← Chapters

တီဗွီဇာတ်လမ်းတွေက အလိမ်အညာတွေ! သိက္ခာမရှိဘူး!

Vol. 6 Ch. 82

တီဗွီဇာတ်လမ်းတွေက အလိမ်အညာတွေ! သိက္ခာမရှိဘူး!

Vol. 6 Ch. 82

ချင်လင်က ဆေးဖက်ဝင်ဝိုင်ပုလင်းကို စံအိမ်ဆီတန်းယူလာခဲ့သည်။ ခန်းမထဲသူရောက်ရောက်ချင်း ချန်တပေနှင့်ဆရာလင်းအားကောင်တာသို့ခေါ်လိုက်၏။

''သူဌေး... ဘာမှာစရာရှိလို့လဲ?'' ချန်တပေက ရောက်လာလျှင်မေးလိုက်သည်။

''သူဌေး... အခုအော်ဒါတွေအများကြီးကျနေတာ... စားဖိုဆောင်ကပိုအလုပ်ရှုပ်လာတယ်... နောက်အကူတစ်ယောက်ခေါ်မှရမယ်'' ဆရာလင်းက ရောက်ရောက်ချင်းညည်းတွားလိုက်၏။

''ဆရာလင်း... အဲဒါကိုနောက်မှကျွန်တော်ဖြေရှင်းလိုက်မယ်... အခုကျွန်တော့်ကို ဆေးဖက်ဝင်ဝိုင်ကူမြည်းပေးပါဦး'' ချင်လင်ကပြောပြောဆိုဆိုခွက်နှစ်လုံးထုတ်၍ သူတို့နှစ်ဦးကိုဆေးဖက်ဝင်ဝိုင်တစ်ယောက်တစ်ခွက်စီပေးလိုက်သည်။

ဆေးဖက်ဝင်ဝိုင်မှာ ခွက်ကြီးနှင့်မသင့်တော်။ ခွက်သေးသာရသည်။

ချန်တပေနှင့်ဆရာလင်းက သူတို့သူဌေးဆိုလိုသည်ကိုနားမလည်။ သူတို့သူဌေးက ဝိုင်ခွက်ကမ်းပေးနေသည်ကိုမြင်လျှင် မြန်မြန်ယူ၍မြည်းကြည့်လိုက်သည်။

ဝိုင်တစ်ခွက်သောက်ပြီးလျှင် ဆရာလင်းက_ ''သူဌေး... ဒီဆေးဖက်ဝင်ဝိုင်က ၅၅° ဟုတ်တယ်မလား?''

ချန်တပေကလည်း_ ''ကျွန်တော်လည်း အဲလိုပဲထင်တယ်... အရမ်းပြင်းတယ်''

ဤသည်က လုံးဝချင်လင်လိုချင်သည့်အဖြေမဟုတ်။

တခဏအတွင်း ဆရာလင်းနှင့်ချန်တပေမှာ တစ်ခုခုလွဲနေသလိုလိုခံစားလိုက်ရသည်။

ထိုခံစားချက်မှာ သူတို့၏သွေးလှည့်ပတ်မှုပိုချောမွေ့လာသလိုလို အထူးသဖြင့် ခါးပတ်လည်တွင်နွေး၍ သက်သောင့်သက်သာရှိသောခံစားချက်ပင်။

''သူဌေး.. ဒီဆေးဖက်ဝင်ပျားရည်က စျေးမသက်သာဘူးမလား?'' ဆရာလင်းကအံ့သြ၍မေးလိုက်သည်။

ချန်တပေကလည်းခေါင်းညိမ့်၍_ ''တစ်ခွက်သောက်ပြီးတော့ အများကြီးပိုကောင်းသွားသလိုပဲ... သာမန်ဆေးဖက်ဝင်ပျားရည်တွေက လုံးဝဒီလိုအာနိသင်မျိုးမရှိဘူး''

......

ချင်လင်က သူတို့တုံ့ပြန်ချက်ကိုသိလျှင် ခေါင်းညိမ့်လိုက်သည်။

ဒါကမှဟုတ်သေး။ မဟုတ်ရင် ဂိမ်းရဲ့ +၂ အရည်အသွေးက အလဟဿဖြစ်သွားလိမ့်မည်။

သူကတဖန်_ ''ဆရာလင်း... ဒီဝိုင်သက်တမ်းဘယ်လောက်ရှိတယ်ဆိုတာ ပြောနိုင်လား?

''သူဌေး... ကျွန်တော်ဘယ်လိုလုပ်ပြောနိုင်မှာလဲ?'' ချန်တပေက သူ့သူဌေးအားကြောင်ကြည့်နေလိုက်သည်။ သူကဘယ်လိုလုပ်သိမှာလဲ?

''သူဌေး... မေးတာလူမှားနေပြီ'' ဆရာလင်းကပြောလိုက်သည်။ သူ့အတွက် ဝိုင်ကောင်းဟုတ်မဟုတ်ဆိုတာခွဲခြားနိုင်ဖို့ခက်သည်မဟုတ်ပါလား?

သူက TV ထဲကလို မြည်းစမ်းသူမဟုတ်ပေ။

''ဟုတ်ပါပြီ... ရပါပြီ'' ချင်လင်ကသက်ပြင်းချလိုက်သည်။

အမှန်တော့အားလုံးက သာမန်လူချည်းပင်။ သူတောင်မပြောနိုင်လျှင် သူ့လိုသာမန်လူတွေဖြစ်သော ချန်တပေနှင့်ဆရာလင်းက ဘယ်လိုလုပ်ပြီး ဝိုင်သက်တမ်းကိုပြောနိုင်မှာတဲ့လဲ?

ကြည့်ရတာ ဝိုင်ကျွမ်းကျင်တည်ခင်းသူတစ်ဦးရှာရပေလိမ့်မည်။



စံအိမ်လာတဲ့ဧည့်သည်တွေထဲမှာ ဒီလိုလူမျိုးရှိမရှိသူကသိချင်လာသည်။

ချင်လင်တွေးနေစဉ် ရင်းနှီးသောအသံတစ်ခုကြားလိုက်ရ၏_ ''သူဌေး... ငါထပ်လာတယ်''

''လူကြီးမင်းမာ!'' မာလဲ့ဝမ်ဝင်လာသည်ကိုမြင်လျှင် ချင်လင်၏မျက်လုံးများဝင်းလက်သွား၏။

အရင်အိမ်ဝယ်တုန်းက မာလဲ့ဝမ်ကဖုန်းဆက်၍ တစ်ယောက်ယောက်ကိုခေါ်လာမည်ဟုပြောပြီး ရုံးပတီသီးတချို့တောင်ပြင်ခိုင်းထားသေးသည်။ တစ်ဖက်လူက မပြောမဆိုနှင့်ပေါက်ချလာမည်ဟု သူမထင်မိပါချေ။

သူတို့လိုသာမန်လူတွေက ဒီလိုဝိုင်အတွက်အချိန်မပေးနိုင်ပေမဲ့ မာလဲ့ဝမ်လိုလူချမ်းသာတွေက နားလည်လောက်တယ်မလား? ဒါတီဗွီဒရာမာတွေထဲကအတိုင်းပဲ? လူချမ်းသာတွေမှာ 1982 လာဖိုက်ကို နည်းစနစ်မျိုးစုံနှင့်ဝိုင်အရသာခံဖူးကြသည်။

မာလဲ့ဝမ်မှာ ဆေးဖက်ဝင်ပျားရည်ပုလင်းကိုကိုင်ထားလျက်ပင်။ သူ့အနောက်တွင်လူသုံးယောက်ပါလာ၏။ အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦး။ သူတို့ကလည်း ဆေးဖက်ဝင်ပျားရည်ကိုင်ထားကြသည်။ သူတို့က မာလဲ့ဝမ်ခေါ်လာမည်ဟုပြောသောလူများဖြစ်ပုံရ၏။

အမျိုးသမီးနှစ်ဦး၏အသက်ကို သူတိတိကျကျမပြောနိုင်။ နောက်ပြီး လူချမ်းသာတွေက သူတို့ကိုယ်သူတို့သေချာဂရုစိုက်ကြသည်ဖြစ်ရာ နှစ်ဦးစလုံးမှာလှလှပပနှင့်အချိုးကျကျရှိကြသည်။ သူတို့တွင်အရောင်အဝါတစ်မျိုးလည်းရှိ၏။ တစ်ဦးက ကလေးငယ်ချီထားသည်။

အမျိုးသားက သာမန်ပုံပေါက်သော်လည်း သာမန်လူတွေယှဉ်မရနိုင်သော အရောင်အဝါတစ်မျိုးလည်းရှိနေသည်။

''ယောက်ျား... ဒါ ရှင်ပြောပြောနေတဲ့သူဌေးချင်လား?'' ချူချင်းကရှေ့တိုး၍ မာလဲ့ဝမ်လက်မောင်းကိုတွဲကာ ချင်လင်ကိုစူးစမ်းသည့်အကြည့်နှင့်ကြည့်လိုက်၏။

သူမကလိုင်းသုံးလေ့ရှိပြီး Tiktok တွင်လျှောက်ကြည့်တတ်သည်။ ဤစံအိမ်၏သုံးပွင့်ဆိုင်ပန်းပင်လယ်ဗီဒီယိုကိုကြည့်ဖူးသော်လည်း အရင်သူမယောက်ျားယူလာသည်များကြောင့်သာ ပိုစူးစမ်းမိခြင်းဖြစ်၏။

သူမလည်း ထိုပစ္စည်းများအကြောင်းအစရှာကြည့်ခဲ့သည်။ အထူးစပ်မျိုးဖြစ်ပြီးအာနိသင်ရှိတာချင်းအတူတူ သူမယောက်ျားယူလာသည့်ပစ္စည်းများလောက်အာနိသင်မကောင်းချေ။

ဤသည်ကြောင့် ထိုပစ္စည်းများဖြည့်တင်းပေးသောသူဌေးချင်အကြောင်း သိချင်လာသော်လည်း မြင်လိုက်ရတော့ အလွန်ငယ်သေးပုံပင်။

ထိုအချိန်တွင် မာလဲ့ဝမ်ကလည်း သူတို့ကိုချင်လင်နှင့်မိတ်ဆက်ပေးသည်_ ''သူဌေးချင်... ဒါငါ့ဇနီးချူချင်းလေ... အနောက်ကနှစ်ယောက်က လူကြီးမင်းလီချင်းနဲ့သူ့ဇနီးလင်းလျို''

ချင်လင်က မာလဲ့ဝမ်နံဘေးရှိ ချူချင်းကိုကြည့်လိုက်သည်။ သူတွေးကြည့်လျှင် လူကြီးမင်းမာက သူ့ထက်ဆယ်နှစ်လောက်ငယ်သောဇနီးချောကိုလက်ထပ်ထားသူဖြစ်၍ အမှန်တကယ်အရည်အသွေး ၂ ရုံးပတီသီးကိုလိုအပ်ကြောင်းသိလိုက်၏။ ထိုအသက်အရွယ်တွင် သူ့ကိုယ်သူမထိန်းနိုင်သကဲ့သို့ ကြာကြာလည်းမခံဘူးမလား?

အခုသူ့ကိုယ်သူအာဟာရမဖြည့်ထားရင် နောက်ဆယ်နှစ်လောက်ဆိုကွာရှင်းပြီးပူဆွေးနေရမယ်မလား?

ချင်လင်ကသူ့ဘာသာတွေးမိပြီး မာလဲ့ဝမ်အား_ ''လူကြီးမင်းမာ... ဒီဆေးဖက်ဝင်ဝိုင်ကိုအရင်မြည်းကြည့်ပါဦး'' ထို့နောက်သူက မျက်စပစ်ပြလိုက်ပြီး_ ''ဒီဝိုင်ရဲ့အာနိသင်က ထူးရှယ်ရုံးပတီသီးနဲ့အတူတူပဲ''

မာလဲ့ဝမ်က ချက်ချင်းစိတ်ဝင်စားသွားသည်_ ''သူဌေးချင်... မြန်မြန်... အဲဒီဆေးဖက်ဝင်ဝိုင်တစ်ခွက်ပေးစမ်းပါ''

ချင်လင်ကပြုံး၍ တစ်ခွက်ငှဲ့ပေးလိုက်၏။

မာလဲ့ဝမ်က ဝိုင်ကိုယူလိုက်သည်။ သူသောက်လိုက်သည်နှင့် ရှတတခံစားရသည်။ အရသာက အရင်သူသောက်ဖူးသမျှထက် တော်တော်ဆိုး၏။ ဒါမှမဟုတ် သူသောက်ဖူးသမျှဘယ်ဆေးဖက်ဝင်ဝိုင်မှ ဒီလောက်အရသာမဆိုးချေ။

သို့သော်လည်းသူက ချင်လင်၏စကားကိုသံသယမရှိ။

ဒီဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်က အရသာအထိအတွေ့မှာမဟုတ်တန်ရာ။

သေချာသည်က ခဏအကြာတွင် သူ့ခန္ဓာကိုယ်ထဲ၌သွေးလည်ပတ်မှုချောမွေ့လာပြီး ခါးတဝိုက်တွင်ပူနွေးနွေးခံစားလိုက်ရသည်။

ဒီဝိုင်က လုံးဝသာမန်မဟုတ်။

မာလဲ့ဝမ်ကချက်ချင်းမေးလိုက်သည်_ ''သူဌေးချင်... မင်းမှာဝိုင်ဘယ်လောက်ရှိလဲ? ဒါကိုလူကြားထဲချရောင်းတော့မှာလား?''

''လူကြီးမင်းမာ... ဒီဝိုင်ရဲ့သက်တမ်းကိုပြောနိုင်မလား?'' ချင်လင်ကပြုံး၍ ပုံပြင်တစ်ပုဒ်လုပ်ကြံပြောလိုက်၏_ ''ကျွန်တော်က ဒီဝိုင်ရဲ့သက်တမ်းကိုတိတိကျကျပြောနိုင်တဲ့သူကို ဒီဝိုင်ပုလင်းပေးဖို့လုပ်ထားတာ''

သူလည်းဝိုင်သက်တမ်းကိုမသိဟု သူကမပြော။ သူများကိုစမ်းသပ်သလိုလိုပုံဖမ်းလိုက်သည်။

ထိုစကားကိုမာလဲ့ဝမ်ကြားလျှင် ထိတ်ထိတ်လန့်လန့်ဖြင့်_ ''သူဌေးချင်... မင်းသာ ငါ့ကို ၁၀ နှစ် - အနှစ် ၂၀ သက်တမ်းရှိတဲ့ဆေးဖက်ဝင်ဝိုင်ပေးမယ်ဆိုရင် အတုလားအစစ်လားတော့ပြောနိုင်သေးတယ်... ဘာပဲဖြစ်ဖြစ်ငါလည်း ဒီအသက်အရွယ်အထိအများကြီးသောက်ခဲ့ပြီးပြီ... ဒါပေမဲ့သက်တမ်းကိုမေးတာဆိုရင်တော့ ငါ့ကိုအခက်တွေ့အောင်လုပ်နေတာမလား? ငါကကျွမ်းကျင်ဝိုင်မြည်းတဲ့သူမဟုတ်ဘူးလေ''



ထိုစကားလုံးများက ချင်လင်ကိုနည်းနည်းစိတ်ထိခိုက်စေ၏။ ချမ်းသာတဲ့သူတွေဝိုင်အရသာခံတာ ဘာဖြစ်လို့လဲ?

တီဗွီဒရာမာတွေက လိမ်နေတာလားမသိ။

ချမ်းသာသောဒုတိယမျိုးဆက်ဆက်ခံသူဒရာမာကိုကြည့်မိသည်မှာ သခင်လေးဝမ်၏အမှားပင်။ သူက သူကိုယ်တိုင်ဝိုင်သောက်နေသောဆဲလ်ဖီပုံကိုတန်းတင်၍ စာလုံးကြီးကြီးရေးလိုက်သည်: ''အဓိပ္ပါယ်မရှိ''။

မာလဲ့ဝမ်ကနည်းနည်းစိတ်ပူသွားပြီး သူ့နံဘေးကလီချင်းကိုကြည့်လိုက်ကာ_ ''သူဌေးချင်... ငါဒီဆေးဖက်ဝင်ဝိုင်ကိုလိုချင်တယ်... ငါ့ဘေးကလူကြီးမင်းလီက ဝိုင်အကြောင်းနှံ့စပ်တယ်... မင်းမြို့တော်တစ်မြို့လုံးမှာ သူထက်ဝိုင်အကြောင်းသိတဲ့သူခပ်ရှားရှားပဲ... လီချင်း ငါ့ကိုကူမြည်းပေးပါဦး''

အမှန်တော့လီချင်းက ထိုဝိုင်အကြောင်းအရမ်းသိချင်နေပြီ။ မာလဲ့ဝမ်လိုဘားတွေအကြောင်းသိပ်မသိတဲ့သူတောင် အတုအစစ်ပြောနိုင်သေးသည်။ သူဒီလိုလောနေပုံထောက်ရင် ဒီဝိုင်အတွက်အကြောင်းတစ်ခုတော့ရှိရမည်။

သူကစံအိမ်ပိုင်ရှင်အကြောင်း ပိုသိချင်လာ၏။

အရင်ကသူ့ဇနီးပြောဖူးသည်မှာ သူမနို့ရည်က ရုံးပတီသီးစားလို့ပြောင်းလဲသွားသည်တဲ့။ ရုံးပတီမှာ ဒီလိုထိရောက်တဲ့အာနိသင်ရှိတယ်ဆိုတာ သူမယုံနိုင်။ ဒါဆိုရင် ဒီပြဿနာအတွက်စိတ်ပူရတဲ့သူတွေ ဘာလို့အများကြီးရှိနေမလဲ?

သို့သော် မာလဲ့ဝမ်ပို့လိုက်သောရုံးပတီသီးနည်းနည်းစားပြီးနောက် တစ်ခုခုပဲဟုသဘောပေါက်လိုက်သည်။

အာနိသင်က အရမ်း...

အမျိုးသားနှင့်အမျိုးသမီးအတူစားကြသောအခါ နောက်ထပ်စိတ်ကျေနပ်စရာတစ်ခုထပ်ဖြစ်လာသည်။ နှစ်ဆတိုး၍ပျော်ရ၏။

''လူကြီးမင်းလီကဘယ်သူလဲ သိခွင့်ရှိမလား?'' ချင်လင်က ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်။

သူက မာလဲ့ဝမ်စကားတို့တွင် လီချင်းကိုယဉ်ယဉ်ကျေးကျေးသုံးထားသည်ကိုတွေ့သဖြင့် တစ်ဖက်လူမှာ နှယ်နှယ်ရရမဟုတ်မှန်းသိလိုက်၏။

''ဝိုင်မြည်းတဲ့သူပါပဲ... ကျုပ်ဝါသနာက တစ်ခါတလေဝိုင်အကြောင်းလေ့လာတာ'' လီချင်းကပြုံး၍ပြောလိုက်သည်_ ''သူဌေးချင်... ကျုပ်ဒီဝိုင်မြည်းလို့ရမလား?''

ချင်လင်ကပြုံး၍ လီချင်းအတွက်တစ်ခွက်ငှဲ့ပေးလိုက်၏_ ''လူကြီးမင်းလီ... သုံးဆောင်ပါ!''

လီချင်းကဝိုင်ယူပြီး ချက်ချင်းမသောက်။ သူ့နှာခေါင်းထိပ်နားထား၍ အနံ့ခံကြည့်လိုက်သည်။ ထို့နောက် ပါးစပ်နားယူပြီး မျက်လုံးမှိတ်ကာ အရသာခံလိုက်၏။

ထိုအပြုအမူမှာ ထူးထူးခြားခြားခံစားချက်ထည့်ထားသလိုသိမ်မွေ့နေသည်။ မာလဲ့ဝမ်၊ ဆရာလင်းနှင့်ချန်တပေတို့ဝိုင်သောက်သည့်ပုံနှင့် လုံးဝမတူ။

ဝိုင်အရသာခံခြင်းမှာ ဝိုင်သောက်ခြင်းလိုမဟုတ်။ လရောင်၊ လေပြေကိုတွေးကြည့်နိုင်သော်လည်း ကျမ်းစာကိုမသိနိုင်။ နွားမွေးပြီး ဆည်ရေသောက်ခြင်းနှင့်တူသည်။

ဝိုင်ကိုသေချာအရသာခံပြီးနောက် ခဏအကြာ လီချင်းကပြောလိုက်သည်_ ''သူဌေးချင်... ဒီဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်အကြောင်းခဏထားလိုက်ဦး... ကျုပ်က ကျုပ်သိတဲ့ဆေးဖက်ဝင်ဝိုင်အထောက်အထားတွေကိုအာရုံခံကြည့်တာ... မင်းရဲ့ဆေးဖက်ဝင်ဝိုင်အာနိသင်မျိုးရှိနိုင်တာက တရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုရဲ့လျှို့ဝှက်ဆေးဖက်ဝင်ဝိုင်ပဲ... မင်းဝိုင်ရဲ့အရသာက သူတို့ထက်တော့ဆိုးတယ်''

''ဒီဆေးဖက်ဝင်ဝိုင်က ချူကီနှင်းဆီနဲ့ပျဉ်းမကိုဖောက်ထားတာဖြစ်မယ်... နောက်ပြီး အရသာကထူးဆန်းတယ်... ဒီဆေးဖက်ဝင်အပင်နှစ်မျိုးသုံးထားတာနဲ့ လုံးဝမတူသလိုဖြစ်နေတယ်''

''သက်တမ်းကတော့ ၅ လကနေ ၆ လပဲရှိဦးမယ်... ရှတတက အရမ်းပြင်းသေးတယ်...''

ချင်လင်က လုံးဝအံ့အားသင့်သွားသည်။

ချူကီနှင်းဆီနဲ့ပျဉ်းမရဲ့ကွာခြားချက်ကို သူဘယ်လိုများပြောနိုင်တာလဲ?

ကျွမ်းကျင်သူတွေဆိုတာ သာမန်လူတွေနဲ့လုံးဝမတူဘူးပဲ။ ဘယ်နယ်ပယ်ထဲမှာပဲဖြစ်ဖြစ် ဗဟုသုတနှံ့စပ်ပုံရသည်။

သူ့ကိုအထိဆုံးက ၅ လကနေ ၆ လဆိုတာပင်။

ဤသည်က သူခန့်မှန်းထားသည့်အချိန်မှန်သည်ဆိုသော သူ့အယူအဆကိုအတည်ပြုလိုက်၏။

''သူဌေးချင်... လီချင်းပြောတာဟုတ်လား?'' မာလဲ့ဝမ်က အလျင်စလိုမေးလိုက်သည်_ ''သူမှန်တယ်ဆိုရင် ဒီပုလင်းက ငါ့အပိုင်ဖြစ်ပြီနော်?''

''ဒီဝိုင်က ငါ့အပိုင်ဖြစ်ရမှာလေ'' လီချင်းက ချက်ချင်းပြောလိုက်၏_ ''သူဌေးချင်ပြောတာက ဒီဝိုင်ရဲ့သက်တမ်းပြောနိုင်တဲ့သူကိုပေးမှာတဲ့... အရသာခံခဲ့တာ ငါဆိုတော့ ငါ့အပိုင်ပေါ့''

ဤဝိုင်မှာ ရုံးပတီသီးကဲ့သို့အာနိသင်မျိုးရှိသည်ဖြစ်၍ အမျိုးသားတစ်ဦးအနေနှင့် လက်မလွှတ်နိုင်။

“???” မာလဲ့ဝမ်ကြောင်သွားသည်။

ဒါသောက်ကျိုးနည်းသိက္ခာမဲ့တာ!



All Chapters