ငါ့အဖွဲ့နာမည် သံမဏိသွေးလို့ခေါ်တယ်
Vol. 36 Ch. 720
“မှော်သားရဲတွေလား” ဂူချန်းဇယ့်သည် အရင်ဆုံးသတိဝင်လာသူဖြစ် သည်။ ပေထင်းဟွမ်သည် အမြင့်ဆုံးသားရဲထိန်းဖြစ်သည်။ သူမသည် မြို့အပြင် စစ်မြေပြင်တွင် ထိုအကြောင်းကို ဝန်ခံပြီးဖြစ်သည်။ သူ ဘာကိုဆိုလိုတာလဲ။ ဂူချန်းဇယ့်သည် ရှက်သွေးဖြာကာ ခေါင်းခါလေသည် “ခေါင်းဆောင် ငါတို့ မှော်သားရဲတွေက မင်းမျက်လုံးထဲမှာ ဘာမှတန်ကြေးရှိမှာမဟုတ်ဘူး၊ ဒါပေမဲ့ မှော်သားရဲတွေကြောင့် ငါတို့မင်းနဲ့အတူရှိရရင် ကျန်တဲ့ဘဝမှာ ဝိညာဉ်သခင် ကြီးဖြစ်လာမှာမဟုတ်ဘူး”
“ဟုတ်တယ်” အဖွဲ့ဝင်တစ်ယောက်သည် ရင်ထဲမှ သဘောထားကို မဖုံးကွယ်နိုင်ပေ။ သူသည် ဆိုဖာပေါ်မှဖင်ကြွကာ ပေထင်းဟွမ်အနားသို့ ရွှေ့လေသည် “ငါတို့တွေ သခင်ကြီးထန်းယန်နဲ့ အတူတွဲသွားတွဲလာလုပ်တာကို သူ့ရဲ့သားရဲထိန်းသခင်ကြီးကြောင့်လို့ ကျောင်းထဲကလူတွေထင်နေကြတာ၊ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အဲလိုမဟုတ်ဘူး၊ အဲတုန်းက ငါတို့လည်း ကျောင်းပြိုင်ပွဲဝင်ပြိုင်ပြီး အဖွဲ့ဖွဲ့ဖို့စီစဉ်ခဲ့တာ အဲဒါကြောင့်ပဲ အတူရှိခဲ့တာ၊ သူ ထိန်းကျောင်းခဲ့တဲ့ မှော်သားရဲကို ငါတို့ ဘယ်သူမှရခဲ့တာမဟုတ်ဘူး”
ပေထင်းဟွမ်သည် ဖြည်းဖြည်းချင်း ခေါင်းညိတ်လေသည်။ သူမသည် ထိုအရာကိုမြင်ခဲ့သည်မှာ ကြာပြိဖြစ်၏။ ထိုလူများသည် အားလုံးလူကောင်း များဖြစ်ကြသည်။ ထိုသို့မဟုတ်လျှင် သူမ၏ဆရာသည် သူတို့အားလုံးကို သူမ ဆီသို့လာခိုင်းမည်မဟုတ်ပေ။ သူမသည် ထိုလူမျာနှင့် အဖွဲ့ဖွဲ့ရန်ပင်မလိုပေ။ သူမသည် သူမ၏ကိုယ်ပိုင်အဖွ့ကိုဖွဲ့ကာ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ဝင်ရန် ဦးဆောင်နိုင်ရန်အတွက် အစွမ်းအစရှိသည်။
“ဒီကိစ္စကိုတော့ ထပ်မပြောနဲ့တော့၊ စစ်ပွဲကစတော့မယ်၊ မှော်သားရဲ ကောင်းတွေရဲ့ခွန်အားမရှိဘဲ ဒီအဆင့်တိုက်ပွဲမှာ အသက်ရှင်ဖို့အခွင့်အရေးရှိမှာ မဟုတ်ဘူး” ပေထင်းဟွမ်သည် လက်ဖြန့်လိုက်ရာ အခန်းတစ်ခန်းလုံးတွင် ရွှေရောင်အလင်းများဖြင့် ပြည့်နှက်သွားသည်။ အခန်းထဲတွင် အသက်လှောင် အိမ် ၇ ခုပေါ်လာပြီး အားလုံးသည် နတ်သားရဲများဖြစ်ကြသည်။ “ကျွန်တော့် အဖွဲ့ကို သံမဏိသွေးလို့ခေါ်တယ်၊ မင်းတို့ငါနဲ့ စစ်ချီပြီး လေ့ကျင့်ဖို့ကိုဆုံးဖြတ် ပြီးရင် လိုချင်တဲ့နတ်သားရဲကိုရွေးလို့ရတယ်၊ မလုပ်ချင်ရင်လည်း ဒီတိုက်ပွဲပြီးရင်လမ်းခွဲတာပေါ့”
သူတို့ ၇ ယောက်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတပ်ထားပြီး မျက်နှာများသည် နီရဲလျက်ရှိသည်။ ဤအခိုက်အတန့်တွင် မည်သူကမှ ခံစားချက်များကို မထိန်းချုပ်နိုင်ပေ။ စိတ်လှုပ်ရှားမှု၊ လေးစားမှုနှင့် သူတို့၏ ဆန္ဒများပြည့်ဝခြင်းကြောင့် ပျော်ရွှင်ခြင်းများ။ အခုကစပြီး သူမနောက်လိုက်ပြီး သူမနှင့်အတူ တိုက်ခိုက်ရတော့မည်လား။ “ကျွန်ုပ် ဂူချန်းဇယ့်သည် ဒီဘဝမှာ သခင်ကြီးပေထင်းဟွမ်နောက်လိုက်ပါမယ်လို့ ဆန္ဒပြုပါတယ်၊ သူ့ဘဝကို ကာကွယ်ဖို့ ကျွန်ုပ်အသက်ကို ပေးပါမယ်၊ ကတိဖောက်ဖျက်ရင် သေပါစေ”
၎င်းသည် စစ်မှန်သောသစ္စာဖြစ်သည်။ ပေထင်းဟွမ်အား သတိလက်လွတ်ဖြစ်စေသည်။ သူမ သူ့ကိုတားမည်အပြုတွင် ကောင်းကင်ပေါ် မှ ငွေရောင်အလင်းတန်း ဆင်းသက်လာပြီဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းသည် သူတို့နှစ်ယောက်ကို လွှမ်းခြုံလိုက်သည်။ သစ္စာမြောက်ပြီး ငွေရောင်အလင်းတန်း ပျောက်ကွယ်သွားသည်။ နောက်ကျသွားလေပြီ။
ထို့နောက် တခြားသစ္စာ ၆ ခုဆင်းသက်လာသည်။ ပေထင်းဟွမ်၏ မျက်လုံများသည် ငွေရောင်အလင်းတန်းကြောင့် စူးသွားသည်။ သစ္စာတိုင်း သည် သူမနှင့်ပတ်သက်နေသည်။ အားလုံးသည် ဂူချန်းဇယ့်ကဲ့သို့ တူညီသော သစ္စာဆိုကြသည်။ ချက်ချင်းဆိုသလိုပင် လျိုရွှီသည် ပါးစပ်မပိတ်နိုင်လောက် အောင် ထိတ်လန့်သွားသည်။
ထိုလူမျာသည် ထက်မြက်သည်။ သူတို့သည် ဤလူငယ်နှင့်အတူတကွ ရှိနိုင်မည့် နည်းလမ်းဖြင့် ချည်နှောင်ခဲ့ကြသည်။ သို့သော် ဤအခိုက်အတန့်တွင် လျိုရွှီသည် သူ့ဘဝတွင် ပေထင်းဟွမ်အား စောင့်ရှောက်ပါမည်ဟု စိတ်ထဲတွင် ကျိန်ဆိုမိသည်။ ထိုသစ္စာကို ကောင်းကင်နှင့်မြေကြိး၏ စည်းမျဉ်းဖြင့် မချုပ် ထားသော်လည်း သစ္စာဆိုခြင်းထက်မလျော့ပေ။ အကြောင်းမှာ သူ သစ္စာ ဖောက်ဖျက်မိလျှင် သူ့ဘဝတွင် ရှေ့တိုးရန်ခက်ခဲပြီး သူ၏ခွန်အားသည် ဘယ်သောအခါမှ အဆင့်တက်တော့မည်မဟုတ်ပေ။
“ကျွန်ုပ် ယောင်ဝေ...”
“ကျွန်ုပ် ဝူစစ်ဟိုင်…”
“ကျွန်ုပ် ကျိုပင်း...”
သူတို့အားလုံးသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့ အင်ပါယာကျောင်းတော်မှ ထွက်လာချိန်တွင် တိုက်ကြီးရှိအင်အားစုများ မှ ခေါ်ယူရန်တိုက်ခိုက်ရသူများဖြစ်ကြသည်။ သို့သော် ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် သူတို့ထက်ငယ်သော ပေထင်းဟွမ်နောက်လိုက်ပါမည်ဟု ကျိန်ဆိုနေကြသည်။ အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင် ဂူချန်းဇယ့်ပင်လျှင် သူ့အသက်ကိုရင်းပြီး ပေထင်းဟွမ်အား ကာကွယ်ချင်သည်...