မှော်သားရဲတွေ လမ်းလျှောက်တာကို ကူညီပေးတာလား
Vol. 36 Ch. 718
ပေထင်းဟွမ်နှင့် အလုပ်လုပ်ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သော်လည်း သူမတွင်ရွေးချယ်စရာမရှိပေ။ ပေထင်းဟွမ်သည် ခေါင်းဆောင် ဖြစ်ရန် မွေးဖွားလာခြင်းဖြစ်ပြီး သူမအနားမှလူများကို ချစ်မိစေပြီး သူမနောက် သို့လိုက်ရန် ဆွဲဆောင်မှုမလျော့ပေ။
“ဟုတ်ပြီ အခုပဲ စထွက်ကြတာပေါ့” ပေထင်းဟွမ်သည် လက်ကိုဝေ့ယမ်း လိုက်သည် “အင်ပါယာကျောင်းကိုသွားပြီး ကျွန်တော့်နေရာသွားတာပေါ့၊ မနက်ဖြန် တိုက်ပွဲအတွက် အရင်အစီအစဉ်ဆွဲကြမယ်”
“လောဖို့မလိုဘူး” ပေထင်းဟွမ်သည် ကျောင်းပြိုင်ပွဲစည်းမျဉ်းများနှင့် မရင်းနှီးသည်ကို လျိုရွှီသိသည်။ သူသည် ပေထင်းဟွမ် အနောက်မှ လိုက်လာ သည်။ သူတို့သည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့သည် မိုးပေါ်မှ အင်ပါယာကျောင်းတော်ဆီသို့ အမြန်သွားပြီး သူမနှင့် ခပ်ခွာခွာလိုက်ခဲ့ကြသည်။ လျိုရွှီ ထပ်ပေါင်းပြောလေသည် “ရှောင်ကျို့ မနက်ဖြန် မနက်က ကျောင်းငယ်တွေအတွက် ရွေးချယ်မယ့်ပြိုင်ပွဲပဲ၊ ငါတို့ပြိုင်ပွဲက နေ့လယ်မှ တရားဝင်စမှာ၊ ငါတို့တွေ ပြိုင်ပွဲဝင်တွေရဲ့ သရုပ်မှန် ကို အတည်ပြုပြီး အစီအစဉ်ဆွဲနိုင်ရင် ငါတို့တွေ အဆင်ပြေမှာပါ”
“ဟေး ဟေး ဟေး မြေး ငါ့ကိုစောင့်ဦး” ပေထင်းဟွမ်သည် အင်ပါယာ ကျောင်းတော်ဆီသို့ ကြယ်တစ်ပွင့်အလား ပျံတက်သွားသည်ကို ပေထင်းချင် မြင်သောအခါ သူ မျိုးနွယ်လေးခုမြို့သို့ပြန်လျှင် ဦးတည်ချက်မတူတော့သည် မှာ ရှင်းလင်းနေသည်။ သူသည် ခပ်ပျာပျာဖြင့် နှင်းဖြူရောင်ညဝတ်အင်္ကျီဝတ် ထားသည်ကိုပင် လျစ်လျူရှု၊ ပုံရိပ်ကိုပင် မထိန်းနိုင်တော့ဘဲ ပေထင်းဟွမ်ဆီသို့ ပြေးလေသည်။
“အဖေ” ပေထင်းရွေ့သည် ပေထင်းချင်းအား ပြန်ဆွဲလေသည်။ ဤနှစ် များတွင် သူ ပေထင်းချင်းအား အဖေဟုခေါ်သည်မှာ ပထမဆုံးအကြိမ်ဖြစ် သည်။ ပေထင်းဟွမ် ပေထင်းချင်း၏ လော့ပေမြို့သို့ နှင်ထုတ်ခံရပြီးကတည်း ကပင် သားအဖေဆက်ဆံရေးသည် တစ်ယောက်နှင့်တစ်ယောက် မနီးစပ်ခဲ့ပေ။ သို့သော် သည်တစ်ကြိမ်တွင် ပေထင်းရွေ့သည် လက်ဦးမှုယူလိုက်သည်။ “ပြဿနာမဖြစ်စေနဲ့၊ ကျွန်တော် ရှောင်ကျို့နဲ့တွေ့ဖို့ အခွင့်အရေးတောင်မရှိ သေးဘူး၊ ဒါပေမဲ့ အဖေ့လိုစိတ်ပူနေတာမဟုတ်ဘူး၊ သူက အခုလုပ်စရာရှိနေ တာလေ၊ အဖေက မိသားစုခေါင်းဆောင်နေရာကိုပစ်ပြီး သူနဲ့အတူ အင်ပါယာ ကျောင်းတော်ကို သွားမလို့လား”
ပေထင်းချင်းသည် ပေထင်းဟွမ်ဆီသို့သာ မျက်စိရောက်နေကာ ပေထင်းရွေ့မှ သူ့ကိုခါတိုင်း မည်သို့ဆက်ဆံသည်ကိုပင် မေ့လုနီးပါးဖြစ်နေခဲ့ သည်။ သူသည် လက်ကိုပွတ်ကာ လေထဲတွင်စိတ်ပူစွာဖြင့် ပြောလေသည် “အင်း အဲလိုလုပ်လို့မဖြစ်ဘူး ငါ့မြေးကအခုမှ ၁၄ နှစ်ပဲရှိသေးတာ ရွေ့အာ မင်း ဘာလို့ ရက်ပိုင်းလောက် မိသားစုခေါင်းဆောင်နေရာမယူတာလဲ၊ ငါ ငါ့မြေးကို ကြည့်ဖို့ အင်ပါယာကျောင်းတော်ကို သွားလိုက်မယ်၊ သူ့မှော်သားရဲတွေ လမ်းလျှောက်တာကို ကူညီပေးလိုက်ဦးမယ်”
သူ့မှော်သားရဲတွေကို လမ်းလျှောက်ဖို့လား။ သူက လမ်းလျှောက်ခွေးပါ လို့ ဘာလို့မပြောတာလဲ။
ပေထင်းရွေ့၏မျက်လုံးထဲတွင် မျက်ရည်များဝဲလာသည်။ အရင်က သူသည် ဖခင်ကို အလွန်မုန်းတီးခဲ့ကာ ပေထင်းဟွမ်အပေါ်တွင် ရက်စက်ပြီး ဇီဇာကြောင်သည်ဟုထင်သည်။
သူ၏ဖခင်သည် ဇီဇာကြောင်သော်လည်း ယခုအခါ ရှောင်ကျို့သည် ပါရမီရှင်ဖြစ်လာချိန်တွင် ရှောင်ကျို့နှင့်ပတ်သက်သည့်ထင်မြင်ချက် ပြောင်းလဲ ခဲ့သည်။ သို့သော် ပေထင်းရွေ့သည် ထိုသို့မတွေးပေ။
ဤအချစ်မျိုးသည် လူတစ်ဦး၏အရိုးထဲထိ ဝင်ရောက်နိုင်သည်။ သူ၏ ဖခင်သည် ရှောင်ကျို့မည်မျှ အားကောင်းသည်ကို မမြင်ဘူးထင်သည်။ သူ၏ မြေးဖြစ်သူသည် ဤတိုက်ကြီးတွင် လူတိုင်းမရောက်နိုင်သည့် အမြင့်တွင် ရပ်တည်နေသည်ကို သူ မတွေးမိဘူးထင်သည်။ သူ့မျက်လုံးထဲတွင် ရှောင်ကျို့ သည် ကလေးတစ်ယောက်သာဖြစ်ကာ သူ့ကိုယ်သူပင် ဂရုမစိုက်နိုင်သည့် ကလေးတစ်ယောက်ပင်။
“လာပါ အဖေ ပြန်ပြီးအိပ်ရအောင်ပါ၊ တခြားတစ်ခုခုရှိရင် မနက်ဖြန်မှ ပြောကြတာပေါ့၊ အခုသွားလိုက်ရင် ရှောင်ကျို့က စိတ်တိုနေလိမ့်မယ်” ပေထင်းလင်သည်လည်း လျှောက်သွားပြီး သူ့ကိုဖျောင်းဖျလေသည် “အဲတုန်းက ရှောင်ကျို့ကိုနှင်ထုတ်လိုက်တာ အဖေဆိုတာလည်း မမေ့လိုက်နဲ့ ဦး၊ သူက အခုထိအဲဒါကိုခွင့်မလွှတ်သေးဘူး၊ အဖေ့ကိုစောင့်ကြည့်နေတုန်းရှိ သေးတယ်”
ပေထင်ချင်းသည် ထိုစကားကိုကြားသောအခါ ပျာယာခတ်ပြီး ချက်ချင်း ပင် ပြောစရာစကားပျောက်ဆုံးသွားသည်။ ဒါက ပေထင်းမိသားစုရဲ့ ခေါင်းဆောင်လား။ လွန်ခဲ့တဲ့ ၁၄ နှစ်က သားနဲ့ချွေးမကိုနှင်ထုတ်ပြီး အင်အားစု တွေကို စိန်ခေါ်ရဲတဲ့ ပေထင်းမိသားစုရဲ့ခေါင်းဆောင်လား။ သူသည် သူ့ဘဝတွင် စီရင်ချက်ဗိမာန်နှင့် အမှောင်နတ်မိစ္ဆာခန်းမကိုပင် စိန်ခေါ်ခဲ့သည်။
ဤအရာသည် မမှန်သေးပေ။ သူသည် မြေးကို ချစ်လွန်းကာ ဘာကိုမှ မမြင်သည့်အဘိုးကြီးပင်။
နန်ကုန်းချန်းသည် အထင်သေးစွာခေါင်းခါကာ သူ့အနောက်သို့ မကျေမနပ်နှင့်လိုက်လာသော မြေးမကိုကြည့်လိုက်သည်။ ပေထင်းဟွမ် ထွက်သွားကတည်းကပင် သူမသည် မှိုင်တွေနေခဲ့သည်။ သူသည် ပေထင်းချင်း အား ဒေါသတကြီးကန်မိသည် “အဘိုးကြီး မင်းက ဘေးကပ်ဆိုးကြီးမွေးထား ပြီးတော့ အဲဒါကိုတောင်မသိဘူး၊ ဘာတွေများ ဘဝင်ခိုက်နေတာလဲ၊ မြန်မြန် ပြန်လိုက်တော့.. စီရင်ချက်ဗိမာန်နဲ့ ငွေလရောင်အင်ပါယာက တိုက်ခိုက်လာရင် ခင်ဗျားကြီး ငိုရလိမ့်မယ်”