ချင်းလင်အမှတ်တံဆိပ်၏ ပထမဆုံးထုတ်ကုန်!
Vol. 6 Ch. 88
''ဥက္ကဌဝမ်... ခင်ဗျားကိုဘယ်လိုနှစ်သိမ့်ရမလဲမသိတော့ဘူး'' ချင်လင်က ဝမ်ရှင်း၏ဇာတ်လမ်းကိုကြားပြီး ခေါင်းခါလိုက်သည်။ သူက_ ''ကျွန်တော် ဒီစက်ရုံနဲ့ပတ်သက်ပြီး စိတ်တိုင်းကျတယ်ဗျာ... ကျွန်တော်ဝယ်ဖို့အစီအစဉ်ရှိတယ်''
ထိုအချိန်ဝမ်ရှင်းက သွက်သွက်လက်လက်မထောက်ခံဘဲ_ ''ဥက္ကဌချင်... မင်းကို ဒီစက်ရုံရောင်းနိုင်ပါတယ်... ဒါပေမဲ့ တောင်းဆိုစရာရှိတယ်... ဝန်ထမ်းတွေကို အလုပ်မဖြုတ်ရဘူး... စီမံခန့်ခွဲဖို့အတွက်ကတော့ စက်ရုံမန်နေဂျာပဲရှိတယ်... တကယ်လို့ မင်း.. ထားလိုက်ပါတော့... ငါ့ဘာသာပဲလျော်ပေးလိုက်မယ်!''
သူဌေးတစ်ဦးကစက်ရုံဝယ်လျှင် စက်ရုံညွှန်မှူးက သူ့လူတွေကိုပဲပိုသုံးချင်မှန်း သူလည်းသိသည်။
ချင်လင်က ဝမ်ရှင်း၏တောင်းဆိုချက်ကိုကြားလျှင် ခဏစဉ်းစားလိုက်ပြီး_ ''ဥက္ကဌဝမ်... ကျွန်တော်စက်ရုံဝယ်တယ်ဆိုရင်တောင် ပစ္စည်းတွေထုတ်လုပ်ဖို့ရှိသေးတယ်... သူတို့အမှားမလုပ်ဘူးဆိုရင် ကျွန်တော်အလုပ်မဖြုတ်ပါဘူး... စက်ရုံမန်နေဂျာကိုတော့ ကျွန်တော်နဲ့တွေ့ခွင့်ပေးပါ!''
စက်ရုံလည်ပတ်တဲ့အပိုင်းမှာပြဿနာမရှိဘူးဆိုတော့ ဝန်ထမ်းတွေမှာပြဿနာရှိမည်မဟုတ်။ ဒါဆိုရင် အရည်အချင်းရှိပြီးသားအလုပ်သမားတွေကိုမလိုချင်စရာအကြောင်းလည်းမရှိပေ။
စက်ရုံညွှန်မှူးအတွက်တော့ သူကိုယ်တိုင်တောင် လက်မှတ်ကောင်းကောင်းမရှိ။
အခုဝမ်ရှင်းဒီလိုဖြစ်နေတာတောင် စက်ရုံမန်နေဂျာအတွက်တွေးပေးနိုင်တယ်ဆိုတော့ သူကလူကောင်းမှန်းသိသာသည်။ သူအရင်ဆုံးတွေ့ကြည့်ရမည်။
''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်'' ဝမ်ရှင်းက စိတ်ရင်းနှင့်ကျေးဇူးတင်စကားဆိုလိုက်၏။ ထို့နောက်သူက အသက် ၄၀ ခန့်လူတစ်ယောက်ကိုခေါ်ပြီး_ ''ဥက္ကဌချင်... သူ့နာမည်က တန့်ကွမ်းပါ... စက်ရုံမန်နေဂျာပါ... တန့်ကွမ်း ဒါကဥက္ကဌချင်... ငါစက်ရုံကို သူ့ကိုရောင်းဖို့ဆုံးဖြတ်လိုက်ပြီ''
တန့်ကွမ်းလျန်က ချင်လင်ကိုကြည့်လိုက်သည်။ သူ့သူဌေးမိသားစုအခြေအနေကိုလည်း သူသိသည်။ သူကသက်ပြင်းချ၍_ ''ဥက္ကဌချင်... နောက်ကျရင်ကျွန်တော် ဥက္ကဌဝမ်လက်လွှဲပေးတဲ့စက်ရုံရဲ့အသေးစိတ်အချက်အလက်တွေကူပေးပါ့မယ်... ကျွန်တော့်ကိုဆက်သုံးချင်တယ်ဆိုရင် ခင်ဗျားအတွက်ကြိုးစားပေးပါ့မယ်... ခင်ဗျားတစ်ယောက်ယောက်ကိုပို့ချင်တယ်ဆိုရင်လည်း ကျွန်တော်နားလည်ပါတယ်... ဘာပဲဖြစ်ဖြစ်ဒီရာထူးက အရမ်းအရေးကြီးတယ်လေ... ခင်ဗျားကိုအကြပ်တွေ့အောင် မလုပ်ပါဘူး''
တန့်ကွမ်းကိုမြင်မြင်ချင်း ချင်လင်၏အမြင်မှာမဆိုးပေ။ ခဏတွေးကြည့်ပြီးနောက် သူကညွှန်ကြားလိုက်သည်_ ''မန်နေဂျာတန့်... နောက်ကျရင်ကျွန်တော် ဥက္ကဌဝမ်နဲ့လုပ်ငန်းတွေစာရင်းရှင်းဖို့သွားမယ်... ဒီကဝန်ထမ်းတွေကိုပြောပေးပါ... ကျွန်တော်စက်ရုံဝယ်ပြီးရင် အားလုံးနဲ့သဘောတူစာချုပ်ချုပ်မယ်... စာချုပ်ဖောက်ဖျက်ရင် လျော်ကြေးကကြီးမယ်... တကယ်လို့သူတို့ဆက်လုပ်ချင်တယ်ဆိုရင် ဆက်လုပ်နိုင်တယ်... ဆက်မလုပ်ချင်ဘူးဆိုရင်လည်း ကျွန်တော်ဖိအားမပေးဘူး''
လျှို့ဝှက်ဆော့လုပ်နည်းမှာ နည်းပညာသိပ်မလို၍ ခိုးယူရလွယ်သည်။ လုံခြုံရေးသတိပေးချက်တချို့တော့ ဆွဲထားရမည်။

သည်လိုနှင့်_
ချင်လင်က ဥက္ကဌဝမ်နှင့်စာချုပ်လက်မှတ်ထိုးပြီး စီးပွားရေးပိုင်ဆိုင်ခွင့်အမည်ပြောင်းစင်တာသို့ ဦးတည်သွားလိုက်သည်။
......
စက်ရုံပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်းမှာ နှစ်ဦးနှစ်ဖက်စာချုပ်လက်မှတ်ထိုးပြီးသည်နှင့် အရောင်းအဝယ်ပြီးမြောက်သည်မဟုတ်ချေ။ စက်ရုံပိုင်ဆိုင်ခွင့်ဖြစ်စေ၊ စက်ရုံပိုင်ဆိုင်ခွင့်အသုံးချမှုကိုဖြစ်စေ သက်ဆိုင်ရာဌာနများမှပြန်လည်ဆန်းစစ်ကြရသည်။ အရှုပ်အရှင်းကင်းသည်ဆိုမှ အရောင်းအဝယ်ကိုဆက်လက်လုပ်ဆောင်နိုင်၏။
မြို့ကြီးပြကြီးများတွင် လုပ်ငန်းစဉ်အပြီးသတ်နိုင်ရန်အချိန်တော်တော်ယူရသည်။ ရုံချန်းစီရင်စုကဲ့သို့နေရာငယ်လေးတွင်မူ အလွန်မြန်၏။ နေ့လယ်ပိုင်းတွင်အပြီးသတ်နိုင်သည်။
အမည်ပြောင်းဆန်းစစ်ခြင်းထောက်ခံချက်ရပြီးလျှင် ချင်လင်က စက်ရုံနာမည်ကို 'ချင်းလင်အစားအသောက်ကုမ္ပဏီလီမီတက်'ဟုပြောင်းရန် ထပ်လျှောက်လိုက်၏။
ဝမ်ရှင်းနှင့်မဆိုင်သော နောက်ဆက်တွဲလုပ်ငန်းစဉ်များမှာ အချိန်ယူရဦးမည်။
''ဥက္ကဌချင်.. အခုကစပြီး ဒီစက်ရုံက မင်းရဲ့အပိုင်ဖြစ်သွားပါပြီ... စီးပွားဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်'' ဝမ်ရှင်းထွက်သွားသောအခါ သူ့အသွင်အပြင်မှာ နားလည်ရခက်နေသည်။ ဘာပဲဖြစ်ဖြစ် သူလက်ဗလာနဲ့စခဲ့ရတဲ့စက်ရုံပဲလေ။ အစကအကြီးအကျယ်အောင်မြင်ချင်တဲ့ဆန္ဒတွေရှိခဲ့တာပေါ့။
သူ့သားကိုကောင်းကောင်းမသွန်သင်နိုင်ခဲ့တဲ့ သူ့ကိုယ်သူသာ အပြစ်တင်ရုံရှိတော့သည်။
ထို့နောက်ချင်လင်က စက်ရုံထဲထပ်သွားလိုက်သည်။
သူရောက်သွားသောအခါ တန့်ကွမ်းက စက်ရုံဝန်ထမ်းအယောက် ၂၀ ခန့်နှင့်အတူ သူဌေးအသစ်ကိုစောင့်နေကြ၏။
တန့်ကွမ်းကရှေ့ထွက်လာပြီး_ ''ဥက္ကဌချင်... ဒီဝန်ထမ်းတွေက ဆက်နေလိုတဲ့ဆန္ဒရှိပြီး သဘောတူစာချုပ်လက်မှတ်ထိုးချင်ကြပါတယ်''
ဝန်ထမ်းတိုင်းလိုလိုက နည်းနည်းစိတ်မသက်မသာဖြစ်နေပုံရသည်။ ဘာပဲဖြစ်ဖြစ် သူဌေးပြောင်းပြီး သဘောတူစာချုပ်လက်မှတ်ထိုးရတော့မည်လေ။ သို့သော်လည်း သူတို့အလုပ်ကိုတော့ အဆုံးရှုံးမခံချင်။
ဝန်ထမ်းတွေဘာတွေးနေမည်ကို ချင်လင်ကသိသဖြင့်_ ''အားလုံးက သဘောတူစာချုပ်လက်မှတ်ထိုးပြီး ဆက်နေလိုတဲ့ဆန္ဒရှိမှတော့ ကျွန်တော်ကလည်း အားလုံးကိုသတင်းကောင်းပြောပြရဦးမယ်... သဘောတူစာချုပ်လက်မှတ်ထိုးပြီးရင် အားလုံးရဲ့လစာက ယွမ် ၁၀၀ စီတိုးပါမယ်... အားလုံးကိုကျွန်တော်ကတိပေးနိုင်တာက အလုပ်ကြိုးစားမယ်ဆိုရင် နောင်မှာသေချာပေါက်လစာတိုးပါလိမ့်မယ်... လိမ်လည်လှည့်ဖျားမယ့်သူဆိုရင်တော့ ကျွန်တော်လုံးဝလက်မခံနိုင်ပါဘူး''
လစာယွမ် ၁၀၀ တိုးမည်ဟုကြားသည်နှင့် ဝန်ထမ်းများ၏မျက်နှာ ဝင်းလက်သွားလေသည်။

မြို့ငယ်လေးကအလုပ်သမားတွေမှာ စိတ်ကျေနပ်လွယ်ကြမှန်းသိသာသည်။
ချင်လင်ကဆက်၍_ ''ပြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ... ကျွန်တော့်နာမည်ချင်လင်ပါ... ချင်းလင်စံအိမ်ပိုင်ရှင်ပါ... နောင်မှာ စက်ရုံကထုတ်တဲ့ထုတ်ကုန်တွေကို ချင်းလင်စံအိမ်မှာလည်း ရောင်းပါမယ်''
ထိုစကားလုံးများက တန့်ကွမ်းအပါအဝင် ဝန်ထမ်းအားလုံးကိုအံ့အားသင့်သွားစေသည်။
''သူဌေးအသစ်က ချင်းလင်စံအိမ်ပိုင်ရှင်လား?''
''အားလပ်ရက်တုန်းကတောင် ချင်းလင်စံအိမ်သွားခဲ့သေးတယ်''
''ကျွန်မသမီးလည်း ချင်းလင်စံအိမ်သွားပြီး ဆေးဖက်ဝင်ပျားရည်သောက်ချင်လို့ပူဆာနေတာ''
“…”
ယခုချင်းလင်စံအိမ်မှာ ရုံချန်းစီရင်စုထဲတွင် အလွန်နာမည်ရနေပြီဖြစ်သည်။ ချင်းလင်စံအိမ်ချဲ့ထွင်ရန် စီရင်စုကထောက်ပံ့သည်ဟုပြောနေကြ၏။
အကြောင်းရင်းတချို့ကြောင့် စက်ရုံဝန်ထမ်းအားလုံးမှာ အင်အားရှိလာပုံရသည်။
…
နောက်ရက်ပိုင်းအတွင်း စက်ရုံစာရွက်စာတမ်းကိစ္စပြီးစီးသွား၏။
ကျောက်မိုချင်းက သူတကယ်နောက်ထပ်စက်ရုံဝယ်လိုက်ပြီမှန်းသိသည်။ သူမက စိတ်သက်သာရာရသည်အထိ စက်ရုံ၏ငွေဖြတ်ပိုင်းအမျိုးမျိုးကို ထပ်ခါထပ်ခါစစ်ဆေးကြည့်လိုက်သည်။
စံအိမ်တွင် နေ့စဉ်ဆေးဖက်ဝင်ပျားရည်ရောင်းကုန်ပြီး ဝင်ငွေမှာ ယွမ် ၄ သိန်းပတ်လည်အမြဲထိန်းထားနိုင်၏။
သို့သော် တောင်တန်းစံအိမ်အွန်လိုင်းကျော်ကြားမှုမှာ သိသိသာသာတိုးတက်လာခြင်းမရှိပေ။ ဤသည်က အစကသူတို့မျှော်လင့်ထားသည်နှင့် နည်းနည်းကွာခြားနေသည်။
အစကချင်ရန်ပြောတော့ သူ့စံအိမ်သာပေါက်သွားရင် ကျော်ကြားမှုကသေချာပေါက်အကြာကြီးခံမယ်တဲ့။ ပေါက်သွားတဲ့ဘယ်အင်တာနက်ဆယ်လီက လွယ်လွယ်လေးနဲ့ပရိသတ်သန်းချီမရဘဲနေလို့လဲ?
သို့သော် သူ့တရားဝင်အကောင့်မှာ ပရိသတ် ၉၀၀၀၀၀ ကျော်သာရှိသည်။ တစ်သန်းပင်မပြည့်။
သူက သူ့ဖုန်းပေါ်တွင်မြူဆွယ်နေသော ခြေတံရှည်အမျိုးသမီးများ၏ရေပန်းစားဗီဒီယိုများကိုလျှောက်ကြည့်လိုက်ရာ တစ်ခုခုသဘောပေါက်သွားသည်။
သူမကရုတ်တရက်ပေါ်လာသော အင်တာနက်ဆယ်လီဖြစ်ပုံရပြီး ထိပ်တန်းရေပန်းစားရှာဖွေမှုသုံးခုထဲတွင်ဝင်နေပြီဖြစ်လေသည်။