ချင်းလင်အမှတ်တံဆိပ်၏ပထမဆုံးထုတ်ကုန်! ၂
Vol. 6 Ch. 89
ဤသည်မှာ Tiltok မှ လုံးဝတရားဝင်အားပေးခြင်းပင်။
သူ့စံအိမ်မှာရှုမျှော်ခင်းနေရာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အင်တာနက်ဆယ်လီပရိသတ်တွေနှင့်ကွာခြား၏။
အင်တာနက်ဆယ်လီတွေက သူတို့ပရိသတ်တွေကို 'ဟယ်လို'ဟုနှုတ်ဆက်မည်၊ PK လုပ်မည်၊ ကျေးဇူးတင်မည်၊ သူတို့အတွက် အကျိုးအမြတ်များပြင်ဆင်ပေးမည်၊ အမှတ်တမဲ့ပစ္စည်းများတောင်ယူလာပေးမည်။
Tiktok ကိုသယ်လာသမျှ အကျိုးအမြတ်ချည်းသာဖြစ်၏။ ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်အားလုံးကို Tiktok ကခွဲယူသည်လေ။
ထို့ကြောင့် နိုင်ငံသားအတော်များများက မဖွယ်မရာလုပ်သော လင်ချန်းမောင်ကဲ့သို့အင်တာနက်ဆယ်လီများကိုပြောဆိုကြလျှင်တောင် သူတို့မှာ ပိတ်ပင်ခံရခြင်းမရှိပေ။ လုံးဝမတားဘူးဆိုတာ ဘယ်သူကသိမှာလဲ? အကြောင်းမှာ ထိုလူများကြောင့်ရသောအကျိုးအမြတ်အများစုမှာ Tiktok ၏အိတ်ကပ်ထဲကိုဝင်ခြင်းကြောင့်ဖြစ်သည်။
ဤသည်ကမြို့ပြဖြစ်၏။
ယခု Tiktok က ထိုခြေထောက်ရှည်နှင့်မြူဆွယ်သောအမျိုးသမီးများကို ထင်ထင်ရှားရှားကြော်ငြာနေသောကြောင့် သူ့စံအိမ်မှာအကန့်အသတ်လူစီးဆင်းမှုအရ လမ်းပေးလိုက်ရသည်။ သိသိသာသာလူတိုးလာဖို့မဖြစ်နိုင်တော့။
အကယ်၍ စံအိမ်ကဆက်လက်ကျော်ကြားလိုလျှင် ပိုက်ဆံသုံးပြီးကြော်ငြာခြင်း (သို့) လူစိတ်ဝင်စားအောင်အသစ်အဆန်းတစ်ခုခုလုပ်ရပေမည်။
ချင်လင်ကဖုန်းချ၍ အနောက်ဘက်ခြံဝင်းထဲလျှောက်သွားလိုက်သည်။
လောလောဆယ်တော့ ထိုကျော်ကြားမှုထဲတွင် သူဝင်ပါလိုစိတ်မရှိသေး။
စံအိမ်တွင် လူဦးရေအကန့်အသတ်ရှိနေသည်။ ကျော်ကြားမှုကအတိုင်းအတာတစ်ခုရောက်သွားလျှင် ဘယ်လောက်ပဲမြင့်သည်ဖြစ်စေ သူက လူ ၁၅၀၀ သာလက်ခံနိုင်၏။
သူကခြံဝင်းထဲဝင်လိုက်သည်။
သူက ဂိမ်းမျိုးစေ့နှင့်စိုက်ထားသော ဖရဲပျိုးပင်များဆီချက်ချင်းလျှောက်သွားလိုက်၏။ နွယ်များသိပ်သည်းနေပြီးဖြစ်၍ ရက်ပိုင်းအတွင်းပန်းပွင့်တော့မည်။
......
ဘေးမှအိုးစိုက်သုံးပွင့်ဆိုင်ဇီးပန်းပင်မှာ ကောင်းကောင်းရှင်နေသည်။ အကိုင်းအခက်နှင့်ပန်းများလည်း အလွန်ပြီးပြည့်စုံ၏။
ထို့နောက် သာမန်ဖရဲပျိုးပင်များစိုက်ထားသော အမိုးအကာအောက်ဝင်လိုက်သည်။ ပန်းပွင့်ချိန်မှာ ၃၅ ရက်မှ ၄၅ ရက်အတွင်းဖြစ်၏။
ဂိမ်းမျိုးစေ့၏ပန်းပွင့်ချိန်ကိုသိပြီးနောက် ပျိုးပင်ပွားရန် ကိုချီစင်းကိုသုံးပြီး ဖရဲနှစ်မျိုးပန်းပွင့်ချိန်ကိုတွက်ချက်ကာ ဝတ်မှုန်ကူးနိုင်ပြီဖြစ်သည်။
နောက်ဆုံးချင်လင်က လယ်ကွက်ပုံစံငယ်လေးကိုကြည့်၍ စိတ်ပျက်သွားသည်။
ဂိမ်းမှထုတ်ယူခဲ့သောရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့မှာ အပင်ပေါက်မလာ။ အချိန်တွက်ချက်ကြည့်ရာ အပင်ပေါက်ချိန်ကျော်လာပြီဖြစ်၍ ဤတစ်သုတ်မျိုးစေ့များမှာ စိုက်မရနိုင်တော့ပေ။
ကြည့်ရတာ ရှန်းရွှေလက်ဆောင်ဆန်က တကယ်မြေရွေးပုံရသည်။ ဒါကြောင့် ဒီလိုနေရာသေးသေးလေးမှာမစိုက်နိုင်တာပဲ။
ဒီလိုဆိုရင် သူမျိုးစေ့တွေကိုပြန်စိုက်ရုံသာရှိတော့မည်။
သူသာဒီလိုဆက်ပြီးကြိုးစားနေရင် သူကံကောင်းလာနိုင်သည်။ မြေနေရာပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမဖြစ်သောမျိုးစေ့များမှာ ရှိတတ်စမြဲပင်။
ချင်လင်ကခန်းမထဲပြန်လာပြီး ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ထုတ်ရန် ဂိမ်းထဲဝင်မည့်ဆဲဆဲ ချင်လုံရောက်လာသည်ကိုတွေ့လိုက်ရသည်။
''ချင်လင်'' ချင်လုံက ချင်လင်ကိုမြင်လျှင်ရှေ့ဆက်လျှောက်လာသည်။
''ပြန်စဉ်းစားကြည့်ပြီးပြီလား?'' ချင်လင်ကမေးလိုက်သည်။
ချင်လုံကခေါင်းညိမ့်၍_ ''အင်း... ငါစဉ်းစားကြည့်ပြီးဆုံးဖြတ်ပြီးသွားပြီ... အရင်ကတည်းကငါစုထားတာလေးတွေရယ် ဒီရက်ပိုင်း ငါ့သူငယ်ချင်းတွေဆီကချေးထားတာရယ်... မိသားစုကလည်း အိမ်ထဲကနည်းနည်းထုတ်ချေးပေးတာ ယွမ်နှစ်သိန်းလောက်စုမိတယ်''
''ဒီလောက်အများကြီး... ဆုံးရှုံးမှာမကြောက်ဘူးလား?'' ချင်လင်ကအံ့သြသွားသည်။
ချင်လုံဒီလောက်ပိုက်ဆံအများကြီးရှာနိုင်တာ တကယ်အထင်ကြီးစရာပင်။ သူသာဆုံးရှုံးခဲ့လျှင် တစ္ဖက္လူက သူ့ဘဝသူပြန်ပြီးရပ်တည်နိုင်မည်မဟုတ်ပေ။
ချင်လုံက သူ့ကိုယ်သူအပြစ်တင်ရင်း_ ''ငါက အဲဒီလိုမိန်းမတစ်ယောက်အတွက်နဲ့ ရာဇဝတ်မှုမှတ်တမ်းတင်သွားပြီ... ငါမကြိုးစားကြည့်ရင် ကလေးအဖေဖြစ်ထိုက်မှာမဟုတ်ဘူး... အရင်ဆုံးမြေစာချုပ်မချုပ်ခင် သက်ဆိုင်တဲ့ဗဟုသုတနဲ့သက်ဆိုင်တဲ့နည်းစနစ်တွေလေ့လာမယ်... ပြီးတော့အခု အရင်ဆုံးစိုက်ပျိုးကြည့်ဖို့ မှန်လုံအိမ်ပဲရနိုင်မယ်''
''ပြီးတော့ ချင်လင်... မင်းရဲ့စက်ရုံမအောင်မြင်ခဲ့ရင်တောင် ငါ့ကိုပြန်ကြည့်ဖို့မလိုပါဘူး... ငါ့ဘာသာလုပ်ဖို့ဆုံးဖြတ်ပြီးမှတော့ ငါ့ဘာသာအဆက်အသွယ်ရှာမယ်... ဒါပေမဲ့ မင်းရဲ့စံအိမ်အရောင်းစင်တာမှာခွင့်ပြုမယ်ဆိုတဲ့ကတိကိုတော့ ပြန်ရုတ်သိမ်းလို့မရဘူးနော်''
''အစ်ကိုကရည်ရွယ်ချက်ရှိတယ်'' ချင်လင်က ချင်လုံကိုကြည့်လိုက်သည်။ နောက်ပြီး တစ်ဖက်လူစိတ်ပူနေသည့်ကိစ္စမှာမလိုအပ်ပေ။ သူကိုယ်တိုင်ခရမ်းချဉ်သီးဆော့နာမည်ရသရွေ့ ချင်လုံ၏ယွမ်နှစ်သိန်းတန်ခရမ်းချဉ်သီးခင်းကို အသာလေးအပြုတ်ဖြုတ်နိုင်သည်။
သို့သော် ချင်လုံကိုတော့ပြန်မထူနိုင်။ တစ်ဖက်လူမှာ ဒီလိုစိတ်အင်အားမျိုးရှိတာကောင်းသည်။ ထိုအင်အားကြောင့်ပဲ သူအောင်မြင်နိုင်လေသည်။
သူခြေလှမ်းလှမ်းလျှင် သူ့ကိုတောင်ပြန်ထိန်းထားနိုင်ဦးမည်။
ချင်လုံနှင့်ချင်လင်က မသွားခင်စကားခဏပြောလိုက်ကြသည်။ချင်လုံကစိတ်ဆုံးဖြတ်ထားမှတော့ သူ့မှာဖြေရှင်းစရာကိစ္စတွေအများကြီးရှိသေးသည်။
ချင်လင်သဘောတူထားသည့် စံအိမ်၏အရောင်းစင်တာအဆက်အသွယ်နှင့်ဆိုလျှင် သူ့တွင်ယုံကြည်ချက်တချို့ရှိလာသည်။ နောက်ပြီး ချင်းလင်စံအိမ်က live ကြော်ငြာရှိသည်။ သူ့ခရမ်းချဉ်သီးတွေကို ချင်းလင်စံအိမ်ကိုရောင်းမှန်းသိကြလျှင် တခြားသူများနှင့် ညှိနှိုင်းရလွယ်ကူသွားပြီဖြစ်လေသည်။
ဤသည်က သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်ခြင်းပင်။
အဆိုအရ 'မိမိကိုယ်သာကိုးကွယ်ရာ'တဲ့။ သူလုပ်ရင် အခွင့်အရေးရှိမယ်။ သူမလုပ်ရင် အခွင့်အရေးဆုံးရှုံးမယ်။
ချင်လင်က ချင်လုံကိုလိုက်ပို့ပြီးနောက် သူ့ဖုန်းမြည်လာသည်။ တန့်ကွမ်းဆီမှဖြစ်၏။
သူဖုန်းကိုင်လိုက်သောအခါ တန့်ကွမ်း၏အံ့သြနေသည့်အသံကြားရသည်_ ''ဥက္ကဌချင်... ခရမ်းချဉ်သီးဆော့အသစ်ရဲ့ပြီးသွားတဲ့ထုတ်ကုန်တွေက ရောင်းထွက်သွားပါပြီ... ဒီတစ်ခေါက် ပြီးသွားတဲ့ထုတ်ကုန်တွေက အရသာအရမ်းကောင်းတယ်''
ထိုသတင်းရပြီးနောက် ချင်လင်အပျော်လွန်သွားပြီး စက်ရုံဆီတန်းမောင်းသွားလိုက်သည်။
လျှို့ဝှက်ဆော့လုပ်နည်းကို ဂိမ်းကပေးထားသော်လည်း စက်တပ်ဆင်ရေးလမ်းကြောင်းသုံးခြင်းမှာ လက်နှင့်ထုတ်လုပ်ရသကဲ့သို့မရိုးရှင်းပေ။ အချိန်၊ အချိုးအစားနှင့် အဆင့်တိုင်းအဆင့်တိုင်းအတွက် အပူချိန်နှင့်ချိန်ကိုက်ခြင်းကိုပါ ထိန်းသိမ်းပေးရသည်။
လွန်ခဲ့သောရက်ပိုင်းအတွင်း တန့်ကွမ်းက လူခေါ်၍စက်စစ်ဆေးပြီး ထုတ်ကုန်တချို့ထုတ်ထားခဲ့၏။ သို့သော် အရသာမမှန်သေး၍ အရည်အသွေး ၁ ကိုစံမမီဘဲရှိခဲ့သည်။
စက်ရုံတွင် 'ချင်းလင်အစားအသောက်ကုမ္ပဏီလီမိတက်'ဟူသော ဆိုင်းဘုတ်ကိုချိတ်ဆွဲထားပြီးဖြစ်၏။
ချင်လင်စက်ရုံရောက်သောအခါ တန့်ကွမ်းက ဆော့ပန်းကန်သေးသေးနှင့်ဘီစကစ်တချို့ကိုင်ကာ ချက်ချင်းလျှောက်လာသည်_ ''ဥက္ကဌချင်... မြည်းကြည့်ပါဦး... ဒီတစ်ခေါက်အရသာက တကယ်ကောင်းတယ်''
ချင်လင်က ဘီစကစ်ကိုကိုင်၍အချဉ်တို့လိုက်ကာ သူ့ပါးစပ်ထဲထည့်ပြီးအရသာခံကြည့်လိုက်သည်။ စိတ်ကျေနပ်သောအမူအရာ သူ့မျက်နှာတွင်ပေါ်လာ၏။
ဒီအရသာမှန်တယ်။
ချင်လင်က တန့်ကွမ်းအားချက်ချင်းညွှန်ကြားလိုက်သည်_ ''လောင်တန့်... ပြီးသွားတဲ့ထုတ်ကုန်တွေထဲက ကျွန်တော့်ကိုနည်းနည်းပေးပါ... ပြီးရင် အဲဒါကိုစစ်ဆေးဖို့ အရည်အသွေးစစ်ဆေးရေးဌာနကိုချက်ချင်းပို့လိုက်''
အစားအသောက်ထုတ်လုပ်ရောင်းချရန် အရည်အသွေးစစ်ဆေးခြင်းကိုလုပ်ဆောင်ရသည်။
ထုတ်ကုန်အရည်အသွေးစစ်ဆေးခြင်းမှာ ပုံမှန်အားဖြင့် အခြေအနေနှစ်ရပ်ကြောင့်ဖြစ်၏။ ပထမအချက်မှာ ထုတ်လုပ်ခွင့်လိုင်စင်မရှိခြင်းဖြစ်သည်။ ထုတ်လုပ်ခွင့်လိုင်စင်ရရန် အရည်အသွေးစစ်ဆေးခြင်းကိုအရင်လုပ်ရသည်။ ဤကိစ္စကပိုကြာသည်။ ရက် ၃၀ အချိန်ယူရ၏။
စက်ရုံကထုတ်လုပ်ခွင့်ရလျှင် ပိုမြန်ဆန်လာမည်။အစားအသောက်ကများသောအားဖြင့် ၇ ရက်မှ ၁၀ ရက်ကြာလေ့ရှိ၏။
ချိန်ကိုက်ခြင်းမှာ အဓိကအားဖြင့် အရည်အသွေးအတွက်မဟုတ်သောလုပ်ထုံးလုပ်နည်းဖြစ်ပြီး မြို့ကြီးများအတွက်ရည်ရွယ်သည်။
မြို့ငယ်အတော်များများတွင်မရှိတတ်သည့် ရုံချန်းစီရင်စုကဲ့သို့စက်ရုံမျိုးတွင် အစကတည်းက ထုတ်ကုန်အသစ်များများစားစားမရှိ၍ အလုပ်မရှုပ်တတ်ပေ။ တစ်ရက်မှသုံးရက်ခန့်သာကြာတတ်သည်။
ထို့အပြင် ချင်းလင်စံအိမ်အမှတ်တံဆိပ်ကြောင့် အရည်အသွေးကြီးကြပ်ရေးဌာနက သေချာပေါက်ချက်ချင်းဆောင်ရွက်လိမ့်မည်။ ဘာပဲဖြစ်ဖြစ်စီရင်စုက ယခုချင်းလင်စံအိမ်အပေါ် အရေးကြီးအချက်များချထားသည်လေ။သန့်ရှင်းမှုအတွက်ကတော့ စက်ရုံကအရင်ကတည်းက ဖြေရှင်းထားသည်။ ထုတ်လုပ်ရေးလမ်းကြောင်းတူပြီး ဆင်တူသည့်ထုတ်ကုန်မှာ ထပ်မံလုပ်ရန်မလိုအပ်ချေ။
''ကောင်းပါပြီ ဥက္ကဌချင်'' တန့်ကွမ်းကခေါင်းညိမ့်ပြီး စီစဉ်ရန်သွားလိုက်သည်။ မကြာမီ သူက ချင်လင်လက်ထဲသို့ ထုပ်ပိုးထားသော ၂၀၀ ဂရမ်ဆော့ပုလင်းတချို့ထည့်ပေးလိုက်၏။
၂၀၀ ဂရမ်ပုလင်းမှာ အရင်ကဝမ်ရှင်းပြင်ဆင်ထားခြင်းဖြစ်သည်။ ဂိုဒေါင်ထဲတွင်အများကြီးရှိသဖြင့် အချိန်တစ်ခုအထိသုံးနိုင်သေး၏။
ချင်လင်က ပုလင်းပုံစံကိုမဆိုးဟုထင်မြင်သဖြင့် ဆက်သုံးလိုက်သည်။ အပြင်ပိုင်းထုတ်ပိုးမှုအတွက်ကိုမူ ချင်ရန်စတူဒီယိုကိုကူလုပ်ခိုင်းလိုက်၏။ ပုံမှန်ဆော့များအတိုင်း ခရမ်းချဉ်သီးပုံနှင့် ချင်းလင်ဆော့အမှတ်တံဆိပ်နှင့်လိုက်ဖက်ညီအောင်လုပ်ထားသည်။
ဤထုတ်ကုန်မှာ ဂိမ်းထုတ်ကုန်များအနက် ပထမဆုံးကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးသည့်ထုတ်ကုန်ဖြစ်လာသည်။ ချင်းလင်အမှတ်တံဆိပ်မှာ ထိုခရမ်းချဉ်သီးဆော့နှင့် စတင်ခဲ့လေသည်။