လောက်အောင် ဖိအားကိုခံစားရလေသည်။
သခင်အဆင့်စွမ်းအင်ကို မည်သူမှ လျစ်လျူမရှုနိုင်ပေ။ စီရင်ချက်ဗိမာန် နှင့် ငွေလရောင်အင်ပါယာမှ ကျွမ်းကျင်သူအယောက် ၃၀ ကျော်မှ ထုတ်လွှတ် လိုက်သောစွမ်းအင်၊ ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သည့်ရောင်ဝါပင်လျှင် ဤလူငယ် ရှေ့တွင် ထည့်ပြောရန်မထိုက်တန်သလိုပင်။
၎င်းသည် ချက်ချင်းသတ်လိုက်သည်ထက်ပင် ပိုသည်။ သူ လက်တစ်ချက် ဝှေ့လိုက်သည်နှင့် မြို့တစ်မြို့ကိုဖျက်ဆီးနိုင်လောက်သည့် စွမ်းအားကို ဖြိုခွဲပြီး တန်ပြန်တိုက်ခိုက်ရန် စွမ်းအင်ကိုအသုံးပြုကာ တစ်ဖက်သား၏ စခန်းကို တဟုန်ထိုးချေမှုန်းပစ်ခဲ့သည်။
ဤကိစ္စသည် သာမန်ကိစ္စအလား လူငယ်၏မျက်နှာအမူအရာသည် သာမန်ကာလျှံကာနှင့် တည်ငြိမ်လှသည်။ ကျွမ်းကျင်သူအယောက် ၃၀ ကျော်၏ ပူးပေါင်းစွမ်းအားသည် ဤတိုက်ကြီးရှိ အင်အားကြီးများကိုပင် နောက်ဆုတ်သွားစေသည်။ သို့သော် လူငယ်၏ လှုပ်ရှားမှုတစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်သည့် သာမန်ကိစ္စဖြစ်သွားရသည်။
သဘာဝကျလွန်းသည်။
လူငယ်၏ဖြူစွတ်သောလက်သည် တဖြည်းဖြည်းဆန့်ထွက်လာသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်တွင်ပြည့်နေသည့် ကိုးရောင်မီးတောက်များ သည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်လာသည်။ သိုင်းလောကမှ ပင်လယ်ဆီသို့ပြန်သည့်အလား မီးတောက်များမှေးမှိန်သွားပြီး လူငယ်၏ပုံရိပ် ပေါ်လာလေသည်။ သူသည် ကောင်းကင်အား လက်ညှိုးထိုးလိုက်ရာ နီရဲနေ သောနေရောင်ကဲ့သို့ ကောင်းကင်တွင် တောက်ပနေသည့်ကိုးရောင်မီး အစုအဝေးသည် ကမ္ဘာကြီးတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ကောင်းကင်ပေါ်တွင် ကိုးရောင်မီးတောက်နေ တောက်ပလာသည်။ မြေပေါ်မှလူများသည် မိုးပေါ်သို့ကြည့်မိကြသည်။ ကိုးရောင်နေသည် စူးရှစွာ တောက်ပနေကာ လူငယ်၏ နောက်ခံဖြစ်ပေးနေကြသည်။ သူ၏ကိုးရောင် တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် တောက်ပနေကာ သူ့ကို ဂုဏ်သရေရှိ စစ်နတ်ဘုရားနှင့်တူစေသည်။
လူငယ်၏အကြည့်သည် ညကောင်းကင်ပိတ်ဆီးနေသော ပင်မတိုက်ကြီး တစ်ခုလုံးကို ဖြတ်ပြေးသွားလေသည်။ ၎င်းသည် မြေပေါ်ရှိ ပွဲကြည့်ပရိသတ် များကို ဖြတ်ပြေးသွားလေသည်။ သူ၏အထင်သေးသောမျက်နှာထားသည် တိုက်ကြီးပေါ်မှ ကျွမ်းကျင်သူများကို အလွန်မသက်မသာဖြစ်စေသည်။ သူ၏ နောက်ဆုံးအကြည့်သည် ပေထင်းဟွမ်ဆီသို့ ရောက်သွားသည်။ သူသည် သူမ အားနူးညံ့စွာကြည့်နေပြီး တိုးညင်းသောအသံသည် ဆုံးဖြတ်ချက်ကို မဆုံးရှုံးစေ ဘဲ ပါးစပ်ထဲမှထွက်လာသည် “ဇာမဏီ မင်း နှစ်တစ်သောင်းကြာအောင် စောင့်ခဲ့ပြီးပြီ၊ အခုပြန်မွေးဖွားလာခဲ့ပြီ အခုကစပြီး ကမ္ဘာကြီးကိုအောင်နိုင်ဖို့ မင်းနဲ့ငါ လက်တွဲကြမယ်”
ကမ္ဘာကြီးကို အောင်နိုင်ဖို့ မင်းနဲ့ငါလက်တွဲကြမယ်။
ပေထင်းဟွမ်၏ရင်ဘတ်ထဲမှခံစားချက်များသည် တက်လိုက်ကျလိုက်နှင့် ရဲစွမ်းသတ္တိကိုခံစားရလေသည်။ သူမသည် ကောင်းကင်ကိုကြည့်ကာ ရယ်မော လေသည်။ သူမလက်ထဲမှဓားပျော့ဖြင့် ကောင်းကင်ကိုချိန်ရွယ်လိုက်ကာ စိတ်ဓာတ်တက်ကြွလျက်ရှိသည် “မင် မင်းပြန်လာပြီ ကောင်းလိုက်တာ၊ အခုက စပြီး မင်းနဲ့ငါ လက်တွဲပြီး ကောင်းကင်နဲ့မြေကြီးဆီကို ဘာခုခံမှုမှမရှိဘဲ သွားနိုင် တော့မယ်၊ ငါ ဒီနေ့ကို အကြာကြီးစောင့်ခဲ့ရတာ”
“ဟား ဟား ဟား”
မင်သည် ရင်ထဲတွင် ဖော်မပြတတ်လောက်အောင်ပင် လွတ်လပ်မှုကို ခံစားရလေသည်။ သူသည် နိဗ္ဗာန်အတွက် နှစ်ပေါင်းတစ်သောင်းကြာအောင် စောင့်ခဲ့သည်။ ပြန်လည်မွေးဖွားပြီးနောက် ရန်သူများ၏လိုက်ခြင်းကိုခံခဲ့ရ၏။ ဤအချိန်အားစောင့်နေသည့်အလား ထိုလေဟာနယ်မှ ဤနေရာထိ သူသည် အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် သေခြင်းနှင့်ကြုံတွေ့ခဲ့ရသည်။
သူတို့ပြန်လာပြီဟု သူ ကမ္ဘာကြီးကိုကြေညာခဲ့သည်။
သူ၏ရယ်သံသည် ကမ္ဘာကြီးကိုလှုပ်ခတ်စေပြီး လေထဲတွင် အားကောင်း သောစွမ်းအင်ကို သယ်ဆောင်ကာ လူများ၏နှလုံးအတွင်းနက်ထဲသို့ ဝင်သွား ၏။ အနည်းငယ်အားနည်းသူများသည် ချက်ချင်းပင် လည်ချောင်းတွင် အချိုဓာတ်ကိုခံစားရကာ သွေးအန်မိတော့မလိုပင်။
“အားကောင်းလိုက်တာ” ရှီမန်ဆုန်းသည် ဤကဲ့သို့အားကောင်းသော မှော်သားရဲကိုမမြင်ဖူးပေ။ ၎င်းသည် ထိုကောင်လေး၏ ဝမ်းတွင်းပါမှော်သားရဲ ဖြစ်နေသည်။ ဤကဲ့သို့ မှော်သားရဲမျိုးသည် သူ့အတွက်ထိုက်တန်သည်။
အလွန်အားကောင်းလှသည်။ အားလုံးနီးပါး ရင်ထဲမှခံစားမိကြသည်။ အားလုံးသည် ထိုသူစိမ်းကိုမသိချင်ကြသည် ဒါက “အထွတ်အမြတ်သားရဲလား” ဒါမှမဟုတ် ပင်မတိုက်ကြီးမှာ အားအကောင်းဆုံးလူလား။
“ယန်ယဲ့ မင်း ဒီမှာရောက်နေတာသိတယ်၊ မင်းထွက်လာပြီး ငါနဲ့တိုက်ရဲ လား” မင်သည် ပေထင်းဟွမ်ဆီမှ အကြည့်ကိုပြန်ရုတ်သိမ်းကာ အမှောင်ထဲမှ ရထားလုံးပျံထဲတွင်ထိုင်နေသောလူကို မေးလိုက်သည်...