Chapters

ပြဇာတ်ဆန်သော၊ အမျိုးသားနှစ်ယောက် တိုက်ခိုက်ခြင်း

Vol. 36 Ch. 715

ပြဇာတ်ဆန်သော၊ အမျိုးသားနှစ်ယောက် တိုက်ခိုက်ခြင်း

Vol. 36 Ch. 715

ဒါက ပေထင်းဟွမ် တိုက်ပွဲကိုမကြည့်အောင် တားတာပဲမလား။ ပြီးတော့ ကျွမ်းကျင်သူနှစ်ယောက်တိုက်ခိုက်တာ ၁၅ မိနစ်နဲ့လောက်ပါ့မလား။

မည်သူမှ လိုက်မကြည့်ချင်ခြင်းမဟုတ်ပေ။ သို့သော် ယန်ယဲ့သည် ပေထင်းဟွမ်အား ညွှန်ကြားပြီးနောက် သူ၏ပုံရိပ်သည် ဖြတ်ခနဲနေရာမှပျောက် ကွယ်သွားလေသည်။

“ရွှေ့ပြောင်းတာလား၊ မဟုတ်ဘူး လေဟာနယ်ပြောင်းလဲခြင်းလား”

ချက်ချင်းဆိုသလိုပင် လူတစ်ယောက် အော်မိလေသည်။ ထိုနေရာမှ လူများသည် ယန်ယဲ့ပျောက်သွားသဖြင့် တွင်းနက်ကျန်ခဲ့သည့်နေရာကို အထိတ်တလန့်ကြည့်ကြလေသည်။ အရိပ်ပင်မကျန်ခဲ့ဘဲ ရေပွက်သကဲ့သို့ လေဟာနယ်ကိုသာမြင်ရလေသည်။

သူတို့သည် အသက်မရှူနိုင်ကြတော့ပေ။ ထိုလူသည် အလွန်အားကောင်း သည်ဟုသိလိုက်သည့်အချိန်တိုင်းတွင် ပို၍ထိတ်လန့်စေကာ သူ၏ခွန်အား မည်မျှကြီးမားသည်ကို မတွေးနိုင်လောက်အောင်ဖြစ်လေသည်။

သိပ်မကြာသေးခင်ကပင် အင်ပါယာကျောင်းဝင်ခွင့်ရင်ပြင်တွင် သူတို့ အားလုံးမြင်ပြီးသားဖြစ်သည်။ ညအရှင်သခင်သည် လှုပ်ရှားခဲသည်။ သူ၏ ဝိညာဉ်စိတ်နှင့်ပင် မြေပေါ်တွင်ဒူးထောက်နေသည့် ကာမယ်ရွန်ကို သတ်ခဲ့၏။ ယနေ့ ဤလူသည် သူတို့၏အနောက်မှပေါ်လာပြီး လည်ပင်းကိုဆုပ်ကိုင်နိုင် သည်ဟုတွေးမိလိုက်သည်နှင့် အားလုံးသည် ဆံပင်မွေးများထောင်သွားကာ ကျောမှ ချွေးအေးများပြန်လာသည်။

“ဒါ..ဒါ.. ဒါက မြေးလေး ဘယ်လိုလုပ် ညအရှင်သခင်နဲ့ သွားချိတ်မိတာ လဲ” ပေထင်းချင်း၏ ခြေလက်များတောင့်နေသည်။ သူသည် ပေထင်းဟွမ်အား မြေပေါ်သို့ချပြီး နဖူးမှချွေးအေးများကို သုတ်လိုက်သည်။ သူမ ဒီလိုမျိုး နတ်မိစ္ဆာဆန်တဲ့လူမျိုးနဲ့ ဝေးဝေးနေရမှာမဟုတ်ဘူးလား။

“ဘာလို့ဂရုစိုက်နေမှာလဲ” ပေထင်းဟွမ်သည် သူမကိုဖက်ထားသူမှာ သူမနှင့် ရင်းနှီးသူဖြစ်သည်ကိုသိသည်။ သို့သော် သူမ၏အဘိုးဖြစ်နေလိမ့်မည် ဟုထင်မထားပေ။ သူမသည် သူ့အား ဒေါသတကြီးကြည့်လေသည် “ခင်ဗျားက အရမ်းအစွမ်းအစရှိတာမဟုတ်ဘူးလား၊ သူ့ကိုကြောက်တုန်းလား”

သူ၏မြေးဖြစ်သူသည် လျှာစောင်းထက်ကာ သူ့အကြောင်းကို ၁၀ နှစ် ကျော်ကြာသည်အထိ မမေးသည်ကို ပေထင်းချင်းသိသည်။ သူသည် ပေထင်းဟွမ်အပေါ်တွင် အပြစ်မကင်းသလိုခံစားရသည်။ ပေထင်းဟွမ်သည် သူ့ဦးခေါင်းပေါ်တက်စီးပြီး မစင်စွန့်ချင်လျှင်တောင် သူ မျက်မှောင်ကြုတ်မည် မဟုတ်ပေ။ သူသည် တိုက်ကြီးပေါ်မှလူများကို သိချင်စိတ်ဖြစ်စေသည့် ပေထင်းဟွမ်နှင့် ယန်ယဲ့တို့ကြားမှ ဆက်ဆံရေးကိုမမေးခဲ့ပေ။ သူ ထိုမျှသာ ပြောခဲ့သည် “မြေး အဲလူငယ်က မင်းရဲ့အထွတ်အမြတ်သားရဲမလား၊ သူက ယန်ယဲ့နဲ့တိုက်ခိုက်နေတာ၊ သူ့ကိုသွားစောင့်ကြည့်ချင်လား”

ထိုမှော်သားရဲသည် ပေထင်းဟွမ်၏ ဝမ်းတွင်းပါမှော်သားရဲဖြစ်သည်ကို ကြည့်လိုက်သည်နှင့် သိနိုင်သည်။ သူတို့နှစ်ယောက်သည် ရေစက်ပါသည်။ ကိုးရောင်နဂါးဇာမဏီသာသေသွားလျှင် ပေထင်းဟွမ်လည်း ပြာဖြစ်သွားမည်။ သူ ဒဏ်ရာရလျှင်တောင် ပေထင်းဟွမ်ကိုပါ လိုက်ခံစားရစေမည်ဖြစ်သည်။ သေချာပေါက် ပေထင်းချင်း ထိုအရာကိုဂရုစိုက်သည်။

တခြားသူများသည် မြို့အပြင်သို့ ပြေးထွက်ကြသည်။ ပေထင်းဟွမ်သည် ထိုဦးတည်ဘက်သို့ကြည့်ပြီး ခေါင်းခါလေသည် “သွားရင်လည်းအသုံးမဝင်ဘူး၊ သူတို့နေရာကိုလည်းမသိဘူးလေ၊ ပြီးတော့ ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ ခက်တယ်၊ မင်က ယန်ယဲ့ကိုမနိုင်ရင်တောင် သူ့ကိုဘာမှလုပ်မှာမဟုတ်ပါဘူး”

အဲလောက်ယုံရလောက်အောင် သူတို့တွေက ဘယ်လိုဆက်ဆံရေးမျိုးရှိ နေတာလဲ။

ထို့အပြင် ပေထင်းဟွမ်သည် သူ့အား 'ညအရှင်' ဟုခေါ်ရမည့်အစား 'ယန်ယဲ့' ဟုသာ ခေါ်နေသည်။ သွားချင်လျှင်တောင် တိုက်ခိုက်ရန် နည်းလမ်း ရှာမရသဖြင့် အနောက်တွင်နေခဲ့သော ပေထင်းမိသားစုမှ လူများသည် ပေထင်းဟွမ်အား ကြောက်လန့်တကြားကြည့်ကြလေသည်။

ပေထင်းဟွမ်၏ခွန်အားသည် အစကတည်းကပင် ကြောက်မက်ဖွယ် ကောင်းသည်။ ဤမျှအားကောင်းပုံနှင့် ဝမ်းတွင်းပါမှော်သားရဲနှင့်ဆိုလျှင် သူမ သည် စံပြကောင်းတစ်ယောက်ထက်ပိုသည်။ သို့သော် သူမနှင့် ညအရှင်သခင် ၏ဆက်ဆံရေးသည်.. ပြောရခက်သည်။ ညအရှင်မှ သခင်လေး ၉ ကိုကြည့် သည့်အကြည့်ကိုကြည့်လျှင် နေရာတကာမှ 'လိင်တူချစ်ကြိုက်သည့်' ခံစားချက်မျိုးရစေသည်။

လူငယ်မှာတော့ ပေထင်းဟွမ်၏ အထွတ်အမြတ်သားရဲဖြစ်သည်။ သူ ထွက်လာသည်နှင့် ညအရှင်နှင့်တိုက်ခိုက်ရသည့် အကြောင်းအရင်းကိုမသိကြ သော်လည်း ဤအခိုက်အတန့်တွင် ယောက်ျားတစ်ယောက်ကြောင့် ယောက်ျား နှစ်ယောက်မှ တိုက်ခိုက်သည့် ပြဇာတ်ဆန်ဇာတ်ကွက်ဟုသာ အားလုံးတွေး လိုက်ကြတော့သည်...