← Chapters

မတုံ့ပြန်နိုင်! စားသုံးမှုကန့်သတ်ထားခြင်း!

Vol. 6 Ch. 76

မတုံ့ပြန်နိုင်! စားသုံးမှုကန့်သတ်ထားခြင်း!

Vol. 6 Ch. 76

ချန်လီက လုံးဝကြောင်သွားသည်။ သူကပါးစပ်အဟောင်းသားနှင့် စားပွဲပေါ်မှမိန့်ခွန်းရှည်ကြီးကိုကြည့်ရင်း ဘာပြောရမှန်းမသိတော့ချေ။

စီရင်စုကလည်း အင်တာနက်၏အစွမ်းကိုသိ၍ စီရင်စု၏အရောင်းထိုင်းသောထုတ်ကုန်တချို့ကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းရန် ပိုမိုအပြုသဘောဆောင်သည့်နည်းတချို့သုံးချင်သည်။

သူကဤတစ်ကြိမ်တွင် ပျားရည်ကတ်တီ ၄၀၀၀ ပြင်ဆင်ထားသည်။ ချင်းလင်စံအိမ်၏အရှိန်နှင့်တောင် ညပိုင်းတွင်ထိုထုတ်ကုန်များကို အချိန်ယူ၍ရောင်းရမည်အထင်နှင့် မိန့်ခွန်းအရှည်ကြီးပြင်ဆင်ထားခဲ့၏။

သို့သော် ထိုပျားရည်ကတ်တီ ၄၀၀၀ မှာ တခဏအတွင်းရောင်းထွက်သွားမည်ဟု မထင်မိပေ။ သူပြင်ဆင်ထားသောမိန့်ခွန်းမှာ လုံးဝအသုံးမတည့်လိုက်။

''ဒါ... အရမ်းအံ့သြစရာကောင်းတာပဲ... အားလုံးကို ရုံချန်းစီရင်စုရဲ့ပျားမွေးမြူရေးလုပ်ငန်းနဲ့ မိတ်ဆက်ပေးပါရစေ...'' ချန်လီက live ထဲမှပရိသတ်များကို ကိုးရိုးကားရားနှင့်ပြောလိုက်ရတော့သည်။ သူ့ကိုယ်သူမိတ်ဆက်အပြီးတွင် ဆက်မထိန်းထားနိုင်တော့သဖြင့်_ ''ဒါဆိုရင် ဒီ live လွှင့်တဲ့အစီအစဉ် ဒီမှာပဲပြီးပါပြီနော်... အားလုံးပဲ... ကျွန်တော်တို့ရုံချန်းစီရင်စုထွက်ကုန်တွေကိုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်''

တဖက်တွင်ကျုံးလဲ့မှာ အချက်ပြရလိုက်သဖြင့် live ကိုပိတ်လိုက်သည်။

ထိုအချိန်မှပဲ ချန်လီမှာမတ်တပ်ရပ်၍ သက်ပြင်းချလိုက်သည်။ သူကတစ်ရှူးတစ်စယူပြီး နဖူးမှချွေးများသုတ်လိုက်ကာ_ ''တော်သေးလို့ အခုအချိန်ထိအောင့်ထားနိုင်တာ... ငါဆက်မလုပ်နိုင်တော့ဘူး''

ကျုံးလဲ့ကလည်းရှေ့တိုး၍ ပြုံးပြုံးနှင့်ဆိုလိုက်သည်_ ''အကြီးအကဲချန်... ခင်ဗျားတင်မဟုတ်ဘူး... ကျွန်တော်တို့လည်းကြောင်သွားတာ''

ချန်လီကခေါင်းညိမ့်၍_ ''ဒါကတို့ကိုလည်း သတင်းအချက်အလက်အဖွဲ့အစည်းရဲ့ချိတ်ဆက်မှုအင်အားကိုပြလိုက်တာပဲ... ဒါကိုကောင်းကောင်းအသုံးချနိုင်ရင် လုံးဝလူတွေကိုအကျိုးပြုနိုင်မှာ... နောက်ပြီး ဒီပျားရည်တစ်သုတ်ကိုနောက်ဆက်တွဲသေချာလိုက်ပါ... အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး ဘာပြဿနာမှရှိလို့မရဘူး... ငါတို့ရုံချန်းစီရင်စုမျက်နှာပျက်လို့မဖြစ်ဘူး... တစ်ခုခုဆို စီရင်စုက တို့ကိုသက်ညှာမှာမဟုတ်ဘူး''

ထို့နောက်သူက ကျုံးလဲ့အား_ ''ဒါနဲ့... ချင်းလင်စံအိမ်မှာ ဧည့်သည်တွေအများကြီးပဲ... မတော်တဆမဖြစ်အောင် ချင်းလင်စံအိမ်အတွက် ရှုမျှော်ခင်းပတ္တရောင်လှည့်တဲ့အရာရှိထားပေးဖို့ လျှောက်လွှာတစ်စောင်ရေးလိုက်... မနက်ဖြန် ငါစီရင်စုကိုတင်လိုက်မယ်''

''ကောင်းပါပြီ!'' ကျုံးလဲ့ကပြန်ဖြေလိုက်သည်။ စီရင်စုကို live လွှင့်တဲ့ရလဒ်တွေပြလိုက်ရင် ရှုမျှော်ခင်းပတ္တရောင်လှည့်တဲ့အရာရှိတွေ သေချာပေါက်ချပေးမယ်ဆိုတာ သူသိပြီးသား။

…

စံအိမ်ထဲတွင်_

......

ချင်လင်က နေ့စဉ်စာရင်းကိုလတ်စသတ်နေသည်။ ယနေ့စံအိမ်ဝင်ငွေမှာ ယွမ် ၂၅၀၀၀၀ ကိုထိန်းထားနိုင်၏။ သို့သော် မနက်ဖြန်ဆေးဖက်ဝင်ပျားရည်ကိုစတင်ရောင်းချတော့မည်ဖြစ်၍ ဝင်ငွေထပ်တိုးလာပေဦးမည်။

''ချင်လင်... စီရင်စုရဲ့ live က ရေပန်းစားနေတယ်!'' ကျောက်မိုချင်းက ချင်လင်ဆီ ဖုန်းကိုင်၍လျှောက်လာရင်း အံ့သြစွာပြောလိုက်သည်။

''ကောင်းတာပေါ့... အနည်းဆုံးတော့ ငါတို့အကူအညီဖြစ်တယ်'' ချင်လင်ကခေါင်းညိမ့်၍မေးလိုက်သည်_ ''ပျားရည်ကတ်တီဘယ်လောက်များရောင်းရလဲ?''

''ကိုယ့်ဘာသာကိုယ်ကြည့်!'' ကျောက်မိုချင်းက ဝေခွဲရခက်သောအပြုံးနှင့် ချင်လင်လက်ထဲဖုန်းထည့်လိုက်သည်။



ချင်လင်ကဖုန်းယူ၍ ဗီဒီယိုကြည့်လိုက်သည်။ ခေါင်းစဉ်ကသူ့ကိုခဏမျှကြောင်သွားစေသည်: 'ရုံချန်းစီရင်စုတရားဝင်ထောက်ခံမှု _ ပျားမွေးတောင်သူများ live'။ ခရီးသွားဌာနညွှန်ကြားရေးမှူး စကားမစရသေးခင် ရောင်းထွက်သွားသည်။ ညွှန်ကြားရေးမှူးမှာကြောင်သွား၏။

''အာ... ချက်ချင်းရောင်းထွက်သွားတာလား?'' ချင်လင်က အံ့သြသံနှင့်မေးလိုက်သည်။

ကျောက်မိုချင်းကခေါင်းညိမ့်၍_ ''ကျွန်မ live လွှင့်တာကြည့်နေခဲ့တာ... စပြီးချိတ်ဆက်တာနဲ့ ရောင်းထွက်သွားတာ''

''...'' ချင်လင်က အဆမတန်အံ့သြသွားသည်။

နောက်ပြီး ဒီဗီဒီယိုကနာမည်ကျော်နေပြီ။ မှတ်ချက်တွေက ပိုတောင်စိတ်လှုပ်ရှားစရာကောင်းသေး။

''အစီအစဉ်မှူး: (link တင်) အကြီးအကဲချန် မိန့်ခွန်းပြောပါဦး... ရပါပြီ ရောင်းထွက်သွားပါပြီ... live သိမ်းလို့ရပြီ''

''အကြီးအကဲချန်: ဒီနေ့ကျွန်တော်တို့ယူလာတဲ့ထုတ်ကုန်က ပျားရည်ပါ...

အတွင်းရေးမှူး: ညွှန်ကြားရေးမှူး...ပျားရည်က ရှင်စကားစပြောကတည်းက ရောင်းကုန်သွားပါပြီ!''

''အကြီးအကဲချန်: ကျွန်တော်မိန့်ခွန်းကိုနှစ်နာရီစာပြင်ဆင်လာတာ... ဒါပေမဲ့ တစ်ကြောင်းပဲပြောရသေးတယ်... ပစ္စည်းပြတ်သွားပြီ''

''နောက််တစ်ကြိမ်ကျရင်... မျက်နှာသာပေးလိုက်ပါဦး... သူတို့လှုပ်ရှားခွင့်ပေးလိုက်ပါဦး''

“…”

''အကြီးအကဲချန်ရဲ့ဇဝေဇဝါဖြစ်သွားတဲ့မျက်နှာကတော့ အီမိုဂျီဖြစ်တော့မယ်'' ချင်လင်ကထိုမှတ်ချက်များကိုမြင်လျှင် မနေနိုင်ဘဲထရယ်လိုက်သည်။

ဖုန်းမျက်နှာပြင်ကနေတောင် အကြီးအကဲချန်ဘယ်လောက်ကြောင်သွားမည်မှန်း စိတ်ကူးကြည့်နိုင်ပေသည်။

အချိန်တချို့ကုန်လွန်သွား၏။

တစ်ညသိပ်ပြီးနောက် နောက်တစ်နေ့တွင် စီရင်စု၏တောင်သူအထောက်အပံ့ live မှာ ပိုနာမည်ကြီးလာသည်။ ဆေးဖက်ဝင်ပျားရည်လည်းပါသည်ပေါ့။

ချင်လင်ကပစ္စည်းအားလုံးကို ဂိမ်းထဲမှစံအိမ်သို့ရွှေ့လိုက်ပြီး အရောင်းစင်တာမှရောင်းချသည့်နေရာသွားလိုက်သည်။ ဝတ်စုံနှင့်မိန်းကလေးသုံးဦးလည်းရောက်နှင့်နေပြီး စောင့်နေကြ၏။

ထိုမိန်းကလေးသုံးဦးမှာ အသစ်ခန့်ထားခြင်းဖြစ်သည်။ ကောင်းယောင်ယောင်က သူတို့ကိုစံအိမ်နှင့်ရင်းနှီးစေရန်ခေါ်လာပြီး တစ်ရက်နှစ်ရက်အတွင်း အလုပ်မှာအသားကျအောင်ကူညီပေးသည်။

''သူဌေး!'' မိန်းကလေးသုံးဦးက ချင်လင်ကိုမြင်လျှင် တပြိုင်တည်းအော်လိုက်ကြ၏။

ချင်လင်က မိန်းကလေးသုံးဦးကိုခေါင်းညိမ့်ပြလိုက်သည်။ မနေ့ကအခမဲ့အမြည်းတိုက်ပြီးနောက် ဆေးဖက်ဝင်ပျားရည်၏အရသာနှင့်အာနိသင်ကိုအသိအမှတ်ပြုကြပြီးဖြစ်သည်။ မည်သူမျှသံသယမရှိ။ ယနေ့မူ ရောင်းအားအပေါ်မူတည်ပေသည်။

ပျားရည်ကတ်တီ ၉၀ ကို ဆေးဖက်ဝင်ပျားရည်ခွက်ကြီး ၁၅၀၀ ရ၏။ စုစုပေါင်း ယွမ် ၁၅၀၀၀၀ နီးပါးဝင်ငွေရနိုင်သည်။

ထို့နောက် ချင်လင်ကခန်းမထဲပြန်လာ၍ ချန်တပေအား အနောက်ဘက်သို့ခေါ်လိုက်သည်။

သူညွှန်ကြားထားသော အမိုးအကာကြီးဆောက်ထားပြီဖြစ်၏။ ၄င်းကို သာမန်ဖရဲမျိုးစေ့များစိုက်ရန် အသုံးချနိုင်တော့မည်။



သူနှင့်ချန်တပေက ပေါက်ပြားကိုင်၍ အစိမ်းရောင်မှန်လုံအိမ်ထဲမှမြေကိုဆွလိုက်သည်။ ထို့နောက် သာမန်ဖရဲပျိုးပင်များကိုစိုက်၍ ပန်းပွင့်ချိန်၌ဝတ်မှုန်ကူးလိုက်၏။

ဖရဲပင်များမှာ ပန်းပွင့်ချိန်တိုတောင်းသည်။

ထို့အပြင် မျိုးနှစ်ခုမှာ ပန်းပွင့်ချိန်မတူညီ၍ သေချာတွက်ချက်ရလေသည်။

ထိုအချိန်ကျလျှင် အရည်အသွေး ၂ ဖရဲမျိုးအပင်ပေါက်ပြီးနောက် ထပ်ပြီးမျိုးပွားနိုင်ရန်အတွက် ၄င်းတို့၏ခရိုမိုဇုန်းကိုပြောင်းလဲရန် ကိုချီစင်းအသုံးပြုဖို့လိုပေမည်။

ဖော်ပြချက်မှာရိုးရှင်းသော်လည်း လုပ်ငန်းစဉ်မှာရှုပ်ထွေး၏။ ငြီးငွေ့စရာတောင်ကောင်းသည်။

ချန်တပေက သူ့သူဌေးဘာလုပ်နေသည် သူမသိ။ သူကိုယ်တိုင်ကဖရဲသီးစိုက်ရန်မလိုဟုထင်သော်လည်း လုံခြုံရေးခေါင်းဆောင်တစ်ဦးအနေနှင့် သူ့သူဌေးခိုင်းသမျှလုပ်ရမည်ဟုသိထားလေသည်။ သူကမေးလည်းမမေး၊ စပ်လည်းမစပ်စုချေ။

အစိမ်းရောင်မှန်လုံအိမ်မှာ အကြီးကြီးမဟုတ်။ သူတို့နှစ်ဦးက လျင်လျင်မြန်မြန်ပင်တူးဆွပြီးသွားသည်။ သူတို့ခဏနားမည်အပြုတွင် ကောင်းယောင်ယောင်ပြေးလာပြီး အစီရင်ခံသည်_ ''သူဌေး... ဆေးဖက်ဝင်ပျားရည်ရောင်းကုန်သွားပါပြီ"

''ဒီလောက်မြန်လား?'' ချင်လင်အံ့သြသွား၏။

တစ်နေ့မှဧည့်သည် ၁၅၀၀ လာတာ။ ဒါပေမဲ့ ဆေးဖက်ဝက်ပျားရည်က မနက်ပိုင်းနဲ့တင်ပြတ်သွားပြီတဲ့လား?

''ဒီနေ့ပန်းပင်လယ်လက်မှတ်ရော ရောင်းရလား?'' ချင်လင်ကထပ်မေးလိုက်သည်။

ကောင်းယောင်ယောင်က ရှင်းပြလိုက်သည်_ ''ဒီမနက်အစောပိုင်းစံအိမ်ကိုအများကြီးလာကြတယ်... အရင်ဆုံးသူတို့လုပ်တာက အရောင်းစင်တာမှာဆေးဖက်ဝင်ပျားရည်ဝယ်ကြတာပဲ... တချို့လူတွေက တစ်ခါတည်းနဲ့ခွက်အများကြီးဝယ်ကြတယ်... ဝယ်ပြီးတာနဲ့ကြာကြာမနေဘူး တန်းပြန်သွားကြတာ... ကြည့်ရတာ ရုံချန်းစီရင်စုထဲကဖြစ်မယ်... သူတို့က ဆေးဖက်ဝင်ပျားရည်အတွက်သက်သက်လာကြတာ... အခုတော့ ခရီးသည်တွေဝယ်ချင်တာတောင် ရောင်းစရာမရှိတော့ဘူး... လူတွေအများကြီးပွစိပွစိလုပ်နေကြတယ်''

ချင်လင်က မျက်မှောင်နည်းနည်းကြုတ်သွားသည်။

သူကဆေးဖက်ဝင်ပျားရည်ကို ဒီလောက်မြန်မြန်ရောင်းရမည်မထင်ထား။ ပြန်တွေးကြည့်လိုက်တော့လည်း ဒါပုံမှန်ပင်။ ဆေးဖက်ဝင်ပျားရည်မှာ အလွန်နာမည်ကျော်၍ ဗီဒီယိုရိုက်ရုံ၊ အချိန်မှတ်ရုံသက်သက်ဝယ်ကြသူတွေတောင်ရှိ၏။

တစ်ခါတည်း ၁၀ ခွက်ဝယ်ကြတာကရော ဘာကြောင့်လဲ? ဗီဒီယိုရိုက်ပြီး အာရုံပိုစိုက်အောင်လုပ်တာဖြစ်နိုင်သည်။

ဤသည်မှာ ပုံပျက်ပန်းပျက်ဖြစ်၏။ ၄င်းမှာ ဆောင်းတွင်းတွင် ပထမဆုံးနို့လက်ဖက်ရည်ပေါ်လာရခြင်းအကြောင်းဖြစ်နိုင်သည်။

ဆောင်းတွင်းရောက်သည်နှင့် သူငယ်ချင်းတွေအပြိုင်အဆိုင် နို့လက်ဖက်ရည်ကြွားကြသည်။ မကြွားလိုက်ရလျှင် နောက်ကျကျန်ခဲ့မည့်အလား။ ဤသည်ကပင် နို့လက်ဖက်ရည်ရောင်းအားကို ထိုးတက်စေ၏။

ကောင်းယောင်ယောင်ကဆက်၍_ ''သူဌေး... ကျွန်မတို့စာရင်းထဲက ဆေးဖက်ဝင်ပျားရည်ကိုထုတ်ပြီး ဆက်ရောင်းမလား?''

သူကအရေးပေါ်သုံးရန် ပျားရည်ကတ်တီ ၉၀ လှောင်ထားသည်။ အကုန်လုံးထုတ်ရောင်းရန်ရည်ရွယ်ချက်မရှိပေ။

''နောက်ထပ်ကတ်တီ ၂၀ ထုတ်လိုက်!'' ချင်လင်က တခဏမျှတွေးလိုက်ပြီး_ ''နောက်ပြီးတော့ အခုဆေးဖက်ဝင်ပျားရည်ဝယ်ချင်တယ်ဆိုရင် ပန်းပင်လယ်လက်မှတ် ဒါမှမဟုတ် စံအိမ်မှာယွမ် ၅၀ သုံးထားတဲ့ပြေစာနဲ့ဝယ်ရမယ်... နှစ်ခုစလုံးရှိတယ်ဆိုရင် နှစ်ခွက်ဝယ်လို့ရတယ်''

ဒီလိုဖြစ်လာမှတော့ ခရီးသည်တွေအတွက်စဉ်းစားပေးရမည်။ သူအတင်းအကြပ်ရောင်းတာဖြစ်ချင်ဖြစ်မည်။ ထို့အပြင်ကန့်သတ်ချက်အခြေအနေကသိပ်အပြင်းအထန်မဟုတ်။ ပုံမှန်အားဖြင့် ခရီးသည်အားလုံးမှာ ထိုသတ်မှတ်ချက်ကိုကျော်လွန်မည်ဖြစ်ပေသည်။

ဤကဲ့သို့ရောင်းချခြင်းမျိုးမှာ မကြာခဏဝေဖန်ခံရတတ်၏။

သို့သော် ခြွင်းချက်တချို့လည်းရှိသည်။ ၄င်းတို့မှာ အရည်အသွေးနှင့်တန်ဖိုးကန့်သတ်ထားခြင်းပင်။

ထိုကဲ့သို့ကန့်သတ်ခြင်းမျိုးမှာ ဝေဖန်မခံရသည့်အပြင် အဆင့်အတန်းပါမြင့်နိုင်သေးသည်။

သူ့ဆေးဖက်ဝင်ပျားရည်မှာ ထိုအမျိုးအစားထဲတွင်အပါအဝင်ဖြစ်လေသည်။



All Chapters