← Chapters

စံအိမ်ရဲ့အစီအစဉ်! နိုထရီဒိန်းတောင်ရဲ့တောင်တန်းထွက်ကုန်!

Vol. 6 Ch. 79

စံအိမ်ရဲ့အစီအစဉ်! နိုထရီဒိန်းတောင်ရဲ့တောင်တန်းထွက်ကုန်!

Vol. 6 Ch. 79

အိမ်ဝယ်၍စာချုပ်လက်မှတ်ထိုးပြီး စရံငွေပေးချေသည်ကမြန်၏။ နောက်ဆက်တွဲအပေါင်စာချုပ်လျှောက်ခြင်းနှင့် အိုးအိမ်လွှဲပြောင်းခြင်းကအချိန်ပေးရသည်။

အရင်က ကားတောင်မှာခဲ့ဖူးသည်။ အခုတော့ ယွမ် ၄ သန်းကို တစ်လုံးတည်းမပေးနိုင်တော့ပေ။ အရင်ဆုံးချေးငွေယူထားရ၏။

ဤအရောင်းစင်တာများမှာလည်း တို့တိတို့တိလည်ပတ်နေခြင်းဖြစ်သည်။ အချိန်ကျလာလျှင် လက်မှတ်ထိုးလိုက်ရုံပင်။ သူစိတ်ပူနေစရာမလို။

ဒီလိုအိမ်မျိုးအတွက်စာချုပ်လက်မှတ်ထိုးပြီးနောက် အရင်ဆုံးရသည်မှာသော့ပင်။

ပရိဘောဂအခန်းထဲ အတော်ကြာကြာလေဝင်လေထွက်ဖွင့်ပေးထား၏။ သန့်ရှင်းပြီးလျှင် သူတို့တန်းပြောင်းလာ၍ရသည်။

အိမ်ခြံမြေအရောင်းစင်တာမှထွက်လာပြီးနောက် ကျောက်မိုချင်းက ပြုံးရွှင်နေ၏။

အိမ်ဝယ်ခြင်းမှာ အမျိုးသမီးတိုင်းအတွက်ကိစ္စကြီးတစ်ခုဖြစ်လေသည်။ ကိုယ်ပိုင်အိမ်မှာ သူမနှင့်ချင်လင်အတွက်တကယ့်အိမ်ဖြစ်သည်။

စံအိမ်ပြန်ရောက်ရောက်ချင်း လင်းဖန်ကတန်းမေးလိုက်သည်_ ''လင်လင် မိုချင်း... အိမ်ဘယ်လိုလဲ?''

''အမေ... စာချုပ်လက်မှတ်ထိုးခဲ့ပြီ... မနက်ဖြန်ကျွန်တော်တို့သော့ပြောင်းပြီး ပစ္စည်းတွေထုပ်လို့ရပြီ'' ကျောက်မိုချင်းက လင်းဖန်လက်ကိုဆွဲ၍ စာချုပ်လက်ထဲထည့်ပေးလိုက်သည်။

စာချုပ်ကိုဆုပ်၍ သူမမျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့်ဝင်းလက်သွား၏_ ''မနက်ဖြန် ငါအထုပ်ထုပ်ပေးမယ်''

သူမအမျိုးသားကွယ်လွန်ပြီးနောက် သူမမိသားစုပိုင်အိမ်ကိုရောင်းခဲ့ရ၍ သူ့သားအတွက်အမွေမပေးနိုင်ခဲ့ပေ။ အခုသူ့သားအိမ်ဝယ်သည်ကိုမြင်လျှင် ကျောက်မိုချင်းထက်ပို၍စိတ်လှုပ်ရှားမိသည်။

လင်းဖန်၏ပုံစံကိုကြည့်ရင်း ချင်လင်လည်းအလွန်ဝမ်းသာသွား၏။ သူကဒီညဆရာလင်းအား အောင်ပွဲခံရန်စီစဉ်ခိုင်းပြီး စံအိမ်၏ဝန်ထမ်းများနှင့်အတူတူပျော်ကြမည်။

သူထိုသို့တွေးနေစဉ် ဖုန်းမြည်လာသည်။ မာလဲ့ဝမ်ဆီမှဖြစ်၏။ အရင်ကသူအဖွဲ့ဝင်လျှောက်ချင်သော်လည်း စီးပွားရေးမရှိသေးသဖြင့် သူ့ဖုန်းနံပါတ်ကိုယူထားခဲ့သည်။

ဖုန်းကိုင်ကိုင်ချင်း မာလဲ့ဝမ်က_ ''သူဌေးချင်... ဂုဏ်ယူပါတယ်... ဆေးကနာမည်ကျော်ပြီး စီးပွားရေးကသီးပွင့်လာပြီ!''

ချင်လင်ကပြုံး၍_ ''လူကြီးမင်းမာ... ကျွန်တော်ဘာများလုပ်ပေးရမလဲ?''

မာလဲ့ဝမ်ကလည်း_ ''သူဌေးချင်... ငါနှစ်ရက်အတွင်း လူတစ်ယောက်ခေါ်လာမယ်... ထူးရှယ်ရုံးပတီသီးရအောင်ကူညီပေးစမ်းပါ''

''ကောင်းပါပြီ'' ချင်လင်ကခေါင်းညိမ့်၍ သဘောတူလိုက်သည်။

စံအိမ်ထဲတွင်တိုက်ရိုက်စိုက်ပျိုးနိုင်သော အရည်အသွေး ၂ ဖရဲသီးမှလွဲ၍ အရည်အသွေး ၂ ဖရဲသီးထပ်ဖြည့်ရန်မရှိပေ။ အရည်အသွေး ၂ ရုံးပတီသီးမှာ ဂိမ်းထဲတွင်ကြာရှည်သိမ်းဆည်းထားသည်။

…

နောက်တစ်ရက်ကုန်သွားပြန်သည်။

ညပိုင်းတွင် ပျားပန်းခတ်လှုပ်ရှားနေသည့်စံအိမ်က တဖန်ငြိမ်သက်သွား၏။

စံအိမ်နေ့သစ်အတွက်စာရင်းမှာလည်း တွက်ချက်ပြီးသွားသည်။ လူဦးရေ ၁၅၀၀ နှင့် ဝင်ကြေးယွမ် ၇၅၀၀၀ ဖြစ်သည်။

အရည်အသွေး ၂ ဖရဲသီး ၂၅ လုံးထဲမှ အလုံး ၂၀ ရောင်းရငွေစုစုပေါင်းမှာ ယွမ် ၂၃၀၀၀ ဖြစ်၏။

ဤသည်မှာ လက္ခဏာကောင်းပင်။ ဘာပဲဖြစ်ဖြစ် အရည်အသွေး ၂ ဖရဲသီးက ယွမ် ၁၀၀၀ ကျော်သည်။ အရင်က တစ်ရက်တည်းအများကြီးမရောင်းရပေ။



စံအိမ်နာမည်ကြီးလာသဖြင့် သုံးနိုင်ဖြုန်းနိုင်သောဧည့်သည်များ ပိုများလာသည်မှာသိသိသာသာ။ အစပိုင်းနှင့်မတူ။ အရည်အသွေး ၂ ဖရဲသီးများရောင်းမကောင်းသေးခင်က မာလဲ့ဝမ်အတွက်ထုပ်ပေးလိုက်ရ၏။

အရည်အသွေး ၁ ရုံးပတီ၊ ကန်စွန်းဥနှင့်ပန်းပွင့်စိမ်းတို့မှာ စုစုပေါင်းယွမ် ၅၄၇၇၅ ရသည်။

ဆေးဖက်ဝင်ပျားရည်က စုစုပေါင်း ၁၄၅၅၄၀ ယွမ်ဖိုးရောင်းလိုက်ရ၏!

အရည်အသွေး ၁ စတော်ဘယ်ရီကတ်တီ ၁၂၀၀ နှင့် အရည်အသွေး ၁ ဖရဲသီး ၆၈ လုံးမှာ ၆၈၀၈၀ ယွမ်ရသည်။

ဂိမ်း၏သဘာဝငါး၊ ငါးမျှားတံ၊ မီးဖို၊ ကင်စက်ငှားခြင်း၊ တောတွင်းစွန့်စားခန်းနှင့် မြက်ခင်းလျှောလုပ်ငန်းတို့မှ စုစုပေါင်းယွမ် ၃၇၈၈၀ ရ၏။

သီးနှံနှင့်ပင်လယ်စာလက်ကားရောင်းခြင်းလည်းရှိသေးသည်။ ကုန်စည်ပိုးတိုးလာခြင်းကြောင့် ဝင်ငွေမှာ ၂၁၈၆၀ ယွမ်အထိဖြစ်လာသည်။

ဆေးဖက်ဝင်ပျားရည်လုပ်ငန်းထပ်တိုးမှုကြောင့် ယနေ့စံအိမ်ဝင်ငွေမှာ ၄၂၆၁၃၅ ယွမ်အထိရှိလာပြီး ယွမ် ၄ သိန်းကျော်စံချိန်တင်သွားသည်။ တစ်ဦးချင်းပျမ်းမျှသုံးစွဲနှုန်း ၂၈၄ ယွမ်ဖြစ်လာသော်လည်း နည်းနည်းတော့နုံချာနေဆဲပင်။

သို့သော်လည်း ယွမ် ၄ သိန်းကျော်မှာ အလွန်အားရဖို့ကောင်း၏။ ချင်လင်အပြင် ကောင်းယောင်ယောင်နှင့်တခြားဝန်ထမ်းများလည်း ပျော်နေကြသည်။

အကြောင်းမှာ မကြာမီ ၁၅ ရက်နေ့ရောက်တော့မည်ဖြစ်သောကြောင့်ပင်။ ကျောက်မိုချင်းကချက်ချင်းလက်ငင်း အရင်လဝန်ထမ်းများ၏လစာကိုတွက်ချက်ပြီး ဝန်ထမ်းများထံ Wechat အဖွဲ့မှတဆင့်ပို့ထားသောကြောင့် စစ်ကြည့်နိုင်ကြ၏။

စံအိမ်၏လစာမှာ အရင်ဖုဟိုင်စံအိမ်အတိုင်းဖြစ်၏။ စံအိမ်က သူတို့အတွက်အာမခံကြေးပေးသည့်အပြင် လစာကိုနောက်လ ၁၅ ရက်နေ့တွင်ပေးသည်။ ၁၅ ရက်စာလစာရခြင်းနှင့်အတူတူပင်။

ပထမဆုံးအလုပ်ဝင်သည့်ကောင်းယောင်ယောင်တို့အုပ်စုမှလွဲ၍ တခြားဝန်ထမ်းများမှာ လစာအပြည့်မရပေ။ အသစ်ဝင်သူများမှာ နောက်လမှသူတို့လစာရမည်ဖြစ်သည်။

သို့သော်လည်း ကောင်းယောင်ယောင်နှင့်တခြားသူများ၏လစာကိုကြည့်ပြီး ထိုဝန်ထမ်းများကထူးထူးခြားခြားမျှော်လင့်မိကြသည်။ အကြောင်းမှာ စံအိမ်၏လုပ်ငန်းတချို့မှ ဝန်ထမ်းများကကော်မရှင်ခရသောကြောင့်ပင်။

ကောင်းယောင်ယောင်၏လစာမှာ ၄၅၀၀ + ကော်မရှင်ခ ၈၃ !

တခြားစားပွဲထိုးသုံးဦး တစ်လလုံးလုပ်အားခမှာ ၃၅၀၀ + ၈၃ ဖြစ်သည်။

လစာကမမြင့်၊ ကော်မရှင်ခက ၈၃ ယွမ်တည်း။ သို့သော် အရင်လစံအိမ်တရားဝင်စဖွင့်ပြီးချိန်မှ နှစ်ရက်သာရှိသေးသည်ဖြစ်၏။

တစ်နည်းဆိုရလျှင် ၈၃ ယွမ်မှာ နှစ်ရက်စာအတွက် စံအိမ်၏ကော်မရှင်ခဖြစ်သည်။ တစ်လဆိုလျှင် ယွမ် ၁၂၀၀ မဟုတ်ပါလား?

ရုံချန်းစီရင်စုတွင် တစ်လယွမ် ၁၂၀၀ ကျော်မှာ သေချာပေါက်ဝမ်းမြောက်စရာပင်။

''အစ်မမိုချင်း... ကျွန်မဒီလကော်မရှင်ကြည့်ပါရစေ'' ကောင်းယောင်ယောင်က ကျောက်မိုချင်းကိုရွှန်းလဲ့နေသောမျက်လုံးများနှင့်ကြည့်လိုက်သည်။ သူမက ဒီလရဲ့ကော်မရှင်ကိုကြည့်ချင်သည်လေ။

အလုပ်သမားခေါင်းတစ်ဦးအနေနှင့် စံအိမ်ဝင်ငွေတိုးလာသည်ကို သူမသိသည်။ ကော်မရှင်ခမှာ သေချာပေါက်ထိုနှစ်ရက်ထက်ပိုမြင့်လာပေမည်။

''လာကြည့်လှည့်... နောက်အဲလိုမလုပ်နဲ့!'' ကျောက်မိုချင်းက ထိုအခြင်းအရာကိုမြင်လျှင်မငြင်းပယ်။ ပထမအချက် ကောင်းယောင်ယောင်ကမန်နေဂျာဖြစ်ပြီး စံအိမ်ကိုပျိုးထောင်ရမည်။ စားပွဲထိုးတစ်ဦးလာမေးလျှင် လုံးဝမဖြစ်နိုင်ပေ။

ဒုတိယအချက် သူမကကောင်းယောင်ယောင်မှတဆင့် ဝန်ထမ်းများကိုလည်းစိတ်ခွန်အားပေးနိုင်မည်။

စံအိမ်တွင်လစာတွက်ချက်လေ့ရှိသောဆော့ဖ်ဝဲမှာ ချင်ရန်စတူဒီယိုမှသီးသန့်ကုမ္ပဏီ app ဖြစ်သည်။ လုပ်ဆောင်ချက်များများမပါ။

လက်ရှိအင်တာနက်ခေတ်တွင် ဤအရာမှာစျေးမကြီး။ အထူးအသင့်သုံးပုံစံများရှိပြီး မိမိစိတ်တိုင်းကျပြောင်းလဲသုံးစွဲနိုင်သည်။ ချင်လင်နှင့်ကျောက်မိုချင်းတွင်သာ နောက်ခံစီမံမှုအကောင့်လျှို့ဝှက်နံပါတ်ရှိ၏။

''၁၁၂၃... ဒီလောက်များလား?'' ကောင်းယောင်ယောင်က လွန်ခဲ့သော ၁၀ ရက်အတွက်ကော်မရှင်ခကိုမြင်လျှင် ရေရွတ်လိုက်မိသည်။

ပမာဏမှာ သူမထင်ထားသည်ထက် အပြတ်အသတ်များသည်။ လတစ်ဝက်တောင်မကျိုးသေး။ ဒါနောက်လ ယွမ် ၂၅၀၀ ကျော်နိုင်တယ်ဆိုတဲ့သဘောလား?

ဒါဆိုသူမလစာက ယွမ် ၇၀၀၀ ပေါ့။

ရုံချန်းစီရင်စုတွင် ပျမ်းမျှလစာမှာ ယွမ် ၃၀၀၀ မှ ၄၀၀၀ ဖြစ်သည်။ တစ်လယွမ် ၄၀၀၀ စုပြီး နောက်နှစ်အသက် ၂၀ ပြည့်လက်ဆောင်အဖြစ် ကားအသေးလေးတစ်စီးကို စရံငွေပေးချေနိုင်တော့မည်။

ထိုအကြောင်းတွေးမိရုံနှင့် စိတ်လှုပ်ရှားလာလေသည်။



တခြားသူများမှာ ကောင်းယောင်ယောင်၏အသံကြောင့်သိသိသာသာစိတ်ဝင်စားသွားကြသည်။

အကြောင်းတချို့ကြောင့် အားလုံးမှာ သန့်ရှင်းရေးကိုပို၍စိတ်အားထက်သန်သွားကြသည်။ အထူးသဖြင့် စားပွဲထိုးများဖြစ်၏။ သူတို့၏ကော်မရှင်ခမှာ ကောင်းယောင်ယောင်နှင့်တူသောကြောင့်ပင်။

ချင်လင်လည်း ခံစားမိသည်။ သူရဲကောင်းတောင်ကြားမှလွဲ၍ ရုံချန်းစီရင်စုထဲတွင် ဝန်ထမ်းများကိုကော်မရှင်ပေးနိုင်သောသူရှိမည်မဟုတ်။

နောက်ပြီး ဧည့်သည်အဝင်အထွက်ကလည်း ပမာဏတစ်ခုကိုမရောက်သေးပေ။ သူတို့တောင်ဝန်ထမ်းများကိုစိတ်ခွန်အားပေးနိုင်လျှင် သူကဘာလို့မပေးနိုင်ရမှာတဲ့လဲ။

…

နောက်တစ်နေ့နံနက်စောစောတွင် စံအိမ်၏တခြားတစ်ဖက်၌ ဆောက်လုပ်ရေးကုမ္ပဏီရောက်လာသည်။ ၄င်းမှာ ရုံချန်းစီရင်စုပထမဆောက်လုပ်ရေးကုမ္ပဏီဖြစ်၏။

ချင်လင်က ဂိမ်းထဲမှအားလုံးထုတ်၍ စံအိမ်သို့အသုတ်ခွဲပို့ပြီးရုံရှိသေး။ ရုံချန်းစီရင်စုပထမဆောက်လုပ်ရေးအင်ဂျင်နီယာကုမ္ပဏီဥက္ကဌစွန်းက သူ့ကိုလာရှာသည်။

ဥက္ကဌစွန်းနာမည်မှာ စွန်းမင်ဖြစ်သည်။ သူကအသေးစိတ်စီမံချက်လည်းယူလာ၏_ ''သူဌေးချင်... ရွက်လွှင့်လုပ်ငန်းထက် ယေဘူယျစီစဉ်ထားတာက ပန်းပင်လယ်က အနောက်ဘက်မဖွံ့ဖြိုးတဲ့မြေမှာကျမယ်... သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က စံအိမ်ရဲ့တစ်ဖက်တစ်ချက်မှာကျမယ်... ဒါဆိုရင်ကြည့်ရတာ မငြီးငွေ့တော့ဘူး...တည်းခိုခန်းတွေကို ပန်းပင်လယ်နှစ်ခုကြားမှာထားမယ်... ဒီအထူးအသေးစိတ်အစီအစဉ်ကိုသေချာကြည့်ပါဦး''

ချင်လင်ကအစီအစဉ်ကိုယူ၍ကြည့်လိုက်သည်။ အားလုံးက သူ့လိုအပ်ချက်အတိုင်းပင်။ ပထမဆုံး စားသောက်ဆိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် လုံးဝအသုံးချနိုင်သောနည်းများစွာပါ၏။ နောက်ပြီး သတို့သမီးခန်းအစီအစဉ်နှင့် ပန်းပင်လယ်လုပ်ငန်းရှိသည်။ သတို့သမီးခန်းအစီအစဉ်တွင် ခရီးသည်များအနားယူရန် ထိုင်ခုံများ၊ ပုခက်များ၊ ဒန်းများပါသောနားနေဆောင်များပါသည်။

သတို့သမီးခန်းမှာအများကြီးရှိမည်မဟုတ်။ ၁၀၀ မှ ၁၅၀ အထိသာ။

စံအိမ်၏တိုးတက်မှုနှုန်းအရ ထိုအရေအတွက်မှာ ခရီးသည်အရေအတွက်နှင့်စာလျှင်မလုံလောက်ပေ။ သို့သော်လည်း ထိုထက်ပိုလုပ်ရန်ရည်ရွယ်ချက်မရှိ။ ၄င်းမှာစံအိမ်၏အပြင်အဆင်ပြည့်စုံရန်အတွက်သာဖြစ်သည်။ ထိုတစ်ညတာအရင်းအနှီးနည်းနည်းလေးအတွက် စီရင်စုနှင့်ယှဉ်ပြိင်ရန်မလိုအပ်။

ခရီးသည်များကိုစီရင်စုထဲပိုနေစေခြင်းကသာ ခရီးသည်များ၏ဖြုန်းအားကိုပိုထွက်စေပြီး စီရင်စု၏ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်း+အစီအစဉ်အတွက် တောင်တန်းစံအိမ်၏အရေးပါပုံကိုလည်း ပြသရာရောက်ပေမည်။

အသေးစိတ်အစီအစဉ်နှင့်ပတ်သက်၍ ပြဿနနာမရှိကြောင်းအတည်ပြုပြီး ချင်လင်က_ ''ဥက္ကဌစွန်း... ဒီစီရင်စုကထောက်ပံ့တဲ့လုပ်ငန်းတွေအပြင် ကျွန်တော့်မှာ ခင်ဗျားအကူအညီလိုတဲ့လုပ်ငန်းတချို့ရှိသေးတယ်... နောက်မှ ကျွန်တော်ကိုယ်တိုင် ဒီလုပ်ငန်းတွေအတွက်ရံပုံငွေရှာပေးမယ်''

''ပြောပါ ဥက္ကဌချင်'' စွန်းမင်ကမငြင်းပယ်။ သူကတောင်တန်းစံအိမ်ထောက်ပံ့ငွေလုပ်ငန်းကိုလက်ခံထားပြီးဖြစ်၍ လုပ်ငန်းနှစ်ခုထပ်ယူရလည်းကိစ္စမရှိ။

ချင်လင်ကတခဏမျှတွေးလိုက်ပြီး_ ''ဥက္ကဌစွန်း... အရင်ဆုံး ကျွန်တော်ဝန်ထမ်းအဆောင်ဆောက်ချင်တယ်... ပြီးတော့ အထက်တန်းခရီးသည်တွေအတွက် စံအိမ်အကြီးကြီးလုပ်ချင်တယ်... ကျန်တဲ့နေရာတွေမှာ စိုက်ပျိုးမွေးမြူရေးခြံလုပ်ဖို့စီစဉ်ထားတယ်''

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်မှာ စိုက်ပျိုးမွေးမြူခြံမရှိလို့ဖြစ်မလား?

စိုက်ပျိုးမွေးမြူရေးခြံက ဂိမ်းထဲမှာဖွံ့ဖြိုးလာရင် ခြံမွေးတိရစ္ဆာန်များပေါက်လာမည်။ ဂိမ်းထဲက စတော်ဘယ်ရီအရသာနွားနို့ထုတ်နိုင်ရန် နွားများရှိလာမည်ဆိုတာတောင် သိထားသည်။

ထို့ကြောင့် အရင်ဆုံးထိုဘက်ကိုအသားပေးပြင်ဆင်ထားရမည်။ အစကတည်းက အစီအစဉ်နောက်တစ်ဆင့်ရှိထားသည်။ စီရင်စုထောက်ပံ့ငွေပြီးလျှင် ထိုအစီအစဉ်ကိုဆက်လက်အကောင်အထည်ဖော်မည်။

''ဒါဆိုကျွန်တော်ပြန်ပြီး ဘယ်လိုစီစဉ်ရမလဲတစ်ချက်ကြည့်လိုက်ပါဦးမယ်... နောက်မှဥက္ကဌချင်နဲ့ဆွေးနွေးကြမလား?'' စွန်းမင်က ချင်လင်၏တောင်းဆိုချက်ကိုမှတ်ထားပြီး အင်ဂျင်နီယာအဖွဲ့ကိုကြီးကြပ်ရန်သွားလိုက်သည်။

ပထမဆုံးနေ့တွင် သူမျက်စိဒေါက်ထောက်ကြည့်နေရပေမည်။

ချင်လင်က စံအိမ်ခန်းမထဲပြန်လာခဲ့သည်။

ဒီနေ့ သူ့အမေနှင့်ကျောက်မိုချင်းမလာ။ ယောက္ခမနှင့်ချွေးမနှစ်ဦးသား အိမ်ခန်းကိုရှင်းရန်မစောင့်နိုင်ကြတော့ချေ။

သူကစိတ်ထဲမှဖန်သားပြင်ကိုကြည့်၍ ဂိမ်းဇာတ်ကောင်အား တောင်တန်းအနောက်ဘက်တောစပ်တောင်ကုန်းနားမရောက်ခင်အထိ မြေပုံအတိုင်းလျှောက်သွားစေလိုက်သည်။

တောင်တန်းကို နိုထရီဒိန်းတောင်ဟုခေါ်၏။ ၄င်းမှာ ဂိမ်းထဲ၌နေရာကြီးကြီးလည်းယူထားသည်။

ဂိမ်းပုံစံအဟောင်းတွင် နိုထရီဒိန်းတောင်ကိုဝင်နိုင်ပြီး တောင်ထွက်ပစ္စည်းများရှာ၍ ရောင်းချနိုင်သည်။

ဤပုံစံမှာမူ အရင်ပုံစံအတော်များများနှင့် နည်းနည်းကွဲလွဲမှုရှိ၏။ အရင်ကသူ ဂိမ်းဇာတ်ကောင်အား နိုထရီဒိန်းတောင်သို့သုံးလေးခါသွားစေခဲ့ဖူးသော်လည်း ဘာမှထူးခြားတာမတွေ့။ တောင်တန်းထုတ်ကုန်လည်း ပေါ်မလာပေ။

ဤတစ်ကြိမ်နိုထရီဒိန်းတောင်ကိုဝင်လိုက်သောအခါတွင်မူ NPC ပေါ်လာ၏။

၄င်းမှာ သတ္တုမြို့တော်မှဓမ္မာသောက Gozzi ဖြစ်သည်။

Gozzi က_ ''တောင်တန်းတွေဆိုတာ ကမ္ဘာကြီးအတွက်လက်ဆောင်ပဲ... သစ်တွေထွက်တဲ့အပြင် လူတွေကြိုက်တဲ့တောင်တန်းထွက်ကုန်တွေလည်းအများကြီးရှိတယ်... Zach ကဒါမျိုးတွေဝယ်ရတာကြိုက်မယ်လို့ ဘယ်သူသိမှာလဲ''

ထို NPC ၏စကားပြောပေါ်လာသည်ကိုတွေ့လျှင် ချင်လင်ကဝမ်းသာစွာကြည့်လိုက်သည်။

ဒီတော့ သူတောင်တန်းထုတ်ကုန်ရှာလို့ရသွားပြီလား?



All Chapters