အသက်လေးသန်းပြည့်၊ ကြမ္မာဆိုးစာအုပ် အဆင့်မြှင့်ခြင်း
Vol. 82 Ch. 861
ဟန်ကျွယ်ဟာ လျူပေ့တစ်ယောက်တည်းကို နှစ်တစ်ထောင်ကြာအောင် တာအိုဟောကြားပေးပြီး အန္တိမမူလ မဟာတာအို လမ်းစဉ်ပေါ် တင်ပေးလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လျူပေ့ကို မောင်းမထုတ်ဘဲ တာအိုဘုံကျောင်းထဲမှာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်စေပါတယ်။
တာအိုဘုံကျောင်းဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဖန်တီးမှု စွမ်းအားကို ဆက်ပြီးတော့ သုံးသပ်နားလည်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ကြယ်စကြဝဠာလည်း ဆက်ပြီးတော့ ဆင့်ကဲ ပြောင်းလဲပါတယ်။ ကြယ်တွေ ပိုပိုပေါ်လာပြီး အချင်းချင်း စုဝေးကာ လှပတဲ့ ဂလက်ဆီနဲ့ ကြယ်ပင်လယ်ကြီး ဖြစ်ပေါ်လာပါတယ်။ ကြယ်တွေကလည်း အရောင်အသွေးနဲ့ အရွယ်အစားတွေ စုံလင်လှတဲ့ စကြဝဠာတစ်ခုလုံး ရောင်စုံပန်းချီကား တစ်ချပ်လိုပါပဲ။
တခြားတစ်ဖက်က ပဋိပက္ခနက်ထဲမှာတော့...။
ဟွမ်ဇွမ်တျန်ဟာ ကျတ်တီးတိုက်မြေပေါ် ပထမဆုံး ခြေချလိုက်ပါတယ်။
“အားလုံးပဲ... သုံးယောက်တစ်ဖွဲ့ ဖွဲ့ပြီး စရှာကြတော့၊ မင်းတို့တွေ နတ်ဘီလူးမူလကို ရှာတွေ့မှ ဖြစ်လိမ့်မယ်” ဟွမ်ဇွမ်တျန်က ညွှန်ကြားလိုက်တာနဲ့ ရှုံဟွာတစ်ရာကျော်ဟာ ချက်ချင်း လူစုခွဲပြီး ရှာဖွေကြပါတယ်။
အဲဒီနောက် ဟွမ်ဇွမ်တျန်ဟာ တစ်ယောက်တည်း ပျံသန်းပြီး မြေပြင်အထက်ကနေ ခရီးသွားပါတယ်။
“ဒီနေရာ ဖြစ်လိမ့်မယ်”
အသံတစ်သံဟာ ဟွမ်ဇွမ်တျန်ရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာပါတယ်။ ဒီအသံက မူလလောကဦးရဲ့ အသံပါ။
သူတို့နှစ်ယောက်က ပေါင်းစပ်သွားတာ ကြာပြီဖြစ်တဲ့အတွက် အခုအချိန်မှာ မူလလောကဦးကို ဟွမ်ဇွမ်တျန်ကို ကူညီနေပါတယ်။ မူလလောကဦးဟာ လောကဦးနတ်ဘီလူး မဖြစ်ခဲ့ပေမဲ့ သူ့ရည်မှန်းချက်တွေက ငြိမ်းအေးသွားတာ မဟုတ်ပါဘူး။
ဟွမ်ဇွမ်တျန်ဟာ စိတ်ထဲကနေ မေးလိုက်ပါတယ် “ကျွန်တော်တို့တွေ နတ်ဘီလူးမူလကို ရှာပြီးရင် ဘာလုပ်ကြမှာလဲ၊ နတ်ဘီလူးကို အသက်ပြန်သွင်းမှာလား”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါက မင်းကို ပဋိပက္ခ နတ်ဘီလူး ဖြစ်လာအောင် လုပ်ပေးမလို့၊ ဒါမှ လောကဦးနတ်ဘီလူးအဖြစ် ပြောင်းလဲနိုင်မှာ”
‘လောကဦး နတ်ဘီလူး...’ ဟွမ်ဇွမ်တျန်ဟာ နှလုံးခုန် မြန်သွားပြီး မျက်နှာအမူအရာကလည်း ရှုပ်ထွေးသွားပါတယ်။ လောကဦးနတ်ဘီလူးရဲ့ ဒဏ္ဍာရီက ပဋိပက္ခမှာ ပျံ့နှံ့နေတာ အတော်ကြာခဲ့ပါပြီ။ အရင်တုန်းက လူတိုင်းဟာ လောကဦး နတ်ဘီလူးကို အရက်စက်ဆုံး မိစ္ဆာကောင်လို့ သဘောထားခဲ့ကြပါတယ်။ ဒါပေမဲ့ ပဋိပက္ခနတ်ဘီလူး အများစုကို နတ်အာဏာရှင် စစ်သူကြီးတွေ ရှင်းပစ်လိုက်ကတည်းက ဒီသဘောထားဟာ ပြောင်းလဲသွားခဲ့ပါတယ်။
မသိမသာနဲ့ သက်ရှိအားလုံးဟာ လောကဦး နတ်ဘီလူးကို မေ့လျော့လာကြပါတယ်။ လောကဦး နတ်ဘီလူးဆိုတာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖန်တီးထားတဲ့ အလိမ်အညာတစ်ခုဆိုတာကို ဖော်ညွှန်းတဲ့ ကောလဟာလ မျိုးစုံကလည်း ထွက်ပေါ်လာပါတယ်။ ဒီလို ကောလဟာလ ထွက်လာတာကလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ မီးခိုးထွက်ပြီ ဆိုကတည်းက မီးရှိလို့ပါ။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေက လောကဦး နတ်ဘီလူးကို ဖမ်းမယ်ဆီးမယ်ဆိုပြီး ပဋိပက္ခ နတ်ဘီလူးတွေကို ဖျက်ဆီးလိုက်တာက အမှန်တရားတစ်ခုပဲ မဟုတ်ပါလား။
ပထမတော့ ဟွမ်ဇွမ်တျန်လည်း လောကဦး နတ်ဘီလူးက အလိမ်အညာတစ်ခုလို့ ထင်ထားခဲ့တာပါ။ မူလလောကဦးကြောင့်သာ လောကဦး နတ်ဘီလူး တကယ်ရှိတယ်လို့ ယုံကြည်လာတာပါ။
“ငါ လောကဦး နတ်ဘီလူး ဖြစ်သွားရင် မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ဒီအကြောင်းကို ရှာတွေ့သွားနိုင်လား” ဟွမ်ဇွမ်တျန်ဟာ စိတ်ထဲကနေ မေးလိုက်ပါတယ်။
“မစိုးရိမ်စမ်းပါနဲ့၊ လောကမှာ ဘယ်သူကမှ လောကဦး နတ်ဘီလူးကို မမြင်ဖူးဘူး၊ အသက်အကြီးဆုံး နတ်စိတ်ဝိညာဉ်တောင် မြင်ဖူးတာ မဟုတ်ဘူး”
မူလလောကဦးရဲ့ စကားကြောင့် ဟွမ်ဇွမ်တျန်ဟာ သက်သာရာ ရသွားပြီး မျက်လုံးထဲမှာ မျှော်လင့်ချက် ရောင်ခြည်တွေ ယှက်သမ်းသွားပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ မူလလောကဦးရဲ့ အသံ ထပ်မံ ထွက်ပေါ်လာပါတယ် “ရှုံဟွာသခင် နတ်ဘီလူးမူလက ဒီမှာပဲ”
ဟွမ်ဇွမ်တျန်ဟာ ချက်ချင်း နေရာရွှေ့လိုက်ပြီး အဆုံးမဲ့တောင်ကြားတစ်ခုဆီ ရောက်ရှိသွားပါတယ်။ အဲဒီနောက် ဟွမ်ဇွမ်တျန်ဟာ တောင်ကြားထဲ ချက်ချင်း ဝင်ရောက်ပြီး လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပါတယ်။
.....
နှစ်တစ်သိန်းကြာလို့ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ လျူပေ့က တာအိုဘုံကျောင်းထဲမှာ ရှိမနေတော့ပါဘူး။ လျူပေ့က လွန်ခဲ့တဲ့ နှစ်သုံးလေးသောင်းကတည်းက တာအိုဘုံကျောင်းထဲကနေ တိတ်တဆိတ် ထွက်ခွာသွားပါတယ်.
ဟန်ကျွယ်ဟာ တာအိုဘံကျောင်း အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ လျူပေ့က သစ်တစ်ပင်အောက်မှာ တရားထိုင်နေတာကို တွေ့လိုက်ရပါတယ်။ လျူပေ့ကို ဗဟိုထားပြီး ပေငါးဆယ်အတွင်းမှာ စိမ်းလန်းစိုပြည်တဲ့ သစ်ပင်ပန်းမန်တွေ ပေါက်ရောက်နေပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသက်ဓာတ်ကို မွေးဖွားချင်တဲ့အတွက် လျူပေ့ကို တာအိုဟောကြားတုန်းက အန္တိမမူလ မဟာတာအိုကို တာအိုစက်ကွင်းအနှံ့ လွှမ်းခြုံခဲ့ပါတယ်။ သက်ရှိမရှိတဲ့ စကြဝဠာက သုဿန်တစပြင်လို တိတ်ဆိတ်နေပါတယ်။
ဟန်ကျွယ်ဟာ ဖန်တီးမှု စွမ်းအားကို သုံးသပ်နားလည်ချင်ရင် သက်ရှိတွေကို ဖန်တီးရပါမယ်။ ကြယ်စကြဝဠာတစ်ခုလုံးမှာ ဟန်ကျွယ်ရဲ့ တတိယ တာအိုစက်ကွင်းမှာပဲ သစ်ပန်းမန်တွေ ရှိနေတာပါ။ ဒီပန်းတွေမှာလည်း စိတ်ဝိညာဉ် ရှိပါတယ်။ ဒါပေမဲ့ သူတို့စိတ်ဝိညာဉ်က အားပျော့လွန်းတဲ့အတွက် ထည့်ပြောဖို့တောင် မတန်ပါဘူး။
ဒါပေမဲ့ ဒါက ဟန်ကျွယ်အတွက်တော့ အစကောင်းပါ။ ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်မရှိပါဘူး။ အချိန်က အရာအားလုံးကို အဆုံးအဖြတ်ပေးသွားမှာ မဟုတ်ပါလား။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် နတ်ဘီလူးမူလနှင့် ပေါင်းစပ်ပြီး ပဋိပက္ခ နတ်ဘီလူးအဖြစ်သို့ အသွင်ပြောင်းလဲသွား၏။]
[သင့်တပည့် တာအိုအရှင်သခင်သည် ပဋိပက္ခနယ်မြေကို ဆုပ်ကိုင်မိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် ကောင်းကင်နတ်ဘုရား စစ်သူကြီးကို ထူထောင်လိုက်သဖြင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် ဓားတာအိုကို သုံးသပ်နားလည်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် ကျိုးဖန်သည် သင့်ရန်သူ ခုနစ်ပါးတာအိုပညာရှိနှင့် တာအိုဆွေးနွေးပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို သုံးသပ်နားလည်ပြီး သူ့ဝိညာဉ်မှာ မဟာတာအိုသို့ ဝင်ရောက်သွား၏။]
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် နတ်အာဏာရှင် စစ်သူကြီးတစ်ပါးနှင့် ပေါင်းစပ်ရာ တန်ပြန်ထိသွား၏။]
‘ဟွမ်ဇွမ်တျန်က ပဋိပက္ခ နတ်ဘီလူး ဖြစ်သွားပြီ... သူ့ကျတော့ လွယ်လှချည်လား...’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီမူလလောကဦးက စိတ်ဝင်စားဖို့တော့ ကောင်းသား...’
ဟန်ကျွယ် စိတ်ဝင်စားလည်း စိတ်ဝင်စားချင်စရာပါ။ ပဋိပက္ခ နတ်ဘီလူးဆိုတာက အလွယ်တကူ အစားထိုးလို့ရတဲ့ အရာ မဟုတ်ပါဘူး။
အဲဒီနောက်ပိုင်း စာစောင်တွေကတော့ များသောအားဖြင့် အခွင့်အရေး အကြောင်းတွေချည်းပါပဲ။
ကျိုးဖန်နဲ့ ခုနစ်ပါး တာအိုပညာရှိက အတူတူ ပြန်ဖြစ်သွားပြန်ပါပြီ။ ဒါပေမဲ့ ကျိုးဖန်ရဲ့ မျက်နှာသာပေးမှုက လျော့ကျမသွားသေးတဲ့အတွက် တစ်ဖက်လူရဲ့ လှည့်စားမှုကို မခံရဘူးဆိုတာ ပြနေပါတယ်။ သူတို့နှစ်ယောက် သူငယ်ချင်းတွေ ပြန်ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျိုးဖန်က ခုနစ်ပါးတာအိုပညာရှိအပေါ် အကြွေး အများကြီး တင်နေတာပါ။ ခုနစ်ပါး တာအိုပညာရှိကြောင့်သာ မဟုတ်ရင် ကျိုးဖန်သေတာ အကြိမ်ထောင်ချီ နေလောက်ပါပြီ။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပြီး လောကဦး ဘိုးဘေးနတ်ဘုရားဆီ မျက်စိ ရောက်သွားပါတယ် ‘ဒီကောင် ဘာလုပ်နေတာလဲ... ဒီကောင်က တကယ်ကြီး နတ်အာဏာရှင် စစ်သူကြီးနဲ့ ပေါင်းစပ်ဖို့ ကြိုးစားနေတာလား...’
ကြည့်ရတာ လောကဦး ဘိုဘေးနတ်ဘုရားကလည်း သတိကြီးတဲ့ ပုံပါပဲ။ ဟန်ကျွယ်ကို ရှုံးမှာစိုးတဲ့အတွက် အခုကတည်းက ကြိုတင် ပြင်ဆင်နေပါပြီ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး လောကဦး ဘိုးဘေးနတ်ဘုရားကို ချက်ချင်း ကျိန်စာတိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပစ်မှတ်ရှာမရပါဘူး။ လောကဦး ဘိုးဘေးနတ်ဘုရားကို ဘယ်လိုမှ ကျိန်စာတိုက်လို့မရတာပါ။ ဒီကိစ္စက ဟန်ကျွယ်ကို တော်တော်လေး ဒေါသထွက်သွားစေပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကျိန်စာတိုက်လို့ မရတာက မရတာမလို့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ဖို့ ကိစ္စကို လက်လျှော့လိုက်ရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကို ရွှေ့ပြောင်းသွားလာပြီး ကောင်းကင်တာအိုကို အကဲခတ်လိုက်ပါတယ်။ ကောင်းကင်တာအိုမှာ ဘာအန္တရာယ်မှ မရှိပါဘူး။ ဓားရူးတာအိုပညာရှိ၊ ဟုန်စဲ့မင်ယွင်နဲ့ မဟာဟင်းလင်းပြင်တို့ဟာ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်နေကြပါတယ်။ အရာအားလုံးက တည်ငြိမ်လွန်းလှပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို အကဲခတ်ပြီးတာနဲ့ တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။ တတိယ တာအိုစက်ကွင်းကို ပြန်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို တွေးမိလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ပဋိပက္ခက ခုန်ထွက်ပြီး ပဋိပက္ခကို ရှာဖွေတဲ့အခါ ကျန်းကျွယ်ရှီကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားပါတယ်။ ကျန်းကျွယ်ရှီဟာ ပဋိပက္ခထဲမှာ လျှောက်သွားနေတုန်းပါ။ ဟန်ကျွယ်ဟာ အထွတ်အထိပ်စွမ်းအားနဲ့ ကျန်းကျွယ်ရှီ လျှောက်သွားနေတဲ့ အာကာသကို ကြယ်စကြဝဠာနားဆီ ရွှေ့ပြောင်းလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုက မြန်ဆန်ပြီး သေသပ်လွန်းတဲ့အတွက် ကျန်းကျွယ်ရှီဟာ ဒီကိစ္စကို သတိတောင် မထားမိလိုက်ပါဘူး။ ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ကျန်းကျွယ်ရှီ မတော်တဆ ကြယ်စကြဝဠာထဲ ရောက်လာမဲ့ မြင်ကွင်းကို စိတ်ကူးယဉ် ကြည့်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားပါတယ်။
နှစ်နှစ်သောင်းနီးပါး ကြာသွားတဲ့အခါ...
[သင်သည် အသက်လေးသန်း ပြည့်သွားပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ လောကဦး နတ်ဘီလူး၏ ဂုဏ်သတင်းကို မြှင့်တင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးနှင့် မဟာတာအိုပညာရှိအဆင့်ရှိ အစောင့်တစ်ပါးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ဘယ်တုန်းကမှ ဒီလောက်ထိ မလိုချင်ခဲ့ပါဘူး။ နောက်ပြီး စနစ်ကလည်း ဟန်ကျွယ်ကို မျက်နှာသာပေးပါတယ်။ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ပထမရွေးချယ်မှုထဲ ထည့်မထားပါဘူး။
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ချက်ချင်း ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး ကြမ္မာဆိုးစာအုပ်နဲ့ ပေါင်းစပ်လိုက်ပါတယ်။
ကြမ္မာဆိုးစာအုပ်က မဟာတာအို အထွတ်အထိပ် ရတနာ ဖြစ်နှင့်ပြီးပါပြီ။ နောက်တစ်ဆင့်တက်ရင် အန္တိမတာအိုရတနာပါ။ အန္တိမတာအိုရတနာ အဆင့်ရှိတဲ့ ကြမ္မာဆိုးစာအုပ်က လောကဦး ဘိုးဘေးနတ်ဘုရားကိုတောင် ကျိန်စာတိုက်နိုင်လောက်ပါတယ်။
ဟန်ကျွယ်ကလည်း အဲဒီနေ့ကိုပဲ စောင့်နေတာပါ။
လောကဦး ဘိုးဘေးနတ်ဘုရား နတ်အာဏာရှင် စစ်သူကြီးနဲ့ ပေါင်းစပ်နေတာက ဟန်ကျွယ်အတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး။ ဒီကိစ္စကို တတ်နိုင်သလောက် မြန်မြန် ဖြေရှင်းဖို့ လိုပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်နဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး ပေါင်းစပ်ပြီးမဲ့အချိန်ကို စောင့်ဆိုင်းပါတယ်။ ဟန်ကျွယ်ဟာ ဒီအတိုင်း ထိုင်စောင့်တာ မဟုတ်ပါဘူး။ ကျင့်ကြံအားထုတ်ရင်း စောင့်ဆိုင်းတာပါ။
တာအိုဘုံကျောင်း အပြင်ဘက်။
သစ်ပင်အောက်က လျူပေ့ဟာ မျက်လုံးဖွင့်ပြီး သူ့ရှေ့က အဖြူရောင်ပန်းပင်ကို ကြည့်လိုက်ပါတယ်။ ဒီအဖြူရောင် ပန်းပင်က ၁၂ လက်မလောက်သာ ရှိပြီး အရွက်တွေက ဓားနဲ့ တူပါတယ်။
“နောက်ဆုံးတော့ စိတ်ဝိညာဉ်ချီကို စတင်စုပ်ယူပြီပဲ၊ မင်းရဲ့ အရည်အချင်းက ဘယ်လောက်ရှိမလဲ မသိဘူး...” လျူပေ့ဟာ မျှော်လင့်ချက်နဲ့ ရေရွတ်လိုက်ပါတယ်။
လျူပေ့ဟာ သူ့အရည်အချင်းက သာမန်ပဲရှိတာ သိတဲ့အတွက် ဟန်ကျွယ်အတွက် အဖွဲ့တစ်ဖွဲ့ ပျိုးထောင်ပေးဖို့ စိတ်ကူးထားပါတယ်။
လျူပေ့ဟာ တာအိုပညာရှိ ဖြစ်နေပြီမလို့ ကြယ်စကြဝဠာကို တာအိုပညာရှိအာရုံနဲ့ ထောက်လှမ်းကြည့်တဲ့အခါ စကြဝဠာတစ်ခုလုံးက စတင်ဖြစ်ပေါ်တဲ့ အဆင့်မှာပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဒီလိုအဆင့်မှာက ကမ္ဘာတစ်ခုလုံး သိမ့်သိမ့်တုန်စေနိုင်တဲ့ ပါရမီရှင်တွေကို မွေးဖွားနိုင်ကောင်း မွေးဖွားနိုင်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။