← Chapters

ပြည်တွင်းဖြစ်က ပြည်ပထက်ကောင်း!

Vol. 6 Ch. 90

ပြည်တွင်းဖြစ်က ပြည်ပထက်ကောင်း!

Vol. 6 Ch. 90

နောင်တွင်ဂိမ်းထဲမှ နောက်ထပ်နောက်ထပ်ပစ္စည်းများထပ်ထုတ်ဦးမည်။ ဤခရမ်းချဉ်သီးဆော့ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာနိုင်သည့်ပစ္စည်းများသေချာပေါက်ရှိလာဦးမည်ဖြစ်သည်။ဥပမာ - သုံးပွင့်ဆိုင်ဇီးပင်နှင့်ဖရဲသီးကို စိုက်ပျိုး၍အောင်မြင်လျှင် ကြော်ငြာနိုင်ပြီဖြစ်လေသည်။ ထိုပစ္စည်းများကိုလည်း အမှတ်တံဆိပ်ကပ်ရမည်။

‘ချင်းလင်'မှာ သူ့အမှတ်တံဆိပ်ဖြစ်၏။

ပထမဆုံးက ချင်းလင်ဆော့တစ်မျိုးတည်းသာဖြစ်သည်။

ဆော့ကုန်ကျစရိတ်မှာ ပါဝင်ပစ္စည်းများ၊ ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးသည့်နည်းစနစ်များအပေါ်မူတည်၍ ပြောင်းလဲနေပေမည်။

ချင်လင်၏ ၂၀၀ ဂရမ်ဆော့ပုလင်းကုန်ကျစရိတ်တွင် ခရမ်းချဉ်သီး၊ ထုပ်ပိုးမှု၊ ကာယလုပ်သား၊ ကိရိယာတန်ဆာပလာအမျိုးမျိုးစသဖြင့်ပါဝင်၍ ၅ ယွမ်ခန့်ထပ်ပေါင်းထည့်ရသည်။ ၁၀ ယွမ်နှင့်ရောင်းနိုင်လျှင် တွက်ချေကိုက်မည်။

တိတိကျကျစျေးသတ်မှတ်ရန်မူ သေသေချာချာစဉ်းစားရဦးမည်။

ထို့အပြင် အရင်ဆုံးသင့်တော်မည့်ကုန်တံဆိပ်ကို မှတ်ပုံတင်ရမည်။ မဟုတ်လျှင် ချင်းလင်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့်ပတ်သက်၍ လျော်ကြေးပေးရန်တရားစွဲမည့်လူမိုက်များရှိလာပါက လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်လမ်းလွဲသွားသည်နှင့် လူပြောများသည့်အကြောင်းဖြစ်လာဖို့များသည်။

အဓိကက နာမည်ကြီးသည့်အပေါ်လိုက်၍ အမှတ်တံဆိပ်ကိုမဆင်မခြင်ဝယ်ကြသူများမှာ ဥပဒေကိုမျက်ကွယ်ပြုထားဆဲပင်။

ချက်လင်စက်ရုံမှထွက်သည်နှင့် ဂိုဒေါင်သွားကာ ဂိမ်းထဲဝင်လိုက်သည်။ သူက ချင်းလင်ဆော့မှတ်ချက်ကိုတွေ့လိုက်သည်:

(ချင်းလင်ဆော့: အရည်အသွေး ၁)

(အထူးပြုလုပ်နည်းနှင့်လုပ်ထားသော ချဉ်ချိုဆော့ဖြစ်သည်။ အကောင်းဆုံးဖြစ်၏။ အရသာ +၁၊ အနံ့အရသာရှိမှု +၁၊ နှုတ်မြိန်စေခြင်း +၁)

အချက်အလက်ကိုမြင်မှ သူလုံးဝစိတ်သက်သာရာရသွား၏။

…

......

နှစ်ရက်လျင်လျင်မြန်မြန်ကုန်ဆုံးသွားသည်။

စံအိမ်မြောက်ပိုင်း တောစပ်အနီးအနားတွင် ချင်လင်က စွန်းမင်နောက်လိုက်လာသည်။ စွန်းမင်မှာ စံအိမ်လုပ်ငန်းကို အလွန်အာရုံစိုက်ထားပြီး တစ်ရက်ခြားလိုလို လုပ်ငန်းလာစစ်ဆေးလေ့ရှိ၏။

''ဥက္ကဌချင်... အရင်ခင်ဗျားရဲ့တောင်းဆိုချက်အတိုင်း နေရာအသီးသီးသတ်မှတ်ထားပြီ... ခင်ဗျားအသေးစိတ်စီမံချက်နဲ့ ယှဉ်ကြည့်လို့ရတယ်'' စွန်းမင်က ချင်လင်အား မျဉ်းသားထားသောဆောက်လုပ်ရေးနေရာကိုခေါ်လာခဲ့သည်။

အရင်က ချင်လင်နှင့်စွန်းမင်မှာ ဤနေရာတွင်အထက်တန်းစံအိမ်ဆောက်ရန်ပြောဖူးကြသည်။



အထက်တန်းစံအိမ်မြေနေရာမှာ နည်းနည်းကြီးနေခြင်းပင်။ ဧက ၂၀ အတိရှိသည်။ အသေးစိတ်စီမံချက်ထဲတွင် ပင်မအထက်တန်းကျကျအဆောက်အဦအပြင် သီးသန့်ကားပါကင်နှင့် အလွန်ကျယ်ဝန်းသော စိမ်းစိုနေသည့်ခြံဝင်းလည်းပါသည်။ အသေးစိတ်စီမံချက်မှာ နေရာတကာ ဥယျာဉ်နယ်နိမိတ်များပတ်လည်ဝိုင်းထား၏။ ကျယ်ကျယ်ဝန်းဝန်းအစိမ်းရောင်ခြံထဲတွင် ရေကန်နေရာပင်ရှိသည်...

ဧက ၂၀ လည်းရှိသဖြင့် မြွေတောင်တန်းရှုခင်းနယ်မှ ဧက ၂၀ ကျယ်သော အထက်တန်းစံအိမ်ထက်တော့မလျော့ဟု သူယုံကြည်ထားသည်။

ဤစံအိမ်လုပ်ငန်းကို 'ချင်းလင်စံအိမ်အပန်းဖြေစခန်း'ဟုခေါ်မည်။ စံအိမ်၏ဧက ၅၀၀ ကျယ်သောမြေပေါ်တွင် သီးသန့်ဂေဟာဆောက်ရန်မရှိသဖြင့် ထိုနာမည်ကိုသာသုံးလိုက်၏။

နောက်နောင် ဤအပန်းဖြေစံအိမ်၌ ဧည့်သည်ဘယ်လိုလက်ခံမည်ဆိုသည်ကတော့ ဧည့်သည်ဘယ်လောက်များများရမယ်၊ ဘယ်လိုဧည့်သည်လာမယ်ဆိုသည့်အပေါ်တွင်သာ မူတည်ပေသည်။

ဦးစားပေးအနေနှင့် ဆောက်ပြီးလျှင် သူကိုယ်တိုင်အရင်ဆုံးပြောင်းနေကြည့်ရမည်။

သို့သော် ထိုအတိုင်းအတာရှိသောအပန်းဖြေစံအိမ်ဆောက်ရန်မှာ အချိန်အတော်ယူရမည်ဖြစ်သည်။

ချက်လင်က အသေးစိတ်စီမံချက်ကိုကြည့်ပြီးနောက် စွန်းမင်ထံပြန်ပေးလိုက်ကာ_ ''ဥက္ကဌစွန်း... အသေးစိတ်စီမံချက်ကို ကျွန်တော်အရမ်းသဘောကျတယ်ဗျာ... ခင်ဗျားကိုယ်တိုင်ပတ်ကြည့်ဖို့ဒုက္ခပေးရတာတော့ အားနာပါတယ်''

စွန်းမင်က အသေးစိတ်စီမံချက်ကိုပြန်ယူကာ အားတုံ့အားနာပုံနှင့်_ ''ဥက္ကဌချင်... တကယ်တော့ ကျွန်တော်ကခင်ဗျားကို ဒုက္ခပေးစရာရှိနေတာ... ကျွန်တော်ကြားတာ ဒီမှာထူးရှယ်ရုံးပတီသီးမျိုးရနိုင်တယ်ဆို... ကျွန်တော့်အတွက်နည်းနည်းရအောင် လုပ်ပေးနိုင်မလား?''

အရင်ကသူ လိုင်းပေါ်မှထိုသတင်းများဖတ်ဖူးသော်လည်း ယခုစံအိမ်တွင်ဝယ်မရနိုင်တော့သဖြင့် မြည်းတောင်မမြည်းလိုက်ရချေ။

ချင်လက်ကပြုံး၍ မငြင်းဘဲ_ ''ဥက္ကဌစွန်း... အဲဒီဟာက အရမ်းရှားတယ်... ကျွန်တော်မနက်ဖြန်ပတ်မေးပြီး ယူခဲ့ပေးမယ်''

အရည်အသွေး ၂ ရုံးပတီ၊ ကန်စွန်းဥနှင့် ပန်းပွင့်များမှာ ဂိမ်းသိုလှောင်ခန်းထဲတွင်ထည့်ထားပြီး ဆက်မရနိုင်တော့ပေ။ ဒီလိုအချိန်မျိုးတွင်မျက်နှာလုပ်ရန်ထုတ်သုံးခြင်းမှာ အသင့်တော်ဆုံးဖြစ်သည်။

စွန်းမင်ကိုမျက်နှာသာပေးလျှင် သူကလည်း စံအိမ်လုပ်ငန်းကိုပိုအလေးထားပေမည်။

စွန်းမင်နှင့်ချင်လင်က ခဏတဖြုတ်စကားစမြည်ဆက်ပြော၍ လမ်းခွဲလိုက်ကြသည်။

ထို့နောက် ချင်လင်ထံ တန့်ကွမ်းဆီမှဖုန်းဝင်လာ၏_ ''ဥက္ကဌချင်... ချင်းလင်ဆော့အရည်အသွေးစစ်ဆေးတာ ထောက်ခံချက်ရပြီ... ကျွန်တော်တို့ထုတ်လုပ်ခွင့်ရသွားပြီ''

ထိုသတင်းရပြီးပြီးချင်း ချင်လင်ကစက်ရုံတန်းပြေးသွားလိုက်ရာ အရည်အသွေးစစ်ဆေးရေးဌာနမှ ထုတ်ကုန်လက်မှတ်ကိုတွေ့လိုက်ရသည်။

ဒီလက်မှတ်က ထုတ်ကုန်ရောင်းချရန်အတွက်လိုအပ်သည်။ ထို့နောက် လက်မှတ်ပုံစံငယ်ကို ထုပ်ပိုးမှုထဲထည့်၍သော်လည်းကောင်း၊ ပါကင်ပေါ်တွင်တိုက်ရိုက်ပုံနှိပ်၍သော်လည်းကောင်းထည့်ပေးရမည်။

တစ်နည်းအားဖြင့် ချင်းလင်ဆော့ကို အကြီးအကျယ်စတင်ထုတ်လုပ်ရောင်းချနိုင်ပြီဖြစ်လေသည်။

တန့်ကွမ်းကလည်း_ ''ဥက္ကဌချင်... အခုထုတ်ကုန်ကထွက်လာပြီ... ကျွန်တော်တို့တန်ဖိုးဘယ်လောက်သတ်မှတ်မလဲ?''

ချင်လင်က ခဏတွေးကြည့်ပြီး မေးလိုက်သည်_ ''အခုစျေးထဲမှာ ဆော့ဘယ်စျေးပေါက်လဲ?''

တန့်ကွမ်းက ရှင်းပြလိုက်၏_ ''သာမန်ဆော့ ၂၀၀ ဂရမ်ကို ၅ ယွမ်ကနေ ၇ ယွမ်ရှိတယ်... ဘရန်းတွေက ပိုစျေးကြီးတယ်... အရသာနဲ့သတ်မှတ်ချက်တူတာတွေက ၁၂ ယွမ်... Heinz က ၁၃ ယွမ်.. ဟူလျန်းဖန်က ၁၃.၅ ယွမ်.. ဟန်က ၁၂ ယွမ်.. Delmon က ၁၅ ယွမ်...''

တန့်ကွမ်းအလုပ်လုပ်ထားသည်မှာ မြင်သာသည်။ စျေးထဲရှိသတ်မှတ်ချက်တူသော ဆော့အများစု၏စျေးနှုန်းကို တထိုင်တည်းမိတ်ဆက်ပေးသွား၏။ စျေးအပေါဆုံးမှာ ၅ ယွမ်ဖြစ်ပြီး စျေးအကြီးဆုံးအမေရိကန်လက်ဟောင်း Delmon က ၁၅ ယွမ်ဖြစ်သည်။

ထို့အပြင် ထိုဘရန်းကြီးများမှာ အားလုံးနီးပါး ၁၀ ယွမ်ကျော်ကြ၏။



ချင်လင်ကမေးလိုက်သည်_ ''လောင်တန့်... ခင်ဗျားရော ဘယ်လောက်ထားချင်လဲ?''

တန့်ကွမ်းက ခဏစဉ်းစားလိုက်ပြီး_ ''ဥက္ကဌချင်... အရသာကိုပဲကြည့်ပြီးပြောမယ်ဆိုရင် ကျွန်တော်တို့လုပ်နည်းက လူထုထဲကထိပ်တန်းဆော့ဘရန်း ၁၀ ခုထက် သေချာပေါက်အရသာပိုကောင်းတယ်... အဲဒီဘရန်းတွေက သေချာဖန်တီးထားတဲ့ တန်ဖိုးကြီးထုတ်ကုန်တွေရဲ့အရသာတောင် ကျွန်တော်တို့ဟာကိုလိုက်မမီဘူး... အဲဒီဆော့တွေထက်စျေးပိုတင်ရောင်းမယ်ဆိုရင်တောင် လွန်မယ်မထင်ဘူး... အဓိကက နာမည်ဘယ်လိုရအောင်လုပ်ရမယ်ဆိုတာပဲ''

ချင်လင်ကခဏတွေးကြည့်ပြီး နောက်ဆုံးဆုံးဖြတ်ချက်ချလိုက်သည်_ ''စံအိမ်ကနေစမယ်... စျေးကတော့ တခြားဘရန်းတွေထက် စျေးတင်မရောင်းသေးဘူး... ပြီးတော့ စျေးပေါလို့လည်းမဖြစ်သေးဘူး''

''လက်လီစျေးက အမေရိကန်လက်ဟောင်း Delmon ရဲ့ ၁၅ ယွမ်အတိုင်းထားမယ်... လူတွေနှိုင်းယှဉ်ကြည့်လို့ရရင်တော်ပြီ... ၁၅ ယွမ်ပဲ... တို့ဘရန်းက သူတို့ထက်ဘယ်လောက်သာလဲကြည့်ကြတာပေါ့... နောင်ကိုလက်ကားရောင်းဖို့အတွက်ကတော့ စက်ရုံစျေး ၁၁ ယွမ်နဲ့ တခြားလူတွေကို ၄ ယွမ်ခွာပေးထားမယ်''

တန့်ကွမ်းကခေါင်းညိမ့်လိုက်ပြီး ဆက်၍_ ''ဥက္ကဌချင်... စျေးနှုန်းသတ်မှတ်ပြီးပြီဆိုတော့ အခုဒီခရမ်းချဉ်သီးဆော့ကို အကြီးအကျယ်ထုတ်ဖို့အဆင်သင့်ဖြစ်ပြီ... ဒါပေမဲ့ ခင်ဗျားက ခရမ်းချဉ်သီးဆော့ထုတ်လုပ်တဲ့လမ်းကြောင်းသုံးခုထပ်မှာထားတာ... ဝေဖာထုတ်တဲ့လမ်းကြောင်းကိုဖျက်လိုက်ရင်တောင်မှ ဝန်ထမ်းအသစ်ထပ်ခန့်ဖို့လိုသေးတယ်''

''ခင်ဗျားက ဒီကိစ္စအတွက်ပိုအားစိုက်ရမယ်'' ချင်လင်ကညွှန်ကြားလိုက်သည်_ ''ပြီးတော့ ဆော့တစ်သုတ်စထုတ်ဖို့ အမြန်ဆုံးလုပ်ပါ... အဲဒါကို ဒီညစံအိမ်ကိုပို့ပေး... ဒါမှမနက်ဖြန် ခရီးသည်တွေကြားမှာ ကြော်ငြာလို့ရမှာ''

''ကျွန်တော် အခုချက်ချင်းစီစဉ်လိုက်ပါ့မယ်'' တန့်ကွမ်းကလည်း အလွန်အလုပ်ဇွဲကောင်းသူဖြစ်၍ ချက်ချင်းအစီအစဉ်ဆွဲလိုက်သည်။

ချင်လင်ကစက်ရုံမှထွက်ပြီး စံအိမ်သို့ ခရမ်းချဉ်သီးဆော့တစ်ပုံးဝယ်သွားလိုက်သည်။ ခန်းမထဲရောက်သောအခါ ခရမ်းချဉ်သီးဆော့ကိုစားပွဲပေါ်တင်လိုက်၏။ ကျောက်မိုချင်းရောက်လာပြီး ခရမ်းချဉ်သီးပုလင်းတစ်လုံးမကြည့်ကာ_ ''ချင်လင်... ဒါစက်ရုံကထုတ်တာလား?''

ချင်လင်ကခေါင်းညိမ့်၍_ ''စံအိမ်ရဲ့တရားဝင်မီဒီယာအကောင့်ကနေ လှုပ်ရှားမှုတစ်ခုကြေညာလိုက်ပါ... မနက်ဖြန်ကနေစပြီး စံအိမ်ရဲ့အသားကင်အတွက် တစ်ပတ်လုံးလုံးဆော့ဝေပေးမယ်လို့... ခရီးသည်တွေပြန်တဲ့အခါ သုံးပွင့်ဆိုင်ပန်းပင်လယ်လက်မှတ် ဒါမှမဟုတ် စံအိမ်မှာသုံးထားတဲ့ပြေစာနဲ့ ၂၀၀ ဂရမ်အထူးဆော့တစ်ပုလင်းရယူနိုင်တဲ့အကြောင်းအသိပေးလိုက်ပါ''

''ဟုတ်ပါပြီ'' ကျောက်မိုချင်းက ချင်လင်၏လှုပ်ရှားမှုကိုသိသည်နှင့် ကောင်းယောင်ယောင်ကိုခေါ်လိုက်သည်။ အမျိုးသမီးနှစ်ဦးသား ခရမ်းချဉ်သီးဆော့ပုံးသယ်၍ အနောက်ဘက်တွင် ဗီဒီယိုရိုက်လိုက်ကြ၏။

ညပိုင်းအချိန်ကောင်းတွင် ကျောက်မိုချင်းလည်း လှုပ်ရှားမှုအတွက်ကြော်ငြာဗီဒီယိုပြီးသည်နှင့် တင်လိုက်သည်။

ကန့်သတ်ချက်များကြောင့် စံအိမ်လူသိများနှုန်းသိသိသာသာတက်မလာတော့သော်လည်း လက်ရှိကျော်ကြားမှုကြောင့် ကြေညာချက်မှာ လျင်လျင်မြန်မြန်ရေပန်းစားသွားပြီး လူအများစိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့သည်။

သိပ်မကြာခင်က ဆေးဖက်ဝင်ပျားရည်ကိစ္စရှိခဲ့သဖြင့် မစူးစမ်းလျှင် ထူးဆန်းနေဦးမည်။

''ချင်းလင်စံအိမ်က နောက်ထပ်လှုပ်ရှားမှုလုပ်ပြန်ပြီလား? ဒီတစ်ခါတော့ အထူးချင်းလင်ဆော့ပေးမယ်ဆိုလား?''

''ဒီတစ်ခါတော့ တွန့်တိုလိုက်တာ... ဘာလို့ဆော့ပေးတာတဲ့လဲ?''

''ဟေး... ဘရန်းကိုကြည့်ဦး... ချင်းလင်ဆော့တဲ့... ချင်းလင်စံအိမ်ကထုတ်ထားတာ သိသာတယ်... ငါဆော့ကြိုက်တယ်... ဒါပေမဲ့ ဘယ်လိုအရသာရှိမလဲတော့မသိဘူး''

''အရင်တစ်ခေါက်က ချင်းလင်စံအိမ်မှာ ဆေးဖက်ဝင်ပျားရည်ကိစ္စနဲ့ ပွက်လောရိုက်သွားတာ... ဒီတစ်ခါဆော့ကလည်း ဘရန်းတွေထက်မညံ့လောက်ဘူး ဟုတ်တယ်မလား? မဟုတ်ရင် နည်းနည်းသိက္ခာကျမှာပေါ့''

“…”

''ချင်လင်... စံအိမ်ရဲ့လှုပ်ရှားမှုကြေညာချက်က Tiktok မှာပေါက်နေပြီ'' ကျောက်မိုချင်းက အိမ်ပြန်ရောက်ရောက်ချင်း ဖုန်းထုတ်၍ တရားဝင်လှုပ်ရှားမှုကြေညာချက်အခြေအနေကိုစစ်ဆေးကြည့်လိုက်သည်။

''ဟုတ်ပြီ... ဒီလိုဆိုရင် မနက်ဖြန် တို့ဆော့ကို ခရီးသည်တွေလာမြည်းကြည့်တာ စောင့်ကြတာပေါ့... တို့ဆော့က ဘရန်းတွေထက်ပိုကောင်းတယ်ဆိုတာ သူတို့သိသွားရင် သေချာပေါက်ထပ်ပြီး နာမည်ရဦးမှာ'' ချင်လင်က ဆိုဖာခုံပေါ်ထိုင်လိုက်ရာ ခွေးကသူ့ခြေထောက်နားပြေးလာ၍လှဲပြီး သူ့ခေါင်းနှင့်ပွတ်နေသည်။

ခွေးက တစ်ခါတရံလူအရမ်းကပ်သည်။ သူ့ခေါင်းကိုရှေ့ထိုးပေးသဖြင့် စိတ်ကျေနပ်အောင် သုံးလေးခေါက်ပွတ်ပေးလိုက်ရ၏။

နောက်တစ်နေ့တွင်_

ချင်းလင်စံအိမ်အရောင်းစင်တာအပြင်ဘက်၌ ဆော့ဝေသည့်နေရာလည်းရှိသည်။

မနေ့ညက စက်ရုံထုတ်ဆော့တစ်သုတ်ကို တန့်ကွမ်းကစံအိမ်ပို့ပေးသဖြင့် ချင်လင်ကပြင်ဆင်ခိုင်းထားခြင်းဖြစ်သည်။

ခရီးသည်များစံအိမ်ဝင်လာပြီး စိတ်ဝင်စားသွားကြ၏။ တစ်ညလုံးလှုပ်လှုပ်ရွရွဖြစ်ထားသဖြင့် တစ်ယောက်ပြီးတစ်ယောက် ဆော့အကြောင်းသိချင်လာကြတော့သည်။



All Chapters