← Chapters

ချင်းလင်ဆေးဖက်ဝင်ဝိုင်!

Vol. 6 Ch. 81

ချင်းလင်ဆေးဖက်ဝင်ဝိုင်!

Vol. 6 Ch. 81

နောက်တစ်နေ့တွင် ချင်လင်ကခါတိုင်းလိုပင် သူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။ သူကဂိမ်းဇာတ်ကောင်အား သီးနှံမှည့်များခူးစေပြီး မျိုးစေ့အသစ်များချထားလိုက်သည်။

ထို့နောက်သူက ဂိမ်းဇာတ်ကောင်အားတောထဲသွားစေ၍ ယနေ့အသစ်ရရှိသောပျားရည်ကိုသိုလှောင်ခန်းထဲထည့်စေလိုက်သည်။ နောက်ဆုံးဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်ဘက်သွားစေလိုက်၏။

သို့သော် တောင်တန်းထွက်ကုန်မှာ အသစ်ထွက်မလာ။ အချိန်မစေ့သေးလို့လား ဒါမှမဟုတ် တောင်တန်းထွက်ကုန်တွေရဲ့အသစ်ပြန်ပေါ်တဲ့စနစ်ကမတူလို့လားတော့ သူမသိချေ။

ချင်လင်က ဂိမ်းမှအာရုံလွှဲလိုက်ပြီး မျက်နှာသစ်ရန်ထလိုက်သည်။ မနက်စာစားပြီးနောက် ဂိုဒေါင်သို့သွား၍ သီးနှံမှည့်များနှင့်သဘာဝပျားရည်ကို ဂိမ်းထဲမှထုတ်ကာ စံအိမ်သို့တစ်သုတ်ချင်းပို့လိုက်၏။

ချင်လင်ကအလုပ်ပြီးရုံရှိသေး ဖုန်းဝင်လာသည်_ ''ဥက္ကဌချင်... လူကြီးမင်းမှာထားတဲ့ကားနှစ်စီးရောက်ပါပြီ... စာချုပ်စာမှတ်ထိုးပြီး DMV မှာစာရင်းသွင်းဖို့လိုပါတယ်ဗျ''

နောက်ဆုံးတော့ သူမှာထားတဲ့ကားနှစ်စီးရပြီ။ ဒါလုံးဝသတင်းကောင်းပင်။

အခုဂိမ်းထဲကပစ္စည်းတွေပိုထုတ်နိုင်တော့မည်။ ချာတူးလံနေသောသုံးဘီးကားမှာ အချိန်လုံးဝစားသည်။ ရောက်လာသောအပြာရောင်ကုန်ကားနှင့်ဆို အချိန်ကုန်သက်သာမည်ဖြစ်၏။

သို့သော် ဂိမ်းထဲမှပစ္စည်းပိုများလာလျှင် သူရွှေ့ရပိုခက်လာမည်။ သူတစ်ခုခုကြံရပေဦးမည်။

ဘာပဲဖြစ်ဖြစ် သူ့ခံနိုင်ရည်ကလည်း အကန့်အသတ်ရှိသည်။

ဖုန်းချပြီးနောက် သူကကျောက်မိုချင်းကိုဖုန်းခေါ်၍ သူ့ကိုလာကြိုခိုင်းလိုက်သည်။

အခုသူ့ကားရောက်လာပြီဖြစ်၍ သူ့ယောက်ဖ၏ကားကိုပြန်ပေးရတော့မည်။

မကြာမီကျောက်မိုချင်းစံအိမ်ရောက်လာပြီး _ ''ချင်လင်... ဘာလို့အလောတကြီးခေါ်လိုက်တာလဲ?''

ချင်လင်ကရှင်းပြလိုက်၏_ ''DMV ကိုသွားရအောင်... ကိုယ်မှာထားတဲ့ကားရပြီ''

''ကားရောက်ပြီလား?'' ကျောက်မိုချင်း၏လှပသောမျက်နှာကလေးဝင်းလက်သွားသည်။

နှစ်ခုလုံး BMW 5 စီးရီးဖြစ်သော်လည်း ကိုယ်ပိုင်ကားမောင်းရသည်နှင့် သူ့အစ်ကိုကားမောင်းရသည်က လုံးဝတူမည်မဟုတ်ပေ။

''သွားစို့!'' ချင်လင်ကပြောလိုက်သည်။

စီရင်စုမြို့ထဲဝင်ပြီးနောက် ကျောက်မိုချင်းက အရှေ့ပိုင်းမြို့တော်ရှိမင်းယွမ်ခရိုင်ဆီအရင်မောင်းသွားလိုက်၏။ သူမကအပေါ်တက်၍ ကျောက်မိုယွင်အားကားသော့ပြန်ပေးကာ ချင်လင်နှင့်အတူတက္ကစီငှားပြီး DMV သို့ထွက်လာခဲ့သည်။

DMV မှာမြို့အနောက်ဘက်ပိုင်းအလယ်ကျကျတွင်ရှိ၏။

ချင်လင်ရောက်သောအခါ ကားဆိုင်ပိုင်ရှင်ကအသင့်စောင့်နေသည်။ သူ့နံဘေးတွင် အသစ်စက်စက် BMW 5 စီးရီးကားနှင့်အပြာရောင်ကုန်ကားရှိ၏။

ကားဆိုင်ပိုင်ရှင်ကချင်လင်ကိုမြင်လျှင် ချက်ချင်းရောက်လာကာ_ ''သူဌေးချင်... စောင့်နေရလို့အားနာလိုက်တာ''



ကားပိုင်ရှင်မှာ အလွန်ယဉ်ကျေးမှန်းသိသာသည်။ သူကချင်လင်ကို ချင်းလင်စံအိမ်သူဌေးမှန်းသိ၏။ လူ့အဖွဲ့အစည်းက သည်လိုပင်။ သင့်တွင်အောင်မြင်မှုများရှိနေသရွေ့ အားလုံးကသင့်ကိုယဉ်ယဉ်ကျေးကျေးဆက်ဆံကြပေမည်။

ကားဆိုင်ပိုင်ရှင်က သူတို့ကိုနှုတ်ဆက်ပြီးနောက် စာရင်းသွင်းခြင်းနှင့်အထွေထွေလုပ်ငန်းစဉ်များမှာ မြန်မြန်ဆန်ဆန်ပြီးစီးသွားသည်။

BMW 5 စီးရီးနှင့်ကုန်ကားမှာ တရားဝင်ချင်လင်၏အမည်ပေါက်သွားပြီ။

ကားဆီရောက်လျှင် ကျောက်မိုချင်းက_ ''ချင်လင်... အမေ့ကိုပြန်ခေါ်လိုက်ဦးမယ်... အမေက လိုက်ကာဆိုင်မှာ လိုက်ကာရွေးတုန်းရှိသေးတယ်''

''ဟုတ်ပြီ!'' ချင်လင်ကခေါင်းညိမ့်လိုက်ပြီး_ ''ကိုယ်လည်း ဒီကားလေးကိုစမ်းကြည့်ချင်နေတာ''

ကျောက်မိုချင်းသွားလျှင် ချင်လင်ကကားထဲဝင်ပြီး စက်နှိုးလိုက်သည်။

ကားမှာ ပုံမှန်အပြာရောင်ကုန်ကားအတိုင်း ၁.၈ တန်လေး၏။

C1 အတွက် အပြာရောင်ကုန်ကားခွင့်ပြုတန်ချိန်မှာ ၄.၅ မကျော်ရ။ သို့ဖြစ်၍ တစ်ကြောင်းတစ်ကြောင်းကို ၂.၇ တန်တင်နိုင်သည်။ သာမန်အခြေအနေတွင် လူအများစုက ၃ တန်ဆွဲကြ၏။

အမြန်လမ်းမကြီးပေါ်မှမမောင်းလျှင် အစစ်ဆေးခံရမည်မဟုတ်ချေ။

တစ်နည်းဆိုရလျှင် ဤကားမှာဝန်တင်နိုင်သည့်ပမာဏမှာ မူလခနော်ခနဲ့သုံးဘီးကားထက် သုံးဆခန့်ရှိလေသည်။

အရင်ကဒီလိုကုန်ကားငယ်မျိုး ချင်လင်မောင်းဖူးသော်လည်း ကျွမ်းကျွမ်းကျင်ကျင်မဟုတ်။ သူက DMV အပြင်ဘက် မြန်မြန်ဆန်ဆန်မောင်းမထွက်ရဲ၍ ဂိုဒေါင်ရောက်ရန်အချိန်တော်တော်ပေးလိုက်ရသည်။

အခုတော့ ကုန်တင်တဲ့ပြဿနာဖြေရှင်းပြီးပြီ။ သယ်ယူရွှေ့ပြောင်းရမည့်ပြဿနာသာကျန်တော့သည်။ မဟုတ်လျှင် နောင်ပစ္စည်းပိုများလာလိမ့်မည်။ နေ့စဉ်နှင့်အမျှ ကားပေါ်ပစ္စည်းတင်ရသည်မှာ အလွန်ပင်ပန်းလှ၏။

သူသာဂိမ်းစနစ်၏ထူးခြားချက်ကိုမှီခိုပြီး ဖုံးကွယ်မနေရလျှင် ကားထဲမှာပဲရပ်၍ဂိမ်းထဲဝင်နိုင်မည်။ သူ့လက်နှင့်တစ်ခုခုကိုထိလိုက်ပြီး အတွေးတစ်ချက်နှင့် ကားထဲသို့တန်းထည့်နိုင်မည်။

သူသိပ်အားစိုက်စရာလည်းမလိုချေ။

သို့သော်လည်း သူ့အတွင်းရေးဖြစ်နေသည်။ သူပျောက်လိုက်ပေါ်လိုက်လုပ်နေသည်ကိုသာ လူမြင်သွားလျှင် ဒုက္ခရောက်လိမ့်မည်။

ကားပါကင်ထိုးပြီးနောက် ချင်လင်ကဂိုဒေါင်တံခါးကိုကြည့်လိုက်သည်။

အမြင့်နှင့်အကျယ်က ကုန်ကားမောင်းဝင်နိုင်လောက်၏။ ပြဿနာက အဆင့်ကွာခြားချက်ပင်။ ၄င်းတို့ကိုညီအောင် ဆင်ခြေလျှောလုပ်ရန်လိုနေသည်။ အချိန်ကျလျှင် တံခါးပေါက်ကိုသူပြုပြင်ရမည်။

လျှို့ဝှက်ထားရမည့်ကိစ္စဖြစ်၍ ဒါတွေအားလုံးသူကိုယ်တိုင်လုပ်ရမည်။ စံအိမ်ရှိဆောက်လုပ်ရေးဆိုဒ်ထဲမှပစ္စည်းကိရိယာများငှားရပေမည်။

တခြားလုပ်စရာမရှိ၍ ချင်လင်ကကုန်ကားကို စံအိမ်ဆောက်လုပ်ရေးဆိုဒ်ထဲ တန်းမောင်းသွားလိုံသည်။ ဆောက်လုပ်ရေးဆိုဒ်၏လမ်းကြောင်းမှာ နောက်ထပ်လမ်းသွယ်နှင့် လမ်းမကိုဖောက်ထား၏။ ထို့အပြင် အနားသတ်ကိုဝန်းကာထား၍ စံအိမ်၏ပုံမှန်လုပ်ငန်းများကိုထိခိုက်ခြင်းမရှိပေ။

ဆောက်လုပ်ရေးဆိုဒ်တာဝန်ခံမှာ ချင်လင်ကိုစံအိမ်ပိုင်ရှင်မှန်းသိသည်။ ထို့ကြောင့်သူက လက်တွန့်မနေဘဲ လိုအပ်သမျှပစ္စည်းကိရိယာများအားလုံးပေးလိုက်၏။

သည်တော့မှချင်လင်က ဂိုဒေါင်ပြန်လာပြီး ဝင်ပေါက်ကိုပုံစံပြောင်းတော့သည်။

တစ်နေကုန်သူကိုယ်တိုင်လုပ်ရပြီး ချွေးများရွှဲနေ၏။ အဆင့်များမညီမချင်းလုပ်ရင်း ကြားထဲ၌ လေးငါးကြိမ်နားယူရသည်။ နည်းနည်းအလုပ်ကြမ်းသည်ဆိုသော်လည်း အလုပ်ဖြစ်လျှင်ရပြီ။

သူအလုပ်ပြီးသောအခါ အိမ်ပြန်ရေချိုး၍အဝတ်လဲလိုက်၏။



ချင်လင်ကသူ့စိတ်ထဲမှဂိမ်းကိုထပ်ကြည့်လိုက်သည်။ အတွေးနှင့်သူက ဂိမ်းထဲဝင်လိုက်ပြီး သိုလှောင်ခန်းထဲသွားလိုက်၏။

ဝိုင်ထည့်ထားသောပုံးနားရောက်လျှင် မှတ်ချက်မှာပြောင်းနေသည်:

(XX ဆေးဖက်ဝင်ဝိုင်!)

(နာမည်မရှိသောဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ အထူးအာနိသင်ရှိသည်။ အရသာနှင့်အထိအတွေ့အလွန်ကောင်းသည်။

အထူးအာနိသင်: သွေးအားဖြည့် ချီလှည့်ပတ်မှုကောင်းစေခြင်း +၂၊ ကျောက်ကပ်အားကောင်းစေခြင်း +၂ နှင့် ယန်ဓာတ်အားကောင်းစေခြင်း +၂! မကြာခဏဆီးသွားခြင်းကိုသက်သာစေသည့်အာနိသင် +၂ ရှိသည်။ အမည်ပေးနိုင်သည်!)

ဤဝိုင်တွင် ချူကီနှင်းဆီနှင့်ပျဉ်းမနှစ်မျိုးစလုံး၏အရည်အသွေး ၂ ရှိသည်မှာသိသာ၏။ အရသာနှင့်အတွေ့အထိမှာ ထူးထူးခြားခြားဖော်ပြထားခြင်းမရှိဘဲ ကောင်းသည်ဟူ၍သာပါသည်။

'အမည်ပေးနိုင်သည်' ဟူသောစကားလုံးက ချင်လင်ကိုအံ့သြစေ၏။

တစ်နည်းဆိုရလျှင် ဤဝိုင်ဖော်စပ်နည်းမှာ ဂိမ်းထဲကအတိုင်းမဟုတ်။ သူကနာမည်ပေးဖို့အကြောင်းဖန်လာသည်။

''ချင်းလင်ဆေးဖက်ဝင်ဝိုင်?'' ချင်လင်ကပြောဖို့ကြိုးစားကြည့်သည်။ သူသာနောင်မှာဂိမ်းနာမည်တစ်ခုဖန်တီးနိုင်ခဲ့လျှင် 'ချင်းလင်'ဟူသောအမည်ကိုသုံးမှာအသေအချာပင်။

('ချင်းလင်ဆေးဖက်ဝင်ဝိုင်'ဟု အမည်ပေးပြီးပါပြီ!)

ချင်လင်ကဂိမ်းအသိပေးစာရလိုက်ပြီး ဝိုင်ပေါ်မှမှတ်ချက်ကိုကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ၄င်းမှာ 'ချင်းလင်ဆေးဖက်ဝင်ဝိုင်'ဟုပြောင်းသွားပြီဖြစ်၏။

သူကကြိုတင်ပြင်ဆင်ထားသောခွက်ငယ်လေးကိုကိုင်၍ ပုံးထဲမှဝိုင်ကိုထုတ်ရန်ကြံလိုက်သည်။ သူကအဆို့ကိုဖွင့်၍ ခွက်ထဲထည့်ပြီးနောက် ဂိမ်းထဲမှထုတ်ယူလာခဲ့၏။

ဤဝိုင်မှာ သွေးနှင့်ချီလည်ပတ်မှုအားကောင်းစေခြင်း +၂၊ ဆီးရောဂါသက်သာစေခြင်း +၂ နှင့် ကျောင်ကပ်အားကောင်းစေခြင်း +၂ အာနိသင်များရှိသည့် လုံးဝထုတ်ကုန်ကောင်းတစ်ခုပင်။

သို့သော် ဆေးဖက်ဝင်ဝိုင်တွင် အထူးအရည်အသွေးရှိသည်။ သာမန်ဝိုင်များကဲ့သို့ပင် အချိန်ကအဖိုးတန်၏။ သက်တမ်းရင့်လေလေ ပိုတန်ဖိုးရှိလေလေဖြစ်သည်။

မနေ့ညက သူအရက်အကြောင်းရှာကြည့်ပြီး ဝိုင်အသစ်တွင် ဝိုင်ကိုရှတတဖြစ်စေသည့်ပစ္စည်းများပါကြောင်း၊ အက်ခရီလစ်နှင့်ဆာလ်ဖိုက်ကဲ့သို့ပြင်းပြီး ကြမ်းရှရှရှိကြောင်းသိလိုက်ရသည်။ ညပိုင်းဝိုင်သောက်ခြင်းမှာ လည်ချောင်းကိုလှုံ့ဆော်ပေးပြီးအရသာဆိုး၏။

သို့သော် ဆီးနှင်းကျပြီးချိန်တွင် ဝိုင်ထဲရှိအယ်ဒီဟိုက်ပါဝင်နှုန်းတဖြည်းဖြည်းကျဆင်းသွားပြီး ဝိုင်အရည်အသွေးတက်လာသည်။

နှစ်နှစ်လှောင်ပြီးလျှင် ဝိုင်အရသာရှိ၍ လျှာပေါ်တွင်အကောင်းဆုံးအရသာစွဲကျန်ခဲ့မည်။

သုံးနှစ်လှောင်ပြီးလျှင် အောက်သိုးသိုးအနံ့စထွက်လာ၏။ ဝိုင်ကပိုအရသာရှိလာပြီး အတွေ့အထိနူးညံ့ကာ လျှာပေါ်တွင်ပိုကြာကြာစွဲကျန်ခဲ့မည်။

ပုံမှန်အားဖြင့် သာမန်အခြေအနေတွင် နှစ် ၃၀ မှာ အကောင်းဆုံးသက်တမ်းဖြစ်သည်။ နှစ် ၃၀ နောက်ပိုင်း နှစ် ၁၀၀ သက်တမ်းရှိဝိုင်လုပ်ချင်လျှင် သေချာပိတ်လှောင်ခြင်းနှင့်လက်ဆင့်ကမ်းနည်းစနစ်များလိုအပ်ပေမည်။

ဆေးဖက်ဝင်အပင်များမှာ ဝိုင်ထဲတွင်ပျော်ဝင်လာသည်နှင့်အမျှ ဆေးဖက်ဝင်အာနိသင်ပိုကောင်းလာနိုင်ပေသည်။ ဝိုင်လည်းအနံ့အရသာနှင့်ပိုပြည့်စုံလာမည်။

ချင်လင်မှာအရက်ဘယ်လိုသောက်ရသည်ဆိုတာထက် ဘီယာဘယ်လိုသောက်ရသည်သာသိ၏။ အရင်ကဆိုလျှင် ယွမ် ၃၀ ထက်စျေးကြီးသောအရက်များကိုမတတ်နိုင်သဖြင့် လှည့်ပင်မကြည့်ချေ။

အရက်ပါဝင်မှုများသည်ကိုမကြိုက်သောကြောင့် ဝိုင်ဖြူကိုလည်းများများမသောက်ဖူး။ အချိန်ဘယ်လောက်ကြာသည်ကို သူလုံးဝမပြောနိုင်ပေ။ မှတ်ချက်တွင်အချိန်မရေးထားသောကြောင့် သူမှန်းထားသည့်အတိုင်းဖြစ်မည်လားဟုလည်းမပြောနိုင်။ ဂိမ်းထဲတွင်တစ်ရက်မှာ နှစ်ဝက်နှင့်ညီမျှ၏။

နောက်ပြီးသူက ဖရဲသီးတစ်နေ့နှစ်ကြိမ်မှည့်သည့်အတိုင်း မှန်းဆထားခြင်းဖြစ်သည်။

ထို့ကြောင့်သူ့တွင် ဝိုင်သက်တမ်းကိုခွဲခြားနိုင်စွမ်းမရှိပါချေ။

သူစံအိမ်ကိုတစ်ချက်ယူသွားကြည့်ပြီး ဆရာလင်းနှင့်ချန်တပေတို့ကိုမြည်းခိုင်းရမည်။ ခရီးသည်တချို့ကိုမြည်းကြည့်ရန်ဖိတ်ခေါ်၍လည်း အခြေအနေကြည့်နိုင်သည်။

သူ့အထင်မှန်လျှင် ထိုဝိုင်ဖောက်သည့်နည်းမှာ စျေးမြင့်ပေမည်။

နှစ်ဝက်သက်တမ်းရှိဝိုင်နှင့်ဝိုင်အသစ်။ စျေးနှုန်းမှာ လုံးဝကွာခြားလိမ့်မည်။

သူ့ခန့်မှန်းချက်ဖြစ်နိုင်ချေရှိလျှင် တစ်လမှာ ၁၅ နှစ်သက်တမ်းနှင့်ညီမည်။ ဒါဆိုဘယ်လောက်များတန်ဖိုးရှိလိုက်မလဲ? ဟုတ်ပြီ.. သူကဒီအပိုင်းမှာ လုံးဝဗဟုသုတချို့တဲ့သည်။ အရင်ကသူဒီလိုဝိုင်မျိုးသောက်ရန်လည်းမတတ်နိုင်ခဲ့။ နောက်မှသူအွန်လိုင်းတွင်တစ်ချက်ရှာကြည့်ရပေမည်။



All Chapters