ပြင်ဆင်ခြင်း၊ စတုရန်းမြို့နှင့် တိုက်ခိုက်ရေးအဖွဲ့
Vol. 36 Ch. 719
တုန်ဖန်းလုသည်လည်း ရောက်လာသည်။ သူသည် အသံကိုနှိမ့်ကာ ပေထင်းချင်းအား ပြောလေသည် “ရှောင်ကျို့က ထန်းဘန်မျိုးနွယ်က သခင်လေးကိုသတ်ခဲ့တယ်လို့ကြားတယ်၊ ခုနကတိုက်ပွဲမှာ ထန်းယန်မျိုးနွယ် က လူတွေလည်းရှိနေကြတယ်၊ သူတို့တွေ ရန်လိုနေပုံပေါက်တာကို ကျုပ် မြင်လိုက်ရတယ်၊ မျိုးနွယ်သုံးခုအင်အားပေါင်းသွားမှာကို ကျုပ်တို့ သတိထား စောင့်ကြည့်သင့်တယ်”
ဤကိစ္စသည် အမှန်တကယ်ပင် ကိစ္စကြီးဖြစ်သည်။ ပေထင်းချင်းသည် ချက်ချင်းပင် ရူးသွပ်မှုရပ်လိုက်၏။ သူတို့သည် ငွေလရောင်အင်ပါယာတစ်ခု တည်းဆိုလျှင်မကြောက်ပေ။ ထန်းယန်မျိုးနွယ်၏ခွန်အားသည် မျိုးနွယ်ကြီး လေးခုအား ယှဉ်နိုင်မည်ကိုမကြောက်ပေ။ သို့သော် စီရင်ချက်ဗိမာန်သည် မတူတော့ပေ။ မျိုးနွယ်ကြီးလေးခု အင်အားစုပေါင်းလျှင်တောင် သူတို့သည် အနိုင်ရရန် ယုံကြည်မှုမရှိပေ။
ထို့အပြင် ပေထင်းဟွမ်၏မှော်သားရဲနှင့် စီရင်ချက်ဗိမာန်တို့၏ ယနေ့ တိုက်ပွဲကိုကြည့်ပြီးနောက် အားလုံးကြောက်ရွံ့သွားကြသည်။ သူတော်စင်မ တစ်ယောက်တွင်ပင် သခင်ကြီး၏တိုက်ခိုက်ရေးစွမ်းအားပိုင်ဆိုင်သည့် ရတနာ ရှိနေသည်။ စီရင်ချက်ဗိမာန်ဆို မည်သို့ဖြစ်မည်နည်း။
သူတော်စင်မလက်ထဲမှ စီရင်ချက်လှံတံသည် ပေထင်းဟွမ်၏သတ်ခြင်း ကိုခံခဲ့ရသည့် မြင့်မြတ်သောသားတော်ဂူဟောက်ကို ပေးထားသည့် စီရင်ချက် လှံတံထက်ပင် ကာကွယ်ရေးစွမ်းအားပိုကောင်းသည်။ ၎င်းသည် စီရင်ချက် ဗိမာန်မှ သန့်စင်ထားသည့် လက်နက်အတုတစ်ခုသာဖြစ်သည်။ စီရင်ချက်ဗိမာန်၏ လှံတံအစစ်သည် ပြိုင်ဘက်ကို ကြယ်နှင့်လမြင်နိုင်သည့် စွမ်းအားမျိုးပိုင်ဆိုင်သည်ဟု ဆိုကြသည်။
ဤသည် သန့်စင်သောမြို့တော်သည် ကြယ်တာရာလခြမ်းလေဟာနယ် တွင်တည်ရှိရသည့် အကြောင်းအရင်းပင်ဖြစ်သည်။
မိသားစုနောက်ခံများကြောင့် နှစ်ပေါင်းမျာစွာ ပေါ်တင်တစ်ပုံ၊ လျှို့ဝှက်စွာ တစ်မျိုးတိုက်ခိုက်ခဲ့ကြသော မျိုးနွယ်ကြီးလေးခုသည် ဘိုးဘေးကြီး များ၏ သင်ကြားမှုများကို မှတ်မိကြသည်။ ကျူးကျော်မှုဖြစ်လာလျှင် သူတို့သည် အပြင်လောကကို တိုက်ခိုက်ရန် ညီညွှတ်ရမည်ဖြစ်သည်။ ပြီးခဲ့ သည့် နှစ်ပေါင်းတစ်သောင်းတွင် ဘိုးဘေးများသင်ကြားခဲ့သည့်စွမ်းအားသည် တစ်ရက်ထက်တစ်ရက် နိုးထကာရာ ပေထင်းဟွမ်နောက်သို့လိုက်ချင်သည့် တိုက်ရိုက်ဆက်ခံသူ လူငယ်မျိုးဆက်၏ရွေးချယ်မှုကို သူတို့ ခံနိုင်ရည်မရှိကြ ပေ။
ရွေးချယ်စရာမရှိတော့ပေ။ ပေထင်းဟွမ်သည် ဤမျှကြီးမားသော ပြဿနာကိုဖန်တီးပြီးနောက် တခြားသခင်အိုကြီးသုံးယောက်သည် ပေထင်းဟွမ်နောက်လိုက်ကာ သူမ၏ တင်ပါးကိုသုတ်ပေးရန်သာရှိတော့သည်။ မျိုးနွယ်ကြီးလေးခုသည် မျိုးနွယ်လေးခုမြို့တော်သို့ရောက်သောအခါ မိသားစု ၏ အတွင်းမြို့သို့ပြန်ပြီး ဝိုင်းဝန်းရန်အတွက် ပြင်ဆင်ရတော့သည်။
“ဟူး ငါ့ရဲ့အိုနေတဲ့အရိုးတွေက တစ်နေ့တော့ မင်းကြောင့် ပျက်စီးတော့ မှာပဲ ကောင်မစုတ်ကလေး” နန်ကုန်းချန်းသည် အလယ်ခုံတွင်ထိုင်ကာ အင်္ကျီလက်များကို ဆွဲကိုင်ပြီး သူ၏မျက်နှာအမူအရာကို ဂရုတစိုက် ခိုးကြည့်နေသည့် မြေးမဖြစ်သူကို စိုက်ကြည့်လိုက်သည်။
နန်ကုန်းချန်းရှီသည် ထိုစကားကိုကြားသောအခါ ပျော်သွား၏။ သူမသည် ပြေးသွားပြီး နန်ကုန်းချန်း၏လက်မောင်းကိုဖက်လိုက်သည် “အဘိုး အဘိုး၊ အဘိုးက ကျွန်မကို အချစ်ဆုံးဆိုတာသိတယ်” သူမ၏မျက်နှာအမူအရာသည် မည်းနက်သွား၏ “ခေါင်းဆောင်က ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ပြီး သားရဲထိန်း ဆိုတဲ့အချက်ကလွဲပြီး တခြားအကြောင်းအရင်းမရှိရင်တောင် သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေကို အထင်မသေးလိုက်နဲ့နော်.. ချန်းမိုက သူ့ကို အသက်နဲ့ရင်း ပြီး ကာကွယ်ချင်လို့ ကျွန်မတို့လည်း သူ့ကိုကာကွယ်ရမယ်”
နန်ကုန်းချန်းမို၏နာမည်အားပြောရလျှင် သူမသည် အင်ပါယာကျောင်း လေ့ကျင့်ရေးမြေပြင် အန္တရာယ်နေရာ၌ သေဆုံးခဲ့ကြောင်းကို နန်ကုန်းချန်း သိပြီးဖြစ်သည်။ သူမသည် ပေထင်းဟွမ်အား ကယ်ရန်သေဆုံးခဲ့သည်။
နန်ကုန်းချန်းသည် ပေထင်းဟွမ်အား မုန်းခြင်းကြောင့်မဟုတ်ဘဲ နန်ကုန်းချန်းရှီပြောသည်မှာ မှန်သည်။ ပေထင်းဟွမ်သည် သူ၏မြေးမဖြစ်သူ အသက်နှင့်ရင်းပြီး ကာကွယ်ချင်သည့် အချစ်ဆုံးလူဖြစ်သည်။ ပြီးနောက် သူ၏ အချစ်ဆုံးမြေးမနောက်တစ်ယောက်သည် သူ့အကြောင်းကို အမြဲတွေးနေခဲ့ သည်။
သူဘာလုပ်နိုင်ဦးမည်နည်း။
အင်ပါယာကျောင်းတော်၏ အက်စ်နယ်မြေရှိ အဆင့်မြင့်အဆောင်၊ ကျောင်တော်၏ အဆင့်မြင့်ဆုံးအဆောင်တွင် ရှန်းယန်ပိုနှင့်တခြားသူများ သိမ်းပိုက်ထားသည့် အိပ်ခန်းများသည် ယခုအခါ လူများနှင့်ပြည့်နေသည်။ ပေထင်းဟွမ်အပါအတင် အားလုံးပေါင်း လူ ၉ ယေက်ရှိသည်။ သူတို့သည် အင်ပါယာကျောင်းတော်၏ ကောင်းကင်အဆင့်ထိပ်တန်းကျွမ်းကျင်သူ ၁၀ ယေဦက်ဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် တခြားကျောင်းမှလူများသည် သူတို့ စုဝေးနေကြသည်ကိုမြင်လျှင် ရူးသွားလောက်မည်။
ပေထင်းဟွမ်သည် စားပွဲထိပ်တွင်ထိုင်နေသည်။ သူမသည် ဖြည်းဖြည်း ချင်း မျက်လုံးများကိုပင့်ကာ အားလုံးကို စိုက်ကြည့်လေသည်။ သူမ၏ ကြည်လင်သောအသံသည် ဧည့်ခန်းထဲတွင် ထွက်ပေါ်လာသည်။ ၎င်းသည် တောင်စမ်းချောင်းစီးဆင်းသကြ့သို့ ကြည်လင်လှသည်။ ၎င်းသည် နားဝင်ချိုလှ သော်လည်း တစ်ဖက်တွင် လူအများကို ကြောက်လန့်စေသည် “မင်းတို့ အကြောင်းကို ကျွန်တော် ကောင်းကောင်းမသိဘူး.. လျှိုရွှီကလွဲပြီး မင်းတို့ရဲ့ မှော်သားရဲအခြေအနေကိုပြောကြပါဦး”