← Chapters

ကိုးရောင်အာဏာပိုင်ကြီး

Vol. 36 Ch. 714

ကိုးရောင်အာဏာပိုင်ကြီး

Vol. 36 Ch. 714

“ဟူး အဟွတ် အဟွတ်”

ပေထင်းဟွမ်သည် ခြေထောက်မြှောက်ပြီး လေထဲသို့ပျံမည်ဟန်ပြုနေ သည်။ သူမသည် တံတွေးကိုအချိန်မှီ မျိုမချနိုင်လိုက်ပေ။ သူမသည် တံတွေးသီး သွားကာ ဟန်ချက်ပျက်ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလေသည်။

ချက်ချင်းဆိုသလိုပင် ပုံရိပ်များစွာသည် ပေထင်းဟွမ်ဆီသို့ ခုန်အုပ်လေ သည်။ နောက်ဆုံးတွင် နူးညံ့သောအင်အားတစ်ခုသည် သူမအားထိန်းပြီး သူ့ ရင်ခွင်ထဲဆွဲသွင်းလေသည်။ မည်သူမည်ဝါဖြစ်သည်ကို သူမ မမြင်ခင်တွင် ပေထင်းဟွမ်သည် ကောင်းကင်ပေါ်သို့ကြည့်လိုက်သည်။

အားလုံး၏မျက်လုံးများသည် ထိုပုံရိပ်ဆီသို့ ရောက်နေသည်။ သူ အမှောင် ထဲမှပေါ်လာသည်ကိုပင် သူတို့ မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ ကိုးရောင် အလင်းတောက်ပခြင်းမရှိဘဲ သူသည် ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည်။ ညလေထဲ၌ပင် ဝတ်ရုံသည် လွင့်နေသည်။ ဝတ်ရုံပေါ်မှ ရွှေရောင်ပင့်ကူ နှင်းပန်းသည် ကိုးရောင်အလင်း၏ သက်ရောက်မှုကိုမခံရပေ။ ၎င်းသည် အသက်ဝင်နေသည့်အလား တဖြည်းဖြည်းနှင့် ရွှေရောင်အလင်းထွက်ကာ လှုပ်ရှားမှုတိုင်းကို တုံ့ပြန်စေသည်။

သူ၏မျက်ခုံးများသည် ထူထဲပြီး သူ၏ရှည်လျားပြီးကျဉ်းမြောင်းသည့် ဇာမဏီမျက်လုံးများသည် အားလုံးကိုလျစ်လျူရှုကာ ကိုးရောင်နဂါးဇာမဏီက ပင် သူ့ကို ရန်စနေသလိုပင်။ သူ့အကြည့်သည် ပေထင်းဟွမ်ပေါ်ကျရောက်နေ သည်။ သူမ ငြိမ်သွားသည်ကိုကြည့်ပြီး သူ့မျက်နှာအမူအရာသည် အနည်းငယ် နူးညံ့လာသည်။ ခရမ်းရော်ငအလင်းလက်လာပြီး စီးဆင်းကာ လူအများ၏ နှလုံးသားနှင့်ဝိညာဉ်ကို ဖမ်းစားလေသည်။

လူတစ်ဦးသည် မီးတောက်မြို့မှ နတ်ဘုရားကိုလျစ်လျူရှုလျှင် ထိုလူသည် ဤတိုက်ကြီးတွင် အားအကောင်းဆုံးဖြစ်လိမ့်မည်။ အမှန်တကယ် တွင် မီးတောက်မြို့မှလူသည် ဤလူနှင့်ယှဉ်နိုင်မလားဟု လူအများသိချင်ကြ သည်။

ယန်ယဲ့သည် မျက်လုံးထောင့်ကို ဂရုမစိုက်သလိုပင့်ကာ ကိုးရောင်နဂါး ဇာမဏီကို မျက်လုံးထောင့်မှကြည့်လေသည်။ သူ၏နီရဲသောနှုတ်ခမ်းများသည် လှောင်ပြောင်သောအပြုံးအဖြစ် တဖြည်းဖြည်းကွေးတက်သွားလေသည်။ သူ၏ မျက်လုံးထောင့်များသည် ခရမ်းရောင်သမ်းပြီး အလွှာလိုက်ဖြစ်ကာ ပို၍ ကလူ သောပုံစံကိုဖြစ်စေသည်။ “ကိုးရောင်အာဏာပိုင်ပြီး မင်းခွန်အားက အရမ်း အားကောင်းတာမှန်ပါတယ် ဒါပေမဲ့ မင်းကအခုငယ်သေးတယ်၊ မင်း အရွယ် ရောက်တဲ့အဆင့်ကိုဝင်မှ ငါ့ကိုစိန်ခေါ်ချင်ရင် ငါသေချာပေါက် လက်ခံမှာပေါ့” ကိုးရောင်ဟုတ်လား၊ အာဏာပိုင်ကြီးဟုတ်လား။ တိုက်ကြီးပေါ်မှလူများသည် ထိုစကားလုံးများကိုကြားသောအခါ ကောင်းကင်စာအုပ်တစ်ခုအား နားထောင် နေသည့်အလားပင်။ သူတို့၏ဆိုလိုရင်းကို မည်သူမှမသိကြသော်လည်း ၎င်းသည် သူတို့လက်ရှိခွန်အားကို သူတို့နားမလည်နိုင်လောက်သည့် ကမ္ဘာမျိုး ဖြစ်လိမ့်မည်ဟု သိကြသည်။

ထိုလူနှစ်ယောက်၏ခွန်အားသည် အလွန်ပင်အနှိုင်းမဲ့သည်။

နှစ်ပေါင်းတစ်သောင်းကြာအောင် မတွေ့ရသည့်နောက်ပိုင်းတွင် ယန်ယဲ့ သူ့ကိုနောက်ဆုံးတွေ့ခဲ့သည့်အချိန်သည် သူသည် ဥအဖြစ်သာရှိခဲ့သည်။ သူသည် နေရာတိုင်းသို့ထွက်ပြေးကာ မှော်သားရဲတောထဲတွင် လှည့်လည်သွား လာခဲ့ရသည်။ ထိုအချိန်က ယန်ယဲ့သည် သူ၏ဖြစ်တည်မှုကို အာရုံခံမိကာ လူများခေါ်လာပြီး နေရာတိုင်းတွင်ရှာကာ ကြေးစားလောကသို့ရှာဖွေရေး အဖြစ် ပို့ဆောင်ခဲ့သည်။

ထိုအချိန်တွင် ယန်ယဲ့သည် ရထားလုံးထဲမှထွက်လာသည်။ အမြဲတမ်း သူများကို အထင်သေးသည့် အာဏာပိုင်ကြီး၏မျက်လုံးများသည် မကြုံစဖူး လေးနက်မှုများကို ဖော်ပြလေသည်။ မင်သည် ယန်ယဲ့မည်မျှအားကောင်းသည် ကို အာရုံခံမိပြီးဖြစ်လိမ့်မည်။ ယန်ယဲ့သည် လေဟာနယ်မှ ဖိနှိပ်ထားသည့် ဤတိုက်ကြီးတွင် ယခုလိုကြောက်စရာကောင်းသည့် ခွန်အားပိုင်ဆိုင်လိမ့်မည် ဟု သူထင်မထားပေ။

သို့သော် ထိုသို့တိုင်အောင် ယန်ယဲ့သည် မတိုက်ခိုက်ဘဲ သူ့ကိုအညံ့ခံစေ ရန် ရည်မှန်းထားသည်။

“ဟားဟား” မင်သည် ရယ်မောလေသည်။ ပေထင်းဟွမ်ကဲ့သို့ ကြမ်းတမ်း သည့်ရောင်ဝါထုတ်သည့်လူငယ်သည် ပို၍ပင်ဆိုးယုတ်မှုကိုဖြစ်စေသည်။ ချက်ချင်းဆိုသလိုပင် သူသည် ထိုနေရာတွင်ရှိနေသော မိန်းမငယ်လေးများ၏ နှလုံးသားကို သိမ်းပိုက်လိုက်သည်။ သူတို့၏မျက်လုံးများသည် လေထဲသို့လွင့် သွားကာ ကိုးရောင်နေနှင့် နှိုင်းယှဉ်လုနီးပါးပင်။ လူငယ်သည်လက်မြှောက်ကာ ယန်ယဲ့အားညွှန်ပြလေသည် “မင်းက ဘယ်တုန်းက ပျော့စိစိဖြစ်သွားတာလဲ၊ ငါတို့တွေ အရင်ကမတိုက်ခိုက်ဖူးလို့လား၊ မင်းသာ ယောက်ျားဆိုရင် ငါ့နောက် လိုက်ခဲ့”

ကိုးရောင်နဂါးဇာမဏီ၏လက်ဝေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ပေါ်မှ ကိုးရောင်နေသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ တင်သွားလေသည်။ အမှောင်ထဲ တွင် သူ မြို့အပြင်မှ တောထဲသို့ ဥက္ကာပျံအလားဝင်သွားသည်ကို အားလုံး မြင်လိုက်ရသည်။

ယန်ယဲ့သည် ခေါင်းကိုကူကယ်ရာမဲ့စွာ ယမ်းလိုက်သည်။ ထင်ထားသည့် အတိုင်းင် သည်သခင် သည်မှော်သားရဲပင်။ သူတို့နှစ်ယောက်လုံးသည် သူ့ကို ခြိမ်းခြောက်ရာတွင် 'ယောက်ျား' ဆိုသည့်စကားကို သုံးရသည်ကိုကြိုက်ကြ သည်။ ပေထင်းဟွမ်သည် ပေထင်းချင်၏ရင်ခွင်ထဲမှ ရုန်းကန်ထသည်ကိုကြည့် ပြီး ယန်ယဲ့လက်ဝေ့ယမ်းလိုက်သည် “ဟွမ်အာ သွားပြန်ပြီး ငါ့ကိုစောင့်နေ၊ ငါ နာရီဝက်အတွင်းပြန်လာမယ်၊ မနက်ဖြန် ကျောင်းပြိုင်ပွဲရှိသေးတယ်.. ကောင်းကောင်းပြင်ဆင်ထားလိုက်”

All Chapters