← Chapters

လောကဦးနတ်မိသားစု

Vol. 82 Ch. 865

လောကဦးနတ်မိသားစု

Vol. 82 Ch. 865

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ တိုက်ခိုက်ဖို့ သဘောတူထားတဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က အသတ်ခံလိုက်ရတယ်၊ အခု နတ်စိတ်ဝိညာဉ် ခေါင်းဆောင်အသစ် တက်လာတယ်၊ ပဋိပက္ခရဲ့ အခြေအနေက ထပ်ပြီးတော့ ပြောင်းလဲတော့မယ်၊ ဒါက ငါ့ကို ရှန်ပေါင် တာအိုကျင့်ကြံသူ သတင်းပေးထားတာ၊ ဒီနတ်စိတ်ဝိညာဉ် ခေါင်းဆောင်အသစ်က...”

ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိအားလုံးကို အကဲခတ်ရင်း တစ်လုံချင်း ပြောလိုက်ပါတယ်။

တာအိုပညာရှိတွေဟာ နတ်စိတ်ဝိညာဉ် ခေါင်းဆောင် အသတ်ခံလိုက်ရပြီလို့ ကြားလိုက်ရတဲ့အခါ တအံ့တဩ ဖြစ်သွားပြီး ဟန်ကျွယ်ကို အလိုလို ကြည့်မိလိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ မျက်နှာတစ်ချက် မပြောင်းပါဘူး။ ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်နေတာမလို့ တာအိုပညာရှိတွေရဲ့ အကြည့်ကို အာရုံမစိုက်အားပါဘူး။

ဒါကြောင့် တာအိုပညာရှိတွေရဲ့ စိတ်ထဲမှာ အတွေးတစ်စ ပေါ်လာပါတယ် ‘နတ်စိတ်ဝိညာဉ် ခေါင်းဆောင် သေသွားတာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ပတ်သက်နေတာများလား...’

နတ်စိတ်ဝိညာဉ်ခေါင်းဆောင်က နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်ခဲ့သူပါ။ ဒီလိုမျိုး တည်ရှိမှုက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ တိုက်ခိုက်ဖို့ သဘောတူပြီးမှ ရုတ်တရက်ကြီး အသတ်ခံလိုက်ရပါတယ်။ ဒီကိစ္စက ဘယ်လိုပဲ စဉ်းစားစဉ်းစား သံသယဝင်စရာ ကောင်းပါတယ်။

ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ ဘာတွေးနေတယ်ဆိုတာကို ခန့်မှန်းနိုင်ပေမဲ့ ဂရုမစိုက်ပါဘူး။ ဒီကိစ္စက သူနဲ့ ပတ်သက်နေတယ်လို့ တာအိုပညာရှိတွေ သတ်မှတ်လိုက်ရင် သူ့ဩဇာအာဏာ တိုးသွားနိုင်တယ် မဟုတ်ပါလား။ ဒါပေမဲ့ တချို့ကိစ္စတွေက စိတ်ထဲမှာပဲ တွေးလို့ရပြီး ထုတ်ပြောလို့ မရပါဘူး။

ဟန်ကျွယ် မြင်ကွင်းထဲမှာ စာ‌စောင်တွေဟာ တစ်စောင်ပြီး တစ်စောင် ပေါ်လာပါတယ်။ ရုတ်တရက် စာတစ်‌စောင်က ဟန်ကျွယ်အာရုံကို ဆွဲဆောင်လိုက်ပါတယ်။

[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် သူ့စိတ်ဆန္ဒကို လွှင့်ပါးစေပြီး လောကဦးနတ်မိသားစုအား ဖန်တီးလိုက်၏။]

‘စိတ်ဝင်စားဖို့ ကောင်းလာပြီ’ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ လောကဦး ဘိုးဘေးနတ်ဘုရား မရှိတော့တာကို တွေ့လိုက်ရပါတယ်။

‘ဒါဆို ဒီကောင်က တကယ်‌ သေသွားပြီလို့ ယူဆရမှာလား... မဟုတ်သေးဘူး... ဒီကောင်က သိစိတ်မရှိတော့လို့ ငါ့ကို မမုန်းနိုင်တော့တာ၊ ဒီကောင်က မျိုးနွယ်စုပုံစံနဲ့ ဆက်ပြီးတော့ ရှင်သန်ဦးမှာပဲ’

ဟန်ကျွယ်ဟာ လောကဦးနတ်မိသားစုကို စိတ်ထဲမှာ တေးထားလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ဆယ်သန်း သဘောတူညီမှုက ပျက်သွားပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အနာဂတ်မှာ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်နိုင်ပါပြီ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ သဘောထားကို မသိနိုင်သေးပါဘူး။ သူတို့နှစ်ယောက်က အခုအချိန်ထိတော့ ဘာရန်ငြိုးရန်စမှ မရှိသေးပါဘူး။ ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းက ငတုံးတစ်ယောက် မဟုတ်ဖို့ပဲ မျှော်လင့်မိလိုက်ပါတယ်။

ဟန်ကျွယ်အမြင်မှာ အန္တိမဒဏ်ခတ်နတ်မင်းက လောကဦး ဘိုးဘေးနတ်ဘုရားလောက် စွမ်းအားမကြီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ အစွမ်းကုန် ကျိန်စာတိုက်ပေးတာတောင် အန္တိမဒဏ်ခတ်နတ်မင်းက လောကဦး ဘိုးဘေးနတ်ဘုရားကို လုံးဝ ပျက်သုဉ်းသွားအောင် မဖျက်ဆီးနိုင်ခဲ့လို့ပါပဲ။ ဒါကို ကြည့်ရုံနဲ့ သူတို့နှစ်ယောက်ရဲ့ စွမ်းအားက ဘယ်လောက်ထိ ကွာခြားတယ်ဆိုတာ ထင်ရှားလှပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်တဲ့အခါ တာအိုအရှင်သခင်တို့ လေးယောက် အဆော်ခံရတာကို ထပ်တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်တို့ကို နားမလည်နိုင်တော့ပါဘူး။ ဒီလောက် အဆော်ခံရတာတောင် ဘယ်တော့မှ ငြိမ်ငြိမ် မနေကြလို့ပါပဲ။

အထူးသဖြင့် ‌လောင်တန်ပါ။ လောင်တန်ရဲ့ နောက်မှာ စန့်ချွမ်အဂ္ဂကမ္ဘာ ရှိနေတာကြောင့် အခွင့်အရေးဆိုတာက လုံးလုံးကြီး မလိုအပ်ဘူးလို့တောင် ပြောလို့ရပါတယ်။

ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားဆုံးတဲ့အခါ တာအိုပညာရှိတွေဟာ အချင်းချင်း ဆွေးနွေးကြပါတယ်။

“ဒီလိုဆို အန္တိမဒဏ်ခတ်နတ်မင်းက သဘောထားကြီးတယ်လို့ ပြောလို့ရတာပေါ့”

“ဟုတ်တယ်၊ ပဋိပက္ခက တည်ရှိလာတာ ဒီလောက်ကြာပြီ၊ အခုထိ ခြောက်ကပ်နေတုန်းပဲ၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက အဓိက တာဝန်ခံရမှာပဲ”

“သက်ရှိအကုန်လုံး ဆက်တိုက် ကျင့်ကြံအားထုတ်ရင် ပဋိပက္ခက အဲဒီလောက်များတဲ့ သက်ရှိတွေကို ထမ်းဆောင်နိုင်ပါ့မလား”

“ပဋိပက္ခက အဆုံးမရှိဘူး၊ ဒါက မင်းအရာ မဟုတ်ဘူး”

“ငါလည်း တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်၊ ဖြစ်ပျက်တာတွေက မြန်ဆန်လွန်းတယ်”

တာအိုပညာရှိဟောင်းတွေက အာပေါက်အောင် ပြောကြပေမဲ့ တာအိုပညာရှိ အသစ်တွေကတော့ ပါးစပ်မဟရဲကြပါဘူး။ သူတို့တွေဟာ ပဋိပက္ခကို နားမလည်တဲ့အတွက် မခန့်မှန်းရဲကြတာပါ။

အခုအချိန်မှာ ကောင်းကင်တာအို ပညာရှိတွေက အရင်ကထက် ပိုများလာပါတယ်။ ဒီအထဲမှာ ဟန်ကျွယ် တစ်ခါမှ မမြင်ဖူးတဲ့ မျက်နှာတွေလည်း ပါပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် ဒါက လောလောဆယ်တော့ ကောင်းတဲ့ကိစ္စပဲ၊ ဒီကိစ္စက ကောင်းကင်တာအိုရဲ့ အစီအစဉ်ကို လာမသက်ရောက်ဘူး၊ ငါ ဒီနေ့ မင်းတို့ကို ခေါ်လိုက်ရတာက ဒီထက်ပိုအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပဲ”

“ကောင်းကင်တာအိုက ဒီအတိုင်း ဆက်ပြီးတော့ တိုးတက်မယ်ဆိုရင် မကြာခင်မှာ ဒီပဋိပက္ခ နယ်မြေထဲမှာရှိတဲ့ စန့်ချွမ်အဂ္ဂကမ္ဘာနဲ့ တိုက်မိလိမ့်မယ်၊ မိုးမြေမဟာမိတ်ထဲက ကမ္ဘာတချို့လည်း ကောင်းကင်တာအိုနဲ့ ပူးပေါင်းပြီး ဘက်ပြောင်းလာကြတယ်”

အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို ကြည့်လိုက်ပါတယ်။ ကောင်းကင်တာအိုပညာရှိတွေဟာ မကြာခဏဆိုသလို ကောင်းကင်တာအိုထဲကနေ ထွက်သွားလေ့ရှိပါတယ်။ ဒီအထဲက အများစုဟာ စန့်ချွမ်အဂ္ဂကမ္ဘာနဲ့ ပတ်သက် ဆက်နွှယ်နေကြပါတယ်။

ဓားရူးတာအိုပညာရှိဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ငါတို့တွေ ထိပ်တိုက်တိုးရင် တိုက်ကြရုံပေါ့၊ ဘာကြောက်စရာရှိလို့လဲ၊ စန့်ချွမ်အဂ္ဂကမ္ဘာထဲမှာ ငါ့ကို ကြောက်အောင် လုပ်နိုင်တာ လောင်ဇီနဲ့ ကောင်းကင်ဂိုဏ်းချုပ်ပဲ ရှိတယ်၊ တခြားကောင်တွေက ပါမွှားလေးတွေ”

ဟုန်စဲ့မင်ယွင်ကလည်း ခေါင်းညိတ်လိုက်ပါတယ်။

မဟာဟင်းလင်းပြင်ဝိညာဉ်ကတော့ ဘာမှမပြောပါဘူး။ သူက ဟန်ကျွယ်ရဲ့ သဘောထားအတိုင်း လှုပ်ရှားမှာပါ။

ချုံရှီလိုင်က စနောက်ပြီး မေးလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တ... မင်းက လောင်ဇီကို တိုက်ခိုက်ရဲလို့လား”

ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေလိုက်ပါတယ် “မဟာတာအို တိုက်ပွဲက တာအိုအမွေကိစ္စနဲ့ ဘာမှ မပတ်သက်ဘူး၊ ကောင်းကင်တာအိုနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာက ဆက်ပြီးတော့ အင်အားကြီးချင်ကြတယ်၊ နောက်ပြီး အချင်းချင်းလည်း နီးကပ်နေကြတာဆိုတော့ တစ်နေ့နေ့ ထိပ်တိုက်တွေ့မှာပဲ၊ အဲဒီအချိန်ကျလို့ အရှုပ်အရှင်း မရှိခဲ့ရင်တောင် တစ်ဖက်ကတော့ ဦးညွှတ်ရမှာပဲ၊ စန့်ချွမ်အဂ္ဂကမ္ဘာက ကောင်းကင်တာအိုကနေ လာတာ၊ ကောင်းကင်တာအိုက ဒီလောက်များတဲ့ ကပ်ဘေးတွေ ရင်ဆိုင် ကျော်ဖြတ်ခဲ့ပြီးပြီ၊ ဘာကိစ္စနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာကို ဦးညွှတ်ရမှာလဲ”

ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားဟာ တာအိုပညာရှိတွေရဲ့ ထောက်ခံမှုကို ရရှိသွားကြပါတယ်။ မိသားစုခွဲက ပင်မမိသားစုကို ပြန်သိမ်းပိုက်လိုက်ရင် သူတို့တွေ အကုန်လုံး ဟာသဖြစ်သွားမယ် မဟုတ်ပါလား။

ကောင်းကင်အရှင်ဝူဖာက ပြောလိုက်ပါတယ် “အကောင်းဆုံး ကြိုးစားပြီး သူတို့ကို သိမ်းသွင်းကြရအောင်၊ စစ်ပွဲစဖို့က စောသေးတယ်၊ နောက်ပြီး အခု နယ်မြေနှစ်ခုက ထိသေးတာ မဟုတ်ဘူး၊ အချိန်က ကောင်းကင်တာအိုဘက်မှာ ရှိတယ်၊ စန့်ချွမ်အဂ္ဂကမ္ဘာရဲ့ နိယာမတွေက ကောင်းကင်တာအိုလောက် ပြီးပြည့်စုံတာ မဟုတ်ဘူး၊ ဒီတော့ သူတို့ရဲ့ တိုးတက်မှုက ကောင်းကင်တာအိုကို ဘယ်လိုမှ လိုက်မီမှာ မဟုတ်ဘူး”

ကောင်းကင်တာအိုဟာ တခြားကမ္ဘာတွေနဲ့ မတူပါဘူး။ နိယာမတွေက ပြီးပြည့်စုံပြီး စနစ်တကျ ရှိပါတယ်။ စိတ်ဝိညာဉ်ချီကလည်း ပေါကြွယ်ဝပါတယ်။ ဒါကြောင့် တခြားကမ္ဘာက သက်ရှိတွေထက်စာရင် အရည်အချင်း ပိုမြင့်မားပါတယ်။

နိယာမတွေက ကျင့်ကြံမှု မြင့်မားတာနဲ့ လျှောက်ပြီးတော့ ဖန်တီးလို့ရတာ မဟုတ်ပါဘူး။

တခြားတာအိုပညာရှိတွေကလည်း အကြံအမျိုးမျိုး ပေးကြပါတယ်။ အကျဉ်းချုပ်ရရင် သူတို့တွေဟာ စန့်ချွမ်အဂ္ဂကမ္ဘာကို မကြောက်ကြပါဘူး။

အချိန်အတော်ကြာသွားတဲ့ အခါမှာ‌တော့...

ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ကို ကြည့်ပြီး‌ မေးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... တစ်ခုခု ပြောစရာများ ရှိသေးလား”

အဲဒီနောက် စကြဝဠာခန်းမဟာ ချက်ချင်း တိတ်ဆိတ်သွားပါတယ်။ တာအိုပညာရှိ အကုန်လုံးဟာ ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ရှန်ပေါင် တာအိုကျင့်ကြံသူ ပြောတာနဲ့ ပတ်သက်ပြီး မသိသလိုမျိုး နေ... ဒီအတိုင်း အေးအေးဆေးဆေးပဲ ကောင်းကင်တာအိုကို ဆက်ပြီးတော့ တိုးတက်အောင် လုပ်ကြမယ်၊ ဒီကိစ္စကို နေရာတကာမှာ လျှောက်မပြောနဲ့၊ စန့်ချွမ်အဂ္ဂကမ္ဘာကတော့ ဒီအတိုင်းသာ ထားလိုက်၊ အချိန်ကျလို့ တိုက်ခိုက်ရမယ်ဆိုရင် မင်းတို့တွေ ဘာမှ ကြောက်စရာ မလိုဘူး၊ ဒါပေမဲ့ ဒီကြားထဲမှာတော့ သွားပြီး ပြဿနာမရှာနဲ့၊ ငါတို့တွေက နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ခြိမ်းခြောက်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုပေမဲ့ ကောင်းကင်တာအိုရဲ့ အုတ်မြစ်က အားနည်းနေသေးတယ်၊ လွတ်လပ် တာအိုပညာရှိတောင် သိပ်ရှိတာ မဟုတ်ဘူး၊ တခြားလူကို မဝါးမျိုခင် ကိုယ့်ကိုယ်ကိုယ် အရင်အင်အားကြီးအောင် လုပ်ဦး”

တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပြောတာ မှန်တယ်၊ ကျွန်တော်တို့တွေ မူလရည်ရွယ်ချက်ကို ဆက်ပြီးတော့ ထိန်းသိမ်းရမယ်၊ အမှုမဲ့ အမှတ်မဲ့နေလို့ မဖြစ်ဘူး” ရွှီတုတောက်ဟာ စိတ်လှုပ်ရှားပြီး ကျယ်လောင်စွာ ပြောလိုက်ပါတယ်။

“ဟုတ်တယ်၊ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ကျွန်တော်တို့တွေ တကယ်ကို နည်းနည်း ဘဝင်မြင့်လာတာ၊ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုကို လမ်းညွှန်ပေးတဲ့ တကယ့် မီးအိမ်ရှင်ပဲ”

တခြားတာအိုပညာရှိတွေကလည်း စပြီးတော့ မြှောက်ပင့်ပြောဆိုကြပါတယ်။ ဒါကို ကြည့်ပြီး တာအိုပညာရှိအသစ်တွေဟာ ထူးထူးဆန်းဆန်း ဖြစ်သွားကြပေမဲ့ အများနဲ့ ကွဲမထွက်အောင် သံယောင်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ မျက်နှာတည်ကြီးနဲ့ ထိုင်နေပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး နေလို့ထိုင်လို့ ကောင်းသွားပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ စကားနည်းနည်း ထပ်ပြောပြီး အစည်းအဝေးကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်နားကို ဓားရူးတာအိုပညာရှိ ရောက်လာပါတယ် “တာအိုရောင်းရင်းဟန်... လက်ရည်စမ်းချင်လား၊ လက်ရည်စမ်းရုံနော်... သူသေကိုယ်သေ တိုက်မှာ မဟုတ်ဘူး”

ဓားရူးတာအိုပညာရှိဟာ ဘယ်လိုလက်ရည်စမ်းချင်လဲ ဆိုတာကို အတိအကျ ပြောလိုက်ပါတယ်။ ကြောက်နေတယ်ဆိုတာ အသိသာကြီးပါ။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိကို ကျော်ဖြတ်ရင်း ပြောလိုက်ပါတယ် “တကယ်တော့ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို သတ်နိုင်တာက ငါ့စွမ်းအား အကုန်မဟုတ်ဘူး၊ ငါက မင်း အယောက်တစ်သောင်းကို သတ်နိုင်တယ်၊ မင်း ထိပ်ဆုံးအဆင့်ကို ရောက်ရင် ငါ့ကို လာရှာချည်”

ဓားရူးတာအိုပညာရှိရဲ့ အပြုံးဟာ ခဲသွားပါတယ်။ ဒါပေမဲ့ စိတ်တော့ မဆိုးပါဘူး။ ဓားရူးတာအိုပညာရှိဟာ နောက်လှည့်ပြီး ဟန်ကျွယ်ရဲ့ ကျောပြင်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပါတယ်။

တခြားတာအိုပညာရှိတွေဟာ ဟန်ကျွယ် စကားကြောင့် တအံ့တဩ ဖြစ်သွားကြပေမဲ့ သူတို့ခံစားချက်ကို မျက်နှာမှာ မပေါ်အောင် ထိန်းလိုက်ကြပါတယ်။ သူတို့တွေဟာ ဓားရူးတာအိုပညာရှိကို မကြည့်ရဲကြပါဘူး။ ဓားရူးတာအိုပညာရှိက သူတို့ အပြစ်ပြုလို့ရတဲ့ သာမန် တည်ရှိမှုလေး မဟုတ်ပါဘူး။

.....

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ပလ္လင်ပေါ်မှာ ထိုင်နေပြီး ခန်းမထဲမှာရှိတဲ့ ရုပ်သွင်တစ်သွင်ဆီ အကြည့်ရောက်သွားတဲ့အခါမှာတော့ စိတ်မရှည် ဖြစ်သွားပါတယ်။

ဒီရုပ်သွင်က ကောင်းကင်တာအိုကို ဒုက္ခပေးချင်တဲ့ နဂါးခေါင်း တာအိုကျင့်ကြံသူပါ။ နဂါးခေါင်း တာအိုကျင့်ကြံသူဟာ ကောင်းကင်တာအိုကို သွားတိုက်ပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မမြင်လိုက်ရဘဲ ဓားရူးတာအိုပညာရှိ သတ်တာကို ခံလိုက်ရပါတယ်။ ဒါပေမဲ့ နဂါးခေါင်း တာအိုကျင့်ကြံသူဟာ နည်းလမ်းကောင်း ရှိတာကြောင့် ကံကောင်းထောက်မစွာ အသက်ပြန်ရှင်နိုင်ခဲ့ပါတယ်။

“တန်ခိုးရှင် နတ်ဘုရား... ကောင်းကင်တာအိုသာ ဒီလိုမျိုး ဆက်ပြီးတော့ တိုးတက်နေမယ်ဆိုရင် မကြာခင်မှာ တန်ခိုးရှင် နတ်ဘုရားကို ခြိမ်းခြောက်လာလိမ့်မယ်” နဂါးခေါင်း တာအိုကျင့်ကြံသူက မတိုးမကျယ် ပြောလိုက်ပါတယ်။

ရှန်ပေါင် တာအိုကျင့်ကြံသူက ဒေါသတကြီး ပြောလိုက်ပါတယ် “ငါ ရှုံးသွားတယ်ဆိုတာကို မင်း မသိဘူးလား”

“သိတာပေါ့၊ အဲဒါကြောင့်လည်း ကျွန်တော်က တန်ခိုးရှင် နတ်ဘုရားဆီ ရောက်လာတာ၊ ကျွန်တော်တို့ နှစ်ယောက် ပူးပေါင်းလိုက်ရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သေချာပေါက် အနိုင်ယူနိုင်မှာ”

“ဟာသပဲ၊ မင်းက ဓားရူးတာအိုပညာရှိကိုတောင် အနိုင်မယူနိုင်ဘဲနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဘယ်လိုလုပ် တိုက်နိုင်မှာလဲ”

“ဓားရူးတာအိုပညာရှိ... ကျွန်တော့်ကို သတ်လိုက်တာက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မဟုတ်ဘူးလား”

“သောက်ပိုတွေ...”

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ပိုပြီးတော့ စိတ်မရှည်ဖြစ်လာပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူ ဒီနဂါးခေါင်း တာအိုကျင့်ကြံသူလိုမျိုး တုံးအပြီး ရေတွင်းကို ပင်လယ်ထင်နေတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters