← Chapters

ကြော်ငြာနိုင်မည့်ပထမဆုံးအရာ!

Vol. 6 Ch. 85

ကြော်ငြာနိုင်မည့်ပထမဆုံးအရာ!

Vol. 6 Ch. 85

ချင်လင်က သူတို့အကဲဖြတ်သည်ကိုနားထောင်ပြီးနောက် ချန်တပေအားညွှန်ကြားလိုက်သည်_ ''ဆရာလင်းကို အာလူးကြော်ကြော်ခိုင်းလိုက်ပါဦး''

ချန်တပေကခေါင်းညိမ့်၍ ချက်ချင်းမီးဖိုချောင်ထဲပြေးသွား၏။

အာလူးကြော်ကိုလည်း ခရမ်းချဉ်သီးဆော့နှင့် တည်ခင်းကြသည်။ KFC နှင့် McDonald's ကဲ့သို့နေရာများတွင် စားပုံစားနည်းဖြစ်၏။

အာလူးကြော်ကလည်း လုပ်ရတာမခက်။ အာလူးနည်းနည်းနှင့် စာဖိုမှူးတိုင်းလုပ်တတ်သည်။

စောစောက ကျောက်မိုချင်းကိုတခြားဆော့ဘရန်းများဝယ်လာခိုင်းရာ ကျောက်မိုချင်းက ၅ မျိုးဝယ်လာ၏။

ချင်လင်က ကျောက်မိုချင်းကို ပန်းကန်းသေးသေးလေးများယူလာခိုင်းလိုက်သည်။ သူကဆော့ကိုဖွင့်၍ ပန်းကန်လေးများထဲထည့်ပြီး နံပါတ်စဉ်တပ်လိုက်သည်။

ကျောက်မိုချင်းက ချင်လင်၏လှုပ်ရှားမှုတွေကို ခန့်မှန်းနေပုံရသည်။ သူကဒီဆော့တွေကို နှိုင်းယှဉ်ကြည့်ဖို့သုံးချင်တာပဲ။ နောက်ပြီး ချင်လင်၏ဆော့က ထိုဘရန်းများထက်အရသာပိုကောင်းပုံရ၏။

သူမကလည်း ပြင်ဆင်ရန်ဘေးရွှေ့လိုက်သည်။

ချင်လင်ကအခွင့်ကောင်းယူကာ သူ့အိမ်တွင်းဆော့နှင့်အတူ ဂိမ်းထဲဝင်လိုက်၏။ ဂိမ်း၏အထူးသဘာဝကြောင့် ဆော့၏အရည်အသွေးများကိုချက်ချင်းတွေ့လိုက်ရသည်။

(အမည်မသိခရမ်းချဉ်သီးဆော့: အရည်အသွေး ၁)

(အရသာကောင်းမွန်သည့်အထူးပြုလုပ်နည်းနှင့်လုပ်ထားသော ချဉ်ချိုဆော့ဖြစ်သည်။ အရသာ +၁၊ အနံ့အရသာရှိမှု +၁၊ ခံတွင်းတွေ့စေခြင်း +၁။ အမည်ပေးနိုင်သည်။)

ချင်လင်က သူလုပ်ထားသောခရမ်းချဉ်သီးဆော့တွင် အရည်အသွေးများများရှိမည်ဟုမထင်ထားပေ။ အတွေ့အထိ၊ အရသာနှင့် ခံတွင်းတွေ့စေခြင်း အားလုံး +၁။

တစ်နည်းဆိုရလျှင် စနစ်အတွက်ထုတ်လုပ်ရန်မလိုအပ်ပါချေ။ အပြင်မှလုပ်သည်ကလည်း အရည်အသွေး ၁ အဆင့်မီသည်။

ဤသည်မှာ အရည်အသွေး ၁ ဖရဲသီးကဲ့သို့ပင်။ သူ့သစ်သီးဆိုင်ထဲတွင် ပိုချိုပိုအရသာရှိသောဖရဲသီးများရှိမြဲဖြစ်သည်(အခန်း ၁)။ အရေအတွက်နည်းခြင်းသာဖြစ်၏။

ချင်လင်ကဂိမ်းထဲမှထွက်၍ ခန်းမထဲပြန်လာခဲ့သည်။ ကျောက်မိုချင်းလည်း ဆော့ပြင်ဆင်ပြီးသွား၏။

ချန်တပေက အာလူးကြော်ပန်းကန်နှင့်ထွက်လာလျှင် ချင်လင်က ကောင်းယောင်ယောင်အားခေါ်လိုက်ပြီး_ ''ဘယ်ဆော့ကပိုကောင်းလဲဆိုတာ မြည်းကြည့်ကြတာပေါ့''

''ကောင်းပါပြီ သူဌေး!'' ကောင်းယောင်ယောင်ကခေါင်းညိမ့်လိုက်သည်။ သူမကအာလူးကြော်ပန်းကန်ယူ၍ ဆော့နှင့်တို့စားလိုက်၏။

၆ ပန်းကန်လုံးမြည်းပြီးနောက် သူမကဆော့တစ်ခုကိုလက်ညိုးထိုးပြလိုက်သည်_ ''တခြား ၅ ခွက်က အရသာအတူတူပဲ... ဒါပေမဲ့ ဒီတစ်ခုကပိုကောင်းတယ်လို့ထင်တယ်''



ချင်လင်က သူ့ကိုခေါင်းညိမ့်ပြသောကျောက်မိုချင်းကိုကြည့်လိုက်သည်။ သူလုပ်နိုင်ခဲ့ပြီ။

မျှော်လင့်ထားသည့်အတိုင်းဆိုသော်လည်း သူကပြုံး၍ကောင်းယောင်ယောင်အား_ ''ဒါကိုမြည်းခိုင်းဖို့ ခရီးသည်နည်းနည်းရှာပေးပါဦး''

ကောင်းယောင်ယောင်ကအကြံပြုလိုက်သည်_ ''သူဌေး... ခရီးသည်တွေကို အသီးအနှံလိုမျိုးလက်ဆောင်လေးတွေမပေးသင့်ဘူးလား? မဟုတ်ရင် ရုတ်တရက်ဆန်လွန်းတော့''

ချင်လင်ကခေါင်းညိမ့်လိုက်သည်_ ''ဒါပေါ့... ထူးရှယ်ဖရဲသီးနှစ်လုံးခွဲလိုက်!''

''ဟုတ်ကဲ့ သူဌေး!'' ကောင်းယောင်ယောင်ကပြန်ဖြေလိုက်ပြီး စားပွဲထိုးတစ်ဦးခေါ်ကာ ကူခိုင်းလိုက်သည်။

သိပ်မကြာမီ_

ကောင်းယောင်ယောင်က သူ့အားအချက်အလက်တချို့ပေး၏။

မြည်းကြည့်သူခရီးသည် ၃၀ ဦးရှိပြီး ၂၅ ဦးက သူလုပ်ထားသော ဆော့ကိုရွေးကြသည်။ သူတို့အကြိုက်တွေ့ခြင်းကြောင့်ဖြစ်မည်။ ၅ ဦးကတော့ တခြားဘရန်းကိုရွေးထား၏။

သို့ဆိုလျှင်တောင် ဂိမ်း၏လျှို့ဝှက်နည်းက အလွန်နာမည်ရဆဲပင်။

ချဉ်စပ်အရသာက အတော်လူကြိုက်များသည်ဟုယူဆရသည်။

ချင်လင်က ရုတ်တရက်ကျောက်မိုချင်းအားမေးလိုက်၏_ ''မိုချင်း... ဒီခရမ်းချဉ်သီးဆော့က အရမ်းအရသာရှိမှတော့ ဆော့ဘရန်းတစ်ခုလုပ်ရင်မကောင်းဘူးလား? ချင်းလင်ခရမ်းချဉ်သီးဆော့လို့ ခေါ်ရမလား?''

ထိုစိတ်ကူးက ရုတ်တရက်ပေါက်လာခြင်းဖြစ်၏။ ဆော့မှာ နေ့စဉ်တည်ထားရမည့်တစ်ခုဖြစ်သည်။ အိမ်အတော်များများနှင့်စားသောက်ဆိုင်များတွင်လိုအပ်ခြင်းကြောင့် ဆော့မှာ အဓိကအရာတစ်ခုဖြစ်လာ၏။

ဥပမာဆိုရလျှင် ထိပ်တန်းအစားအသောက်ကုမ္ပဏီ ၁၀ ခုတွင်အပါအဝင်ဖြစ်သည့် 'အရသာရှိစားသောက်ကုန်'ကုမ္ပဏီမှာ သူတို့နိုင်ငံအတွင်း တစ်နှစ်ကို ယွမ် ၃၇.၇ ဘီလီယံဝင်ငွေရှိပြီး ဆော့မှာ ကဏ္ဍကြီးကြီး၌ရှိသည်။

ဒါပေမဲ့ အခုသူ့ဆော့က အဲဒါတွေထက်ပိုအရသာရှိ၏။

ဒီဆော့က စျေးကွက်ထဲကျယ်ကျယ်ပြန်ပြန့်ဖြန့်ဖြူးနိုင်မယ့် ပထမဆုံးဂိမ်းထုတ်ကုန်ဖြစ်လာနိုင်သည်။

ကျောက်မိုချင်းကခဏတွေးလိုက်ပြီး_ ''ချင်လင်... ရှင့်ရဲ့ခရမ်းချဉ်သီးဆော့က အရသာရှိပေမဲ့ ဒီလုပ်နည်းကိုလျှို့ဝှက်ထားလို့မရဘူးမလား? တစ်ယောက်ယောက်က ယူသွားရင်ရော?

ချင်လင်ကပြုံး၍_ ''တကယ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝပူစရာမလိုဘူး... နာမည်မရခင်တော့ ခိုးယူဖို့နေနေသာသာ ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး... ဒါပေမဲ့ နာမည်ရပြီဆိုတာနဲ့ သူ့နာမည်ကိုရောင်းပြီး ထုတ်စားမယ်''

''ထိပ်တန်းဘရန်း ၁၀ ခုရဲ့ဆော့တွေက ဘရန်းသေးသေးလေးတွေရဲ့ဆော့ထက်ပိုကောင်းတယ်လို့ သေချာလို့လား? နောက်ပြီး ဒီလျှို့ဝှက်နည်းကိုဖော်ဖို့ဆို အချိန်သိပ်မကြာဘူး... တို့ရဲ့ဂုဏ်သတင်းခိုင်မာနေရင် လူတွေကတို့ဘရန်းကိုပဲ အသိအမှတ်ပြုကြလိမ့်မယ်''

''ဒီလိုပြဿနာတွေအတွက် တကယ်စိတ်ပူနေတယ်ဆိုရင် သူဌေးတော်တော်များများအလုပ်ဖြစ်မှာမဟုတ်ဘူး... ပြီးတော့ အခုတို့မှာ တောင်တန်းစံအိမ်အမှီနဲ့ အဆက်အသွယ်ကောင်းရှိတာပဲ''

ကျောက်မိုချင်းကပြုံးကာခေါင်းညိမ့်လိုက်ရင်း ရှေ့တိုးပြီး ချင်လင်လက်မောင်းကိုချိတ်လိုက်သည်_ ''ဒါဆိုရင် ဒီခရမ်းချဉ်သီးဆော့ဘယ်လိုလုပ်ရလဲ ကျွန်မကိုသင်ပေးမလား? အိမ်အတွက်နည်းနည်းနဲ့ ကျားဝမ်ကိုနည်းနည်းပေးလိုက်မယ်... သူကခရမ်းချဉ်သီးဆော့ တကယ်ကြိုက်တာ''

ချင်လင်ကပြုံး၍_ ''သွားစို့... ချဉ်စပ်အရသာလည်းရှိသေးတယ်... စမ်းကြည့်ရအောင်''



နောက်လေးရက်အကြာ_

စံအိမ်လုပ်ငန်းမှာ ကောင်းစွာလည်ပတ်နေသည်။ ရွက်လွှင့်အစီအစဉ်အတွက် မြစ်လမ်းကြောင်းဖော်ခြင်းမှာ မြစ်ထဲမှကျောက်တုံးများစတင်တူးဖော်နေပြီဖြစ်ပြီး အန္တရာယ်ရှိသည့်နေရာများကိုစမ်းသပ်နေပြီဖြစ်၏။

ဧက ၁၀၀ ကျယ်သောပန်းပင်လယ်လည်း ဆောက်နေပြီဖြစ်သည်။ ဆောက်လုပ်ရေးနေရာကိုဝန်းကာထား၏။

ထိုမျှကျယ်သောပန်းပင်လယ်ဖန်တီးခြင်းမှာ အဆင့်ဆင့်လုပ်ရသည်။ ပျိုးပင်အမျိုးမျိုးစိုက်ပျိုးနေစဉ်အတွင်း အရံအပြင်အဆင်များချထားရ၏။

နောက်တစ်ခုမှာ သတို့သမီးခန်းနှင့်စားသောက်ဆိုင်ချဲ့ထွင်ခြင်းအစီအစဉ်ဖြစ်သည်။ ၄င်းတို့ကို အုတ်ဖိနပ်ခံထားပြီဖြစ်၏။ ဤသည်ကလည်း အချိန်အယူဆုံးလုပ်ငန်းတစ်ခုပင်။

စားသောက်ဆိုင်မှာ လက်ရှိခန်းမနှင့်အနီးဆုံးဖြစ်သည်။ ပင်မခန်းမကြီးမှာ ဘိလပ်မြေကျောက်နှင့်လုပ်ထားခြင်းမဟုတ်သော်လည်း သစ်တောထွက်ပစ္စည်းဝါးများနှင့် အထူးဆင်ထား၏။ ထိပ်ပိုင်းကိုလည်း ရှေးဟောင်းအုတ်ကြွပ်နှင့်လုပ်ထားသည်။

အပြီးသတ်လုပ်ငန်းမှာ အစကဒီဇိုင်းဆွဲထားသည့်အတိုင်းပင်။ အများကြီးစီစဉ်မထား။ စံအိမ်၏အပြင်အဆင်ကိုပြည့်စုံစေရန်မျှသာဖြစ်သည်။ စီရင်စုတည်းခိုခန်းများ၏စျေးကွက်ကိုဖြတ်လုဖို့မလိုချေ။

စီရင်စုထဲမှာ ခရီးသည်တွေဘယ်လောက်သုံးမည်ဆိုတာကတော့ စီရင်စုအပေါ်တွင်သာမူတည်သည်။

အချိန်ကျလျှင် သူတို့ကအထက်တန်းစားသတ်မှတ်မည်။ စျေးမှာ ရုံချန်းစီရင်စုအတွင်း တခြားဟိုတယ်များထက်ပိုကြီးဦးမည်။ သတို့သမီးခန်းချည်းသက်သက်မဟုတ်။ အရှေ့တွင်ပန်းခင်းပတ်လည်ဝိုင်းထားသော နေရာငယ်လေးလည်းထားမည်။

ခရီးသည်များသီးသန့်ပျော်ရွှင်နိုင်ရန် မီးဖိုနှင့်အကင်စက်များလည်း အထူးတပ်ဆင်ပေးထားမည်။

ရိုးရှင်းသော်လည်း ဘူဖေးအကင်နှင့်ဘူဖေးစားသောက်ဆိုင်ကိုအခြေခံထားသော

အဆင့်မြင့်မြင့်ပျော်ရွှင်နိုင်သည့်ပုံစံဖြစ်သည်။

စိုက်ပျိုးမွေးမြုရေးခြံ၏အခြားတစ်ဖက်တွင်လည်း အလုပ်စနေပြီဖြစ်၏။ နေရာကျဉ်းကျဉ်းမဟုတ်။ အချိန်ကျလျှင် စိုက်ပျိုးမွေးမြူရေးခြံမှ ကြက်၊ ဘဲ၊ ငန်းတို့ကို ကောင်းကောင်းမွေးမြူနိုင်မည်။ တခြား နွား၊ သိုး၊ မြင်းများလည်း မွေးနိုင်မည်။ နေ့တိုင်းစားကျက်တွင်လှန်ထားရုံနှင့် ခရီးသည်များနှင့်ထိတွေ့နိုင်ပြီး ပိုပျော်စရာကောင်းပေမည်။

ချင်လင်က မြင်းခြံဆောက်သင့်သလားဟုတောင် တွေးမိသည်။ ဘာပဲဖြစ်ဖြစ် စိုက်ပျိုးမွေးမြူရေးခြံပုံပြင်တွင် မြင်းမွေးပြီးမြင်းပြိုင်ပွဲလုပ်၍ရ၏။

သို့သော် လုပ်ငန်းအားလုံးကအချိန်လိုပြီး နေ့ချင်းညချင်းဖြစ်မလာနိုင်ပေ။

ဘာပဲဖြစ်ဖြစ် စံအိမ်ချဲ့ထွင်ခြင်းက လမ်းကြောင်းမှန်ပေါ်မှာရှိနေပြီ။

ချင်လင်လည်း အချိန်ဖြုန်းမနေ။ ဆော့ကိုအများအပြားထုတ်လုပ်ရောင်းချရန်စီစဉ်ထားသည့်အပြင် ဆက်လှုပ်ရှားနေသည်။

ဤရက်ပိုင်းတွင် သူ့အမေနှင့်ကျောက်မိုချင်းက အိမ်အသစ်ကိုပြင်ဆင်ထားပြီးဖြစ်၏။

သူ့အမေက ဦးလေးတလင်နှင့်ဦးလေးရွှေ့ကန်းတို့ကို မနေ့ညကဖုန်းခေါ်ပြီးအသိပေးလိုက်သည်။ ဖုန်းခေါ်သည်နှင့် ပြုံးနေသည်မှာမရပ်တော့။

ဤအချိန်က သူမဂုဏ်အယူရဆုံးအချိန်ဖြစ်မည်!

ချင်လင်က ဘာအိမ်တက်အခမ်းအနားမှမလုပ်။ မောင်းထုရန်၊ ဗုံတီးရန်၊ မီးပန်းဖောက်ရန်လည်းမလိုပေ။

သူက သူများကိုဒုက္ခမပေးချင်။ သူကိုယ်တိုင်လည်း ဒုက္ခရောက်သည်။

သူ့ကိုကူညီဖူးသောလူတချို့ကိုသာ ထမင်းဖိတ်ကျွေးလိုက်မည်။ စကားလည်း မကားစေချင်ပေ။

အခုရွာထဲကလူအတော်များများနှင့်ထိုဦးလေးနှစ်ယောက်မှာ သူ့မိသားစုကို အရင်လိုအခြေအနေနှင့်အကြွေးနစ်နေဆဲဟု ထင်ချင်ထင်ကြလိမ့်မည်။

ဘဝတွင် လူများစွာနှင့်ကြုံရမည်။ လူတိုင်းနှင့် အလျဉ်းသင့်အောင် အတင်းလုပ်ယူရန်မလိုပါချေ။ ကိုယ့်အပေါ်ကောင်းသူများကို ထိန်းထားနိုင်လျှင်အဆင်ပြေသည်။

ကမ္ဘာအနှံ့မိတ်ဆွေရှိသည်ဆိုပါလျှင်တောင် ရင်းနှီးသောမိတ်ဆွေတစ်ဦးနှစ်ဦးရှိသည်က ပိုကောင်းလေသည်။



All Chapters