← Chapters

လီချင်းရဲ့အထောက်အထား! နွေဦးသတ္တုတွင်း!

Vol. 6 Ch. 83

လီချင်းရဲ့အထောက်အထား! နွေဦးသတ္တုတွင်း!

Vol. 6 Ch. 83

ဆေးဖက်ဝင်ဝိုင်သက်တမ်းကိုအတည်ပြုပြီးနောက် ချင်လင်က မာလဲ့ဝမ်တို့အုပ်စုအား ပြတင်းပေါက်နားစားပွဲဝိုင်းကိုဖိတ်ခေါ်လိုက်ပြီး လီချင်းကိုဝိုင်ပုလင်းပေးလိုက်သည်။ သူက သွေးလှည့်ပတ်မှုကောင်းစေသောအာနိသင်၊ ကျောက်ကပ်အားကောင်းစေခြင်းနှင့် မကြာခဏဆီးသွားခြင်းကိုသက်သာစေသောအာနိသင်များကိုလည်း မိတ်ဆက်ပေးလိုက်၏။

လီချင်းကထိုင်ပြီးပြီးချင်း သူကိုယ်တိုင်အတွက် ဝိုင်တစ်ခွက်ငှဲ့ကာ ထပ်မြည်းကြည့်လိုက်သည်။

မာလဲ့ဝမ်ကလည်း ခွက်ကိုမြှောက်၍_ ''လီချင်း... ငါ့ကိုနောက်တစ်ခွက်လောက်''

ဘယ်လောက်ဈေးကြီးတဲ့ဆေးဖက်ဝင်ဝိုင်ပဲဖြစ်ဖြစ် သူအရင်ကသောက်ခဲ့ဖူးသည်။ သို့သော် အိမ်ထောင်ရေးသာယာစေသော ဆေးဖက်ဝင်ဝိုင်မှာမူအလွန်ရှား၏။

နောက်တစ်ခွက်ချပြီးနောက် မာလဲ့ဝမ်ကချင်လင်အား စိတ်ပူစွာနှင့်မေးလိုက်သည်_ ''သူဌေးချင်... မင်းမှာဝိုင်ဘယ်လောက်ရှိလဲ? ချရောင်းတော့မှာလား?''

ချင်လင်ကပြုံး၍_ ''လူကြီးမင်းမာ... လောလောဆယ်တော့ ဒီဝိုင်ကိုမရောင်းသေးပါဘူး... ဘာပဲဖြစ်ဖြစ် အများကြီးလည်းမရှိသေးဘူးဆိုတော့... ဒါပေမဲ့ လူကြီးမင်းမာလိုချင်ရင် မနက်ဖြန်ခရီးထွက်ပြီး နောက်တစ်ပုလင်းယူရောင်းပေးပါ့မယ်''

အခုတော့ အချိန်စည်းမျဉ်းကအလုပ်ဖြစ်မှန်းသူသိပြီ။ အလျင်စလိုရောင်းရန်မလိုသေး။

ပထမအချက်အနေနှင့် တောင်တန်းထွက်ကုန်က အသစ်မထွက်သေးပေ။ အရင်ဂိမ်းပုံစံနှင့်မတူ၍ တောင်တန်းထွက်ကုန်အသစ်ပေါ်မည့်နည်းစနစ်ကို သူမသိသေးဘဲရှိနေသည်။

ဒုတိယအချက်မှာ ဝိုင်ကိုကြာရှည်စိမ်ထားလေလေ စျေးပိုကောင်းလေလေဖြစ်သောကြောင့်ပင်။

သူ့ဝိုင်အသစ်တွင် ထိုအာနိသငိရှိသည်။ တစ်ကတ်တီကိုယွမ် ၁၀၀၀ နှင့် လုံးရောင်း၍ရ၏။

တစ်နှစ်ထက်ပိုစိမ်ထားလျှင် ယွမ် ၂၀၀၀ နှင့်ရောင်းနိုင်သည်။

နှစ် ၂၀ လောက်စိမ်ထားနိုင်လျှင် ဝိုင်သက်တမ်းရင့်ထဲဝင်ပြီဖြစ်၍ စျေးဖြတ်ဖို့မလွယ်တော့ပေ။

နှစ် ၂၀ သက်တမ်းရှိဝိုင်တစ်ပုလင်းကို ယွမ် ၁၀၀၀၀ ကျော်စျေးဆိုနိုင်သည်။

......

သူ့ဝိုင်မှာနာမည်မကြီးသော်လည်း အမှန်တကယ်အာနိသင်ရှိသည်။

''ကေင်းတယ်!'' မာလဲ့ဝမ်မျက်နှာမှာ ရွှင်ပျသွား၏။ ထို့နောက်သူက ချင်လင်ကိုဘေးသို့ဆွဲလ်ုက်ပြီး_ ''သူဌေးချင်... ဒီတစ်ခေါက်မင်းဆီကို အကြောင်းမရှိအကြောင်းရှာလာတာမဟုတ်ဘူး... မင်းကိုပြင်ခိုင်းထားတဲ့ကိစ္စရော?''

''လူကြီးမင်းမာ... ဖုန်းထဲမှာသဘောတူထားမှတော့ ခင်ဗျားအတွက်အကောင်းဆုံးကူညီပြင်ဆင်ထားရမှာပေါ့... မဟုတ်ရင် ကျွန်တော်သဘောတူမှာမဟုတ်ဘူး'' ချင်လင်ကပြုံးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူပြောချင်သလိုပြောလို့ရနေတာပဲ။ နောက်ပြီး ပစ္စည်းကဂိမ်းထဲမှာလေ။



မာလဲ့ဝမ်က ရှက်ကိုးရှက်ကန်းနှင့်_ ''သူဌေးချင်... ဒီထက်ပိုရဦးမလား? ဒီတစ်ခေါက်လီချင်းနဲ့အဖော်လိုက်လာတာ... သူ့ဇနီးကမွေးပြီးခါစ နို့ရည်မလောက်ဘူး... မင်းရဲ့ထူးရှယ်ရုံးပတီသီးက အဲဒီအာနိသင်ရှိတယ်... ပြီးတော့ အာနိသင်ကထိရောက်တယ်''

''ကောင်းပါပြီ.. မနက်ဖြန် ကျွန်တော်တတ်နိုင်သလောက် ဝိုင်နဲ့ယူလာခဲ့မယ်'' ချင်လင်က မာလဲ့ဝမ်လာရသည့်အကြောင်းရင်းကိုသိ၍ ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူက သိချင်စိတ်နှင့်_ ''လူကြီးမင်းမာ... လူကြီးမင်းလီကဘာလုပ်တာလဲ? ခင်ဗျားကြည့်ရတာ သူ့ကိုအရမ်းရိုသေသလိုပဲ''

မာလဲ့ဝမ်ကပြုံး၍_ ''သူကအံ့သြစရာကောင်းတဲ့သူဆိုပေမဲ့ သူ့အဖေနဲ့အစ်ကိုကြောင့် စီးပွားရေးလုပ်လို့မရဘူး... သူ့အဖေနဲ့အစ်ကိုလိုလည်းမဖြစ်ချင်ဘူး... ၁၀၉ ၁၁၀ ဖြစ်နေတာ... သူ့ကိုဝိုင်မြည်းတဲ့သူလို့သာမှတ်လိုက်ပါတော့''

မာလဲ့ဝမ်က သိပ်မရှင်းပြသော်လည်း ချင်လင်ကငပိန်းမဟုတ်။ ဘာဖြစ်နေတယ်ဆိုတာ သူမှန်းကြည့်နိုင်သည်။

ဘယ်လိုအလုပ်လက်မဲ့မျိုးက မာလဲ့ဝမ်လိုသူဌေးကြီးကို အရမ်းရိုသေအောင်လုပ်နိုင်မှာလဲ? ဒီတော့ သူ့အဖေနဲ့အစ်ကိုဆိုတာ နှယ်နှယ်ရရတော့မဟုတ်နိုင်။

ထိုအချိန်တွင် မာလဲ့ဝမ်က ငါးကန်ဆီလျှောက်သွားလိုက်သည်_ ''သူဌေးချင်... မင်းက ဒီလောက်ဘုန်းကြီးတာ... ငါတို့ကိုတစ်ကောင်ပေးပြီး ကျန်တာစီစဉ်ပေးပါဦး''

ချင်လင်ကပြုံး၍ခေါင်းညိမ့်လိုက်သည်။ သူကဘေးနားလျှောက်သွား၍ စီစဉ်လိုက်၏။

မာလဲ့ဝမ်ကပြန်ထိုင်လိုက်ပြီး လီချင်းအား_ ''သူဌေးချင်က အရမ်းစကားပြောလို့ကောင်းတယ်... သူက သူတတ်နိုင်သလောက်ထူးရှယ်ရုံးပတီသီးတွေယူခဲ့မယ်တဲ့ ကတိပေးတယ်''

''လောင်မာ... ဒီသူဌေးချင်က မင်းပြောသလို တကယ်တတ်နိုင်တာပဲ'' လီချင်းကပြုံး၍ခေါင်းညိမ့်လိုက်သည်_ ''ထူးရှယ်ရုံးပတီသီးဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်ဖြစ်ဖြစ် ဒီဆေးဖက်ဝင်ပျားရည်ရော ဝိုင်ရော... ဒါတွေက သာမန်လူမတတ်နိုင်တာတွေပဲ''

မာလဲ့ဝမ်က ခေါင်းညိမ့်ပြီး_ ''ပြောလို့ပြောတာမဟုတ်ဘူး... လီဖေးရဲ့ရွှေနဲ့မြဇိမ်ခံပစ္စည်းတွေထက်အများကြီးပိုကောင်းတယ်... အနည်းဆုံးတော့ ခေါင်းစားစရာမလိုတော့ဘူးပေါ့''

လီချင်းကပြုံးပြီးပြောလိုက်သည်_ ''ရွှေနဲ့မြဇိမ်ခံပစ္စည်းတွေက အကျိုးမရှိဘူးလို့တော့မထင်ပါဘူး... ဒါပေမဲ့ သူတွေ့ထားတဲ့ထူးရှယ်ရုံးပတီသီးက သူဌေးချင်ဟာကိုလုံးဝမမီဘူး''

မကြာမီ_

ငါးရောက်လာသည်။

ဤသည်မှာ လီချင်း၊ ချူချင်းနှင့် လင်းလျိုတို့ ပထမဆုံးအကြိမ်အဖြစ် ထိုသဘာဝထွက်ကုန်များကိုစားဖူးခြင်းဖြစ်ပြီး အလွန်စိတ်ကျေနပ်နေကြ၏။

မာလဲ့ဝမ်က ထိုနေ့လယ်စာအတွက် နောက်ထပ်

ယွမ် ၁၀၀၀၀ ဖိုးနီးနီးစားပစ်လိုက်သည်။

နေ့လယ်စာစားပြီးလျှင် လီချင်းနှင့်အမျိုးသမီးနှစ်ဦးကို သုံးပွင့်ဆိုင်ပန်းပင်လယ်ကြည့်ရန်ခေါ်သွား၏။

ချင်လင်က စပ်စပ်စုစုနှင့်လိုင်းပေါ်တွင် လီချင်းနာမည်ကိုရှာကြည့်လိုက်သည်။

လိုင်းပေါ်တွင် သက်ဆိုင်မည့်သတင်းမတွေ့ရ။

သို့သော် မြို့ထဲတွင် မျိုးရိုး'လီ'နာမည်နှင့် အရာရှိတစ်ဦးရှိသည်။

ချင်လင်က ဆက်မစုံစမ်းတော့။ ဒီလိုလူမျိုးကပေါင်းသင်းရတာတန်သော်လည်း သူဘယ်သူဆိုတာမဖော်ပြသောကြောင့် အများကြီးစပ်စု၍လည်းမကောင်းပေ။

ဝိုင်မြည်းသူလို့ပဲ သဘောထားလိုက်တာပေါ့။

...

နောက်တစ်နေ့တွင်_

ချင်လင်က မနက်စောစောနိုးလာပြီး သူ့စိတ်ထဲမှဂိမ်းကိုတဖန်ကြည့်လိုက်သည်။ ထို့နောက်သူက သီးနှံမှည့်များကိုသိမ်းပြီး မျိုးစေ့အသစ်များစိုက်လိုက်၏။ နောက်ဆုံးတွင် ဂိမ်းဇာတ်ကောင်ကို အသစ်ထွက်သောပျားရည်ယူခိုင်းလိုက်သည်။

သို့သော် တောင်တန်းထွက်ကုန်မှာ အသစ်ပေါ်မလာ။ ကြည့်ရတာ ဒီပုံစံရဲ့နိုထရီဒိန်းတောင်ထွက်ကုန်က ကျပန်းပေါ်တာလားမသိ။

ကျောက်မိုချင်းကနိုးလာပြီး ချင်လင်နိုးနေသည်ကိုတွေ့သည်။ သူမလက်များနှင့် ချင်လင်၏လည်ပင်းကိုချိတ်၍_ ''ယောက်ျား... အမေနဲ့ကျွန်မ ဒီနေ့ထပ်သွားပြီးစီစဉ်လိုက်ဦးမယ်... ကျွန်မတို့ရွှေ့လို့ရပြီ''

''ဒီတော့ ကိုယ်ထပ်ထိန်းထားစရာမလိုတော့ဘူးဆိုတဲ့သဘောလား? ဟုတ်ပြီ.. အဲဒီကကုတင်ကြီးကအရမ်းကြီးတာ'' ချင်လင်က ကျောက်မိုချင်းကိုလူဆိုးပုံနှင့်ကြည့်လိုက်သည်။ သူ့လက်များက ကျောက်မိုချင်းခါးကိုသိုင်းဖက်ထား၏။

ကျောက်မိုချင်းနှင့်စနောက်ပြီးနောက် ချင်လင်က အိပ်ရာထ၊မျက်နှာသစ်ကာ ကုန်ကားအပြာကို ဂိုဒေါင်ဆီမောင်းသွားလိုက်သည်။

မနက်ပိုင်းဂိမ်းမှရသောပစ္စည်းများမှာ: ရုံးပတီသီး ၈၅၀ ကတ်တီ၊ ကန်စွန်းဥ ၃၅၀ ကတ်တီ၊ ပန်းပွင့်စိမ်း ၃၀၀ ကတ်တီ၊ စတော်ဘယ်ရီ ၅၈၀ ကတ်တီ၊ သဘာဝပျားရည် ၉၀ ကတ်တီ၊ ဖရဲသီး အလုံး ၆၀ နှင့် အလုံး ၂၅၊ သဘာဝငါး ၃၅ ကောင်တို့ဖြစ်သည်။

အရင်လည်ပတ်ပုံအတိုင်းဆိုလျှင် သေချာပေါက်အသုတ်ခွဲ၍သယ်ရမည်။ ယခုမူ စံအိမ်သို့ ကုန်ကားအပြာနှင့်တစ်ခေါက်တည်းသယ်နိုင်သည်။

ဤတစ်ကြိမ်တွင်မူ ချင်လင်ကကုန်ကားကို ဂိုဒေါင်ထဲမောင်းဝင်လိုက်ပြီး တံခါးပိတ်လိုက်သည်။ သူကကုန်ကားပေါ်တွင် ဂိမ်းထဲဝင်လိုက်၏။ သူ့လက်ဖဝါးနှင့်တစ်ခုခုကိုထိလိုက်ပြီး အတွေးနှင့်ကုန်ကားပေါ်ရွှေ့လိုက်သည်။ ဤနည်းက အရင်ထက်ပိုမြန်၏။

နေ့လယ်ရောက်ခါနီးတွင် သူကဂိမ်းထဲထပ်ဝင်လိုက်ပြီး အရည်အသွေး ၂ ရုံးပတီသီး ၁၅ ပေါင်၊ ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းနှင့်အတူပြန်ထွက်လာသည်။ ဤသည်မှာ မာလဲ့ဝမ်ကိုပေးထားသည့်ကတိပင်။

သူတို့လေးဦးက မြန်မြန်ဆန်ဆန်ရောက်လာကြ၏။ မနေ့ညက သူတို့လည်း ဗဟိုဟိုတယ်တွင်တစ်ညအချိန်ဖြုန်းခဲ့ရသည်။ မနက်ပိုင်းတွင် ကျူးဇီယဉ်ကျေးမှုဥယျာဉ်ကိုတောင်အလည်သွားခဲ့သေး၏။

''လူကြီးမင်းလီ... ဒါကထူးရှယ်ရုံးပတီသီး ၁၅ ကတ်တီ'' ချင်လင်က ရုံးပတီသီးကိုအောက်ချ၍ နောက်ဝိုင်ကိုယူလိုက်ကာ_ ''လူကြီးမင်းလီ... ဒီနေ့ဝိုင်ကိုမြည်းကြည့်ပါဦး''

ဤသည်က လီချင်း၏စိတ်ဝင်သားမှုကိုဆွလိုက်သလိုပင်။

မနေ့ကသူ ဝိုင်မြည်းကြည့်ပြီးပြီ။ ဒီနေ့ထပ်ယူလာတယ်ဆိုရင် ဒီဝိုင်ကမတူဘူးဆိုတဲ့သဘောပဲ။

ချင်လင်ကပြောပြောဆိုဆို လီချင်းအတွက် တစ်ခွက်ထည့်ပေးလိုက်သည်။

လီချင်းကဝိုင်ယူ၍ အရသာသေချာခံကြည့်လိုက်ပြန်၏။ အတော်ကြာပြီးနောက် သူက_ ''သူဌေးချင်... ဒီဝိုင်ရဲ့အရသာကပိုကောင်းတယ်... ရှတတမနေဘဲ ပိုနူးညံ့တယ်... ဒီကောင်စိမ်ထားတာ တစ်နှစ်လောက်ရှိပြီ''

''လူကြီးမင်းလီ... လေးစားသွားပြီ'' ချင်လင်က လက်မထောင်ပြလိုက်သည်။

သို့သော် လီချင်းက မာလဲ့ဝမ်ကိုကြည့်၍_ ''မင်းကံကောင်းတယ်... ငါမနေ့ကပုလင်း မင်းကိုပေးလိုက်သင့်တာ''

မာလဲ့ဝမ်ကထိုစကားကြားလျှင် သူ့ရှေ့ကပုလင်းကိုမြန်မြန်ဆန်ဆန်ဆွဲယူလိုက်၏။ ဒီလူကမနေ့က သိက္ခာရှိရှိပြောတာမဟုတ်ဘူး။ သူ့ကိုနောက်ထပ်အခွင့်အရေးမပေးနိုင်ဘူး။

နေ့လယ်ပိုင်းတွင် ချင်လင်က မာလဲ့ဝမ်တို့ကိုလိုက်ပို့လိုက်သည်။ သို့သော်လီချင်းကလည်း မပြန်ခင် ဆက်သွယ်ရမည့်အကြောင်းမေးမြန်း၏။ နောင်တွင် သူစံအိမ်ကိုထပ်လာဖွယ်ရှိသည်။

စံအိမ်ပြန်ရောက်သောအခါ လောလောဆယ်လုပ်စရာမရှိသေး၍ သူ့စိတ်ထဲအာရုံစိုက်ပြီး ဂိမ်းဇာတ်ကောင်ကို မြေပုံအနှံ့လျှောက်သွားစေလိုက်သည်။ သတ္တုမြို့တော်ပန်းခြံထဲဝင်ဝင်ချင်း NPC အသစ်များက ကြော်ငြာဘုတ်တစ်ခုရှေ့တွင်ဆွေးနွေးနေကြသည်ကိုတွေ့လိုက်ရ၏:

(မြို့မြောက်ပိုင်း နွေဦးသတ္တုတွင်းဖွင့်ပြီ..)

(အဲဒီနေရာမှာ ပစ္စည်းကောင်းတွေအများကြီးရှိပုံပဲ...)

All Chapters