← Chapters

နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ဝင်ခြင်း၊ အတူသွားမယ်

Vol. 36 Ch. 717

နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ဝင်ခြင်း၊ အတူသွားမယ်

Vol. 36 Ch. 717

“ဟား ဟား ဟား ငါ့မြေးက တကယ်အထင်ကြီးလောက်စရာပဲ၊ အင်ပါယာကျောင်းတော်က ကောင်းကင်အဆင့်ကျွမ်းကျင်သူတွေကို ငါ့မြေးက အသုံးချနေတာပဲ” ပေထင်းချင်းသည် ချင့်ချိန်မနေတော့ဘဲ ကျယ်လောင်စွာ ရယ်မောလေသည်။ ချက်ချင်းဆိုသလိုပင် အပြင်လူများသည် သူ့အား မျက်လုံး စိမ်းကြီးများဖြင့် အားကျသောအကြည့်နှင့်ကြည့်ကြလသည်။

ဘဝင်မခိုက်ရင် သေသွားမှာမို့လို့လား။

ထိုအကြည့်များသာ လူသတ်နိုင်လျှင် ပေထင်းချင်းကဲ့သို့ ဝိညာဉ်သခင် ကြီးပင်လျှင် ထိုလူများ၏အမုန်းကြီးသောအကြည့်များကြောင့် အပေါက်များ ဖြစ်သွားနိုင်သည်။

ပေထင်းဟွမ်သည် အနည်းငယ်ဆွံ့အမိသည်။ သူမလှည့်ပြီး ပေထင်းချင် အား စိုက်ကြည့်လိုက်သည်။ ပေထင်းချင်းသည် ချက်ချင်းပင် တုန်သွားကာ အရယ်ရပ်လေသည်။ သူသည် လည်ချောင်းရှင်းလိုက်၏။ သူ၏မြေးဖြစ်သူသည် သူ့ကို စက်ဆုပ်သည်ဟု မခံစားမိပေ။ သူမသည် လက်ရှိတွင် အလုပ်များသည်။ သူ သူမကို ဘာကြောင့်ဝင်နှောင့်ယှက်မည်နည်း။

ပေထင်းချင်းသည် အိမ်ထောင်ဦးစီးအဖြစ် ကြီးစိုးသောအမူအရာမရှိဘဲ လက်ပါးစေတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သူ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် လွှမ်းမိုးမှုရောင်ဝါကို အသုံးပြုခဲ့သည့် တိုက်ကြီးပေါ်မှလူများသည် ၎င်းနှင့် နေသားမကျကြပေ။

ထိုအဘိုးကြီး၏ အမူအရာသည် လျင်မြန်စွာပြောင်းလဲလွန်းသည်။

သို့သော် သူတို့အားလုံး အားကျပြီး မနာလိုကြသည်ကို ဝန်ခံရမည်။ မိသားစုထဲတွင် ပေထင်းဟွမ်ကဲ့သို့ လူငယ်ရှိပါက သူတို့သည် ပေထင်းချင်း ထက်ပင် ပို၍ဝင့်ကြွားကြမည်။

ပေထင်းဟွမ်သည် သူမ၏မှတ်ဉာဏ်ထဲတွင် ဂုဏ်သိက္ခာကြီးမားသော အဘိုးဖြစ်သူသည် ဝါစဉ်ပြောင်းလဲသွားသည်အထိ သူမရှေ့တွင် ဤမျှနှိမ့်ချပြီး ပြုမူနေလိမ့်မည်ဟု ထင်မထားပေ။ သူမသည် အနည်းငယ်ဆွံ့အကာ သူ့ကို ဂရုမစိုက်တော့ပေ။ သူမသည် လျိုရွှီနှင့် တခြားသူများကိုသာ ပြောလိုက်သည် “မင်းတို့ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်၊ မင်းတို့က ကျွန်တော်နဲ့ အဖွဲ့ဖွဲ့ချင် မှတော့ ကျွန်တော့်စကားကိုနားထောင်ရမယ်၊ ကျွန်တော် ပေထင်းဟွမ်က ကိုယ့်လူတွေအပေါ်ကို နင်းခြေပြီး အမြင့်ကိုတက်မယ့် အရှက်မဲ့တဲ့လူမဟုတ် ဘူး၊ ကျွန်တော့်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်စတေးပြီး မတိုက်ခိုက်စေချင်ဘူး၊ ကျွန်တော်တို့က တိုက်ခိုက်ပြီး နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုဝင်ဖို့ ဆုံးဖြတ်ပြီးမှ တော့ အတူဝင်ကြတာပေါ့”

ပေထင်းဟွမ်၏စကားများသည် ရဲစွမ်းသတ္တိရှိပြီး အားကောင်းသည်။ သူမ၏စကားများကို အားလုံးကြားသောအခါ ဗုံတစ်လုံးကဲ့သို့ ရင်ခုန်လာကြ သည်။ သူမ ဤသို့ပြောလာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။ သူမ သည် သူမအတွက် မည်သူမှ စတေးခံရန်မလိုဟု ပြောသည်။ သူမသည် သူမ အတွက်နှင့် တခြားသူကိုနင်းခြေပြီးအမြင့်သို့တက်မည့် အရှက်မဲ့သူမဟုတ်ပေ။ ဤအခိုက်အတန့်တွင် အားလုံးသည် ဂုဏ်ယူမိကြလေသည်။ သူတို့သည် ပေထင်းဟွမ်၏လူများထဲမှ တစ်ယောက်ဖြစ်ကာ ဘေးချင်းယှဉ်တိုက်ခိုက်ရန် အရည်အချင်းပြည့်မှီသွားသလိုပင်။

ပေထင်းချင်းပင် မှင်တက်သွား၏။ သူသည် ပေထင်းဟွမ်နောက်တွင် ရပ်ပြီး သူ့ထက်ပုသည့် မြေးဖြစ်သူကိုကြည့်လေသည်။ သူသည် မိသားစု၏ မျှော်လင့်ချက်ဖြစ်ဖူးသော မိသားစု၏ အမွေကို တာဝန်ခံသည့် မြေးအကြီး ဆုံးကို မြင်လိုက်ရကဲ့သို့ပင်။ သူသည် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ပြီး သစ္စာရှိသူ ဖြစ်သည်။

ပေထင်းဟွမ်နှင့် သူမ၏အဖေတို့သည် အလွန်တူသည်။

“ကောင်းတယ် ကောင်းတယ်၊ ငါ့မြေးပီသတယ်၊ မင်းအဖေရဲ့သားပီသ တယ်၊ မင်းနဲ့ မင်းအစ်ကိုကြီးနှစ်ယောက်လုံးက မင်းတို့အဖေအတွက် ဂုဏ်သရေယူလာပေးတာပဲ” ပေထင်းချင်း၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာသည်။ သူသည် သားဖြစ်သူကိုရှာရန် မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ သည်။ ပေထင်းကျင်နှင့် ပေထင်းဟွမ်တို့ရှိလျှင် သူတို့၏ အမွေအနှစ်များ ပျောက်ကွယ်သွားမည်မဟုတ်ပေ။

“ခေါင်းဆောင်” လျိုရွှီသည် စိတ်အားထက်သန်စွာ အော်လေသည်။ သူသည် ရင်ထဲမှ မုန်တိုင်းကို မဖိနှိပ်နိုင်တော့ပေ။ ၎င်းသည် တလိပ်လိပ်ထိုး တက်လာပြီး သူသည် ထိုအရာကို ဖွင့်ချချင်မိသည်။ အဖွဲ့ကိုမတည်ထောင်ရ သေးကာ ယဲ့ချီနှင့် ပေထင်းဟွမ်အကြားတွင် ခေါင်းဆောင်ကိုမသတ်မှတ်ရသေး သော်လည်း ပေထင်းဟွမ်သည် သူ့ရင်ထဲတွင်ခေါင်းဆောင်ဖြစ်လိမ့်မည်ဟု မတွေးဘဲမနေနိုင်ပေ။

“ခေါင်းဆောင်” ဂူချန်းဇယ့်နှင့်တခြားသူများလည်း ပျော်ရွှင်မိကြသည်။ ယဲ့ချီနှင့်ပေထင်းဟွမ်အကြားတွင် မည်သူခေါင်းဆောင်ဖြစ်ပါစေ ပေထင်းဟွမ် သည် စကားတည်လိမ့်မည်ဟု သူတို့ယုံကြည်သည်။ သူမ ထိုသို့ပြောသဖြင့် ပြောသည့်အတိုင်း သေချာပေါက်လုပ်လိမ့်မည်...

All Chapters