← Chapters

တစ်ဦးကိုတစ်ဦးအထင်မသေးရ!

Vol. 6 Ch. 80

တစ်ဦးကိုတစ်ဦးအထင်မသေးရ!

Vol. 6 Ch. 80

စိုက်ပျိုးမွေးမြူရေးပုံပြင်အစောဆုံးပုံစံမှ အမျိုးမျိုးသောနောက်ပိုင်းပုံစံများအထိ မည်သည့်ပုံစံဖြစ်စေ တောင်တန်းထွက်ကုန်များမှာ ဂိမ်းအစောပိုင်းကာလ၏ဘဏ္ဍာရေးအရင်းအမြစ်များထဲမှတစ်ခုဖြစ်၏။ မတူသည်က တောင်တန်းထွက်ကုန်အမျိုးအစားပင်။

ချင်လင်မှာ ဤဂိမ်းအသစ်ကိုစဆော့ရုံရှိသေးသည်။ အရင်ကပြန်လည်မဆန်းသစ်ဖူး၍ ဘာမှန်းမသိသေး။

Gozzi မှာ စိုက်ပျိုးမွေးမြူရေးပုံပြင်ပုံစံအတော်များများထဲမှ ပုံမှန် NPC တစ်ခုဖြစ်သည်။ Zach ကဲ့သို့ပင် သူ့ NPC စကားပြောကိုဖတ်ပြီးသည်နှင့် ပခုံးပေါ်သစ်လုံးတင်၍ သစ္စာရှိရှိထွက်သွားတော့သည်။

ချင်လင်က သူ့စိတ်ထဲမှဂိမ်းဇာတ်ကောင်အား နိုထရီဒိန်းတောင်ထဲဝင်စေလိုက်သည်။

သည်တစ်ကြိမ်တွင်မူ အရင်ကနှင့်လုံးဝမတူတော့ချေ။ တောင်ထဲဝင်လိုက်သည်နှင့် ပစ်မှတ်စုပေါင်းစပ်ပေါင်းတွေ့လိုက်ရ၏။

(သဘာဝချူကီးနှင်းဆီ ၁ ကတ်တီရလိုက်သည့်အတွက် ဂုဏ်ယူပါတယ်!)

သူကဂိမ်းဇာတ်ကောင်အား ဆက်သွားစေလိုက်သည်။

မကြာမီ နောက်ထပ်ပစ်မှတ်တစ်စုတွေ့လိုက်ရ၏။

(သဘာဝပျဉ်းမပင် ၂ ကတ်တီရလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်!)

…

(သဘာဝချူကီနှင်းဆီ ၂ ကတ်တီရလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်!)

…

(သဘာဝပျဉ်းမပင် ၁ ကတ်တီရလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်!)

…

ချင်လင်က ဂိမ်းဇာတ်ကောင်အား နိုထရီဒိန်းတောင်တွင်စုဆောင်းနိုင်သောပစ်မှတ်အားလုံးကိုစုဆောင်းစေသော်လည်း သူရရှိသောအသိပေးစာအားလုံးမှာ သဘာဝချူကီနှင်းဆီနှင့်ပျဉ်းမပင်ချည်းသာ။

နိုထရီဒိန်းတောင်မှာ ဒီတောင်တန်းထွက်ကုန်နှစ်မျိုးပဲစိုက်နိုင်သလား ဒါမှမဟုတ် နောင်တွင်အပြောင်းအလဲရှိလာမလားသိချင်လာသည်။

ချူကီနှင်းဆီနှင့်ပျဉ်းမပင်များမှာ ဆေးဖက်ဝင်အပင်ဟုယူဆ၍ရပြီး တောင်ပေါ်မှရသောပစ္စည်းမျိုးဖြစ်၏။

ထိုနှစ်မျိုးမှာ အတွေ့ရလည်းများသည်။ အတုအယောင်အပင်များမှာ သိပ်စျေးမကြီးလှပေ။ သာမန်အပင်မှာ ယွမ် ၁၀ မှ ၁၅ ယွမ်ရှိပြီး သန့်စင်သောသဘာဝအပင်မှာလည်း ယွမ် ၂၀ မှ ၃၀ အထိသာရှိသည်။

သို့သော်ထိုတောင်တန်းထွက်ကုန်နှစ်မျိုးမှာ များစွာအသုံးတည့်၏။ ၄င်းတို့ကို ဝိုင်ချက်ရန်သုံးကြသည်။

ထို့အပြင် ရွှေရောင်ချူကီနှင်းဆီကိုဝိုင်ချက်ပြီး သက်တမ်းရင့်သည်နှင့်အမျှ သဘာဝချူကီနှင်းကီဝိုင်တစ်ကတ်တီကို ယွမ် ၁၅၀ နှင့် ရောင်းချနိုင်သည်။

ပုံမှန်အားဖြင့် တစ်နှစ်နှစ်နှစ်ကြာစိမ်ထားရသည်။ တစ်လနှစ်လစိမ်ထားသည်ကမူ စျေးသိပ်မကြီးတတ်ပေ။

ရိုးရိုးဝိုင်ဖြစ်စေ ဆေးဖက်ဝင်ဝိုင်ဖြစ်စေ သက်တမ်းရင့်သည်နှင့်အမျှ ဝိုင်စျေးကြီး၏။

ထို့နောက် သူအကြံတစ်ခုရလိုက်သည်။

စိုက်ပျိုးမွေးမြူရေးပုံပြင်၏တမူထူးခြင်းကြောင့် လက်တွေ့ဘဝတွင်အသီးတင်ရန် အစကသုံးလခန့်စောင့်ရသောဖရဲသီးများမှာ ဂိမ်းထဲတွင် ၁၀ နာရီကျော်သာလိုအပ်၏။ အချိန်စီးဆင်းပုံမတူညီပေ။ သူဂိမ်းထဲဝင်လိုက်မှသာ အချိန်စီးဆင်းပုံကပုံမှန်ဖြစ်သွားသည်။(အခန်း ၁)



ထိုအချိုးအတိုင်း ဂိမ်းထဲမှာတစ်ရက်လောက်ဝိုင်ဖောက်ထားရင် နှစ်ဝက်လောက်စိမ်ထားနဲ့အတူတူပဲမလား?

ဒါကအချိန်လည်းမကုန်တော့။

တစ်လဆိုလျှင် ၁၅ နှစ်နှင့်ညီမည်။

သို့သော် အပြင်ကပစ္စည်းများမှာ ဂိမ်း၏အထူးစည်းမျဉ်းထိရောက်ခြင်းရှိမရှိတော့မသိရသေး။

သူအဖြေရှာရန် စမ်းသပ်ရပေမည်။

ချင်လင်က သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကို အာရုံမစိုက်တော့ဘဲ နေရာလွတ်ရှာလိုက်သည်။ အတွေးနှင့်ဂိမ်းထဲဝင်၍ သိုလှောင်ခန်းထဲသွားလိုက်၏။

(သဘာဝချူကီနှင်းဆီ: အရည်အသွေး ၂ - ၁၀ ကတ်တီ)

(အထူးအရည်အသွေးရှိတောင်တန်းထွက်ကုန်ဖြစ်သည်။ ဆေးဖက်ဝင်ဝိုင်ချက်သည့်ဆေးပစ္စည်းအဖြစ်အသုံးပြုနိုင်သည်။

အာနိသင်များ: မကြာခဏဆီးသွားခြင်းကိုသက်သာစေခြင်း +၂၊ ကျောက်ကပ်အားဖြစ်စေခြင်း +၂)

…

(ပျဉ်းမ: အရည်အသွေး ၂ - ၁၀ ကတ်တီ)

(အထူးအရည်အသွေးရှိတောင်တန်းထွက်ကုန်ဖြစ်သည်။ ဆေးဖက်ဝင်ဝိုင်ချက်သည့်ဆေးပစ္စည်းအဖြစ်အသုံးပြုနိုင်သည်။

အာနိသင်များ: သွေးအားကောင်းစေခြင်း၊ ချီဓာတ်လှည့်ပတ်မှုကောင်းစေခြင်း၊ ယန်ဓာတ်တိုးစေခြင်း +၂)

''...'' ချင်လင်က ထိုပစ္စည်းနှစ်မျိုး၏မိတ်ဆက်ကိုကြည့်ရင်း ဂိမ်းစီစဉ်သူမှာ တစ်ခုခုတော့တစ်ခုခုပဲဟု ခံစားလိုက်ရ၏။

ကျောက်ကပ်အားဖြစ်စေတယ်?

ယန်ဓာတ်တိုးစေတယ်?

ဘာလို့ဒီလိုအာနိသင်တွေရှိတာလဲ?

ဒါပေမဲ့ သောက်... သူကြိုက်တယ်။

ဒီဝိုင်ဖောက်ပြီး တစ်နှစ်ပတ်လုံးသောက်ရင် အသက် ၆၀ တောင် အလွန်ရဲရင့်သောစစ်သူကြီးကဲ့သို့ဖြစ်ကောင်းဖြစ်လာနိုင်မည်။

သို့သော်လည်း ထိုနှစ်မျိုးမှာ ၁၀ ကတ်တီစီသာရှိ၏။ နည်းနည်းလေးမှ တကယ့်နည်းနည်းလေး။

ဒီလိုအာနိသင်မျိုးကို သေချာပေါက်စျေးထဲက သာမန်ချူကီနှင်းဆီ၊ပျဉ်းမတို့နှင့် တစ်တန်းတည်းထား၍မဖြစ်။

ဒီဝိုင်ဖောက်လျှင် လူတွေကတစ်ကတ်တီ ယွမ် ၅၀၀ နှင့်ဝယ်ကြလိမ့်မည်။ သက်တမ်းရင့်လျှင် တစ်ကတ်တီကို ယွမ် ၁၀၀၀၊ ၂၀၀၀ ရောင်းလည်းကိစ္စမရှိပေ။

နောက်ပြီး သူတန်းရောင်းမည်ဆိုလျှင် သေချာပေါက်ဝိုင်ထဲ၌စိမ်ရပေမည်။

ချင်လင်ဂိမ်းထဲမှထွက်ပြီးနောက် စံအိမ်မှထွက်၍မြို့ထဲသွားလိုက်သည်။ ထို့နောက်သူက အရက်နှင့်ဆေးရွက်ကြီးစျေးသွားကာ ၅၅°ဝိုင်ဖြူကတ်တီ ၁၀၀ ဝယ်လိုက်၏။

ချူကီနှင်းဆီနှင့်ပျဉ်းမဝိုင်လုပ်ရန်အကောင်းဆုံးအချိုးမှာ ၁:၅ ဖြစ်ပြီး အရက်ပါဝင်မှုနှုန်း ၅၀° ကျော်ရပေမည်။

ထို့အပြင် စျေးနှုန်းပေါလွန်း၍မရ။ သူက တစ်ကတ်တီယွမ် ၅၀ တန်ဝိုင်ဖြူကိုတန်းရွေးလိုက်သည်။ တစ်ကတ်တီ ၁၀ ယွမ်တန်ဝိုင်ဖြူကိုသုံးလို့တော့မဖြစ်ဘူးမဟုတ်လား?

ရှက်စရာကောင်းလိမ့်မည်။

အခုတော့ ဂိမ်းထဲမှအချိန်အချိုးမှာ သူမှန်းထားသည်နှင့်ကိုက်ညီမှုရှိမရှိစမ်းသပ်ရတော့မည်။

ချင်လင်က ဝိုင်ဖြူကတ်တီ ၁၀၀ ကိုဂိုဒေါင်ပို့လိုက်ပြီးနောက် စူပါမားကတ်တွင် အရက်စိမ်ရန် ကတ်တီ ၆၀ ဆံ့ပုံးကြီးများဝယ်လိုက်သည်။ ၄င်းပုံးကြီးများမှာအဖုံးပိတ်နိုင်ပြီး အရက်ချက်ရန်အသုံးပြုနိုင်သောဘုံပိုင်ခေါင်းပါ၏။



တခြားခွက်သေးများလည်းအရံသင့်ဆောင်ထားသည်။

ထို့နောက်ချင်လင်က ဝိုင်ဖြူနှင့်ပုံးများကိုဂိမ်းထဲရွှေ့ကာ သိုလှောင်ခန်းထဲတန်းထည့်လိုက်သည်။ ဝိုင်ဖြူ၊ ချူကီနှင်းဆီနှင့်ပျဉ်းမတို့ကိုအရက်ချက်ပုံးကြီးထဲထည့်၍ အဖုံးပိတ်လိုက်၏။

အားလုံးပြီးစီးမှ ချင်လင်ကဂိမ်းထဲမှပြန်ထွက်လာသည်။

သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကို တဖန်ပြန်ကြည့်လိုက်သောအခါ သိုလှောင်ခန်းထဲတွင်အမှန်တကယ်ပုံးကြီးနှစ်ပုံးထပ်ရောက်နေပြီ။ သို့သော်မြင်ကွင်းမှာ သူယူလာသည့်ပုံစံနှင့်ကွာခြားနေ၏။ အပြင်မှကြည့်လျှင် ဂိမ်းထဲကအတိုင်း နှစ်ဖက်မြင်ပုံစံနှင့်တူနေသည်။

(အမည်မသိဆေးဖက်ဝင်ဝိုင်!)

သူကဂိမ်းဇာတ်ကောင်ကို ရှေ့တိုးစေလိုက်ရာ လောလောဆယ် ထိုမှတ်ချက်သာရှိသေးသည်။

ကျန်တာကို မနက်ဖြန်မှစစ်ကြည့်ရပေမည်။

စံအိမ်ပြန်ရောက်သောအခါ ကောင်းယောင်ယောင်က သူ့ဆီပြေးလာပြီးအစီရင်ခံ၏_ ''သူဌေး... ဆေးဖက်ဝင်ပျားရည်အရောင်းကန့်သတ်ထားတာတောင် မလောက်သေးပါဘူး... ကျွန်မတို့ဆေးဖက်ဝင်ပျားရည်အရောင်းမြှင့်လို့ရမလား?''

ချင်လင်ကခေါင်းခါ၍_ ''နေ့တိုင်းဒီလောက်ပမာဏပဲရတာ... အရောင်းမြှင့်လို့မရဘူး''

ကောင်းယောင်ယောင်ကအကြံပြုလိုက်သည်_ ''ဒါဆို ခရီးသည်တွေရွေးချယ်စရာရှိအောင် တခြားသာမန်သစ်သီးနဲ့နို့လက်ဖက်ရည်ထပ်တိုးကြမလား?''

''အင်း... ငါမနက်ဖြန်စီစဉ်လိုက်မယ်'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။ ဒါကလည်း အစကတည်းကစီစဉ်ထားသည်ပင်။

ယခုဆေးဖက်ဝင်ပျားရည်မှာ လူ ၁၅၀၀ အတွက်တောင်မလောက်။ နောက်ဆိုပိုများလာဦးမည်။ ၄င်းကိုတခြားသာမန်သစ်သီး၊ နို့လက်ဖက်ရည်တို့နှင့် ယှဉ်ရောင်းရပေမည်။

သူပြန်သွားပြီး ကျောက်မိုချင်းကိုဒီအကြောင်းပြောပြရမည်။ အရင်တစ်ခေါက်က သူ့ယောက်ဖကျောက်မိုယွင်ဆီမှအော်ဒါရထား၏။

နောက်တစ်ရက်ကုန်သွားပြန်သည်။

ညပိုင်းတွင် ဝင်ငွေတွက်ချက်ကြည့်ရာ ယွမ် ၄ သိန်းထိန်းထားနိုင်ဆဲပင်။

အိမ်ပြန်ရောက်သောအခါ ကျောက်မိုချင်းနှင့်လင်းဖန်လည်း ပြန်ရောက်နေပြီ။ သူတို့က ဖုန်းထဲမှအပြင်အဆင်တချို့ကိုကြည့်နေကြသည်။

ဘေးနားတွင် ဝမ်ချိုင်ကလှဲလျောင်း၍ ပျင်းပျင်းနှင့်သူ့လက်သည်းများကိုလျက်နေ၏။

''ဝု... ဝု'' ဝမ်ချိုင်က ချင်လင်ပြန်လာသည်ကိုမြင်လျှင်ပြေးလာပြီး သူ့ခြေထောက်ကိုခေါင်းနှင့်ခွေ့နေသည်။

''ပြန်လာပြီလား?'' လင်းဖန်ကပြုံးရွှင်နေ၏_ ''ဒီနေ့ မိုချင်းနဲ့ငါ စျေးဝယ်ထွက်ခဲ့တယ်... အဲဒီမှာအပြင်အဆင်တွေအများကြီးပဲ...''

သူမကစ၍ ပေါက်ပေါက်ဖောက်တော့သည်။

သူမအတွက်တော့ ပြီးပြည့်စုံမှုတစ်ခုပင်။

ချင်လင်လည်း သူ့အမေပျော်နေသည်ကိုမြင်၍ ပျော်ရွှင်နေ၏။

နေ့တိုင်းသူ့မိခင်ပျော်ရွှင်နေဖို့က အရာအားလုံးထက်အရေးကြီးပေသည်။

''ဒါနဲ့အိမ်ပြောင်းရင်လေ... မင်းဦးလေးအာ့ကန်းနဲ့ဦးလေးတလင်ကိုခေါ်ရမယ်... မင်းဦးလေးနဲ့ကျန်တဲ့...'' လင်းဖန်ကပြောနေရင်း သူမမျက်နှာမဲသွားပြီး_ ''ထားလိုက်တော့... ကျန်တဲ့သူတွေတော့ ရှိပါစေတော့''

ချင်လင်ကရှေ့တိုး၍ သူမကိုနှစ်သိမ့်လိုက်သည်_ ''အမေ... သူတို့ကကျွန်တော်တို့ကိုသဘောမကျမှတော့ သူတို့နဲ့ဆက်ပြီးမပတ်သက်တာကောင်းတယ်လေ... သူတို့ကိုတွယ်ကပ်မနေဘဲ ကောင်းကောင်းနေကြမယ်''

အနေဝေးတဲ့ဆွေမျိုးထက် အိမ်နီးချင်းကပိုကောင်းတယ်ဆိုသော ဆိုရိုးစကားကဲ့သို့ပင်။ တစ်ခါတရံလုံးဝမှန်သည်။

သူ့အဖေအသည်းအသန်နေမကောင်းဖြစ်စဉ်က ဦးလေးရွှေ့ကန်းနှင့်ဦးလေးတလင်တို့လိုစေတနာကောင်းသူများရှိခဲ့သည်။ သူ့ကိုရှောင်သောသူများလည်း အများကြီးရှိ၏။ သူ့အမေဆီမှဖုန်းဝင်သည်နှင့် စကားတစ်ခွန်းမဆိုဘဲဖုန်းချသွားသူများတောင်ရှိခဲ့သည်။

သူ့ဦးလေးနှစ်ယောက်လည်းပါ၏။ သူ့အမေက သူ့အိမ်ရှေ့သွား၍တောင်းဆိုနေသည့်ပုံကို မှတ်မိနေသေးသည်။ အခက်အခဲပေါင်းစုံညည်းတွားပြခဲ့သောသူ့ဦးလေးနှစ်ယောက်က သူ့အဖေဆုံးပြီးနောက်ပိုင်း ကားတစ်စီးစီဝယ်ခဲ့လေသည်။

သူ့ဦးလေးနှစ်ဦးမှာ ပိုက်ဆံရှိရုံနှင့်သူတို့ကိုချေးမည်မဟုတ်။ ဘာပဲဖြစ်ဖြစ်ပိုက်ဆံရှာရခက်ခြင်းကြောင့်ဖြစ်သည်။

ဒီတော့ ချင်းစိမ်းနှင့်မိဿလင်လို။ သူတို့ကနှလုံးသားမရှိမှတော့ သူတို့နှင့်ဆက်ပတ်သက်စရာအကြောင်းလည်းမရှိ။ မဟုတ်လျှင်သူက စျေးပေါရာကျနေမည်မဟုတ်ပါလား?

နောက်ပြီး သူတို့အဘိုးအဘွားတွေလည်း ကွယ်လွန်သွားကြပြီဖြစ်၍ ဆွေမျိုးဟုသဘောထားလိုက်ရုံသာရှိတော့သည်။



All Chapters