အရူးအမူး ကျိန်စာတိုက်ခြင်း
Vol. 82 Ch. 862
လျူပေ့ဟာ သူ့ရှေ့မှာရှိတဲ့ ပန်းဖြူကို စပြီးတော့ တာအိုဟောကြားပါတယ်။ ပန်းဖြူက သူဟောကြားတာကို နားထောင်နိုင်လား နားမထောင်နိုင်ဘူးလား ဆိုတာကိုတော့ ဂရုမစိုက်ပါဘူး။ တတိယ တာအိုစက်ကွင်းထဲမှာရှိတဲ့ နေရာအများစုက ကျတ်တီးမြေပါ။ လျူပေ့ထိုင်တဲ့ သစ်ပင်နားမှာပဲ ပန်းပင်တွေ ရှိနေတာပါ။
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
နှစ်ပေါင်း ၈၉,၀၀၀ ကြာတဲ့အခါမှာတော့ ကြမ္မာဆိုးစာအုပ်ဟာ အဆင့်မြှင့်လို့ ပြီးသွားပါတယ်။ ဒီအဆင့်မြှင့်မှုက မဟာတာအို အကောင်းစား ရတနာကနေ အန္တိမတာအိုရတနာ ဖြစ်သွားတာပါ။
မဟာတာအို အကောင်းစား ရတနာက ပဋိပက္ခ အကောင်းစား ရတနာနဲ့ အတူတူပါပဲ။ မဟာတာအိုက ပဋိပက္ခနဲ့ အဆင့်တူပါတယ်။ ကြမ္မာဆိုးစာအုပ် ပဋိပက္ခ အကောင်းစား ရတနာ မဖြစ်တာက မဟာတာအိုနဲ့ ပတ်သက်နေတာကြောင့် ဖြစ်နိုင်ပါတယ်။
အဆင့်မြှင့်မှု အောင်မြင်ပြီးနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်ကနေ အလင်းနက် ဖြာထွက်လာပြီး ဟန်ကျွယ်ရဲ့ မျက်နှာကို လာဟပ်ပါတယ်။
ကြမ္မာဆိုးစာအုပ်ထဲမှာ ပါဝင်နေတဲ့ ကြောက်မက်ဖွယ် ကျိန်စာစွမ်းအားကြောင့် ကြမ္မာဆိုးစာအုပ်ဟာ ပိုလေးသွားဟန် ရှိပါတယ်။ မဟာာတာအိုပညာရှိချုပ် ဖြစ်တဲ့ ဟန်ကျွယ်တောင် အသည်းယားသွားပါတယ်။
‘ငါ ဘယ်လိုမွန်းစတားမျိုးကို ပျိုးထောင်မိခဲ့ပြီလဲ’ ဟန်ကျွယ်ဟာ စိတ်လေးသွားတာကြောင့် စနစ်ကို မေးလိုက်ပါတယ် “ကြမ္မာဆိုးစာအုပ်က ငါ့ကို တန်ပြန်ထိနိုင်လား”
[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မထိပါ။]
ဒါက ဟန်ကျွယ်အတွက်တော့ သတင်းကောင်းပါ။ ဒါပေမဲ့ လောလောဆယ်လို့ ပါတဲ့အတွက် နောက်တစ်ခါ အဆင့်ထပ်မြှင့်ရင် အန္တရာယ်ရှိလာနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပြီး ကြမ္မာဆိုးစာအုပ်နဲ့ လောကဦး ဘိုးဘေးနတ်ဘုရားကို ကျိန်စာ စတိုက်ပါတော့တယ်။
ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားကို ကျိန်စာတိုက်နိုင်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ တစ်ချက် တုန်ခါသွားပြီးနောက် ဟန်ကျွယ်ဟာ အစွန်းကုန် ကျိန်စာတိုက်ပါတယ်။
ပြင်းထန်လှတဲ့ ကျိန်စာစွမ်းအားဟာ ပဋိပက္ခဆူနာမီလိုမျိုး လောကဦး ဘိုးဘေးနတ်ဘုရားဆီ တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ဦးတည်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ...
တောက်ပတဲ့ ကောင်းကင်ပြင်အောက်မှာ စက်ဝိုင်းပုံစံ ကျောက်သားစင်မြင့်တွေ ပေါလောမျောနေပါတယ်။ အမြင့်ဆုံး ကျောက်သား စင်မြင့်ပေါ်မှာတော့ နတ်အလင်းရောင်တွေ ဖြာထွက်နေတဲ့ ရုပ်သွင်တစ်သွင် တရားထိုင်နေပါတယ်။ ထူးဆန်းတဲ့ သားရဲမျိုးစုံဟာ ဒီရုပ်သွင်ဘေးမှာ ပြေးလွှားနေပြီး သူ့ရုပ်သွင်အမှန်ကိုတော့ မြင်တွေ့နိုင်ခြင်း မရှိပါဘူး။
ဒီရုပ်သွင်က လောကဦး ဘိုးဘေးနတ်ဘုရားပါ။
လောကဦး ဘိုးဘေးနတ်ဘုရားဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ နတ်အလင်းရောင်တွေက လောကဦး ဘိုးဘေးနတ်ဘုရားရဲ့ အေးစက်လှတဲ့ မျက်လုံးတွေကို မကာထားနိုင်ပါဘူး။ လောကမှာရှိတဲ့ အရာအားလုံးကို ထိုးဖောက်မြင်နိုင်တဲ့ မျက်လုံးတွေပါ။
‘အမှောင်သခင်ကြီး...’ လောကဦး ဘိုးဘေးနတ်ဘုရားဟာ နာမည်တစ်ခုကို စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်။ အဲဒီနောက် လောကဦး ဘိုးဘေးနတ်ဘုရားဟာ ထိတ်လန့်သွားပါတယ်။
ဒါက လောကဦး ဘိုးဘေးနတ်ဘုရား ပထမဆုံးအကြိမ် ကျိန်စာတိုက်ခံရတာပါ။ လောကဦး ဘိုဘေးနတ်ဘုရားမှာက ပဋိပက္ခ နတ်ခန္ဓာကိုယ်ရှိတဲ့ ကံရေစက်ကနေ ကျိန်စာတိုက်လို့ မရပါဘူး။
‘ဘာတွေ ဖြစ်ကုန်တာလဲ...’ လောကဦး ဘိုးဘေးနတ်ဘုရားဟာ အမှောင်သခင်ကြီးကို တွေးမိတဲ့အခါ ဟန်ကျွယ်ကို အလိုလို တွေးမိလိုက်ပါတယ်။
လောကဦး ဘိုးဘေးနတ်ဘုရားရဲ့ အမြင်အရ ဟန်ကျွယ်က အမှောင်သခင်ကြီး အဖြစ်နိုင်ဆုံးပါ။ ဟန်ကျွယ်က နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို ဓားတစ်ချက်တည်းနဲ့ သတ်ခဲ့တာ မဟုတ်ပါလား။ ဒါပေမဲ့ ဟန်ကျွယ်က တာအိုစက်ကွင်းထဲမှာ အမြဲတမ်း ပုန်းနေတာ ဖြစ်တဲ့အပြင် သူ့တာအိုစက်ကွင်းကိုလည်း နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ လောကဦး ဘိုးဘေးနတ်ဘုရားတောင် မထောက်လှမ်းနိုင်ပါဘူး။
‘အမှောင်သခင်ကြီးက ဟန်ကျွယ် မဟုတ်ခဲ့ရင်ရော...’ လောကဦး ဘိုးဘေးနတ်ဘုရားဟာ ဒီဖြစ်နိုင်ခြေကို ရုတ်တရက် တွေးမိလိုက်ပါတယ်။
အမှောင်သခင်ကြီးက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ဘယ်လိုနည်းနဲ့မှ တွက်ချက်လို့ မရပါဘူး။ ဟန်ကျွယ်ကျတော့ ဒီလိုမဟုတ်ပါဘူး။ ဟန်ကျွယ် တာအိုစက်ကွင်းကနေ ထွက်ခွာသွားတုန်းက လောကဦး ဘိုးဘေးနတ်ဘုရားဟာ ဟန်ကျွယ်ရဲ့ အတိတ်ကို တွက်ချက်နိုင်ခဲ့ပါတယ်။ ဟန်ကျွယ်ဟာ တာအိုစက်ကွင်း အပြင်ထွက်တဲ့အချိန်မှာ တစ်ခါမှ ကျိန်စာမတိုက်ခဲ့ဖူးပါဘူး။
‘အမှောင်သခင်ကြီးက ဘယ်သူလဲ၊ တကယ်ပဲ ဟန်ကျွယ်လား... ဒါမှမဟုတ် မိစ္ဆာဘိုးဘေးလား... ရှုံဟွာသခင်လား... ဒါမှမဟုတ် ပုံရိပ်ယောင် တာအိုဘိုးဘေးလား...’ လောကဦး ဘိုးဘေးနတ်ဘုရားဟာ ကျိန်စာကို ခုခံရင်း အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာကို လိုက်ခန့်မှန်းပါတယ်။
လောကဦး ဘိုးဘေးနတ်ဘုရားဟာ စိတ်ပျက်သွားပါတယ်။ လောကဦး ဘိုးဘေးနတ်ဘုရားဟာ တာအိုဘိုးဘေး ပျောက်သွားကတည်းက ပဋိပက္ခကို တဖြည်းဖြည်း မထိန်းချုပ်နိုင်တော့တာပါ။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ ဆိုတာကိုတော့ လောကဦး ဘိုးဘေးနတ်ဘုရားလည်း မသိပါဘူး။ တခြားတည်ရှိမှုတွေက ပဋိပက္ခကို လှိုင်းထန်စေချင်တယ်လို့ပဲ လောကဦး ဘိုးဘေးနတ်ဘုရားက မှတ်ယူထားပါတယ်။
လောကဦး ဘိုးဘေးနတ်ဘုရားက နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ဆိုပေမဲ့ အမြင့်မှာရပ်လေလေ ပိုကြောက်လေလေပါပဲ။ အနည်းဆုံး မဟာတာအို အထက်မှာ ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခု ရှိနေတာကို သူ သိထားပါတယ်။ ဒီတည်ရှိမှုက ပဋိပက္ခထဲမှာ မဟုတ်တာကိုလည်း သူ သိထားပါတယ်။
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပါတယ်။
လောကဦး ဘိုးဘေးနတ်ဘုရား ကျိန်စာစွမ်းအားကို ခြေဖျက်နိုင်တဲ့အတွက် အထိတ်တလန့် မဖြစ်ပါဘူး။ ဒါပေမဲ့ ငါးရက်ကြာသွားတဲ့အခါမှာတော့ ကျိန်စာစွမ်းအားက ရုတ်တရက် တိုးသွားပါတယ်။
လောကဦး ဘိုးဘေးနတ်ဘုရားဟာ လန့်သွားပြီး ကျိန်စာစွမ်းအားကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ ကျိန်စာစွမ်းအားက တားဆီးမရလောက်တဲ့အထိကို ထိုးတက်သွားပါတယ်။ အရင်ထက် အဆတစ်ထောင် အဆတစ်သောင်းလောက်ကို ပိုစွမ်းသွားတာပါ။
‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဒါ ဘယ်လိုစွမ်းအားလဲ’ လောကဦး ဘိုးဘေးနတ်ဘုရားရဲ့ ရင်ထဲမှာ မုန်တိုင်းထန်သွားပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ အစွမ်းကုန် ကျိန်စာတိုက်နေတုန်းပါ။ ကြမ္မာဆိုးစာအုပ်က ထုတ်လွှတ်တဲ့ ရောင်ဝါနက်တွေဟာ တာအိုဘုံကျောင်းထဲမှာ ပြည့်ပြီး မြူခိုးတွေ ဖြစ်လာပါတယ်။
ဟန်ကျွယ်ဟာ သူ့သက်တမ်းကို စိုက်ကြည့်ရင်း စာအိတ်ကို ဖွင့်ကြည့်ကာ အခြေအနေ ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လျင်မြန်စွာ လျော့ကျနေပါတယ်။
၁၀ ဘီလီယံ။
၁၀၀ ဘီလီယံ။
၁ ထရီလီယံ။
၁၀ ထရီလီယံ။
ဟန်ကျွယ်ဟာ အကုန်အကျများတာကို ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးပါပြီ။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်တဲ့အတွက် လောကဦး ဘိုးဘေးနတ်ဘုရား တစ်ခုခု မဖြစ်မချင်း ရပ်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စပြီးတော့ လျော့ကျပါတယ်။ အချိန်အတော် ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သက်တမ်း ၁၀ ကွာဒလီယံကို ဆုံးရှုံးသွားပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ မဟာတာအို ထိခိုက်သွား၏။]
‘ထိပဲထိခိုက်တာလား...’ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ်ဟာ လောကဦးဘိုးဘေးနတ်ဘုရားကို သေအောင်ကျိန်စာတိုက်ဖို့ မစီစဉ်ထားပါဘူး။ လောကဦး ဘိုးဘေးနတ်ဘုရား နတ်အာဏာရှင် စစ်သူကြီးနဲ့ မပေါင်းစပ်နိုင်အောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေချင်ရုံပါ။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တဲ့အတွက် ကျိန်စာတိုက်ရင်း ပဋိပက္ခကို လှမ်းကြည့်လိုက်တဲ့အခါ တစ်ယောက်ယောက်က မဟာတာအို အထွတ်အထိပ်အဆင့် ရောက်ရှိသွားတာကို တွေ့လိုက်ရပါတယ်။
ဒီလိုကိစ္စမျိုးက မဟာတာအိုပညာရှိချုပ်တွေပဲ အာရုံခံနိုင်တာပါ။
မဟာတာအိုသုံးထောင် အထက်မှာ စိတ်ဆန္ဒတစ်ခုက အရင်တုန်းက ဟန်ကျွယ် လုပ်ခဲ့သလိုမျိုး ပဋိပက္ခကို ငုံ့ကြည့်နေပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီလူရဲ့ အသွင်မှန်ကို မမြင်ရပါဘူး။
ဟန်ကျွယ်ဟာ တစ်ဖက်လူရဲ့ အသွင်မှန်ကို မမြင်ရတဲ့အတွက် စိတ်မရှိသလို တစ်ဖက်လူကို ရန်စဖို့လည်း စိတ်ကူးမရှိပါဘူး။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကိုပဲ အာရုံစိုက်ပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်ထဲ ရောက်ခါစ မဟာတာအိုပညာရှိချုပ်တွေကို ဂရုမစိုက်တော့ပါဘူး။ ဟန်ကျွယ်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားကို ပကောဋိ ၁၀၀၀ ထိ သုံးပြီး ကျိန်စာတိုက်ဖို့ စိတ်ထဲမှာ စဉ်းစား ဆုံးဖြတ်ထားပါတယ်။
ဟုတ်ပါတယ်။ ပကောဋိ တစ်ထောင်ပါ။ ဒါက တစ်နောက်မှာ သုည ၂၄ လုံးရှိတာနဲ့ ညီမျှပါတယ်။
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ၁၀၀ ကွာဒလီယံကျော် ကုန်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နောက်ထပ် စာတစ်စောင်ကို ထပ်မမြင်ရသေးပါဘူး။
လောကဦး ဘိုးဘေးနတ်ဘုရားက တကယ်ကို တစ်ခုခုပါပဲ။
ဟန်ကျွယ်ကလည်း အံကြိတ်ပြီး ကျိန်စာ ဆက်တိုက်ပါတယ်။
၂၀၀ ကွာဒလီယံ။
၃၀၀ ကွာဒလီယံ။
၄၀၀ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ မဟာတာအို အက်ကွဲပြီး တာအိုနှလုံးသား ထိခိုက်သွား၏။]
ဟန်ကျွယ်ဟာ ဒီလောက်နဲ့ မရပ်ပါဘူး။ ကျိန်စာ ဆက်တိုက်ပါတယ်။
၅၀၀ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ ကျင့်ကြံမှု လျော့ကျပြီး အထွတ်အထိပ် စွမ်းအား ဖရိုဖရဲ ဖြစ်သွား၏။]
‘ဒီလောက်နဲ့ မရသေးဘူး...’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ နီရဲသွားပါတယ်။
ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်က သက်တမ်းလျော့ကျနှုန်းကို မခံနိုင်တာ မဟုတ်ပါဘူး။ သက်တမ်းသုံးစွဲတဲ့ စံချိန်ကို ချိုးဖျက်လိုက်တာကြောင့်ပါ။
၆၀၀ ကွာဒလီယံ။
၇၀၀ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ တာအိုနှလုံးသား၌ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် အတွင်းနတ်ဆိုးကို ဖျက်ဆီးပြီး အထွတ်အထိပ် နိယာမကို သုံးသပ်နားလည်လိုက်သောကြောင့် ကျင့်ကြံမှု တိုးတက်သွား၏။]
‘မခေဘူးပဲ... ဒီလိုဆိုမှတော့ ငါကလည်း ဆက်ပြီးတော့ ကျိန်စာတိုက်ပေးရသေးတာပဲ’
ဟန်ကျွယ်ဟာ အလန့်တကြား မဖြစ်ပါဘူး။ သူသုံးဖို့ ဆုံးဖြတ်ထားတဲ့ သက်တမ်းအရေအတွက်ရဲ့ အောက်ခြေ အကန့်အသတ်ကိုတောင် မရောက်သေးဘူး မဟုတ်ပါလား။
၈၀၀ ကွာဒလီယံ။
၉၀၀ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ မဟာတာအို ထိခိုက်သွား၏။
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် နတ်အာဏာရှင် စစ်သူကြီး၏ တန်ပြန်မှုကို ခံခဲ့ရသည်။]
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် သူ့စိတ်ဆန္ဒကို အသုံးပြုပြီး ခန္ဓာကိုယ်နဲ့ ကျင့်ကြံမှုကို ပြန်ရယူလိုက်၏။]
‘ဟီးဟီး... ဘယ်သူက ရေရှည်ခံနိုင်မလားဆိုတာ ကြည့်ရအောင်’
ကောဋိ တစ်သောင်း။
ကောဋိတစ်သောင်းက တစ်နောက်မှာ သုည ၁၈ လုံးပါ။
ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် ကျိန်စာတိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ပဋိပက္ခအစွန်းက အကြွင်းမဲ့ အမှောင်ထုထဲမှာ အနက်ရောင်ချီအလုံး တစ်လုံး ပေါ်လာပါတယ်။ ဒီချီဟာ လျင်မြန်စွာ ရုပ်သွင်တစ်သွင်အဖြစ် ခဲသွားပြီး အမှောင်ထုထဲကနေ လှမ်းထွက်လိုက်ပါတယ်။ ဒီရုပ်သွင်ဟာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး သွေးစွန်းနေတဲ့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပါတယ်။ ဒီရုပ်သွင်ရဲ့ ဆံပင်နက်တွေဟာ လူးလွန့်နေပြီး မျက်နှာက လူသေကောင်လို အေးစက်နေပါတယ်။ မျက်လုံးတွေကလည်း ဖျော့တော့နေပြီး မျက်ဆံနက် မရှိပါဘူး။
“နတ်စိတ်ဝိညာဉ် ခေါင်းဆောင်... မင်းတာအို ချိနဲ့သွားပါလား... မင်းမှာလည်း ဒီလိုနေ့မျိုး ရှိလာလိမ့်မယ်လို့ ငါ မထင်ထားဘူး”
ဝတ်ရုံနက်နဲ့ မျက်ဖြူ ယောက်ျားဟာ နှာမှုတ်ပြီး ပဋိပက္ခဆီ လျှောက်သွားပါတယ်။ သူ့ခြေလှမ်းတိုင်းဟာ ကျယ်ပြောလှတဲ့ ပဋိပက္ခနယ်မြေကို ဖြတ်သန်းပြီး မဟာတာအိုသုံးထောင်ဆီ ဆက်တိုက် ချဉ်းကပ်လာပါတယ်။
ကောဋိ တစ်သောင်းသုံးထောင်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ ကျင့်ကြံမှု များစွာ လျော့ကျပြီး ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရ၏။]
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် မဟာတာအို စွမ်းအားကို အသုံးပြုပြီး ခန္ဓာကိုယ်နှင့် ကျင့်ကြံမှုကို ပြန်ရယူလိုက်၏။]
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီအိန်ဂျယ်လေးက ဘယ်ကနေ ရောက်လာတာလဲ... လုပ်တာ ကောင်းတယ်’
ဟန်ကျွယ် စိတ်ပိုလှုပ်ရှားလာပြီး ကျိန်စာ ဆက်တိုက်ပါတယ်။
ကောဋိ တစ်သောင်း လေးထောင်။
ကောဋိ တစ်သောင်း ငါးထောင်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ မူလဝိညာဉ်မှာ ထိခိုက်သွား၏။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။