ကောင်းကင်အဆင့် ထိပ်တန်း ၁၀ ယောက်အဖွဲ့
Vol. 36 Ch. 716
ချောမောသောယောက်ျားသားသုံးယောက်သည် တိုက်ကြီးပေါ်မှ မိန်းကလေးများကို ဆွဲဆောင်နိုင်သည်။ ဤကဲ့သို့ခွန်အားနှင့် အလှတရားရှိ သည့် ယောက်ျားသားများ၏ဖြားယောင်းမှုကို မည်သည့်မိန်းကလေးကမှ မခံနိုင်ကြပေ။ ယခုအခါ သူတို့နှစ်ယောက်သည် ပေထင်းဟွမ်တစ်ယောက် တည်းကိုသာ ဝန်းရံနေကြကာ သူတို့အကြားမှဆက်ဆံရေးသည် ပုံမှန်မဟုတ် သည်ကိုကြည့်ပြီး မိန်းမငယ်လေးများသည် နှလုံးကိုဓားနှင့်အပိုင်းပိုင်းမွှန်းခံရ သလိုခံစားရလေသည်။
သူတို့သည် မျက်ရည်များကျရသည်။
ပေထင်းဟွမ်သည် တခြားသူများ၏အတွေးများကို စိတ်ထဲမထည့်နိုင်ပေ။ ပေထင်းကျင်သည် စူးလော့အာနှင့် တုန်ဖန်းအောင်ကို ခေါ်လာသည်။ အစောက ပေထင်းဟွမ်သည် ငွေလရောင်အင်ပါယာမှ ၁၀ ယောက်ပါသည့် မွန်မြတ်သော သားရဲအဖွဲ့နှင့် စီရင်ချက်ဗိမာန်မှလူအုပ်ကြီးကို တစ်ယောက် တည်းတိုက်ခိုက်မည်ကို မြင်ပြီးစိုးရိမ်ခဲ့ကြသည်။
“အစ်ကိုကြီး၊ ကျွန်တော် မနက်ဖြန်ကျောင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ရှိသေး တယ်၊ အခုတော့ လော့အာကို အစ်ကို့ကိုပဲအပ်ထားတော့မယ်၊ ပြီးသွားရင် သူ့ကိုခေါ်ပြီး ဝမ်းကွဲကိုသွားရှာလိုက်မယ်” သေချာပေါက်ပင် ပေထင်းဟွမ်သည် သူတို့မျက်လုံးထဲမှ စိုးရိမ်မှုများကို လက်လွှတ်မခံပေ။ သူမသည် သူမ၏နှာခေါင်းကိုပွတ်မိသည်။ တကယ်တော့ သူမသည် ယုံကြည်ချက်ရှိလွန်း နေသည်မဟုတ်ပေ။ ယန်ယဲ့ရှိလျှင် သူသည် သူမကို ဒဏ်ရာရခွင့်ပြုမည်မဟုတ် ပေ။
“ရှောင်ကျို့ စိတ်မပူပါနဲ့” သူသည် အသက်ပေးရလျှင်တောင် ညီဖြစ်သူ၏ မည်သည့်တောင်းဆိုချက် ကိုမဆို လက်ခံရန်ဆန္ဒရှိသည်။ “ငါလော့အာကို အရင်ပြန်ခေါ်သွားလိုက်မယ်၊ မင်းရဲ့အသင်းဖော်တွေက မင်းကိုရှာနေတယ်၊ မနက်ဖြန် မင်းကိုအားပေးဖို့ ငါ အင်ပါယာကွင်းပြင်ကိုလာခဲ့မယ်”
“ဟုတ်ပြီ”
သဘာဝကျကျပင် တုန်ဖန်းအောင်သည် သူ၏စိတ်ရင်းကိုဖော်ပြရန် အခွင့်အရေးကောင်းကို လက်လွှတ်မခံပေ “မနက်ဖြန် ငါလည်း မင်းကိုအးပေး ဖို့ တုန်ဖန်းမိသားစုကိုခေါ်လာခဲ့မယ်”
လျိုရွှီသည် သူ့လူများကို ခေါ်လာသည်။ လူ ၈ ယောက်ပါသောအဖွဲ့သည် ပေထင်းဟွမ်ရှေ့သို့ တိုက်ရိုက်ရောက်လာသည်။ ပေထင်းဟွမ်၏အမေးကိုပင် မစောင့်ဘဲ သူသည် ဦးစွာတင်ပြလေသည် “ရှောင်ကျို့ ကျောင်းအုပ်ရဲ့ အမိန့်အရ ကျောင်းရဲ့ ကောင်းကင်အဆင့်ထိပ်တန်း ၁၀ ယောက်က အဖွဲ့ဖွဲ့ပြီး မနက်ဖြန် တစ်ဖက်ကျောင်းအဖွဲ့နဲ့ တိုက်ခိုက်ရမယ်”
၎င်းသည် အရင်ကျောင်းပြိုင်ပွဲ၏ပုံစံဖြစ်သည်။ တိုက်ပွဲအတွင်းတွင် တစ်ယောက်နှင့်တစ်ယောက် ထောက်ပံ့ပေးမည့်အဖွဲ့ဖွဲ့ကာ အပြင်လောက တွင်ပူးပေါင်းပြီး အကောင်းဆုံးရလဒ်များကို ရအောင်ယူရသည်။ ထိုစဉ်က ထန်းယန်ဘက်တွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူများရှိခဲ့ပြီး စစ်နတ်ဘုရား ကို တည်ထောင်ခဲ့သည်။ သူသည် လာမည့်ကျောင်းပြိုင်ပွဲအတွက် တည်ဆောက်ရေးအတွက် အစီအစဉ်ဆွဲထားချင်ထားလိမ့်မည်။
သို့သော် သူသည် ထိုကျွမ်းကျင်သူများကိုအနိုင်ရရန် မှော်သားရဲများကို ထိန်းကျောင်းသည့်နည်းလမ်းကို သုံးရန်စီစဉ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်၏။ နောက်ဆုံးတွင် သူသည် ပေထင်းဟွမ်၏ ဓားချက်တစ်ချက်ကြောင့် ဖြတ်ချခံလိုက်ရသည်။ သူ၏ အားထုတ်မှုများသည် ကျောင်းအုပ်နန်လင်း ပြောသည့်စကားလောက် အရာမရောက်ခဲ့ပေ။
ကျောင်းအုပ်နန်လင်းသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူ ၁၀ ယောက်ကို အဖွဲ့ဖွဲ့ရန် အမိန့်ပေးခဲ့သည်။ အဖွဲ့ခေါင်းဆောင်က ဘယ်သူဖြစ်မှာ လဲ။ ဤအဖွဲ့ခေါင်းဆောင်နေရာကိုလုရန် လျိုရွှီအတွက် မဖြစ်နိုင်ပေ။ သူခေါ် လာသည့် ကျွမ်းကျင်သူ ၇ ယောက်သည် ပေထင်းဟွမ် မည်မျှရက်စက်ပြီး ထန်းယန်အား သတ်သည့်အဖြစ်ကိုမမြင်ခဲ့လျှင် တိုက်ခိုက်လိုစိတ်ရှိကြလိမ့် မည်။ ယနေ့ ပေထင်းဟွမ်သည် ကျွမ်းကျင်သူအယောက် ၃၀ ကို တစ်ချက်တည်းနှင့်သတ်ခဲ့သည်ကိုကြည့်ပြီး သူတို့သည် ထိုအကြံကိုလက်လွှတ် လိုက်ကြတော့သည်။ ထို့အပြင် သူတို့သည် အမြောက်စာဖြစ်ရန် အသက်ရှည် ရှည်နေခဲ့သည်ဟု မည်သူမှ မတွေးချင်ကြပေ။
“သခင်ကြီးပေထင်းဟွမ် ငါတို့က တစ်ကျောင်းတည်းတက်နေပြီးတော့ အင်ပါယာကျောင်းရဲ့ ကောင်းကင်အဆင့်ရှိတဲ့လူတွေပဲ၊ အခု အင်ပါယာ ကျောင်းတော်အတွက် ဂုဏ်သရေယူလာပေးရမယ့်အချိန်ရောက်ပြီ၊ ငါတို့တွေ မင်းနဲ့ သခင်ယဲ့ချီရဲ့ စီစဉ်မှုကိုလိုက်နာပါမယ်၊ မင်း နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဝင်ဖို့ နေရာရအောင်ကူညီပေးမယ်”
၇ ယောက်ထဲတွင် ကောင်းကင်အဆင့် တတိယရထားသည့် ဂူချန်းဇယ့် သည် ကျန်သည့် ၆ ယောက်ကိုဦးဆောင်ကာ ပေထင်းဟွမ်အား သူ၏ ခံယူချက် ကိုဖော်ပြလေသည်။ သူ့အဓိပ္ပာယ်သည်ရှင်းလင်းသည်။ နှစ်စဉ်နှစ်တိုင်း နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ ၁၀ ယောက်စာဝင်ရသည်။ ကျန်သည့် ကျွမ်းကျင်သူ ၆ ယောက်ကိုယ်စား ဂူချန်းဇယ့်သည် နောက်ဆုံးအချိန်တွင် သူတို့ အဖွဲ့မှ ၁၀ ယောက်လုံးဝင်နိုင်ရန် အာမမခံနိုင်သဖြင့် သူတို့ ၈ ယောက်သည် ယဲ့ချီနှင့် ပေထင်းဟွမ်တို့ နေရာရရန် ကူညီပေးမည်ဟု ပြောနေခြင်းပင်။
ဂူချန်းဇယ့်သည် ကောင်းကင်အဆင့်တွင် တတိယရထားသူဖြစ်သည်။ သူသည် ကျန်သည့် ၇ ယောက်ကိုယ်စား ခံယူချက်ကိုဖော်ပြခွင့်ရှိသည်။
လျိုရွှီသည် ပေထင်းဟွမ်အား အခိုင်အမာပင် ခေါင်းညိတ်ပြလေသည်။ ကျန်သည့် ၆ ယောက်သည်လည်း သူမအား ခေါင်းငုံ့နေကာ ဘယ်ဘက်ရင်အုံ ပေါ်သို့ ညာဘက်လက်တင်ကြလေသည်။ သူတို့သည် တညီတညွှတ်တည်း ပြောကြလေသည် “ငါတို့တွေ သခင်ကြီးပေထင်းဟွမ်နဲ့ သခင်ကြီးယဲ့ချီတို့ နောက်လိုက်ပါမယ်”
စိတ်မလှုပ်ရှားဘူးဟု ပြောလျှင် လိမ်ရာကျမည်။ ဤအခိုက်အတန့်တွင် အားလုံးသည် ပေထင်းဟွမ်အား တအံ့တဩမကြည့်ဘဲမနေနိုင်ပေ။ နတ်မိစ္ဆာ ဝိညာဉ်ဂူသင်္ချိုင်းသည် ပင်မကျောင်းတော်မှ ကျောင်းသားများ လေ့ကျင့်ရာ တွင် အန္တရာယ်များသည့်နေရာဖြစ်သည်။ အရင်ကတည်းက နတ်မိစ္ဆာဝိညာဉ် ဂူသင်္ချိုင်းသို့ဝင်သူများသည် ရှေးစစ်ပွဲများကို မြင်ခွင့်ရခဲ့သည်။ သူတို့သည် ဤတိုက်ကြီးတွင် ကျွမ်းကျင်သူများဖြစ်ကာ အဖွဲ့အစည်းအမျိုးမျိုးအတွက် တိုက်ခိုက်ပြီး ဂုဏ်သရေရှိအလုပ်များလုပ်နိုင်ခဲ့သည်။
နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုဝင်ခွင့်ရဖို့အတွက် အသက်စွန့်စားတိုက်ခိုက် တဲ့သူ ဘယ်လောက်များလိုက်လဲ။ သို့သော် ထိုလူများသည် ပေထင်းဟွမ်နှင့် ယဲ့ချီတို့ ထိုနေရာရရန်အတွက် အကောင်းဆုံးတိုက်ခိုက်ပေးမည်ဟု ကတိပေး နေကြသည်...